Channel Myanmar

Ng Hoi-Yin

Tales from the Occult ( 2022 ) 6
Tales from the Occult ( 2022 ) ဒီဇာတ်ကားလေးဟာဆိုရင် မတူညီကွဲပြားတဲ့ နေရာဒေသ အချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းသော ဇာတ်လမ်း (၃ ) ခုကို ​ကျောရိုးအခြေခံပြီး ဒါရိုက်တာ (၃) ယောက်ကနေ ရိုက်ကူးထားတာပါ ။ ဒီတော့ ဇာတ်ကားတစ်ကားထဲနဲ့ သုံးကားကြည့်ရသလို ခံစားစေရမှာအမှန်ပါပဲ ။ အခုတော့ ဇာတ်လမ်းအကျဥ်းလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ် ။❏ မှောင်မဲနေသော ထောင့်စွန်းတစ်နေရာမှ အရိပ်ဆိုး ❏နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ ယိုယာ တစ်ယောက် သူမရဲ့ အိမ်ဟောင်းကနေပြီးတော့ အိမ်သစ်ဆီကိုပြောင်းရွှေ့ခဲ့ပါတယ် ။ အိမ်သစ်ကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ ကိစ္စတွေတစ်ခုပြီးပြီးတစ်ခုဖြစ်ပျက်လာပြီးတဲ့နောက် ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလို့ထင်ခဲ့ပေမဲ့ အိမ်မက်ဆိုးများက တစ်ရိပ်ရိပ်ခြောက်လှန့်လို့နေသောအခါ...။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဆောက်အဦးပေါ်ကနေ ခုန်ချသွားတဲ့ အမျိုးသားရဲ့ပုံရိပ်ကို စိတ်ထဲစွဲကျန်နေရစ်ခဲ့တဲ့ ယိုယာတစ်ယောက် သူမကြုံတွေ့ရတဲ့ ထူးဆန်းတဲ့ ကိစ္စတွေဟာ သူမစိတ်ထင်ဖြစ်နေလား ? ဒါမှမဟုတ် သရဲ / သစ္ဆေများလား ?❏ ရက်စက်လှတဲ့ သေဆုံးမှု ❏ဖွံ့ဖြိုးတိုးတတ်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်း ဆယ်လီတွေ ပေါများလို့နေခဲ့ပါတယ် ။ အဲဒီအထဲကမှ အွန်လိုင်းဆယ်ဆီ LIVE လွှင့်သူ ယန်ဝေချန်ဆိုသူဟာ စူပါမားကတ်တစ်ခုမှာ LIVE လွှင့်နေခဲ့ပါတယ် ...
movie

Tales from the Occult ( 2022 )