Channel Myanmar

Swara Bhaskar

Raanjhanaa (2013) 7.6
Raanjhanaa (2013) Raanjhanaa (2013)( အချစ်ဆုံး မင်းတစ်ယောက်သာ) •••••••••••••••••••••••••••••••••••••••••••••••••••••••( Drama စစ်စစ် မှ သိပ်ကြိုက်တဲ့ သူတွေအတွက်တော့ အညွှန်း မလိုပါဘူး။ )အဖြောင့်အတန်း မရှိလှတဲ့ မျှော်လင့်ချက်တွေကြား မွန်းကြပ်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ ပုံပြင်လေးပေါ့ဗျာ။ဒီဇာတ်လမ်းကို ကြားပြီးရင် မင်း ဟာ တစ်ခုခု ကို ခံစားဆုပ်ကိုင်လာမိမယ်။ ဆို့နင့်နင့် နဲ့ ဘ၀ တစ်ခုကို လက်ဝယ် ရချင်ရလာလိမ့်မယ်။ ဒါဟာ ကံ ကြမ္မာတစ်ခုရဲ့ စုတ်ချက်သီခြယ်ခြင်းတွေပါပဲ။Zoya ဆိုတဲ့ ကောင်မလေးကို တစ်ဖက်သတ် ချစ်မိခဲ့တဲ့ ကောင်လေး Kundan ……… ပါးအချက်ပေါင်း 15 ချက်ရိုက်ခံပြီးမှ နာမည်လေးတစ်ခုကို မြတ်မြတ်နိုးနိုး သိခွင့်ရခဲ့တယ်။ဒါပေမယ့် အကြိမ်ကြိမ် လွဲချော်နေတတ်တဲ့ ကံစီရင်ချက်က 16 ခါမြောက် ပါးတစ်ချက်ကို ထပ်မံ မိတ်ဆက်ပေးခဲ့တယ်။ ဒါဟာ လူမျိုးဘာသာ ကွဲပြားမှုကြောင့် Zoya လက်ဖ၀ါးနုနု နဲ့ ရိုက်ခဲ့တဲ့ ...
movie

Raanjhanaa (2013)

2013
Anaarkali of Aarah (2017) 6.1
Anaarkali of Aarah (2017) Anaarkali of Aarah (2017)_____IMDb - 6.1/10  Bollywood ရုပ်ရှင်လောကမှာ နာမည်ကြီး သရုပ်ဆောင်တွေ အလှိုင်လှိုင်နဲ့ တခမ်းတနားတင်ဆက် ရိုက်းကူးတင်ဆက်ထားတဲ့ ဇာတ်ကားတွေရှိသလိုနာမည်သိပ်မကြီး ဇာတ်ပို့ဇာတ်ရံအဆင့်သာသာပဲရှိတဲ့ သရုပ်ဆောင်အများစုနဲ့ ကုန်ကျစရိတ်နည်းနည်းသာ အကုန်ခံပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။အဲဒါကြောင့်ပဲ ရုပ်ရှင်ကားကောင်းတကားဖြစ်ဖို့ဆိုတာကုန်ကျစရိတ်တွေအများကြီးမလိုဘူးနည်းပညာအကူအညီမလိုဘူးလူအင်အားအများကြီးမလိုဘူး ဇာတ်လမ်း ဇာတ်ညွှန်းကောင်းကောင်းနဲ့ စေတနာပါဖို့ပဲလိုပါတယ်ဒီလိုကားတွေက သက်သေပါပဲဘာနာမည်ကြီး သရုပ်ဆောင်မှမပါဘဲစရိတ်နည်းနည်းနဲ့ ကားကောင်းတစ်ကား ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်ဇာတ်လမ်းကို ပြောရမယ်ဆိုရင် အာရာက ကချေသည်မလေး အနာကလီရဲ့အကြောင်းပါပဲကချေသည်ဆိုတာ သူတို့အိန္ဒိယမှာ ဘယ်လိုသတ်မှတ်သလဲဆိုရင် ပြည့်တန်ဆာနဲ့ ထူးမခြားနားပါပဲသူတို့ဖျော်ဖြေတဲ့သီချင်းတွေက လိင်စိတ်ကြွအောင် အသားပေးထားပြီး လာအားပေးကြတဲ့သူတွေကလည်း မူးမူးရူးရူးနဲ့ အော်ဟစ်ကခုန်နေကြတဲ့သူတွေပါပဲဘောက်ဆူးချသလိုနဲ့ ဟိုနှိုက်၊ ဒီဆွဲနဲ့ အဲဒီဒဏ်တွေကိုလည်း ခံရပါတယ်တနေ့တော့ ရဲစခန်းတစ်ခုမှာ ကပြဖျော်ဖြေတဲ့ပွဲမှာ ပွဲလာအားပေးတဲ့ VIPလို့ပြောလို့ရသူ ခရိုနီဘဲတပွေက မူးရူးနဲ့စင်ပေါ်တက်ပြီး အတင်းအဓ္ဓမဆွဲလားရမ်းလား လုပ်ပါတယ်လူအများရှေ့မှာဆိုတော့ အနာကလီကလည်း ငြိမ်မနေဘဲ အဲဒီဘဲကို ပါးပြန်ချလိုက်ပါတယ်အဲဒီအချိန်မှာ ပြသနာပေါင်းစုံစ,တတ်တော့တာပါပဲအနာကလီတစ်ယောက် ဘာတွေ ...
movie

Anaarkali of Aarah (2017)

2017
Listen…Amaya (2013) 6.9
Listen…Amaya (2013)   2013 ခုနှစ်ကထွက်ရှိထားတဲ့ ဘောလိဝု မိသားစုကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ကားလေးနာမည်က Listen Amaya(2013)တဲ့။IMDb rating 6.9 ရထားပြီးတော့ ဒရာမာ ဇာတ်ကားလေးတွေ ကိုကြိုက်နှစ်သက်သူတွေအကြိုက်တွေ့မယ့်ကားလေးပါ  ဒီကားလေးထဲမှာတော့ ဘ၀မှာ ကြုံတွေ့ရမယ့် လောကဓံတွေအကွေ့အပြောင်းတွေကို မြူးမြူးကြွကြွလေးနဲ့ တင်ဆက်ပေးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့၂၂နှစ်အရွယ် လွတ်လပ်တက်ကြွတဲ့ကောင်မလေးAmayaရယ်သူမရဲ့ အမေမုဆိုးမLeelaတို့ဟာ အေးအေးချမ်းချမ်း ကော်ဖီဆိုင်လေးဖွင့်ကာဘဝကိုဖြတ်သန်းနေတဲ့သားအမိနှစ်ယောက်ပါ။တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြတဲ့ဒီသံယောဇဉ်အဝန်းအဝိုင်းလေးထဲကို တစ်နေ့တော့ Jayant Sinhaဆိုတဲ့အငြိမ်းစားဓာတ်ပုံဆရာတစ်ယောက်ဝင်လာခဲ့ပါတယ်။အဲ့ဒီကနေ ဇာတ်လမ်းအလှည့်အပြောင်းတွေဘယ်လိုဖြစ်တယ် ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားစရာပါ။အိန္ဒိယရုပ်ရှင်ဝေဖန်ရေးသမားတွေကတောလ ဒီကားလေးဟာချစ်ခြင်းမေတ္တာတရားအကြောင်း ၊ အဓိကနဲ့ သာမညတွေအကြောင်းကိုရွှင်ရွှင်မြူးမြူး ခေတ်မှီမှီအမြင်နဲ့ ပြသထားတဲ့ကားကောင်းလေးလို့ဆိုပါတယ်။ဟုတ်မဟုတ်ကိုတော့ ဒီကားလေးထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။Qty - 720p DVD ripDuration - 1hr 48minGern - DramaSubtitle - MyanmarEncoder - Kyaw Ye Aung
movie

Listen…Amaya (2013)

2013
Nil Battey Sannata(2015) 8.5
Nil Battey Sannata(2015) IMDb....8.5,,,,,,Rotten....87% အောက်ခြေလူတန်းစားအမျိုးအစားကိုယေဘုယျအနေနဲ့ ဆိုက္ကားသမား အငှားယာဉ်မောင်း တောင်သူလယ်သမား အိမ်ဖော် လက်လုပ်လက်စားနေ့စားသမားများလို့ သတ်မှတ်ရမလား ကျွန်တော်လည်း မကွဲပြားဘူး ဒါပေမဲ့ အိမ်ဖော်တစ်ယောက်ရဲ့သားသမီး လယ်သမားတစ်ယောက်ရဲ့သားသမီးတွေဟာ ဆရာဝန် အင်ဂျင်နီယာ အောင်မြင်တဲ့စီပွားရေးလုပ်ငန်းရှင် စတဲ့ အနေအထားမျိုးတွေကိုကူးပြောင်းဖို့ဆိုတာတော့ ရုပ်ရှင်မဆန်လှဘူး....ဘာလို့ဆို သူတို့နေတဲ့အသိုင်းအ၀န်း မိဘရဲ့ထောက်ပံ့ပေးနိုင်မှု ခံယူချက်စတာတွေဟာ အပေါ်ကကျွန်တော်ပြောခဲ့တဲ့အနေအထားတွေကို အကောင်အထည်ဖော်ဖို့ သီးခြားဆန်နေတယ်....ကြာပန်းဆိုတာ ရွှံနွံတွေပေါ်မှာပေါက်တယ်တို့ ပတ္တမြားမှန်လျှင် နွံမနစ်ဘူးဆိုတဲ့ အဆိုတွေရှိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ ဒီလိုမျိုးဖြစ်ပျက်တာတွေက ၁ ကနေ ၁၀ အထိရေတွက်တတ်တဲ့ကလေးကိုရေခိုင်းရင်တောင် ရနိုင်ပါတယ် ဒီအိန္ဒိယကားလေးထဲမှာ အိမ်အကူအမေတစ်ယောက်နဲ့ ၁၀တန်းကျောင်းတက်နေတဲ့ သူ့သမီးလေးအကြောင်း ရိုက်ပြထားတာပါ......အမေက အိမ်အကူဖြစ်ပေမဲ့ သူ့သမီးလေးကို ၁၀တန်းအောင်မြင်ပြီး ပညာတတ် အမျိုးသမီး လေးဖြစ်ချင်တယ် ဒါကြောင့် သူအမျိုးမျိုးကြိုးစားတယ် သမီးလေးရဲ့ခံယူချက်ကိုပြောင်းလဲဖို့ရယ် ငွေတွေရသလောက်ရှာဖို့ရယ် သူဘယ်လောက်ကြိုးစား ကြိုးစား သမီးလေးရဲ့စိတ်ထဲမှာ ၁၀တန်းအောင်လည်း ကျောင်းထားဖို့ပိုက်ဆံမတတ်နိုင်တဲ့ အမေရဲ့အဖြစ် ၊ အိမ်အကူ သမီးက အိမ်အကူပဲဖြစ်မယ်ဆိုတဲ့ သမီးရဲ့ခံယူချက် ယုံကြည်ချက်ကို ရိုက်မချိုးနိုင်ခဲ့ဘူး .......ဒါပေမဲ့သူလက်မလျှော့ဘူး. ကျွန်တော်ပြောတာတွေက ဒီကားကိုပေါ့ပျက်စေလို့ ဆက်မပြောတော့ဘူး . ဒီကားက လူတိုင်းကြည့်သင့်တယ်လို့ကျွန်တော်ထင်တယ် ဇတ်လမ်းရဲ့ ...
movie

Nil Battey Sannata(2015)

2015