Channel Myanmar

Report error

ဒီဇာတ်ကားလေးဟာဆိုရင် မတူညီကွဲပြားတဲ့ နေရာဒေသ အချိန်တွေမှာ
ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းသော ဇာတ်လမ်း (၃ ) ခုကို ​ကျောရိုးအခြေခံပြီး
ဒါရိုက်တာ (၃) ယောက်ကနေ ရိုက်ကူးထားတာပါ ။
ဒီတော့ ဇာတ်ကားတစ်ကားထဲနဲ့ သုံးကားကြည့်ရသလို
ခံစားစေရမှာအမှန်ပါပဲ ။ အခုတော့ ဇာတ်လမ်းအကျဥ်းလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ် ။

❏ မှောင်မဲနေသော ထောင့်စွန်းတစ်နေရာမှ အရိပ်ဆိုး ❏

နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ ယိုယာ တစ်ယောက်
သူမရဲ့ အိမ်ဟောင်းကနေပြီးတော့ အိမ်သစ်ဆီကိုပြောင်းရွှေ့ခဲ့ပါတယ် ။
အိမ်သစ်ကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့
ကိစ္စတွေတစ်ခုပြီးပြီးတစ်ခုဖြစ်ပျက်လာပြီးတဲ့နောက် ကိုယ်တိုင်ရဲ့
စိတ်ပိုင်းဆိုင်ရာ ရောဂါလို့ထင်ခဲ့ပေမဲ့ အိမ်မက်ဆိုးများက
တစ်ရိပ်ရိပ်ခြောက်လှန့်လို့နေသောအခါ…။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက
အဆောက်အဦးပေါ်ကနေ ခုန်ချသွားတဲ့ အမျိုးသားရဲ့ပုံရိပ်ကို
စိတ်ထဲစွဲကျန်နေရစ်ခဲ့တဲ့ ယိုယာတစ်ယောက် သူမကြုံတွေ့ရတဲ့
ထူးဆန်းတဲ့ ကိစ္စတွေဟာ သူမစိတ်ထင်ဖြစ်နေလား ? ဒါမှမဟုတ် သရဲ / သစ္ဆေများလား ?

❏ ရက်စက်လှတဲ့ သေဆုံးမှု ❏

ဖွံ့ဖြိုးတိုးတတ်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ
အွန်လိုင်း ဆယ်လီတွေ ပေါများလို့နေခဲ့ပါတယ် ။
အဲဒီအထဲကမှ အွန်လိုင်းဆယ်ဆီ LIVE လွှင့်သူ ယန်ဝေချန်ဆိုသူဟာ
စူပါမားကတ်တစ်ခုမှာ LIVE လွှင့်နေခဲ့ပါတယ် ။
တစ်ချိန်ထဲမှာပဲ သူ့နည်းတူ LIVE လွှင့်သူတစ်ယောက်နဲ့ တွေ့ဆုံပြီး
အဲဒီစူပါ မားကတ်ထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့တဲ့အခါ…။
မှောင်ရိပ်လွှမ်းနေတဲ့ စူပါမားကတ်ကြီးဟာ တကယ်တော့
ရက်စက်ဖွယ် ကြောက်မက်ဖွယ်ကောင်းတဲ့
လျို့ဝှက်ချက်တစ်ခု ရှိနေပါတယ် ။ အဲဒီလျှို့ဝှက်ချက်က ဘာများဖြစ်နေမလဲ ?

❏ လှေကားထစ်မှ စောင့်ဆိုင်းနေသူ ❏

အဆောက်အဦးကြီးတစ်ခုရဲ့ လှေကားထစ်များဆီက
ရေကျသံများကြားရပြီး ရေနစ်သေထားသည်ဟု ထင်ရတဲ့
အလောင်းတစ်လောင်းရဲ့ လှုပ်ရှားသံတွေ…။
အဆောက်အဦးကြီးမှာနေထိုင်ကြတဲ့ သူတွေဟာ
ဒီကိစ္စကိုဖြေရှင်းဖို့အရေး ကြိုးစားကြရင်း ဒီသေဆုံးသူဟာ
အသတ်ခံရမှန်းသိရှိသွားခဲ့ရပါတော့တယ် ။ ဒီတော့
ဒီသေဆုံးသူဟာ သူ့ကို သတ်တဲ့သူကို
လိုက်ပြီးလက်စားချေနေတာများလား ?
တရားခံ လူသတ်သမားကရော ဘယ်သူ​များဖြစ်နေမလဲ ?

ကဲအခုပဲ ဒီဇာတ်လမ်းသုံးခုရဲ့ နောက်ကွယ်က
အမှန်တရားတွေကို လှည့်ကွက်ပေါင်းစုံကြားမှာ
ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါနော် ။

[Reviewed By Chit Mya Mya Hmwe]

Quality : WEB-DL 1080p , 480p
Format : mp4
Genres : Horror
Runtime : 1h 51 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Tales from the Occult ( 2022 )


No downloads available

Genres



Related movies