Channel Myanmar

Suresh Oberoi

Gadar: Ek Prem Katha (2001) 7.3
Gadar: Ek Prem Katha (2001) Gadar: Ek Prem Katha (2001)IMDb-7.3/10ပူပူလောလောထွက်ရှိထားတဲ့ Gadar 2 ကြည့်ရှူပြီးသွားကြတဲ့ပရိသတ်တွေအတွက် 2001 ခုနှစ်ကထွက်ရှိခဲ့တဲ့ ပထမကား Gadar: Ek Prem Katha ကိုလည်း qualityကောင်းကောင်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကထွက်ရှိခဲ့တဲ့ကားဆိုပေမဲ့ သူ့ခေတ်သူ့အခါမှာ ဘက်ပေါင်းစုံကအောင်မြင်ခဲ့တဲ့ကားပါ ရုံတင်ငွေ 1.33 ဘီလီယံထိရရှိခဲ့ပြီး အမီးရ်ခန်းရဲ့ Lagaan နဲ့ ခေတ်ပြိုင်ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ် 1990 နှောင်းပိုင်းရုပ်ရှင်တွေထဲမှာ ကြည့်ရှုမှုဒုတိယအများဆုံးအနေနဲ့ စံချိန်တင်ခဲ့တဲ့ကား ၊ ပါဝင်တဲ့သရုပ်ဆောင်တွေကို ထူးချွန်ဆုတွေရရှိပြီး Nomination ပေါင်းများစွာဝင်စေခဲ့တဲ့ကားပါဇာတ်လမ်းအညွှန်း1947 အိန္ဒိယနဲ့ ပါကစ္စတန်ရယ်လို့ နှစ်နိုင်ငံခွဲခွဲပြီးချင်းအချိန်မှာတော့ ပြည်သူတွေကို ဘယ်မှာမဆိုစိတ်ကြိုက်နေထိုင်နိုင်ကြောင်း ခွင့်ပြုခဲ့ကြတယ် ဒါပေမဲ့ မတူညီတဲ့ ဘာသာရေးအယူအဆတွေနဲ့ လူသန်းပေါင်းများစွာရဲ့ သဘောထားကွဲလွဲမှူကနေ အဓိကရုဏ်းတွေဖြစ် သွေးချောင်းစီးခဲ့ရတယ်ဒီအဖြစ်ဆိုးတွေမတိုင်ခင် 1947 အစောပိုင်းမှာ အဆိုရူးလေးတာရာနဲ့ ဆာကီနာ‌တို့ဟာ ကျောင်းပွဲတစ်ခုကိုအကြောင်းပြုပြီးနီးစပ်ခဲ့ကြသူတွေ...ရှုပ်ထွေးလွန်းတဲ့ အဓိကရုဏ်းနဲ့ နှစ်နိုင်ငံမတည်ငြိမ်မှုတွေကြားက လူတွေရဲ့ခက်ခဲတဲ့ဘဝတွေ ဒီဖြစ်ရပ်ဆိုးတွေကြားက ပေါ်ထွက်လာာတဲ့ အချစ် ၊ မေတ္တာ ၊ စွန့်လွှတ်အနစ်နာခံ စတေးမှုတွေကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ...
movie

Gadar: Ek Prem Katha (2001)

2001
4K HEVC
Kabir Singh (2019) 7.5
Kabir Singh (2019) IMDb Rating (7.1)၂၀၁၉ ခုနှစ် ဘောလိဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့ Kabir Singh အကြည်ထွက်လာလို့ အမြန်ဆုံးပဲတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ ၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့ Remake ဖြစ်ပါတယ်အဲ့ဒီတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက် ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်ဒေါက်တာ ကဗီး(ရ်) ရာဂျ်ဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ ဘက်စုံထူးချွန်တဲ့ အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့ နေရာတကာလည်း ဒေါသကြီးသလို ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်း ဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ ပရီသီးဆိုတဲ့ကောင်မလေးပါပဲ"သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ် အဲ့ဒီထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့ ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ် ငါ့အတွက်ကတော့ ဒီကောင်မလေးပဲ သူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲ အဲ့ဒီတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့"ဒီလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲ ကွဲကွာသွားတဲ့အခါမှာတော့....။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်)Arjun Reddy (2017) Original ဇာတ်ကားကို https://channelmyanmar.org/arjun-reddy-2017/ မှာကြည့်လို့ရပါတယ်။  File size…(2.8 GB) / ...
movie

Kabir Singh (2019)

2019
Porter ( 1983 ) 6.7
Porter ( 1983 ) ဒီဇာတ်ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်းရဲ့ဇာတ်ကားကောင်းလေးတကားဖြစ်ပါတယ်1983 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ..ကြာနေလို့အထင်တော့မသေးလိုက်ပါနဲ့တချို့အရာတွေက နှစ်ချို့လေ ပိုကောင်းလေပဲမလား ..ဇာတ်လမ်းအညွန်းကတော့ချမ်းသာပေမယ့် မကောင်းမှုနဲ့ကြီးပွားတဲ့ Zafar ဟာ Salma ဆိုတဲ့ကောင်မလေးကိုမြင်မြင်ချင်းချစ်သွားခဲ့ပါတယ်ဒါကြောင့်မို့ လက်ထပ်နိုင်ဖို့ပိုင်ဆိုင်ရဖို့ကြိုးစားခဲ့ပေမယ့် ဆယ်မာ နဲ့ သူ့အဖေဟာသူ့ကိုလုံးဝလက်သင့်မခံခဲ့ပါဘူးနောက်တော့ Zafar ဟာ သူလုပ်ခဲ့တဲ့မကောင်းမှုတွေနဲ့အဖမ်းခံလိုက်ရပြီးနောက် ထောင်ဆယ်နှစ်ကျခံလိုက်ရပါတယ်သူပြန်လွတ်လာတဲ့အချိန်မှာ Salma ဟာ Aslam Khan ဆိုတဲ့လူတစ်ယောက်နဲ့လက်ထပ်ထားတာကိုတွေ့လိုက်ရတဲ့အတွက် အရမ်းကိုခံစားခဲ့ရတယ်..zafar ဟာ salma ကိုထပ်ပြီးသိမ်းသွင်းဖို့ကြိုးစားပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး ဒီတော့ မှားလားမှန်လားမသိနိုင်တော့တဲ့zafar က လက်စားချေဖို့အတွက်စတင်ကြိုးစားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာဆက်လက်ခံစားကြည့်ကြပါ Quality : WEB-DL 720pAudio Codes : AACVideo Codes : x264Subtitle : Myanmar Subtitle ( Hardsub )Sub Credit to Somonlian ( subscene ) 
movie

Porter ( 1983 )