Channel Myanmar

Ryôhei Suzuki

The Forest of Wool and Steel (2018) 6.2
The Forest of Wool and Steel (2018) The Forest of Wool and Steel (2018)~ IMDb – 6.2/10, MyDramaList – 7.6/10 ~ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ ...
movie

The Forest of Wool and Steel (2018)

2018
Baragaki: Unbroken Samurai (2021) 6.3
Baragaki: Unbroken Samurai (2021) Baragaki: Unbroken Samurai (2021)~ IMDb - 6.3/10, MyDramaList - 7.2/10 ~ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ - ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ...
movie

Baragaki: Unbroken Samurai (2021)

2021
Last of the Wolves (2021) 6.1
Last of the Wolves (2021) ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie

Last of the Wolves (2021)

MUMON: The Land of Stealth(2018) 9.3
MUMON: The Land of Stealth(2018) ဟိုးရှေးရှေးကအိဂနဲ့အိုဒဆိုတဲ့လူမျိူးစုနှစ်စုရှိကြတယ် အိဂမျိူးနွယ်တွေကတော့ရှိနိုဘီဆိုတဲ့နင်ဂျာမျိူးရိုးနဲ့အိုဒကတော့ဆာမူရိုင်းမျိူးနွယ်တွေပါအိုဒကတော့ပိုပြီးအင် အားကြီးမားပါတယ်အိဂတွေကတော့နင်ဂျာပီပီအသတ် အပုတ်ကျွမ်းကျင်ပြီးစစ်ရေးပရိယာယ်လည်းကြွယ်ဝပါတယ်နင်ဂျာတွေဟာအခကြေးငွေသာရမယ်ဆိုရင်ကိုယ့်အချင်းချင်းတောင်ပြန်သတ်ဖို့ဝန်မလေးတဲ့သူတွေပါ ကြေးစားတွေပေါ့အိဂတွေထဲမှာနာမည်ကြီးနင်ဂျာကတော့ကျွန်တော်တို့ရဲ့ဇတ်ကောင်မုမွန်းပါပဲမုမွန်းရဲ့အဓိပ္ပါယ်ကတော့တံခါးမရှိလို့အနက်ရပါတယ်ဘယ်နေရာမဆိုဝင်ထွက်သွားလာနိုင်ပြီးတိုက်ရေးခိုက်ရေးလည်းအကျွမ်းကျင်ဆုံးပါပဲနင်ဂျာတွေထဲမှာမုမွန်းကနံပါတ်၁အတော်ဆုံးတိုက်ခိုက်ရေးသမားပါဒါပေမဲ့မုမွန်းမှာအားနည်းချက်တစ်ခုရှိပါတယ်cm ကလူတွေလိုပါပဲမုမွန်းဟာမိန်းမကြောက်ရသူပါမိန်းမခိုင်းတာဆိုအကုန်လုပ်ပါတယ်သူတလွဲလုပ်လာရင်ညစာငတ်ပြီသာမှတ်ပေရော့(ညစာကိုတော့သိကြမှာပါခ်ခ်)တိုက်ခိုက်ရေးကျွမ်းကျင်ပေမဲ့မယားကြောက်မုမွန်းကိုတွေ့မြင်ရမှာပါအိုဒတိုင်းပြည်ဘက်မှာတော့ယောက္ခထီးကိုသတ်ပြီးနိုဘုကစုကခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်အိဂတွေနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ကြိုးစားခဲ့ပေမဲ့အိဂခေါင်းဆောင်၁၂ယောက်ရဲ့မကောင်းတဲ့အကြံအစည်ကြောင့်ဆာမူရိုင်းတွေနဲ့နင်ဂျာတွေအကြားစစ်ပွဲဖြစ်ဖို့ဖန်လာတဲ့အခါအခကြေးငွေရမှအလုပ်လုပ်တတ်တဲ့မုမွန်းတစ်ယောက်မိန်းမကိုခေါ်ပြီးခရောတိုမြို့ကိုထွက်ပြေးဖို့ကြံပါတော့တယ်ဒါပေမဲ့လည်းမိန်းမရဲ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့မုမွန်းတစ်ယောက်ဆာမူရိုင်းတွေကိုပြန်တိုက်မှာလားတိုက်ခိုက်ရင်ကောအင်အား၂ဆ၃ဆလောက်ကွာတဲ့ဆာမူရိုင်းတွေကိုဘယ်လိုဗျူဟာနဲ့အနိုင်ယူမလဲစိတ်ဝင်စားစရာအလွန်ကောင်းပါတယ်နင်ဂျာတွေဆာမုူရိုင်းတွေ(မယကတွေ)အကုန်ဒီကားမှာမြင်ရမှာပါဟာသအချစ်အက်ရှင်အလွမ်းအဆွေးတွေရောပြွမ်းထားတဲ့ဒီကားကိုကျွန်တော်ကြိုက်နှစ်သက်မိသလိုrating ကလည်းအလန်းကြီးပါဂျပန်သရုပ်ဆောင်တွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကလည်းအားရစရာပါစဉ်းစားမနေပါနဲ့ဒေါင်းလော့ဆွဲကြပါလို့ပဲပြောကြားရင်းအတူတူကြည့်လိုက်ကြရအောင်နော် Qty - 720P BlurayDuration - 1hr 55minGern - Martial / warSubtitle - MyanmarTranslator - Soe htweEncoder - Kyaw Ye Aung 
movie

MUMON: The Land of Stealth(2018)

2017
The Lion Standing in the Wind (2015) 6.8
The Lion Standing in the Wind (2015) မြန်မာကားလို့ပြောရင်ကျွန်တော်အခုထက်ထိသဘောကျနေ ဆဲနှစ်ချိုက်နေဆဲကားလေးတစ်ကားကိုပြပါဆို ရင်ကြိုးကြာတောင်ပံခတ်သံဆိုတဲ့မြန်မာကားလေးပါပဲ ဆရာဝန်တစ်ယောက်ရဲ့လူနာတွေအပေါ်ထားရှိတဲ့မေ တ္တာစေတနာဂရုဏာတွေကို အဲဒီကားမှာကွင်းကွင်းကွက် ကွက်မြင်နိင်ပါတယ်ခုကျွန်တော်ဘာသာပြန်ထားတဲ့ ကားလေးကတော့အဲဒီဇတ်လမ်းပုံမျိုးနဲ့အနည်းငယ်ဆင် ပါတယ်လေထု ထဲမတ်တပ်ရပ်နေတဲ့ခြင်္သေ့တစ်ကောင် လို့ဇတ်ကားနာမည်ကို ထူးထူးခြားခြားလေးပေးထားပါ တယ်အလွန်ကောင်းမွန်တဲ့ဇတ်ကားလေးပါဆရာဝန် တစ်ယောက်ရဲ့လူနာတွေအပေါ်ထားရှိတဲ့စိတ်စေတနာ မေတ္တာကိုကွင်းကွင်းကွက်ကွက်မြင်နိုင်အောင်ရိုက်ကူး နိင်ခဲ့တဲ့ဂျပန်ဇတ်ကားကောင်းတစ်ကားပါဇတ်ကားက တော့ ဂျပန်နိုင်ငံမှာရိုက်ကူးထားတာမဟုတ်ပါဘူးအာဖရိ ကရဲ့အလွန်ဝေးလံတဲ့နေရာလေးကိုတာဝန်ထမ်းဆောင် ရန်သွားတဲ့ဆရာဝန်လေးကိုအိချိယိုရဲ့အကြောင်းကိုရိုက် ကူးထားတာပါမိမိရဲ့ဆရာဝန်ဘဝလေးကိုမိမိနိုင်ငံလိုတိုးတက်နေတဲ့နေရာမှာ အသုံးချဖို့မကြိုးစားပဲအလွန်ဝေး ကွာတဲ့လူသူအရောက်အပေါက်နည်းတဲ့နေရာကိုရွေး ချယ်တဲ့ဆရာဝန်လေးရဲ့စိတ်ထားဟာလေးစားစရာပါ မိမိချစ်ရတဲ့သူကိုတောင်ခွဲခွာပြီးအာဖရိကကိုထွက်ခွာ ခဲ့တဲ့ ဆရာဝန်လေးတစ်ယောက်ချစ်သူနဲ့ပြန်ဆုံတွေ့နိုင် မှာ လားပြည်တွင်းစစ်တွေအမြဲဖြစ်နေတဲ့အာဖရိကလိုနိုင် ငံကနေကောပြန်လာနိုင်မှာလား ပရိတ်သတ်တွေစောင့် ကြည့်ကြပါကျွန်တော်အကြိုက်ဆုံးကိုအိချိယိုရဲ့စကား တစ်ခွန်းရှိပါတယ်သူ့ကိုလူနာရှင်တွေကလူနာနဲ့ပက် သက်ပြီးအပြစ်ပြောတဲ့အခါဆရာဝန်လေးရဲ့ စကားလေး ကတော့လူတွေဟာနာကျင်စရာတွေများလာတဲ့အခါ တ ခြားလူတွေကိုအပြစ်ပုံချတတ်ကြပါတယ်တဲ့အလွန် ကောင်းတဲ့စကားလေးပါပဲ ဒီဇတ်ကားကိုရေးတဲ့အချိန်မှာ ကျွန်တော်ဟာဆရာဝန်တစ်ယောက်ရဲ့ဘဝကိုကိုယ်ချင်း စာနာပြီးရေးခဲ့ပါတယ်အလွန်ကောင်းမွန်တဲ့ဇတ်ကား လေးကို ပရိတ်သတ်တွေကြည့်ရုရင်းတစ်ခုခုရင်ထဲမှာ ကျန်ရစ်ခဲ့ပါမယ်လို့ ပြောရင်းဒေါင်းလော့လင့်နှိပ်လိုက်ကြ ပါဦးလို့ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကိုတော့ ကိုစိုးထွေးကရေးသားပေးခဲ့တာပါ )Download Large FIle From PcloudDownload Small File From Pcloud
movie


2015