Channel Myanmar

Tomokazu Miura

Always – Sunset on Third Street (2005) 7.7
Always – Sunset on Third Street (2005) Always: Sunset on Third Street (2005)~ IMDb – 7.7/10, RT - 90%, MyDramaList – 7.9/10 ~~~~~~~~~~~~~~~~~~~~~ ဓားငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ - ၂၀၁၅) ~~~~~~~~~~~~~~~~~~~~Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ...
movie

Always – Sunset on Third Street (2005)

2005
The Forest of Wool and Steel (2018) 6.2
The Forest of Wool and Steel (2018) The Forest of Wool and Steel (2018)~ IMDb – 6.2/10, MyDramaList – 7.6/10 ~ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ ...
movie

The Forest of Wool and Steel (2018)

2018
Goodbye Cruel World (2022) 5.9
Goodbye Cruel World (2022) Goodbye Cruel World IMDB 5.8

ကားပေါ်မှာ ဒရိုင်ဘာ၊ အဖိုးကြီး၊ ကောင်မလေး၊ လူမိုက်တစ်ယောက် ပေါင်းလေးယောက်ဟာ အချင်းချင်း စကားများရင်း ဟိုတယ်တစ်ခုရှေ့ရောက်လာပြီးနောက်မှာ မျက်နှာဖုံးစွပ် သေနတ်မောင်းတင်ကာ ဟိုတယ်ထဲ ဝင်ရောက်ခဲ့ပါတော့တယ်။ ဂျပန်မှာ ယာကူဇာကို ထိဝံ့သူဟာ အခြားယာကူဇာပဲ ဖြစ်ဖို့များတဲ့ အခြေအနေမှာပဲ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုတဲ့ သည်လူတစ်စုဟာ ယာကူဇာဂိုဏ်းကြီးတစ်ခုရဲ့ ငွေကြေးခဝါချတဲ့ နေရာကို စီးနင်းဝင်ရောက် ဓားပြတိုက်ခဲ့ပါတော့တယ်။ ယန်း သန်း ၁၀၀ကျော်ပါသွားတဲ့နောက် နားရွက်တံတွေးဆွတ်ခံလိုက်ရတဲ့ ယာကူဇာများကလည်း ဓားပြတွေကို အမိဖမ်းနိုင်ရေး ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်ကားမှာ ယာကူဇာတွေရဲ့ ဩဇာသက်ရောက်နိုင်မှုနဲ့ စွမ်းပကားတွေကို တွေ့မြင်ရမှာဖြစ်ပြီး အကျင့်ပျက်ရဲတစ်ယောက်ဟာ ဘယ်လောက်အတိုင်းအတာထိ ဂိုဏ်းတစ်ခုကို အကျိုးပြုနိုင်သလဲ ပြသထားတာလည်း ဖြစ်ပါတယ်။ ထို့အပြင် တစ်ခါ ယာကူဇာဖြစ်ဖူးလျှင် လူ့အသိုင်းအဝိုင်းထဲ ပြန်တိုးဝင်မရလောက်အောင် ခက်ခဲကြောင်းကိုလည်း ရိုက်ပြထားပါသေးတယ်။ ယာကူဇာကိုမှ သွားထိတဲ့ ဓားပြတွေဟာ ...
movie

Goodbye Cruel World (2022)

The Taste of Tea (2004) 7.6
The Taste of Tea (2004) Taste of Tea (2004)IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။သူတို့ရဲ့သားဖြစ်သူ "ဟာဂျိမဲ"ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie

The Taste of Tea (2004)

Voices in the Wind (2020) 6.7
Voices in the Wind (2020) Voices In the Wind (2020)ဇာတ်လမ်းလေးကတော့ ၂၀၁၁ခုနှစ် ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြီးဆုံး ပင်လယ်ရေအောက်ငလျင်နဲ့ ဆူနာမီမုန်တိုင်းကို အခြေတည်ရိုက်ကူးထားတာပါဒီဆူနာမီမုန်တိုင်းကြောင့် လူပေါင်းသောင်းချီ အသက်ဆုံးရှုံးခဲ့ရပြီး အချိန်တစ်ခုထိ စားဝတ်နေရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသဖြင့် အများကြီးဒုက္ခရောက် အခက်အခဲဖြစ်ခဲ့ရတာ အားလုံးအသိပါဆယ်စုနှစ်တစ်စုခန့်အကြာမှာ ပျက်စီးသွားခဲ့တဲ့ အိမ်တွေ၊ တိုက်တွေ၊ လမ်းတံတားတွေ၊ မြို့တွေကို ​ပြန်လည်ပြုပြင်တည်ထောင်နိုင်ခဲ့ပေမယ့် ငလျင်ဒဏ်ကို ကိုယ်တွေ့ခံစားခဲ့ရသူတွေရဲ့ မှတ်ဉာဏ်တွေ၊ ပူဆွေးသောကတွေကိုတော့ ကုစားဖို့ရာခက်ခဲလှပါတယ်ဒီဇာတ်လမ်းထဲက ဟာရူလေးဟာလည်း ၉နှစ်သမီးအရွယ်မှာ ဆူနာမီကြောင့် မိသားစုဝင်တွေဖြစ်တဲ့ အဖေ၊ အမေနဲ့ မောင်လေး သုံးယောက်လုံးကိုဆုံးရှုံးလိုက်ရပြီး တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တာပါ"သွားလေသူထက် ကျန်ရစ်သူက ပိုနာကျင်ရတယ်" ဆိုတဲ့အတိုင်း မိသားစုအားလုံးကိုဆုံးရှုံးလိုက်တဲ့ ဟာရူအဖို့ ၉နှစ်ကြာသည့်တိုင် စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ဖို့ရာ မတတ်နိုင်ခဲ့ပါဘူးဒီလိုနဲ့၉နှစ်ကြာပြီးတစ်နေ့ ဟာရူတစ်ယောက် မိသားစုဝင်တွေနဲ့တူတူနေထိုင်ခဲ့တဲ့ အိုဆူချီမြို့က အိမ်လေးဆီ တစ်ယောက်တည်းခရီးနှင်လာတဲ့အခါ လမ်းမှာ လူအမျိုးမျိုးနဲ့ဆုံပြီး သူတို့ရဲ့ဘဝဇာတ်လမ်းအဖုံဖုံကို ကြားခဲ့ရပါတော့တယ်အရွယ်နဲ့မမျှအောင် နာကျင်မှုတွေမျိုသိပ်ထားရတဲ့အတွက် စကားနည်းပြီး ...
movie

Voices in the Wind (2020)

2020