Channel Myanmar

Teja Reddy

The Great Indian Suicide (2023) 7.1
The Great Indian Suicide (2023) The Great India Suicide (2023) =========================ဒီဇာတ်လမ်းကတော့ ၂၀၂၁ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မိဘတွေကိုယ်တိုင်က ကိုယ့်သွေးသားအရင်းအချာတွေကိုသတ်ပစ်ခဲ့တဲ့ မဒန်နပယ်လ်လီ အမွှာ လူသတ်မှုကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ IMDb 7.1/10 ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ဟဲမာန်သာဆိုတဲ့ကောင်လေးဟာ ပိုက်ဆံရှာနိုင်ဖို့အတွက် ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ သူဖွင့်ထားတဲ့ကော်ဖီဆိုင်လေးကို ကွတ်ကီးရောင်းဖို့ လာစပ်တဲ့ ကောင်မလေးချယ်တရာနဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာတော့ ကောင်လေးဟာ ကောင်မလေးရဲ့ အတွေးအခေါ်တွေကို သဘောကျရင်းကနေမှ ချစ်မိသွားခဲ့ပါတယ်။ သူ့အချစ်တွေကို ဖွင့်ပြောလိုက်တဲ့နောက်ပိုင်းမှာတော့ ကောင်မလေးဟာ ကောင်လေးကို ချစ်ရက်နဲ့ သူ့ရဲ့မိသားစုကိစ္စရေးရာကြောင့် ကောင်လေးအချစ်ကို ချက်ချင်းလက်မခံခဲ့ပေမဲ့လို့ ကောင်လေးကိုချစ်မိသွားတဲ့အတွက်နဲ့ သူ့ရဲ့ မိသားစုကိစ္စတွေကို ကောင်လေးကို ထုတ်ဖော်ပြောခဲ့ပါတယ်။အဲဒီကိစ္စကတော့ ချယ်တရာရဲ့ ကျေးဇူးရှင်ဦးလေးဖြစ်သူဟာ လွန်ခဲ့တဲ့နှစ်နှစ်က ကားမီးလောင်ရာကနေ သေဆုံးသွားခဲ့ရပါတယ်။ ချယ်တရာဟာ သူ့ရဲ့ ကျေးဇူးရှင်တဖြစ် ဦးလေးဖြစ်တဲ့သူရဲ့ သေဆုံးမှုအတွက် ယူကြုံးမရဖြစ်ခဲ့ရပြီးတော့ ဦးလေးအတွက် လုပ်ပေးနိုင်မယ့်အကောင်းဆုံးနည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးတွေ့ရှိခဲ့တဲ့ နည်းလမ်းအရ ဦးလေးဖြစ်သူကို ပြန်လည်ရှင်သန်လာနိုင်ဖို့အတွက် သူတို့တစ်မိသားစုလုံးရဲ့ အသက်ကိုစတေးပြီးတော့ ဦးလေးအတွက် ဆုတောင်းမှုလုပ်မယ့်နည်းလမ်းပါ။ဒီနည်းလမ်းအတိုင်းလုပ်မယ်ဆိုရင် ဦးလေးဖြစ်သူလည်း ...
movie

The Great Indian Suicide (2023)

2023