Channel Myanmar

Santina Muha

The Mustang (2019) 7.4
The Mustang (2019) Rating 7.1 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်...မိမိလက်နဲ့ထိန်းကျောင်းပြီး ပြုစုစောင့်ရှောက်ရတဲ့ သတ္တဝါလေးတွေကိုမခင်တွယ်မိသူ ဘယ်သူရှိမှာပါလဲဒီကားလေးမှာတော့ ရိုမန်ကိုးမန်းဆိုတဲ့ အကျဉ်းသားနဲ့ သူရဲ့ မာစတန်မြင်းလေးမာကွီးစ် တို့အကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်ရိုမန်ကိုးမန်းက ဇနီးသည်ကို အပြင်းအထန်နာကျင်စေမှုနဲ့ထောင်ကျခံနေရသူတစ်ဦးဖြစ်ပါတယ်။သူဟာ အကျဉ်းထောင်ထဲမှာ ပြဿနာမရှာတတ်သူဖြစ်တာကြောင့်ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရပြီး မြင်းရိုင်းတွေကိုလေ့ကျင့်သင်ကြားပေးသူ ဖြစ်လာပါတော့တယ်စစချင်းမှာတော့ မာစတန်မြင်းရိုင်းလေးဟာ ဘယ်သူ့ကိုမှလည်းအကပ်မခံ ဘယ်သူ့ကိုမှလည်း အကိုင်မခံတဲ့ မာန်ကြီးတဲ့မြင်းရိုင်းတစ်ကောင်ပါရိုမန်အနေနဲ့လည်းဘယ်လိုပဲကြိုးစားကြိုးစား မာစတန်မြင်းလေးကပျော့ပြောင်းမလာခဲ့ပါဘူးသူအစွမ်းကုန် ကြိုးစားနေရင်း အချင်းချင်း ဆက်နွယ်မှုလေးနဲ့သဟဇာတဖြစ်ဖြစ် အတွဲညီလာတဲ့အချိန်မှာပဲလေ့ကျင့်ထားတဲ့ မြင်းရိုင်းတွေကို လေလံတင်ပစ်တဲ့အချိန်ရောက်လာပါတော့တယ်ရိုမန်အနေနဲ့မာစတန့်ကို ကာကွယ်နိုင်ပါ့မလား။သူတို့နှစ်ဦး အတူတူရှိနေနိုင်ပါ့မလား။ထောင်သားတစ်ယောက်ဖြစ်တဲ့ ရိုမန့်အနေနဲ့ ဘယ်လောက်ထိများသူ့မြင်းလေးကို ကာကွယ်ပေးနိုင်မှာလဲဆိုတာ ကြည့်ရှုရမှာပါချစ်ခြင်းမေတ္တာရဲ့အစွမ်းဟာ မာန်ကြီးလှတဲ့ မူစတန်မြင်းရိုင်းကိုတောင်ပျော့ပြောင်းလာစေတာကို ...
movie

The Mustang (2019)

2019