Channel Myanmar

Copycat Killer (2023)

模仿犯

1 Seasons 10 Episodes
Ended

Copycat Killer (2023)

8
TMDb: 8/10 31 votes

General information

Original name模仿犯

Backdrops

Copycat Killer (2023)
Copycat Killer (2023)
Copycat Killer (2023)
Copycat Killer (2023)

Synopsis of Copycat Killer (2023)

Copycat Killer (2023)

The victim gameတို့ Danger zoneတို့လိုပဲ ထိုင်ဝမ်စုံထောက်စီးရီးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့
Copycat killerဆိုတဲ့ Taiwan remakeဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။

Chris Wu နဲ့ Ko Chia Yen တို့လို ထိုင်ဝမ်ဝါရင့်သရုပ်ဆောင်တွေ ဝိုင်းဝန်းအားဖြည့်ထားတဲ့အပြင်
အချစ်တော်လေး Ruby Linကိုလည်း Support role အနေနဲ့ မြင်ရဦးမှာဆိုတော့
သင်္ကြန်တွင်းမှာ စုံထောက်စီးရီးကောင်းကောင်းနဲ့နှပ်ချင်သူတွေအတွက် ရွေးစရာတစ်ခုဖြစ်မှာပါ။

စိတ္တဇလူသတ်သမားတစ်ယောက်ရယ်လို့ ဖြစ်လာခြင်းရဲ့အရင်းခံဟာ မွေးရာပါဗီဇကိုက မကောင်းတာလား။
ဒါမှမဟုတ် ငယ်စဉ်ကပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေကြောင့်လား။
ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စေ့ဆော်မှုတစ်ခုနောက်ကိုလိုက်ရင်း လူသတ်ရတာကို နေသားကျနှစ်ခြိုက်သွားတာလား။

အကြောင်းအရင်းက ဘယ်တစ်ခုပဲဖြစ်နေပါစေ
လောကကြီးမှာ အကြမ်းအနု စိတ်ကိုလု ဆိုသလိုပဲ လူကောင်းနဲ့လူဆိုးကြားမှာ အလွှာပါးတစ်ခုပဲခြားတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။

ဒီကားလေးထဲမှာတော့ ငယ်စဉ်ဘဝက ကြီးမားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် စိတ်ဒဏ်ရာရှိခဲ့ဖူးတဲ့ အမှုစစ်ကောရှောင်ချိဟာ
ဥပဒေကိုလက်ကိုင်လို့ ရာဇဝတ်သားတိုင်းကို အပြစ်ပေးမယ်ဆိုပြီး သံဓိဋ္ဌာန်ချထားသူပါ။
အပြောနဲ့အလုပ်ညီတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖြောင့်မတ်ဆုံး အထက်မြက်ဆုံးအမှုစစ်အဖြစ်နဲ့ အတော်လေးနာမည်ကြီးသူလည်းဖြစ်ပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေကြားမှာတော့ သူဟာစာအုပ်ကြီး၊ ပေတံကြီးလို ဆက်ဆံခံရသူပေါ့။

ဒီလိုနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေများတဲ့ စုန့်ယန်မြို့မှာ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေ ပျောက်ဆုံးမှုများပြားလာပြီး
ပန်းခြံထဲမှာလာထားထားတဲ့ လက်ပြတ်တစ်ခုကနေ စတင်စုံစမ်းရာက လူပျောက်မိန်းကလေးတွေများပြားနေပြီး
သေဆုံးသူ‌လည်းတစ်‌ယောက်မကတဲ့ ကွင်းဆက်လူသတ်မှုမှန်း သိလိုက်ရတဲ့အခါ ….

မီဒီယာကနေတစ်ဆင့် လူလုံးထွက်ပြလာပြီး ပြည်သူနဲ့နစ်နာသူမိသားစုတွေ ရဲတွေကိုပါ အမျိုးမျိုးထိန်းချုပ်ပြီး
ဂယက်ရိုက်အောင်လုပ်နေတဲ့ မျက်နှာဖုံးစွပ်ကွင်းဆက်လူသတ်သမားနဲ့
ဒီအမှုကိုကိုင်တွယ်ဖို့ဖြစ်လာတဲ့ အမှုစစ်ကောရှောင်ချိတစ်ယောက် လူသတ်သမားကို တားဆီးနိုင်မှာလား
လူသတ်သမား ‘နော့’ ဆိုသူကရော ဘယ်သူဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

Serial murder series ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ အသဲယားစရာမြင်ကွင်းတချို့တော့ပါပေမဲ့
ဒီစီးရီးရဲ့ Orginal Japan ရုပ်ရှင်ကလည်း အတော်လေးနာမည်ကြီးခဲ့တာဆိုတော့
စုံထောက်ရုပ်ရှင်ချစ်ပရိသတ်တစ်ယောက်ဆိုရင်တော့ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့
ဘာသာပြန်တွေကတော့ Mary Christ, Blue, Shin Shin , Cali တို့ပဲ ဖြစ်ကြပါတယ်။

Genre….. Crime, Drama, Mystery
Quality…. 1080p | 720p
File size… 1GB | 350MB
Format… mp4
Duration…. 50min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Mary Christ, Blue, Shin Shin , Cali
Encoder ….. Aaron

720p

Episode 01 – Userdrive | YoteShin | Megaup | Streamsb | Streamvid | Telegram

Episode 02 – Userdrive | YoteShin | Megaup | Streamsb | Streamvid | Telegram

Episode 03 – Userdrive | YoteShin | Megaup | Streamsb | Streamvid | Telegram

Episode 04 – Userdrive | YoteShin | Megaup | Streamsb | Streamvid | Telegram

Episode 05 – Userdrive | YoteShin | Megaup | Streamsb | Streamvid | Telegram

Episode 06 – Userdrive | YoteShin | Megaup | Streamsb | Streamvid | Telegram

Episode 07 – Userdrive | YoteShin | Megaup | Streamsb | Streamvid | Telegram

Episode 08 – Userdrive | YoteShin | Megaup | Streamsb | Streamvid | Telegram

Episode 09 – Userdrive | YoteShin | Megaup | Streamsb | Streamvid | Telegram

Episode 10 – Userdrive | YoteShin | Megaup | Streamsb | Streamvid | Telegram

 

1080p

Episode 01 – Userdrive | YoteShin | Megaup | Meganz | Telegram

Episode 02 – Userdrive | YoteShin | Megaup | Meganz | Telegram

Episode 03 – Userdrive | YoteShin | Megaup | Meganz | Telegram

Episode 04 – Userdrive | YoteShin | Megaup | Meganz | Telegram

Episode 05 – Userdrive | YoteShin | Megaup | Meganz | Telegram

Episode 06 – Userdrive | YoteShin | Megaup | Meganz | Telegram

Episode 07 – Userdrive | YoteShin | Megaup | Meganz | Telegram

Episode 08 – Userdrive | YoteShin | Megaup | Meganz | Telegram

Episode 09 – Userdrive | YoteShin | Megaup | Meganz | Telegram

Episode 10 – Userdrive | YoteShin | Megaup | Meganz | Telegram

 

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-03-31
TypeScripted
Episode runtime54 min
Popularity278.733
TV StatusEnded

Seasons and episodes

No data available


Videos

Comments