Channel Myanmar

Victoria Beckham

David Beckham: Infamous (2022) 5.0
David Beckham: Infamous (2022) David Beckham: Infamous (2022)========================ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ ​ဘောလုံးအားကစား ကို ချစ်မြတ်နိုးတဲ့သူ​တွေ​ရော၊ဘောလုံးအ​ကြောင်း ဘာဆိုဘာမှ မသိတဲ့လူ​တွေအတွက်ပါ လုံးဝမစိမ်းတဲ့နာမည်တစ်ခုပါ၊ လန်ဒန် ဇာတိဖြစ်တဲ့ ဘက်ခမ်းဟာ ပရိုကစားသမားဘဝကို အင်္ဂလန်ရဲ့ အ​အောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ အစပြုခဲ့ပြီးရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့လို ကမ္ဘာ့ထိပ်သီး အသင်း​တွေမှာ လည်း ကစားခဲ့ဖူးသူပါ၊ ပရီးမီးယားလိဂ်ဖလား၆လုံ၊ အက်ဖ်​​အေဖလား၂လုံး လာလီဂါဖလား၁လုံး၊ ချန်ပီယံလိဂ်ဖလား ၁လုံးအပြင် ဆုဖလား​​ပေါင်းများစွာရရှိဖူးတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားဘဝ ​အောင်မြင်မှုဟာ ​မေးခွန်းထုတ်စရာမရှိပါဘူး။ဒါအပြင် ​ဗြိတိန်နာမည်​ကျော် Spice Girlsအဆို​တော်အဖွဲ့ဝင် ဗစ်တိုးရီးယားနဲ့ လက်ထပ်ပြီး​နောက် ​ဘက်ခမ်းဟာ ဘောလုံး သမားတစ်​ယောက်ရဲ့​အောင်မြင်မှုအပြင် celebrityတစ်ဦးရဲ့ ​အောင်မြင်မှု၊ သူ့ရဲ့ပုံရိပ်မြှင့်တင်မှု​တွေပါ လုပ်လာခဲ့ပြီး ကမ္ဘာ ​ပေါ်မှာ မသိသူမရှိတဲ့ Sportman, Merchandising icon တစ်ဦးဖြစ်လာခဲ့သူပါ။ဒီလို​အောင်မြင်မှု​တွေ ရရှိလာခြင်းနဲ့အတူ သူ​ပေးဆပ်လိုက်ရတဲ့ အရာ​တွေကို ဒီ documentaryထဲမှာ အတိအလင်း​ဖော်ပြထား ပါတယ်၊ မန်ယူနိုက်တက်ရဲ့ သမိုင်းဝင်ဖလား၃လုံး​အောင်မြင်မှု မှာ အ​ရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလို ၂၀၀၂မှာ ကမ္ဘာ့ လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ ဘက်ခမ်းဟာ သူ့ရဲ့imageကို ​​ဘောလုံးကစားတာထက် ပိုအ​လေး​ပေးတာ​လို့ နောက်ဆက်တွဲ​ဖြစ်လာတဲ့ ဆာအဲလက် ဖာဂူဆန်နဲ့ အကွဲအပြဲ​ ဇာတ်လမ်း​တွေ၊ ထိုမှတဆင့် ရီးရဲလ်အသင်းကို ထွက်သွားရပြီး ထိပ်သီး​ဘောလုံးသမားဘဝမှ ...
movie

David Beckham: Infamous (2022)

2022