Channel Myanmar

Nadech Kugimiya

The Con-Heartist(2020) 7.2
The Con-Heartist(2020) The Con-Heartist(2020)*************************IMDb...7.2<Main Casts > ထေဝါ အဖြစ် Nadech Kugimiya အီနာ အဖြစ် Baifern Pimchanok ပတ် အဖြစ် Bank Thitiဒီနေ့ပဲ Netflix ကနေ ထွက်ရှိလာပြီး GDH မှ ရိုက်ကူးထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အီနာ ဆိုတဲ့ ကောင်မလေးက Youtuber တစ်ယောက်ပါ ဒါပေမယ့် တစ်နေ့တော့ သူမဆီကို အခွန်ဌာနရဲ့ အရာရှိဆိုသူ(တာဝါ)ဆီမှ ဖုန်းတစ်ကောလ် ဝင်လာခဲ့ပါတော့တယ်.... အဲ့နောက်မှာတော့ အလိမ်အညာ တစ်ခုဆိုတာ အီနာ တစ်ယောက် သိလိုက်ရပြီး ဆိုရှယ်မိဒီယာပေါ် တင်၍ အရှက်ခွဲမည်ဟုတ် ခြိမ်းခြောက်ပါတော့တယ် ဒါပေမယ့် အီနာ့ဘဝမှာ အကြွေးတွေ ပတ်ချာဝိုင်းနေတာကို ထေဝါ တစ်ယောက် သိထားတော့ အပေးအယူတစ်ခု လုပ်လိုက်ပါတော့တယ်.... အဲ့ဒီအပေးအယူကတော့ အရင်က ရည်းစားဟောင်း ဖြစ်သူ ပတ် ကိုလက်စားချေပေးဖို့ပဲ ဖြစ်ပါတယ် ပတ် ဆိုတဲ့ ကောင်လေးက အီနာ နဲ့ ရည်းစားဖြစ်တုန်းက ချေးခဲ့တဲ့ ...
movie

The Con-Heartist(2020)

2021
Nakee 2 (2018) 6.1
Nakee 2 (2018) ၂၀၁၆ခုနှစ်မှာ နာခီ ၁ကို ပြသခဲ့ပြီး rating အရမ်းကောင်းပြီး နာမည်ကြီးခဲ့တယ် ၂၀၁၈ oct မှာတော့ နာခီ၂ကို movie အနေနဲ့ ရုံတင်ခဲ့ပြီး တနှစ်ပြည့်ခါနီးဆဲဆဲမှာတော့ video file ထွက်လာခဲ့တယ် မဲခေါင်မြစ်က ဘိုးဘိုးနဂါး စရီဆူထို တရားထိုင်နေတုန်း နာခီမယ်တော်က လူ့ကမ္ဘာကို ခိုးတက်ပြီး ရေကစားလေ့ရှိတယ် တစ်ရက်ကျ ရေကစားရင်း ဂဠုန်တစ်ကောင် ဝင်သုတ်တာခံရတာကို တိုင်းပြည်ငယ်တခုက စစ်သူကြီး ရှိုင်ရဆင်က ကယ်တင်ခဲ့ရာက ချစ်ကျွမ်းဝင်သွားခဲ့တယ် စစ်သူကြီးတို့ထုံးစံအရ တိုင်းပြည်ကြီးတခုနဲ့ စစ်ဖြစ်ရင်း ရှိုင်ရဆင်ကျရှုံးသွားချိန်မှာတော့ နာခီဟာ စစ်နိုင်သွားခဲ့တဲ့တိုင်းပြည်တခုလုံးကို ရေလွှမ်းသတ်ခဲ့ပါတယ် အဲ့ဒီမကောင်းမှုကြောင့် ဘိုးဘိုးစရီဆူထိုရဲ့ နှစ်တထောင် အပြစ်ပေးမှုကို ခံခဲ့ရပြီး နာခီမယ်တော်ကို ကိုးကွယ်တဲ့ ဒုန်မမ်ပရွာလေးထဲက ခမ်ပွန်ဆိုတဲ့ မိန်းမကြီးတဦးရဲ့သမီးဖြစ်သူ ခမ်းကျောက်ကိုယ်ထဲ သူ့စိတ်ဝိဉာဏ်ဝင်နေခဲ့တယ် စစ်သူကြီးရှိုင်ရဆင်ကလည်း သုတေသနကျောင်းသား ထွတ်စဖွန်အဖြစ် ဒုန်မမ်ပရွာလေးဆီပြန်ရောက်လာခဲ့ပြီး အချစ်ဇာတ်လမ်းပြန်လည်ဖြစ်တည်လာခဲ့တယ် ဒါပေမယ့် ခမ်းကျောက်ကို သာမန်မြွေမကောင်းဆိုးဝါးအမှတ်နဲ့ တစ်ရွာလုံးက ဒုက္ခပေး အမေဖြစ်သူ ခမ်ပွန်ကိုပါ သတ်လိုက်ကြပြီး ထွတ်စဖွန်ကိုပါသတ်မယ်လုပ်ကြရာကနေ နာခီမယ်တော် ဒေါသပုန်ထခဲ့ပြီး ရွာသားတွေကို ထပ်သတ်ခဲ့ပါတော့တယ် ဒီအပြစ်တွေအတွက် ဘိုးဘိုးစရီဆူထိုက ထပ်အပြစ်ပေးခဲ့ပြီး ထွတ်စဖွန်ကတော့ ဘုန်းကြီးဝတ်သွားခဲ့ပါတော့တယ် ခုနာခီ ၂ ဖြစ်တည်လာရတဲ့အကြောင်းကတော့ နာခီ ၁မှာ ခမ်းကျောက်ကို မနာလိုဖြစ်နေပြီး ထွတ်စဖွန်ကို တဖတ်သတ်သဘောကျနေတဲ့ လမ်းကျစ်ဆိုတဲ့မိန်းကလေး ကျိန်ဆိုခဲ့တဲ့ဆုတောင်းစကားတခုကြောင့်ပါ နာခီမယ်တော် ...
movie

Nakee 2 (2018)

2018
Sunset at Chaophraya (2013) 7.3
Sunset at Chaophraya (2013)   ကဲဒီတစ်ခါတော့ထိုင်းနဲ့ဂျပန်နှစ်နိင်ငံဖက်စပ်ရိုက်ကူးထားတဲ့ ဇတ်ကားအလန်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ထိုင်းနိင်ငံရဲ့နာမည်ကြီးမင်းသားနာဒစ်က အကောင်းဆုံးသရုပ်ဆောင်ထားပါတယ်ဒုတိယကမ္ဘာစစ် ဖြစ်နေတဲ့အချိန်ထိုင်းနိင်ငံကိုအင်ဂျင်နီယာအဖြစ်တာဝန် ထမ်းဆောင်ဖို့ရောက်ရှိလာတဲ့လူငယ်လေးတစ်ယောက် ထိုင်းတောသူမလေးကိုမြင်မြင်ချင်းမေတ္တာသက်ဝင်ချစ် ခင်မိတဲ့ထိုလူငယ်လေးထိုင်းမလေးရဲ့ချစ်ခြင်းမေတ္တာကို ရရှိနိင်မှာလားဂျပန်လူမျိုးဆိုရင်ဖက်ဆစ်လို့အမြင်ရှိနေတဲ့ ကောင်မလေးကကောထိုဂျပန်ကောင်လေးကိုဘိုရီကို ပြန်ချစ်မှာလားဂျပန်ကောင်လေးရဲ့ကောင်မလေး အပေါ်ဘယ်လောက်ချစ်လဲဆိုတာကိုပရိတ်သတ်တွေမြင် ကြရမှာပါထူးအယ်လင်းရဲ့သီချင်းလိုပါပဲကိုယ်ပေးသော် လည်းပေးတိုင်းပြန်မရတာအချစ်လို့ခေါ်သလားဆိုသလိုမျိုးပေါ့ ဒါပေမဲ့မေတ္တာဆိုတာရောင်ပြန်ဟပ်မယ့်သဘောကိုယုံကြည်နေတဲ့ ထိုကောင်လေးထိုင်းမလေးရဲ့အချစ်ကိုရရှိဖို့ ဘယ်လိုကြိုးစားမလဲဆိုတာစောင့်ကြည့် ကြပါထိုင်းမလေးအဖြစ်သရုပ်ဆောင်တဲ့မင်းသမီးလေးကိုတော့ အတော်လေးသဘောကျမိပါတယ်မင်းသမီးမှာဆိုရင် ကျွန်တော်သဘောကျမိတဲ့မချစ်သုဝေနဲ့အတော် လေးဆင်ပါတယ်သရုပ်ဆောင်ချက်တွေကချစ်စရာ အရမ်းကောင်းပါတယ်ဒီ rating အတော်မြင့် မြင့်ရထားတဲ့ဒီဇတ်ကားဟာပရိတ်သတ်တွေအကြိုက်နဲ့ ထပ်တူဖြစ်မယ်လို့လည်းကျွန်တော်ယုံပါတယ်ဒီဇတ် ကားလေးဟာအချစ်တွေမေတ္တာတွေဝမ်းနည်းမှုတွေဝမ်း သာမှုတွေရောပြွန်းနေတဲ့ကားလေးပါကြည့်လိုက်ပါပြီး တော့ဘေကုန်ကျိုးနပ်ပြီးသိမ်းထားသင့်တဲ့ဇတ်ကားတစ် ကားလို့ပဲညွန်းဆိုရင်းဒေါင်းလော့သာဆွဲကြပါတော့လို့ပဲ
movie

Sunset at Chaophraya (2013)

2013