Channel Myanmar

Fandy Fan

Copycat Killer (2023) 8
Copycat Killer (2023) Copycat Killer (2023)The victim gameတို့ Danger zoneတို့လိုပဲ ထိုင်ဝမ်စုံထောက်စီးရီးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ Copycat killerဆိုတဲ့ Taiwan remakeဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။Chris Wu နဲ့ Ko Chia Yen တို့လို ထိုင်ဝမ်ဝါရင့်သရုပ်ဆောင်တွေ ဝိုင်းဝန်းအားဖြည့်ထားတဲ့အပြင် အချစ်တော်လေး Ruby Linကိုလည်း Support role အနေနဲ့ မြင်ရဦးမှာဆိုတော့ သင်္ကြန်တွင်းမှာ စုံထောက်စီးရီးကောင်းကောင်းနဲ့နှပ်ချင်သူတွေအတွက် ရွေးစရာတစ်ခုဖြစ်မှာပါ။စိတ္တဇလူသတ်သမားတစ်ယောက်ရယ်လို့ ဖြစ်လာခြင်းရဲ့အရင်းခံဟာ မွေးရာပါဗီဇကိုက မကောင်းတာလား။ ဒါမှမဟုတ် ငယ်စဉ်ကပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေကြောင့်လား။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စေ့ဆော်မှုတစ်ခုနောက်ကိုလိုက်ရင်း လူသတ်ရတာကို နေသားကျနှစ်ခြိုက်သွားတာလား။အကြောင်းအရင်းက ဘယ်တစ်ခုပဲဖြစ်နေပါစေ လောကကြီးမှာ အကြမ်းအနု စိတ်ကိုလု ဆိုသလိုပဲ လူကောင်းနဲ့လူဆိုးကြားမှာ အလွှာပါးတစ်ခုပဲခြားတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ဒီကားလေးထဲမှာတော့ ငယ်စဉ်ဘဝက ကြီးမားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် စိတ်ဒဏ်ရာရှိခဲ့ဖူးတဲ့ အမှုစစ်ကောရှောင်ချိဟာ ဥပဒေကိုလက်ကိုင်လို့ ရာဇဝတ်သားတိုင်းကို အပြစ်ပေးမယ်ဆိုပြီး သံဓိဋ္ဌာန်ချထားသူပါ။ အပြောနဲ့အလုပ်ညီတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖြောင့်မတ်ဆုံး အထက်မြက်ဆုံးအမှုစစ်အဖြစ်နဲ့ အတော်လေးနာမည်ကြီးသူလည်းဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကြားမှာတော့ သူဟာစာအုပ်ကြီး၊ ပေတံကြီးလို ဆက်ဆံခံရသူပေါ့။ဒီလိုနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေများတဲ့ စုန့်ယန်မြို့မှာ ...
8
TMDb: 8/10 31 votes
tv

Copycat Killer (2023)

2023
More Than Blue : The Series (2021) 8.0
More Than Blue : The Series (2021) IMDb Rating (8.4) You are The Apple of My Eye လိုမျိုး အတည်ပေါက်နဲ့ ကြည်နူးလွမ်းဆွေးရမယ့် ဒီစီးရီးဟာ အပိုင်း(၁၀)ပိုင်းပါရှိပြီး Netflix ကနေ အသစ်ထွက်ရှိလာတာပါ။၀မ်းနည်းခြင်းအစစ်ဟာ သီချင်းတစ်ပုဒ်လိုပဲ။ အစပိုင်းမှာ ခင်ဗျားကိုဝမ်းနည်းအောင်မလုပ်သေးဘူး။ ဒါပေမယ့် Chorus အပိုဒ်တွေကျရင် လှိုင်းတွန့်လေးတွေလို တစ်စထက်တစ်ပုံထပ်လာပြီး မေ့မရနိုင်စရာသံစဉ်တစ်ခုအဖြစ် ရင်ထဲကိုရိုက်ခတ်လာလိမ့်မယ်။ ဝမ်းနည်းခြင်းဆိုတာဟာ ရုတ်ချည်းရောက်ချလာတယ်လို့ ခင်ဗျားထင်နေခဲ့ရင် အစပိုင်းမှာလာနေခဲ့တဲ့ နုတ်စ်အနိမ့်လေးတွေကိုခင်ဗျားလျစ်လျူရှုခဲ့မိလို့ပါပဲ၊ - ချန်ချေကိုင်အန်းရီချီဆိုတာ ဂီတထုတ်လုပ်သူ ဝမ်ပိုဟန်ရဲ့လက်ထောက်တစ်ဦးဖြစ်ပြီး မကြာခင်ထွက်ရှိဖို့လုပ်နေတဲ့ နာမည်ကျော်အဆိုတော် အားလင်ရဲ့အယ်လ်ဘမ်အသစ်အတွက် ခေါင်းစီးသီချင်းကိုရွေးနေကြချိန်ဖြစ်ပါတယ်။ သူ့စားပွဲပေါ်ကိုရောက်နေတဲ့ ရွက်ပုန်းသီးဂီတဝါသနာရှင်များစွာရဲ့ သီချင်းတွေအများကြီးထဲကမှ သူ့စိတ်ထဲကို ရောက်လာတဲ့ သီချင်းတစ်ပုဒ်ကိုပြလိုက်တဲ့အချိန်မှာတော့ အားလင်တစ်ယောက်ချက်ချင်းဆိုသလိုပဲသဘောကျသွားပြီး ဒီသီချင်းကိုခေါင်းစီးအဖြစ်ရွေးချယ်ခဲ့ပါတယ်။အဲဒီမှာအခက်တွေ့တာက စီဒီပေါ်မှာ ကေ နဲ့ ခရင်မ် ဆိုတာကလွဲလို့ ပေးပို့သူအမည်မပါ၊လိပ်စာမပါရှိခဲ့လို့ပါပဲ။ ဒီသီချင်းရဲ့မူပိုင်ခွင့်အတွက် ဝမ်ပိုဟန် သိထားတဲ့ သဲလွန်စသေးသေးလေးကတစ်ဆင့် တစ်စ တစ်စ လိုက်လံစုံစမ်းရင်းနဲ့ ဒီသီချင်းနောက်ကွယ်က ကြေကွဲဆွတ်ပျံ့စရာ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်၊ ကေနဲ့ ခရင်မ်ဆိုတဲ့ အမည်ပိုင်ရှင်နှစ်ယောက်၊ ဒီသီချင်းဖြစ်ပေါ်လာရတဲ့ အကြောင်းအရာစေ့ဆော်မှုတွေကိုပါ တဖြည်းဖြည်းနားလည်သိရှိလာရာက သူတို့ရဲ့ဘဝတွေထဲအထိ သက်ရောက်မှုတွေရှိလာခဲ့တဲ့အခါမှာတော့..။More Than ...
8.0
TMDb: 8.0/10 4 votes
tv

More Than Blue : The Series (2021)

2021