Channel Myanmar

Michael Shannon

Man of Steel (2013) 7.1
Man of Steel (2013) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Man of Steel (2013)

2013
4K HEVC
Möbius (2013) 6.1
Möbius (2013)  Mobius (2013)===========မောဘီးယပ်စ်ဆိုလို့ မာဗယ်ထဲက မောဘီးယပ်စ်နဲ့ လွဲမသွားကြပါနဲ့ဦး။ ဒီမောဘီးဘပ်စ်က သတ်သတ်ပါ။ဒီကားက Mobius Strip ဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်က ကစားဖူးလောက်မဲ့ မျက်နှာပြင်နှစ်ဖက်ရောနေတဲ့ စက္ကူအဝိုင်းစလေးကနေ reference ယူထားတာပါ။ 2013ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 6.1/10 ရရှိထားပါတယ်။ ရုရှား-ပြင်သစ်-အင်္ဂလိပ်စကားပြောရုပ်ရှင်ပါ။ Drama/Thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်ညွှန်းကတော့ ရော့စ်တော့ဗ်စကီဆိုတဲ့လူကို ဖမ်းတဲ့နေရာမှာ အချက်အလက်တွေနှိုက်ဖို့သူလျှိုရွေးတော့ ‌Financial Expert တစ်ယောက်ဖြစ်တဲ့ မင်းသမီးကို ရွေးလိုက်ကြတယ်။ အပေးအယူကတော့ U.Sကနေ အလုပ်လုပ်ခွင့်အပိတ်ခံထားရတဲ့သူ့ကို ပြန်ရအောင်လုပ်‌ပေးမယ်ပေါ့လေ။ အချက်အလက်နှိုက်ရမဲ့သူလျှိုဆိုတော့ စီးပွားရေးလုပ်ငန်းကနေတဆင့် ဝင်လုံးပေမဲ့ အီစီကလီကိစ္စလေးတွေပါပါတာပေါ့။ အဲလိုသူလျှိုအလုပ်လုပ်နေတုန်းမှာပဲ မင်းသမီးကသူ့အချစ်စစ်ကိုရှာတွေ့ပါလေရော။ ဖြစ်ချင်တော့ သူ့ချစ်သူကလည်း တကယ့်လူမှသွားဖြစ်နေပြန်တယ်။ သူလျှိုအလုပ်နဲ့ အချစ်ရေးရောထွေးလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ )File size_(2GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Thriller Subtitle_Myanmar ...
movie

Möbius (2013)

8 Mile (2002) 7.1
8 Mile (2002) ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး Rap God ဖြစ်တဲ့ Eminem ရဲ့ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့ 77% ရရှိထားပါတယ်။ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင်အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက်စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာကအတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။ ဇာတ်လမ်းအသွားကတော့သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့ လူငယ် rapper လေးတစ်ယောက်ကသူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။ဒါပေမယ့် ...
movie

8 Mile (2002)

2002
Knives Out (2019) 8.0
Knives Out (2019) IMDb Rating (8.0) / Rotten Tomatoes (97%)ဒီဇာတ်ကားက Rating တွေ ကြမ်းသလို နာမည်ကြီးသရုပ်ဆောင်တွေ တော်တော်များများပါဝင်ထားတယ်။ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig, ကပ္ပတိန်အမေရိက Chris Evans, No Time to Die နဲ့ Knock Knock ဇာတ်ကားတို့မှာ ပရိတ်သတ်အာရုံကို အပြည့်အဝဖမ်းစားခဲ့တဲ့ မင်းသမီး Ana de Armas, 13 Reason Why ရဲ့ Katherine Langford တို့အပြင် တခြားနာမည်ကြီးတွေလဲပါသေးတယ်။မင်းသမီး Ana de Armas ရဲ့ ရှယ်သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး Daniel Craig က သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်လို့ No Time to Die ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဒီမင်းသမီးကို ထည့်ရိုက်ခိုင်းခဲ့တယ် ဆိုကြတယ်....ပါဝင်သရုပ်ဆောင်ရတဲ့အချိန် အတိုလေးဆိုပေမယ့် သူ့ရဲ့ဖမ်းစားမှုကို ...
movie

Knives Out (2019)

4K HEVC
Lucky You (2007) 5.9
Lucky You (2007) Lucky you (2007) ============= IMDb - 5.9ကျောင်းမှာ ကျုပ်တို့တွေ ဖဲရိုက်ဖူးကြတယ်မို့လား။ ဖဲဟာ လူငယ်လူလတ်တွေနဲ့ မကင်းတဲ့အရာပါပဲ။ ကျုပ်ဆိုကျုပ်ဘကြီး ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းအုပ်ကြီးဆော့တာကို ကြည့်ရင်း တတ်လာတာပဲ။အဓိကက ပိုကာဒေါင်းတယ်။ အဲ့ဒီတုန်းကတော့ Texas HoldEM Pokerကို ကျုပ်တို့ခေါ်တာရှိူးပေါ့။ Full Houseတွေ Straightတွေ Flushတွေ ဘာမှမသိဘဲ ရမ်းတုတ် မှန်းတုတ်ဆော့ခဲ့ကြရတယ်။ ဖဲသမားအစစ်တွေက ဖဲချိုးမကောင်းတော့ရင် ဖဲထုပ်အသစ်ဖောက်ကြတာဆိုတော့ ဖဲထုတ်အဟောင်းတွေ ကျွန်တော်တို့ဆီ တစ်ပုံကြီးပဲ။ အဲ့ဒီဖဲထုတ်တွေကို လောင်းကြေးလုပ်ဆော့ခဲ့ကြတာပေါ့။ ပျော်ဖို့တော့ အတော်ကောင်းခဲ့သား။‌ ဒီရုပ်ရှင်က ဇာတ်အိမ် မရှိသလောက် ဖြစ်နေပေမဲ့ ကောင်းကွက်တစ်ကွက်တော့ရှိတယ်။ တခြားအခန်း အာစွတ်ရုံလောက်ထည့်ထားပြီး အစအဆုံးကို ဖဲဝိုင်းတွေ ဖဲသမားတွေရဲ့ဗျူဟာတွေချည်း ထည့်ထားတယ်။ ပြောရရင် ရုပ်ရှင်က လူသစ်လေးတွေကို Texas HoldEM Poker ကစားတတ်အောင် သေချာ သင်ပေးထားတယ်။ ပွဲတိုင်းက ဖဲတိုင်းကိုမြင်အောင်ပြပြီး ဘယ်ဖဲက ဘယ်လိုနိုင်တယ်ဆိုတာပြထားတယ်။ ကျုပ်လည်း အောက်ကမှတ်ချက်ထုတ်ရှင်းထားတယ်။ ဖျော်ဖြေရေးကြည့်တဲ့ရုပ်ရှင်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းလင်းရေးလုပ်တာက အတော်ကကြိုးကကြောင် ...
movie

Lucky You (2007)

Echo Boomers (2020) 6.1
Echo Boomers (2020) Echo Boomers (2020)=================IMDb Rating - 6.1/10ဒီဇာတ်လမ်းလေးက လူငယ်လေးတွေအကြောင်း အထူးသဖြင့်(၁၉၈၁)ကနေ(၁၉၉၆)ကြားမွေးဖွားခဲ့တဲ့Generation Y ဒါမှမဟုတ် Millennials တွေအကြောင်းကို ဦးတည်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ကြိုးစားရိုးသားပြီး ကိုယ်ပိုင်အရည်အချင်းနဲ့တရားဝင်အလုပ်ကိုလုပ်ချင်ခဲ့ပေမဲ့ စီးပွားရေးစနစ်ဆိုးကြောင့်အလုပ်လက်မဲ့ဖြစ် နေခဲ့ရတဲ့ ကောလိပ်ကျောင်းသားတစ်စု၊ ချမ်းသာတဲ့လူလက်တစ်ဆုပ်ကပဲထပ်ပြီးချမ်းသာနေတဲ့စနစ်ဆိုးကြောင့် သူတို့နေချင်ခဲ့တဲ့ဘဝကိုနေချင်ခဲ့တဲ့ပုံစံအတိုင်းမနေခဲ့ရတဲ့လူငယ်တစ်စု၊ ချီကာဂိုကအချမ်းသာဆုံးဆိုတဲ့လူတွေရဲ့အိမ်ကိုဝင် ပြီးပစ္စည်းတွေကိုခိုးယူပြီးတော့‌ နေချင်ခဲ့တဲ့ဘဝကိုဖန်တီးလာခဲ့တဲ့အခါမှာတော့……..ဒီဇာတ်ကားလေးထဲကအကြောင်းအရာ တွေက လူငယ်တွေရဲ့ခံစားချက် လူငယ်တွေရဲ့ဘဝကိုဖွင့်ဟပြနေတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ ထုံးစံအတိုင်းလေးပဲကိုယ်တိုင် ကြည့်ရှုခံစားဝေဖန်ကြည့်ကြပါအုံးလို့……….(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 34minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Crime, DramaSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie

Echo Boomers (2020)

2020
The Quarry(2020) 5.5
The Quarry(2020) The Quarry(2020)ရာဇဝတ်မှုတွေကနေထွက်ပြေးလာတဲ့ အပြစ်သားတစ်ယောက်ဟာလမ်းမှာအစာရေစာပြတ်လတ်ခေါင်းပါးမှုနဲ့ကြုံတွေ့နေတုန်း ခရီးသွားနေတဲ့တရားပြဆရာတစ်ယောက်ရဲ့ကယ်တင်ခြင်းကိုခံခဲ့ရပါတယ် တရားပြဆရာဟာအပြစ်သားကိုရိပ်မိခဲ့ပြီး အပြစ်တွေဝန်ခံဖို့ဘုရားသခင်ရဲ့ခွင့်လွှတ်မှုကိုခံယူဖို့ ဖြောင်းဖြခဲ့ပါတယ်..ဒါပေမယ့်လဲ အပြစ်သားဟာ  မလုပ်သင့်တဲ့ ပြဿနာအကြီးကြီးကိုလုပ်ခဲ့မိတယ်....ဒီပြဿနာကြီးလုပ်ခဲ့ပြီးတော့  နည်းလမ်းတစ်မျိုးနဲ့ရှင်သန်နေထိုင်ဖို့ကြိုးစားပါတော့တယ်...သူလုပ်ခဲ့တဲ့ ပြဿနာကြီးက ဘာများဖြစ်မလဲ...ဘယ်လိုရှင်သန်နေထိုင်ဖို့ကြိုးစားမှာလဲ...ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါFile Size : (900 MB) and (460 MB) Quality : Blu-Ray 720p Format…mp4 Duration…01:38:00 Genre :  Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie

The Quarry(2020)

Bad Boys II (2003) 6.6
Bad Boys II (2003) Bad Boys 2 (2003)==============IMDb Rating - 6.6/10 #UnicodeBad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက်ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန်တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီးတပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကိုခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။ ဒီဇာတ်ကားတွေဟာ Rating တွေလည်း များစွာရထားပြီး . ခုလထဲမှာလည်းBad Boys III ကိုရုံတင်သွားတာမို့ နောက်ထပ်တစ်ကား ထပ်ကြည့်ရဖို့ ပရိသတ်များအတွက် အခွင့်အရေးရဦးမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်။) Quality – 1080P, 720p  Blu-Ray.6CHDuration – 2 ...
movie

Bad Boys II (2003)

2003
The Current War (2017) 6.4
The Current War (2017) (Unicode)ဒီရုပ်ရှင်ကတော့ ၁၈၈၅ ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ သောမတ်အက်ဒီဆင်၊ နီကိုလာ တက်စလာ၊ ဂျော့ ဝက်စတင်ဟောက် တို့ရဲ့ အားပြိုင်မှုတွေကို အခြေတည်ထားတာပါ။အက်ဒီဆင်ဆိုတဲ့ ဥာဏ်ကြီးရှင်ကို မကြားဖူးတဲ့သူ ရှားပါလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဥာဏ်ကြီးရှင်ဇာတ်ရုပ်တွေအတွက် မွေးလာသလို့ထင်ရတဲ့ မင်းသားပဲ သရုပ်ဆောင်ထားတာပါ။ဘန်နီဒစ် ကမ်းဘားဘက်ခ်ျ ပါပဲ။သူ့ရဲ့လက်ထောက်အဖြစ်တော့ စပိုက်ဒါမန်းမင်းသား တွမ်ဟော်လန် က ပါဝင်ထားပါတယ်။နီကိုလာတက်စလာ အဖြစ်တော့ နီကိုလတ်ဟောက်ထ် က သရုပ်ဆောင်ထားပါတယ်။သူ့ကိုတော့ x-men အဖြစ်ရော warm bodies ထဲက ဇွန်ဘီးအဖြစ်ရော သိကြမှာပါ။သူတို့တွေရဲ့ အဓိက အားပြိုင်မှုကတော့ လျှပ်စစ်ဖြန့်ဖြူးရေး စျေးကွက်မှာပါပဲ။အက်ဒီဆင်က DC Current ကိုအသုံးပြုပြီး AC ဟာ လူသေနိုင်ချေ အရမ်းများတဲ့အတွက် အသုံးမပြုခဲပါဘူး။ဂျော့ဝက်စတင်ဟောက်နဲ့နီကိုလာတို့ကတော့ ဒီစီထက် သုံးဆလောက် စျေးသက်သာမယ့် အေစီနဲ့ စျေးကွက်ကို ယှဉ်ပြိုင်လာပါတယ်။ဒီတော့ အက်ဒီဆင်က အေစီတွေဟာ လူသေစေနိုင်ကြောင်း သက်သေပြဖို့ ကြိုးစားရင်းနဲ့လျှပ်စစ်ကုလားထိုင်ကို တီထွင်ဖို့ ...
movie

The Current War (2017)

2017
Nocturnal Animals (2016) 7.6
Nocturnal Animals (2016) ဒီဇတ်လမ်း ကို စကြည့်တုန်းက ကိုယ့်ကိုကိုယ် နောင်တ ရနေမိတာဘာလို့ ဒီပေါတောတော ပုံစံ နဲ့ ကားကို ရွေးကြည့်မိလဲ ဆိုပြီးတော့...ဇတ်လမ်းစတာနဲ့ ကိုယ်လုံးတီး မိန်းမကြီး အဖွားကြီးတွေ က နေတာ စမြင်ရမှာပါမြင်ရတာ ကျတ်သရေ တုံးလွန်းလို့ အမြန် ကျော်ကြည့်ချင်နေမိပါတယ်..အဲ့ဒီ အကန့်က ခဏလေးပါပဲ...(ဒီနောက်ပိုင်းကို လုံး၀ နောင်တ မရတော့ပါဘူး)အဲ့ဒီ အနုပညာ ပြခန်းကနေ ဆူစန် (သူဌေး) စထွက်လာတယ်သူမ အိမ်ကို ရောက်သွားတယ် သူမ မအိပ်ဖြစ်တာ အတော်ကြာနေတဲ့ ပုံပါပဲ...ထူးထူးခြားခြားသူမ ဆီကို ပါဆယ် တစ်ခု ရောက်နေလို့ တိပ်တွေကို လျင်လျင်မြန်မြန် ဆွဲဖွင့်တဲ့အခါစက္ကုသားကြောင့် လက်ရှ သွားပြီး ဝန်ထမ်း တစ်ယောက်ကို ဖွင့်ပြီး စာကို ဖတ်ခိုင်းတဲ့အခါသူမ ယောင်္ကျားဟောင်း အက်ဝဒ် မှ ဆူစန် ဖတ်ဖို့ ဝတ္တုစာမူကြမ်း ကို ပေးပို့ပေးလိုက်တာပါ...အလုပ်ပိတ်တဲ့ ...
movie

Nocturnal Animals (2016)

2016
What They Had (2018) 6.1
What They Had (2018) ညကြီးသန်းခေါင်ဘစ်တီတစ်ယောက်မောင်ဖြစ်သူဆီကဖုန်းခေါ်သံကြောင့် နိုးလာခဲ့ရပါတယ် အကြောင်းကတော့ သူတို့အမေအိမ်ကနေပျောက်သွားတယ်ဆိုတာကြောင့်ပါ မိဘတွေရဲ့အဝေးမှာတစ်အိုးတစ်အိမ်ထူထောင်နေပြီဖြစ်တဲ့ဘစ်တီမှ မိဘတွေနေထိုင်တဲ့မြို့လေးဆီကိုသမီးလေးကိုပါအပါခေါ်လာပြီးထွက်လာခဲ့ပါတော့တယ် အမှန်တော့ဘစ်တီရဲ့သမီးလေးအမ်မာကလဲ ကျောင်းအဆောင်မှာအရက်ခိုးသောက်တာကြောင့် အဆောင်ကထုတ်ပယ်ခံရတာကိုဘစ်တီကိုယ်တိုင်ပဲသွားခေါ်ထားရတာပါ အတွေးတွေအများကြီးနဲ့ဘစ်တီတို့သားအမိကိုမောင်ဖြစ်သူနီကိုးလစ်ပ်ကလေဆိပ်ကနေတန်းကြို ပြီးတာနဲ့ အဖေ့ဆီကိုတန်းသွားတဲ့အခ်ျန်မှာ သူ့တို့အမေကိုပြန်ရှာတွေ့နေပါပြီ ဘစ်တီတို့ရဲ့အမေကအတိတ်မေ့တဲ့ဝေဒနာကိုခံစားနေရပါပြီ နီကိုးလစ်ပ်ကသားကောင်းတစ်ယောက်ဖြစ်ပေမယ့် ဒီလောက်အချိန်တွေအကြာကြီးကိုသူတစ်ယောက်တည်းရင်မဆိုင်နိုင်တော့မှာကြောင့် အမေဖြစ်သူကိုရိပ်သာပို့ဖို့တိုက်တွန်းပါတယ် ဖခင်ဖြစ်သူပါသူ့မိန်းမရဲ့အနီးအနားမှာနေနိင်ပါတယ်ဆိုတာတောင် ဘစ်တီတို့ရဲအဖေကလုံးဝသူ့မိန်းမကိုပို့ဖို့လက်မခံခဲ့ပါဘူး ဒီလိုနဲ့ပဲဇာတ်လမ်းလေးကို ဆက်ထားပါတယ် ဒီဇာတ်ကားကတော်တော်လေးကိုသွက်ပါတယ် လိုတာတွေကိုပဲတိုက်ရိုက်ပြော ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ မိသားစုအတွင်းကမိဘနဲ့သားသမီးတွေရဲ့ဆက်ဆံပုံလေးတွေကိုဖော်ပြထားပြီးတော့ တစ်သက်မှာတစ်ယောက်ကိုသက်ဆုံးတိုင်ချစ်တတ်တဲ့သူအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးပါ ကိုယ်တွေကတော့ ဒီကားကိုကြည့်ပြီးအပြင်မှာသက်ကြီးရွယ်အိုစုံတွဲတွေကိုတွေ့ရင်ပိုပြီးတော့ကြည်နူးမိလာပါတယ် ဒီလောက်နှစ်တွေကြာတဲ့အထိ မေတ္တာမပြယ်ဖို့ဆိုတာလွယ်တာမှမဟုတ်ပဲကို ... ဒီတော့ ကြည့်သင့်ပါတယ်ဆိုတဲ့ဇာတ်ကားထဲမှာပါပါတယ်လို့ညွှန်းချင်ပါတယ် Translated by Aye Chansu Encoded by sithu
movie

What They Had (2018)

2018
Revolutionary Road (2008) 7.3
Revolutionary Road (2008) Revolutionary Road (2008)IMDb - 7.3/10_____Rotten - 67%   Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်...ရုပ်ရှင်အညွှန်းကိုတော့ ကိုဝဏ္ဏသန်းထွန်းရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။-------------------------------------------Revolutionary Road အား ဆင့်ပွားခံစားခြင်း==============================ပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး ...
movie

Revolutionary Road (2008)

2008
Fahrenheit 451 (2018) 5.8
Fahrenheit 451 (2018) ဒီရုပ်ရှင်ကတော့ HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Fahrenheit 451 ဆိုတဲ့ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။အနာဂတ်ကာလမှာ အာဏာပိုင်တွေဟာ လူတွေ ပညာဆည်းပူးနေတာတွေ၊ အသိပညာရှာဖွေတာတွေကို ပိတ်ပင်တားဆီးနိုင်ဖို့၊ သတင်းအမှောင်ချနိုင်ဖို့၊ စိတ်ကြိုက်ခြယ်လှယ်နိုင်ဖို့အတွက် စာအုပ်တွေအားလုံးကို မီးရှို့ဖျက်ဆီးဖို့ စေခိုင်းပါတော့တယ်။စာအုပ်တွေကို မီးရှို့ဖျက်စီးတဲ့သူတွေထဲမှာ Guy Montag ဆိုတဲ့လူငယ်တစ်ယောက်လဲ ပါဝင်ပြီး အာဏာပိုင်တွေရဲ့ အမိန့်အတိုင်း ဘာအမေးအမြန်းမှမရှိပဲ ဖျက်စီးပေးနေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာတဲ့ ကောင်မလေး တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးနောက် စာအုပ်တွေကို ဖျက်စီးတဲ့လုပ်ရပ်ကို သူကိုယ်တိုင်ပြန်လည်တားဆီးဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့ Black Panther ဇာတ်ကားထဲမှ Michael B. Jordan နဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးဖြစ်တဲ့ Michael Shannon တို့ဖြစ်ပါတယ်။ Fahrenheit 451 ဆိုတဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသားကောင်း ၂ လက်နဲ့အတူ ဇာတ်လမ်း အစအဆုံးဆွဲခေါ်သွားမှာဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပဲ ညွန်းလိုက်ပါရစေ။(ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)File Size : (750 MB) and (350 ...
movie

Fahrenheit 451 (2018)

2018
12 Strong (2018) 6.5
12 Strong (2018) စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့ သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘဝအခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ဝေဖန်ရေးဆရာတွေ ...
movie

12 Strong (2018)

2018
The Shape of Water (2017) 7.8
The Shape of Water (2017) Pan's Labyrinth ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Del Toro တစ်ဦးတည်းကပဲရိုက်ကူးခဲ့တဲ့ ဇာတ်ကားမို့ ဇာတ်လမ်း အပြင်အဆင် တွေ Effect အလန်းစားတွေအကြောင်းကိုတော့ သိပ်ပြီး စာဖွဲ့ပြနေစရာလိုမယ်မထင်ပါဘူး...ဒီဇာတ်ကားကို ၇၄ကြိမ်မြောက် ဗင်းနစ် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် မှာယှဉ်ပြိုင်ဖို့ရိုက်ကူးခဲ့တာဖြစ်ပြီး...အဲ့ဒီပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆု Golden Lion ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်...ေနာက်ထပ် ဝေဖန်မှုတွေ Best Director,Best Picture,Best Screenplay,Best Actress အပါအဝင် မရေမတွက်နိုင်တဲ့ဆုပေါင်းများစွာကို လက်ခံရရှိထားကာအလွန်နာမည်ကြီးနေတဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုရမှာပဲ...ဒီလို ကားမျိုးမှ မကြည့် ဘာသွားကြည့်မလဲ ဘာညာပေါ့နော်...ဇာတ်လမ်းအကျဉ်းပြောရရင်...ထူးထူးဆန်းဆန်း လည်ပင်းမှာ အမာရွတ်နဲ့ မြစ်နားက ကောက်ယူမွေးစားခံရတဲ့ မိဘမဲ့ကလေး အလိုင်စာ ဟာ စကားမပြောတတ်သူပါ...ပြဇာတ်ရုံရဲ့ အပေါ်ထပ်အခန်းမှား ငှားနေရတယ်ပေါ့သူ့မှာလည်း သူငယ်ချင်းနှစ်ဦးတည်းရှိတယ်(သူတို့ဟာလည်း Best supporting ဆုတွေ ရရှိခဲ့) ကိတ်ဖုတ်တဲ့ကောင်လေးကိုကြိုက်နေတဲ့ အလိုင်စာ့ ရှေ့ခန်းက ဂေး ...
movie

The Shape of Water (2017)

2017
Premium Rush (2012) 6.5
Premium Rush (2012) Premium Rush (2012)IMDb - 6.5/10_____Rotten - 74% Wileeဆိုတဲ့ကောင်လေးဟာ ကိုလမ်ဘီယာ ဥပဒေကျောင်းဆင်း။ဒါပေမယ့် ဘဝကို ဒီလိုဖြတ်သန်းရမှာ မကြိုက်သူ။သူဟာ နယူးယောက်မှာ စက်ဘီးစီး စာပို့လုလင်လုပ်တော့မှ ဘဝရဲ့ အဓိပ္ပါယ် အနှစ်သာရ ကို ရှာဖွေတွေ့ရှိလာသူတစ်ယောက်။သူ့ ချစ်သူကောင်မလေး Vanessaကလည်း သူ့လိုလူ။ဒါပေမယ့် သူ့ဘဝအတွက် တစ်ခုခုထပ်လုပ်ရမယ်လို့အမြဲတမ်းပြောပြောနေတတ်တယ်။ Vanessaရဲ့ အတန်းဖော်ဟောင်း Nima ဟာ တစ်နေ့တော့ သူ၂နှစ်ကြာအောင် စုထားတဲ့ ဒေါ်လာ ၅သောင်းကို Mr.Leungထံ ပို့ခိုင်းပါလေရော။သူ့ဆီက လက်မှတ်တစ်ခုပါတောင်းခဲ့ဖို့ မှာလိုက်ပါတယ်။ Mr.Lin သို့မဟုတ် ခေတ်သစ်ချစ်တီးတစ်ယောက် ဟာ အဲ့ဒီလက်မှတ်ရတာနဲ့ Nimaရဲ့ ပိုက်ဆံတွေကို အပိုင်စီး နိုင်မယ်ဆိုတာ သိနေပါတယ်။Mr.Lin ဟာ သူ့ထံအကြွေးတင်နေပြီး လောင်းကစားအလွန်အကျွံစွဲနေတဲ့ နယူးယောက်ရံအရာရှိ Bobby Mondayထံ ချဉ်းကပ်လာပါရော။Mondayသာ အဲ့ လက်မှတ်ရအောင်ယူနိုင်မယ်ဆိုရင် သူ့အကြွေးတွေ လျှော်ပေးမယ်ပေါ့။  ဒီလို နဲ့ ဘာဆက်ဖြစ်ကြလဲဆိုတာ ...
movie

Premium Rush (2012)

2012