Channel Myanmar

Prakash Belawadi

Saaho (2019) 5.8
Saaho (2019) (Unicode) ၂၀၁၉ ထွက် ဘာဟုဗာလီမင်းသားကြီး Prabhasရဲ့ ရုံတင်ကား အကြည်ထွက်လာလို့ မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating - 5.7/10 Language - Telugu Genere - Action / Thriller ------------------------------------ ဇာတ်လမ်းအကျဉ်း မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေ ဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်။ ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်။ အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။ အချင်းချင်းတွေ ကွဲနေကြတယ်။ ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်။ မင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ... ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့..... မြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး။ -------------------------------- ရုံတင်ကာလမှာတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း နာမည်ကြီးမင်းသားဆိုတော့ သိပ်ပြီး ဆိုးဆိုးရွားရွား ...
5.8
IMDB: 5.8/10 10,651 votes
movie

Saaho (2019)

2019
The Tashkent Files (2019) 8.2
The Tashkent Files (2019) (Zawgyi) နိုင်ငံတိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့သမိုင်းဆိုတာ ရှိတတ်ကြမယ်ထင်ပါတယ်… ဒီဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေထဲက တစ်ဦးလို့ ပြောလို့ရတဲ့ ဝန်ကြီးချုပ် လာ ဗဟာဒူး ရှာစရီသေဆုံးခြင်းအကြောင်း စုံစမ်းစစ်ဆေးမှုကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်… လာ ဗဟာဒူး ရှာစရီဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်ပြီး အင်ဒီ-ပါကစ္စတန်စစ်ပွဲမှာ သူ့ကြောင့် အိန္ဒိယက အနိုင်ရခဲ့တယ်လို့ဆိုပါတယ်… 1966 ခုနှစ် ပါကစ္စတန်နဲ့ သဘောတူစာချုပ်လက်မှတ်ထိုးဖို့ တာရှီကန်မှာ ရှိနေခဲ့တဲ့အချိန်မှာ ရုတ်တရက် သေဆုံးခဲ့ပါတယ် သူ့ရဲ့သေဆုံးမှုဟာ နှလုံးဖောက်မှုကြောင့် သဘာဝအတိုင်းသေတာလား .. အဆိပ်ခတ်မှုကြောင့်လား မရေရာဖြစ်ခဲ့ပြီးတော့ နှစ်ပေါင်း ၅၀ကြာတဲ့အထိ သမိုင်းဖျောက်ခံထားခဲ့ရပါတယ်… အရမ်းကို စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာကောင်းပြီး နိုင်ငံရေးအချက်အလက်တွေ သမိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေအများကြီးပါတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်… နိုင်ငံရေးစိတ်ပါဝင်စားသူတွေ ကမ္ဘာ့သမိုင်းစိတ်ဝင်စားသူတွေသဘောကျကြမယ့်ဇာတ်ကားဖြစ်ပြီး ဇာတ်ကားထဲမှာပြောကြတဲ့ ဒိုင်ယာလော့တွေကလည်း မှတ်သားစရာသိပ်ကောင်းတာမို့ ကိုယ်တိုင်ပဲကြည့ှ်ရှုခံစားကြပါ… IMDb ကတော့ 8.1/10 တောင်ရထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)   (Unicode) နိုင်ငံတိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့သမိုင်းဆိုတာ ရှိတတ်ကြမယ်ထင်ပါတယ်… ဒီဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ ...
8.2
IMDB: 8.2/10 3,388 votes
movie

The Tashkent Files (2019)

2019
The Least of These(2019) 6.6
The Least of These(2019) The Least of These(2019) IMDb.....6.6 ကျွန်တော်တို့အာရှနိုင်ငံတော်တော်များများဟာ အနာကြီးရောဂါသည်တွေကို ရွံစရာလူတွေအဖြစ် သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကနေ ကျဉ်ထားလေ့ရှိပါတယ်..... အဲဒီထဲမှာ အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်ပြီး ဒီဇာတ်ကားအခြေခံထားတဲ့ ၁၉၉၀ ပြည့်လွန်နှစ်လို အခြေအနေမှာဆို ကုသပျောက်ကင်းပြီးတာတောင် စက်ဆုတ်စရာလူတန်းစားလို့ သတ်မှတ်ထားကြပုံရပါတယ်... ပြီးတော့ အိန္ဒိယဟာ ရှေးရိုးစွဲနိုင်ငံတနိုင်ငံလည်းဖြစ်တာနဲ့အညီ ဒီနိုင်ငံမှာ ခရစ်ယန်သာသနာလာပြုဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့အနေအထားပါ ဒီလို အခြေအနေမှာ ဩစတေးလျနိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဂရေဟမ်းစတိန်းဆိုတဲ့ အမျိုးသားဟာ အိန္ဒိယမှာရှိတဲ့ ရောဂါသည်တွေကို လာပြုစုကုသပေးနေတာ ၃၅ နှစ်ကြာခဲ့ပါပြီ အဲဒီအချိန်မှာ News Orrisa သတင်းစာတိုက်က သတင်းထောက် မန်နေ့ ဟာ စားဝတ်နေရေးအတွက် သတင်းတပုဒ်ရဖို့ သတင်းစုဆောင်းရတဲ့အခါ ဂရေဟမ်စတိန်းဟာ ဒီသတင်းစာတိုက်ရဲ့ သားကောင်ဖြစ်လာပါတော့တယ် အဲဒီနောက်မှာတော့ သတင်းမုဆိုးရဲ့သားကောင်ဖြစ်လာတဲ့ ဂရေဟမ်စတိန်းနဲ့ သတင်းထောက် မန်နေ့တို့ရဲ့ ဆက်နွယ်မှုတွေ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ ဒီ The least of these မှာ ကြည့်ရှုခံစားပေးကြပါခင်ဗျာ ဒီဇာတ်ကားကို ဒါရိုက်တာ Aneesh Daniel က ရိုက်ကူးထားပြီး ယခုနှစ်မှ ထွက်ရှိထားတဲ့ ကားတကားဖြစ်ပါတယ် အဓိက ...
6.6
IMDB: 6.6/10 561 votes
movie

The Least of These(2019)

2019
Wazir 7.2
Wazir IMDb rating 7.2 ရရှိထားပြီး နာမည်ကြီး မင်းသားကြီး အမီတာဘချမ်း ပါ0င်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖိုမှုခင်းကားတကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်အတွက် top hit movie လို့တောင်ပြောကြတဲ့ အထိအောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ ဇာတ်လမ်းလေးမတူညီတဲ့ လူ၂ယောက်ရဲ့ စရိုက်ကို ရိုက်ကူးပြထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အကြမ်းဖက်တိုက်ဖျက်ရေး နှိမ်နင်းရေးအရာရှိ ဒန်းနစ်ရှ်ဟာ သူ့ဇနီးနဲ့ သာယာတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပြီး တနေ့မှာ သူ့သမီးဖြစ်သူနဲ့ ကားမောင်းပြီး အပြန်လမ်းမှာ သူအရင်ကဖမ်းဆီးခဲ့ဖူးတဲ့ အကြမ်းဖက်ခေါင်းဆောင်က ပြန်လည်လက်စားချေရာမှ သမီးဖြစ်သူ နောရစ်ဟာ သေဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့ သူဟာ အဖမ်းစီးခံထားရစဉ်မှာ သူ့ဆရာ အမီတာဘချမ်း (ချက် ချန်ပီယံကြီးက ) သင်ကြားပေးခဲ့တဲ့ တွေးခေါ်စဉ်းစားနည်းတွေနဲ့ ဘယ်လိုကြံဆ မလဲ သူ့ဇနီး ကကော အကြမ်းဖက်သမားရဲ့ သတ်ဖြတ်လုပ်ကြံမှုကိုခံရမလား သူ့နဲ့ သူ့ဇနီးတို့ကော ပြန်လည် ပေါင်းစည်းနိုင်ပါ့မလား ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမှာ ဖြစ်ပါတယ် ပရိတ်သတ်ကြီးအနေနဲ့ ဇကားကြည့်နေတုန်း ရေဘူးလေးတော့   ဆောင်ထားနော် ရင်မောရင် ရေလေးသောက်ပြီး အမောဖြေရအောင် အညွှန်းကို ...
7.2
IMDB: 7.2/10 14,579 votes
movie

Wazir

2016
Aval (2017) 7.4
Aval (2017)   တာဝန်ကျရာ ဇာတ်ကားတစ်ကားကို စ,ရေးတော့မယ်လို့ ကြည့်လိုက်တော့ Kollywood(Tamil) ကားတစ်ကား ဖြစ်နေတယ်။ အမှန်တိုင်းပြောရရင် Tamilကားတွေဆို သိပ်အထင်မကြီးတတ်တော့ Google မယ်ဒီကားနာမည်လေး ရေးရှာကြည့်တော့ BEST KOLLYWOOD MOVIES OF 2017 မှာ နံပါတ် ၂ ချိတ်ထားသလို Rating တွေအနေနဲ့ကလည်း IMDB - 7.2/10 နဲ့ Rotten Tomatoes - 100% အပြည့်ဆိုပဲ ဒီအချက်ကြောင့် ဒီဇာတ်ကားကို ကြည့်ချင်စိတ်ဖြစ်လာပြီး အလုပ်တွေပြီးလို့ အားတဲ့အချိန်ကလည်း ည၁၁ထိုး၊ မနက်ထိ မဆိုင်းတော့ပဲ လက်တော့လေးဖွှင့်ကာ ရုပ်ရှင်ကားကို စကြည့်မိပါတော့တယ် ကုလားကားသာ ပြောတယ် စလာတော့ ၁၉၃၅ ခုနှစ်၊ ကိုလိုနီခေတ်က တရုတ်သားအမိနှစ်ယောက်နဲ့ သူတို့အိမ်ကိုပြပြီး ပျော်ရွှင်နေတဲ့ သားအမိနှစ်ယောက်ရဲ့ အိမ်မှာ ရုတ်တရက်ဆိုသလို အော်ငြီးသံကြီးတစ်ခုနဲ့ ၂၀၁၆ကို မောင်းနှင်သွားပါတော့တယ်။ ၂၀၁၆ ခုနှစ် အေးချမ်းတဲ့ဆောင်းရာသီလေးမယ် အိမ်လေးတစ်လုံးထဲက ညားခါစဇနီးမောင်နှံနှစ်ဦးရဲ့ အပျော်တွေကို ကျွန်တော်တို့ဆီ မျှဝေလိုက်ပြီး ဘေးခြံကို မိသားစု အသစ်တွေပြောင်းလာတာကို အသိပေးလိုက်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်အတွက်ကတော့ အိမ်နီးချင်းအသစ်တွေ ရမှာဖြစ်သလို ယောက်ျားအလုပ်သွားတဲ့အချိန် ပြင်းခြောက်ခြာက်ဖြစ်နေမယ့် ဇနီးသည်အတွက်တော့ ပိုပျော်ရွှင်ရမယ့် လက္ခဏာပါပဲ ထင်ထားတဲ့အတိုင်းပါပဲ ဘေးအိမ်ကို ပြောင်းလာတဲ့ ...
7.4
IMDB: 7.4/10 532 votes
movie

Aval (2017)

2017