Channel Myanmar

Jiwu Zhesha

The Blue Whisper ( 2022 )
The Blue Whisper ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့The Blue Whisper ပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့တရုတ်ကားချစ်သူတိုင်းသိကြတဲ့ The Glory of Tang Dynasty ဇာတ်ကားထဲကမင်းသားRen Jia Lun နဲ့ Eternal Love of Dream ထဲကအနီရောင်အမြှီးကိုးချောင်းမြေခွေးဘုရင်မအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Dilireba တို့ကပါဝင်သရုပ်ဆောင်ထားတာဆိုတော့ဇာတ်လမ်းလေးကတော့ကြည့်ကောင်းမှာ အသေချာပါပဲနော်။ကဲဒီတော့ဇာတ်လမ်းအကျဉ်းကြည့်လိုက်ရအောင် ~ဇာတ်လမ်းအကျဉ်းလေးကတော့ Ji Yun He (Dilireba) ကနတ်ဆိုးတောင်ကြားသခင်ရဲ့မွေးစားသမီးလည်းဖြစ်စွမ်းအားမြင့်မားတဲ့ဝိဉာဉ်ထိန်းချုပ်သခင်မလည်းဖြစ်သော်ငြားလည်းတောင်တန်းတွေကြားမှာမနေချင်ဘဲ လွတ်မြောက်ချင်တဲ့သူ။ဒါပေမဲ့ တောင်ကြားသခင်ရဲ့အဆိပ်မိထားတဲ့သူမကဘယ်တော့မှတောင်ကြားကနေဝေးဝေးထွက်ပြေးနိုင်မှာမဟုတ်။တနေ့မှာတော့ရှာပါးမျိုးနွယ်ရေသူထီး Chang Yi (Ren Jia Lun) ကိုနတ်ဆိုးအငွေ့အသက်ကိုဖယ်ရှားဖို့အတွက်တာဝန်ပေးခြင်းခံရတယ်။လွတ်မြောက်ချင်တဲ့ Ji Yun He ကရေသူထီး Chang Yi ကိုအသုံးချဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့အပြစ်ကင်းပြီးကြင်နာနွေးထွေးတတ်တဲ့Chang Yi ကြောင့် Yun He နှလုံးသားအရည်ပျော်ကြသွားရာကတဖြည်းဖြည်းနဲ့ရန်သူအဖြစ်ကနေအချစ်စိတ်တွေပေါက်ဖွားလာတာပေါ့။သို့ပေမဲ့လည်း ကံကြမ္မာရဲ့ရက်စက်မှုကြောင့်နှစ်ဦးသားနက်နက်ရိူင်းရိူင်းချစ်ပေမဲ့လည်း,အချင်းချင်းတိုက်ခိုက်နေကြရတာပေါ့။ ကဲဒီတော့လွတ်မြောက်ချင်တဲ့Yun He ကလွတ်မြောက်နိုင်ပါ့မလား။ချစ်သော်ငြားလည်းရန်သူဖြစ်နေတဲ့အတွက်ရန်သူကနေဘယ်လိုပေါင်းစည်းသွားမလဲ။လောဘတရားကိုရှေ့တန်းတင်မှုကြောင့်ပျက်ဆီးတော့မယ့်လောကကြီးကိုနှစ်ဦးသားဘယ်လိုတာဝန်ယူကာကွယ်မလဲ။ရေသူထီး Chang Yi ကကောဘာလျို့ဝှက်ချက်တွေများနေလဲဆိုတာတော့~ ...

The Blue Whisper ( 2022 )

2022