Channel Myanmar

The Great Indian Suicide (2023)

N/A    

N/A BollywoodHorrorThrillerUncategorized

7.1
IMDB: 7.1/10 18 votes

, , , , , , , ,

India

156332

Report error

The Great India Suicide (2023)
=========================

ဒီဇာတ်လမ်းကတော့ ၂၀၂၁ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မိဘတွေကိုယ်တိုင်က ကိုယ့်သွေးသားအရင်းအချာတွေကိုသတ်ပစ်ခဲ့တဲ့
မဒန်နပယ်လ်လီ အမွှာ လူသတ်မှုကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ IMDb 7.1/10 ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာတော့ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ဟဲမာန်သာဆိုတဲ့ကောင်လေးဟာ ပိုက်ဆံရှာနိုင်ဖို့အတွက် ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။
သူဖွင့်ထားတဲ့ကော်ဖီဆိုင်လေးကို ကွတ်ကီးရောင်းဖို့ လာစပ်တဲ့ ကောင်မလေးချယ်တရာနဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာတော့ ကောင်လေးဟာ
ကောင်မလေးရဲ့ အတွေးအခေါ်တွေကို သဘောကျရင်းကနေမှ ချစ်မိသွားခဲ့ပါတယ်။ သူ့အချစ်တွေကို ဖွင့်ပြောလိုက်တဲ့နောက်ပိုင်းမှာတော့
ကောင်မလေးဟာ ကောင်လေးကို ချစ်ရက်နဲ့ သူ့ရဲ့မိသားစုကိစ္စရေးရာကြောင့် ကောင်လေးအချစ်ကို ချက်ချင်းလက်မခံခဲ့ပေမဲ့လို့
ကောင်လေးကိုချစ်မိသွားတဲ့အတွက်နဲ့ သူ့ရဲ့ မိသားစုကိစ္စတွေကို ကောင်လေးကို ထုတ်ဖော်ပြောခဲ့ပါတယ်။

အဲဒီကိစ္စကတော့ ချယ်တရာရဲ့ ကျေးဇူးရှင်ဦးလေးဖြစ်သူဟာ လွန်ခဲ့တဲ့နှစ်နှစ်က ကားမီးလောင်ရာကနေ သေဆုံးသွားခဲ့ရပါတယ်။
ချယ်တရာဟာ သူ့ရဲ့ ကျေးဇူးရှင်တဖြစ် ဦးလေးဖြစ်တဲ့သူရဲ့ သေဆုံးမှုအတွက် ယူကြုံးမရဖြစ်ခဲ့ရပြီးတော့ ဦးလေးအတွက်
လုပ်ပေးနိုင်မယ့်အကောင်းဆုံးနည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးတွေ့ရှိခဲ့တဲ့ နည်းလမ်းအရ ဦးလေးဖြစ်သူကို
ပြန်လည်ရှင်သန်လာနိုင်ဖို့အတွက် သူတို့တစ်မိသားစုလုံးရဲ့ အသက်ကိုစတေးပြီးတော့ ဦးလေးအတွက် ဆုတောင်းမှုလုပ်မယ့်နည်းလမ်းပါ။

ဒီနည်းလမ်းအတိုင်းလုပ်မယ်ဆိုရင် ဦးလေးဖြစ်သူလည်း အသက်ပြန်ရှင်လာပြီး သူတို့မိသားစုလည်း သေဆုံးခြင်းကို အံ့တုလို့ ပြန်ရှင်လာကြမယ်လို့ ထင်နေပါတယ်။
ဒီလိုအကြောင်းတွေကိုကြားပြီးတဲ့နောက်ပိုင်းမှာ ဟဲမာန်သာဟာ သူချစ်တဲ့ချယ်တရာကို မဆုံးရှုံးချင်တဲ့အတွက်ကြောင့်နဲ့ တတ်သိနားလည်တဲ့သူတွေနဲ့
ဆွေးနွေးတိုင်ပင်ရင်း ချယ်တရာ့ကို တားနိုင်ပါ့မလား …….. ချယ်တရာကရော ဒီအသက်တွေစတေးတဲ့ကိစ္စကို ဖြစ်မြောက်အောင်လုပ်နိုင်သွားမလား ……..
လုပ်နိုင်ခဲ့တယ်ဆိုရင်ရော သူတို့မှန်းထားသလိုမျိုး ဦးလေးဖြစ်သူကို ပြန်ပြီးအသက်သွင်းပေးနိုင်မလား …….ဆိုတဲ့
အကြောင်းတွေကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~Dee~Alex~Sai တို့ပဲဖြစ်ပါတယ်)

(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

File size…2.07GB / 942MB
Quality…1080p WEB DL /720p
Format…mp4
Duration…2h 30mins
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by ToMo~Dee~Alex~Sai



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Great Indian Suicide (2023)


No downloads available

Genres



Related movies