Channel Myanmar

Jiang Zixin

Lighter and Princess (2022)
Lighter and Princess (2022) ❏ ခပ်ဆိုးဆိုး/ခပ်မိုက်မိုက်ကောင်လေး - လီရွှင် နဲ့❏ စာတော်တဲ့ တက္ကသိုလ်ကျောင်းသူလေး - ကျူးယွင့် တိုရဲ့အချစ် အမုန်း ဆုံးရှုးမှုတွေ ပေးဆပ်မှုတွေ ကြားထဲမှပေါက်ဖွားလာမဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်...!တက္ကသိုလ်ကျောင်းသူဘဝကိုပထမဆုံးခြေလှမ်းခါစပြုနေတဲ့ ကျူးယွင့်ဟာခပ်ဆိုးဆိုးကောင်လေး လီရွှင်နဲ့ တွေ့ဆုံခဲ့ပြီးသူမရဲ့ဘဝဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရပါတော့တယ်ဘာကိုမှမသိနားမလည် ပိုက်ဆံဖြုန်းဖိုသာသိတဲ့သူဌေးသားတစ်ယောက်လို ကျူးယွင့်ရဲ့ အထင်မှားခြင်းကိုခံထားရတဲ့ "သူ" ဟာ တကယ်တမ်းတော့Programming ပိုင်းမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ပညာရှင်လေးတစ်ဦးဖြစ်နေခဲ့ပါတယ် နှစ်ယောက်သားဟာအကြိမ်ပေါင်းများစွာ တွေ့ဆုံပြီးတဲ့နောက်မှာတော့တစ်ဦးနဲ့ တစ်ဦး လေးနက်မှူတွေ/တန်ဖိုးထားမှုတွေဖြစ်ပေါ်လိုလာခဲ့ပါတယ် ကျူးယွင့်အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့ အချိန်မှာလဲ လီရွှင်ဟာသူမရှေ့ကနေပြီး မားမားမက်မက် ရပ်တည်ကာကွယ်ပေးခဲ့ပါတယ်ဒီလိုနဲ့ နှစ်ယောက်သားရဲ့ ရိုးရှင်းတဲ့ဆက်ဆံရေးကြားမှာချစ်ခြင်းမေတ္တာတွေ တစ်ဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီးတော့မိသားစုအခြေအနေ ကွာခြားမှုတွေကိုတောင် ဂရုမပြုပဲသတ္တိရှိရှိနဲ့ ရှေ့ဆက်လျှောက်လှမ်းခဲ့ပါတယ်ဒါပေမဲ့လို သူတိုနှစ်ဦးရဲ့ အချစ်ရေးလမ်းကြောင်းဟာဖြောင့်ဖြူးဖိုအတွက် ကံပါမလာခဲ့ပါဘူးကံကြမ္မာရဲ့အလှည့်အပြောင်းတွေကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့်လီရွှင်ရဲ့အစ်မဖြစ်သူဟာ မသမာသူတစ်ဦးကြောင့်ကားတိုက်မှုမတော်တဆဖြစ်ပွားခဲ့ပြီး အစ်မဇောနဲ့စိတ်မထိန်းနိုင်တဲ့ လီရွှင်ဟာ တရားခံဖြစ်သူကိုထိခိုက်မှုဖြစ်စေခဲ့တာကြောင့်ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အချိန်မှာတော့...?❐ သူတိုနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုဆက်ဖြစ်သွားမှာလဲ ?❐ ကြုံလာတဲ့ အခက်အခဲတွေကိုရော သူတိုနှစ်ဦး ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလား ?❐ သူတိုအပေါ် မသမာခဲ့တဲ့ ...

Lighter and Princess (2022)

2022
Midsummer is Full of Love ( 2020 )
Midsummer is Full of Love ( 2020 ) မတည့်အတူနေ ကြောင်နဲ့ကြွက်ဇာတ်လမ်းကိုမှ ကြိုက်ပါတယ်ဆိုတဲ့ရုပ်ချောချောချိမချိဖတို့အတွက် ချစ်စံအိမ် (Full House) တရုတ် Version လေးလာပါပြီနော်ဇာတ်ကားဟောင်းလေးကိုပဲ Version တစ်မျိုးနဲ့ ပြန်လည်အသက်သွင်းထားပေမယ့်ဇာတ်လမ်းကျောရိုးလောက်ပဲ ဆင်ပါတယ်သေချာတာပေါ့ မင်းသမီးမသိအောင်သူ့သူငယ်ချင်းကသူ့အဖေအမွေပေးခဲ့တဲ့အိမ်ကြီးကို ရောင်းစားထားမယ် မင်းသားကဝယ်ထားတယ်ပြီးကျ သတင်းတွေကောလဟာလတွေကြောင့် မင်းသမီးကို အိမ်ပြန်ပေးမယ်လို့အပေးအယူလုပ်ပြီး ဟန်ဆောင်လက်ထပ်မယ် ဒုတိယမင်းသားကတော့ ဆရာဝန်ပါ မင်းသမီးကို ကြိုက်မှာပါမင်းသားနဲ့မင်းသမီးကလည်း တစောင်းစေးနဲ့ မျက်ချေး မြင်တာနဲ့တစ်ကျက်ကျက်အဆင့်ကနေ မတည့်အတူနေ မမြင်ရင်ချောင်းကြည့်အဆင့်အထိတဖြည်းဖြည်း တိုးတက်လာမှာကိုလည်း မြင်တွေ့ရမှာပါဟုတ်ပါတယ် ဇာတ်လမ်းအသွားအလာတူပေမယ့် မတူညီတဲ့ ဇာတ်ဝင်ခန်းတွေမတူညီတဲ့ ရှုခင်းတွေ မတူညီတဲ့ ချစ်စရာမင်းသား မင်းသမီးလေးတွေဇာတ်ကောင်အသစ်တွေ ရန်ဖြစ်ပုံအသစ်တွေနဲ့ ဇာတ်လမ်းပြီးအောင်ခေါ်ဆောင်သွားခံရမှာမို့လို့အချစ်ဇာတ်ကားလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းကောင်းလေး ဖြစ်ပါတယ်Translated By Yamin Ei , Naychii , Htoo Htoo Ka Joe , Ei Pyae , Nu MonEncoded By LK  Download ...

Midsummer is Full of Love ( 2020 )

2020