Channel Myanmar

Kim Jae-hwa

The King of Desert (2022) [Complete] 5
The King of Desert (2022) [Complete] The King of Desert (2022) [အစ-အဆုံး]အပိုင်းသစ် ၁ မှ ၆ (ဇာတ်သိမ်းပိုင်း)ဇာတ်လမ်းအကျဉ်း ...ဘဝရဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်နေကြရတဲ့ လူ ၅ယောက်ရှိပါတယ်။ ဒီလူတွေထဲမှာတော့ တချို့က ငွေက အရာရာဖြစ်တယ်။ ငွေသာကိုးကွယ်ရာလို့ ခံယူပြီး အလုပ်လုပ်ကိုင်နေတဲ့လူတွေပါ။ ဒါပေမဲ့ ကျန်တဲ့လူတွေကတော့ မတူညီစွာပဲ ငွေက အရာရာမဟုတ်ဘူး။ငွေထက် အရေးကြီးတာတွေ အများကြီးရှိတယ်။ ငွေရှိတိုင်းမလုပ်နိုင်တာရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပြောင်းအလဲတွေကိုရင်ဆိုင်နေကြတာပါ။ဒီလူ ၅ ယောက်ဟာ ဘယ်သူတွေ ဖြစ်မလဲ? ဘယ်သူတွေဟာ ငွေကိုကိုးကွယ်ကြလဲ? ဘယ်သူတွေကတော့ ငွေရဲ့ကျေးကျွန်အဖြစ်မခံဘူးလဲ? သူတို့ ၅ ယောက်ရဲ့ ရရှိလာမဲ့ရလဒ်တွေ ဘယ်လိုကွာခြားမလဲ? ဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ကြပါဦး။(အညွှန်းကိုတော့ Hay Thar Oo က ရေးပေးထားပါတယ်။)Aired: Dec 16, 2022 Aired On: Friday Genres: Drama Duration: 25mins Episodes: 6 Original Network: Watcha, ...
5
TMDb: 5/10 1 votes
tv

The King of Desert (2022) [Complete]

2022
Cleaning Up (2022) 8.0
Cleaning Up (2022) Cleaning Up (2022) ===============ကဲ ဒီတစ်ခါတော့ 2019 မှာ လွှင့်ခဲ့တဲ့ နာမည်ကြီး UK TV Series "Cleaning Up" ရဲ့ Remake K drama စီးရီး အသစ်လေး လာပါပြီ။ Eo Yong-Mi (Yum Jung-Ah), An In-Kyung (Jeon So-Min) နဲ့ Maeng Soo-Ja (Kim Jae-Hwa) တို့သုံးယောက်ဟာ အကျိုးဆောင် ကုမ္ပဏီတစ်ခုရဲ့ သန့်ရှင်းရေး အလုပ်သမားတွေဖြစ်ပါတယ်။- Eo Yong-Mi ကတော့ သမီးနှစ်ယောက်ကိုပျိုးထောင်ပေးရင်း ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရသူပါ။- An In-Kyung ကတော့ Food Truck လေးဝယ်ပြီး ကော်ဖီဆိုင်ဖွင့်ဖို ရည်ရွယ်ထားသူပါ။- Maeng Soo-Ja ကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ထင်ရ ပေမယ့် လူတွေကို သူလိုအပ်မှ ရင်းရင်းနှီးနှီးနေတတ်သူပါ။ဒီသန့်ရှင်းရေးဝန်ထမ်း ၃ ယောက်က သူတို့ကုမ္ပဏီရဲ့ ရှယ်ယာရောင်းဝယ်တဲ့ ကိစ္စတွေကို အမှတ်မထင်ကြားခဲ့ကြပြီး၊ သူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ အတွက် ...
8.0
TMDb: 8.0/10 1200 votes
tv

Cleaning Up (2022)

2022
Why Her?(2022)
Why Her?(2022) Why Her?(2022) ဇာတ်လမ်းတွဲ***************************အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံးကိုရီးယားရဲ့အကြီးမားဆုံး Tk Group ဉပဒေရုံး ကြီ:ရှိတယ်... အူဆူဂျယ်ဆိုတဲ့အမျိုးသမီးဟာ မထင်မရှားကျောင်းလေးကနေ ဥပဒေဘွဲ့ရရှိပြီးနောက် အလုပ်သင်ရှေ့နေ့ အဖြစ် TK မှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်.... အမျိုးသမီးလည်းဖြစ်တယ် ... ကျောင်းကလည်းအထင်ကြီးစရာ မရှိ ပုံစံကလည်း ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ ပုံမဟုတ်တဲ့အတွက် စီနီယာတွေက ရုံးစာပို့အဆင့်လောက် သာဆက်ဆံကြတယ်...အစည်းအဝေးခန်းထဲက ခွေးလိုမောင်းထုတ် ပစ်တာတွေ...စားသောက်ပွဲတွေမှာ တစ်ယောက်တည်း ချန်ထားခဲ့တာတွေ... အခြားနိုင်လိုမင်းထက်များစွာနဲ့ ဆက်ဆံခံရတယ်.. .ဒီလို အနိုင်ကျင့်ခံရမှုတွေ ကြောင့်ပဲ အူဆူဂျယ်ဆိုတဲ့ မိန်းကလေးအပေါ် တစ်နေ့အမြင့်ဆုံးကို ငါရောက် ရမယ်ဆိုတဲ့ အားအင်တွေဖြစ်လာပုံရတယ်... ဒီစိတ်ကြောင့်ပဲ အချိန်ပြည့်အလုပ်ကို အာရုံစိုက်တဲ့အပြင် ထက်မြက်ပါးနပ်တဲ့ သူ့ဉာဏ်ရည်ကြောင့် တဖြည်းဖြည်းနဲ့ TKမှာ သူ့ အရှိန်အဝါဟာ ကြီ:မားလာတယ်.. ကုမ္ပဏီရဲ့ ငွေကြေးအများဆုံး ရှာပေးနိုင်တဲ့သူ ဖြစ်လာသလို အခြား အဖွဲ့အစည်းပေါင်းများစွာကလည်း ကမ်းလှမ်းခံလာရတယ်...ဒီလိုထိပ်ဆုံးကိုရောက်လာတဲ့ သူမဟာလည်း ငယ်ငယ်တုန်းက ထိုးနှက်ခံရတဲ့လူတွေကြောင့် လက်ရှိပတ်ဝန်းကျင်မှာလည်း လိုက်လျောညီထွေဖြစ်မနေဘူး.. ဒါ့ကြောင့်ပဲ ရန်သူတွေ မနာလိုတဲ့ သူတွေပတ်လည်ဝိုင်းနေသလို ဖြစ်နေတယ်...အဆိုးဆုံးက သူမှန်တက်ထင်ရင် အစိုးရပိုင်းက အကြီးအကဲတွေ တက်သမဖို့ အထိ အူဆူဂျယ်ဆိုတဲ့ အမျိုးသမီးဟာ လက်တွန့်မနေခဲ့ဘူး.... ဒီကားက ကားနာမည်အတိုင်း female lead ပေါ့..မင်းသမီးကြီး Seo Hyun Jin က အူဆူဂျယ်အဖြစ် သရုပ်ဆောင်ထားတယ်.. သူ့ဇာတ်လိုဖြစ်နေတဲ့အတွက်ကြောင့် လုပ်ကွက်တွေအများကြီး ရသလို မင်းသမီ:ကြီးက ...

Why Her?(2022)

2022
Witch at Court (2017) 9.1
Witch at Court (2017)  စီးရီးသစ်တွေ အများကြီးထွက်လို့ ဗြာများပြီး ဘယ်ဟာကောင်းလဲမသိရွေးချယ်ရခက်နေသူ CM fan တွေအတွက် ၂၀၁၇ က ထွက်ထားပြီး နာမည်ကြီး မင်းသားကြီးတွေပါတဲ့ NETFLIX က Crime , Mystery အမျိုးအစား ဇာတ်လမ်းတွဲကောင်းတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် ။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်ခံရတဲ့ အကြမ်းဖက်မှုတွေနဲ့ လိင်အကြမ်းဖက်မှုတွေကို အသားပေးရိုက်ကူးထားပါတယ် ။ဇာတ်လမ်းအကျဥ်းပျောက်ဆုံးသွားတဲ့ မိခင်ဖြစ်သူကိုရှာဖွေနိုင်ဖို့ အမှုစစ်တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့ မာအီဒွန်...စိတ်ရောဂါအထူးကုဆရာဝန်အဖြစ်ကနေ နှုတ်ထွက်ပြီး အမှုစစ်တစ်ယောက်ဖြစ်လာတဲ့ ယောဂျင်အု...အီဒွန်က အထက်လူကြီးတွေဆီကအာရုံစိုက်မှုရဖို့နဲ့ ရာထူးတိုးဖို့အမြဲကြိုးစားပြီး ကိုင်တဲ့အမှုတိုင်းနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံ လှည့်ကွက်မျိုးစုံကိုသုံးလေ့ရှိပါတယ် ၊ဂျင်အုကတော့ အမှန်တရားဘက်မှာ အမြဲနေပြီး စည်းမျဥ်းစည်းကမ်းအတိုင်း သေချာလုပ်ဆောင်တတ်တဲ့ အမှုစစ်တစ်ယောက်ပါမထင်မှတ်တဲ့ပြဿနာတွေဖြစ်ပြီး အမျိုးသမီးနှင့်ကလေးသူငယ်မှုခင်းဌာကို ပြောင်းရွှေ့ခံလိုက်ရတဲ့ မာအီဒွန်နဲ့အမျိုးသမီးနဲ့ကလေးငယ်တွေဘက်က ရပ်တည်ပေးဖို့ အဖွဲ့ပြောင်းလာတဲ့ ယောဂျင်အုတို့နှစ်ယောက် တွေ့ကြတဲ့အခါ...သူတို့နှစ်ယောက်ဘယ်လိုဆက်ပြီး အတွဲညီညီ အမှုတွေကို ဖော်ထုတ်သွားမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီရှင် ။*** တစ်ရက် ၂ ပိုင်းနှုန်း ...
9.1
TMDb: 9.1/10 7 votes
tv

Witch at Court (2017)

2017
Uncontrollably Fond ( 2016 ) ( Completed ) 6
Uncontrollably Fond ( 2016 ) ( Completed ) ဒီဇာတ်လမ်းလေးဟာ 2016 တုန်းက ထွက်ရှိခဲ့ပြီးတော့နာမည်ကြီးလှတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် မင်းသား ကင်ဝူဘင်နဲ့ ဆူဇီတို့ကပါဝင်သရုပ်ဆောင်ထားပြီး On Going လွှင့်နေတုန်းကလည်း ကြည့်ရှုသူပရိတ်သတ်တို့ရဲ့တမ်းတမ်းစွဲအချစ်တော်လေးဖြစ်ခဲ့ရပါသေးတယ်ကြည့်ရှုနိုင်အောင်လို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ် အညွန်းကတော့ရှင်းဂျွန်ယောင်းနဲ့ နိုရယ် ဟာ လူငယ်ဘဝမှာကတည်းက ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ချစ်သူ၂ဦးပါ..ဒါပေမယ့်လည်းအကြောင်းမတိုက်ဆိုင်တော့လည်း လမ်းခွဲခဲ့ကြရတာပေါ့နှစ်တွေကြာပီးတဲ့နောက်မှာ ရှင်းဂျွန်ယောင်းဟာ ကိုရီးယားရဲ့ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်..နိုရယ်ကတော့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်လာခဲ့တယ်..အရင်တုန်းက ကံမဆုံခဲ့လို့ ကွဲကြရပေမယ့်အခုကံ အ ကြောင်းဖန်လာပြန်တော့ ဒီ၂ယောက်ကို ကံကြမ္မာက နောက် တခေါာက်ထပ်ဆုံခွင့်ပေးခဲ့ပြန်တယ်..ဒီလိုနဲ့မငြိမ်းသေးတဲ့အချစ်မီးတွေနဲ့အတူ၂ယောက်သား ပြန်လည်ဆုံတွေ့မှုကနေ တဆင့် ဘယ်လိုအချစ်ဇာတ်လမ်းလေးပြန်လည်ပေါက်ဖွားလာမယ်ဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ရအောင် Subtitle Credit To Somonlian ( Subscene ) Episode 1 - YuuDrive / Yoteshin / MegaUp / Yandex / Episode 2 - YuuDrive / Yoteshin / MegaUp / Yandex / Episode ...
6
TMDb: 6/10 19 votes
tv

Uncontrollably Fond ( 2016 ) ( Completed )

2016
Room No. 9(2018)[စ/ဆုံး] 7
Room No. 9(2018)[စ/ဆုံး] Room No. 9(2018)ဇာတ်လမ်းတွဲအညွှန်း************************************အပိုင်း ( ၁ မှ ၁၆ )ထိ စ/ဆုံး" ကျွန်မ ထောင်ထဲမှာနေတာ ၃၄ နှစ်ရှိပြီ....လွှတ်ပေးရင်ပေး မပေးရင် သေမိန့်ချပေးပါ" ဒါကတော့ ဂျန်ဟွာဆာဆိုတဲ့ အသက် ၆၀ ဝန်းကျင်ခန့်အမျိုးသမီးရဲ့ ရှေ့နေတွေအပေါ် တောင်းဆိုချက်ပါ..... ဒီအမျိုးသမီးကြီးဟာ ဘာကြောင့်ထောင်ကျနေတယ်ဆိုတာမသိရသေးပေမယ့် အပြင်ကအဖွဲ့အစည်းကြီးတစ်ခုက သူမကို ထောင်ထဲမှာပဲအချိန်ကုန်စေချင်ပုံရပါတယ်... ဒီအမျိုးသမီးကြီးထောင်ကထွက်လာရင် ဖြစ်လာမယ့် အကျိုးဆက်ကို အတော်ကြောက်ရွှံနေပုံရကြတယ်.... ရှေ့နေ့အဖွဲ့ထဲမှာပါတဲ့အများစုက ဂျန်ဟွာဆာကို လွှတ်ပေးဖို့ တော်တော်များများက ဆန္ဒရှိကြတယ်.... ဒါ့ကြောင့် ဂျန်ဟွာဆာဆိုတဲ့အမျိုးသမီးကြီးကို ထောင်ထဲမှာပဲအရိုးဆွေးအောင် အချိန်ကုန်စေဖို့ ထက်မြက်ပြီး ရာထူးမက်မောတဲ့ ဟေးရီဆိုတဲ့အမျိုးသမီးရှေ့နေကို ခိုင်းစေလိုက်ကြတယ်.. ဒီရှေ့နေအမျိုးသမီးကလည်း သူ့အတ္တနဲ့ ရာထူးကိုပဲ မက်မောပုံပဲ... အလွယ်တကူသဘောတူတဲ့အပြင် ဂျန်ဟွာဆာကို အပီအပြင်အထိနာစေပြီး ထောင်ထဲမှာပဲ တစ်သက်လုံးအချိန်ကုန်စေဖို့ နည်းလမ်းပေါင်းစုံသုံးပါတော့တယ်..... ဒီကားက အချစ်နဲ့ပတ်သက်တဲ့ အကြောင်းအရာအတော်လည်းနည်းသလို တခြားကိုးရီးယားကားတွေလို ရိုလွန်း အီလွန်းနေတာမျိုးမရှိဘူး... မှုခင်းနဲ့ ရှေ့နေတွေ လောဘရမ္မက်ကြီးတဲ့သူတွေ ကိုယ့်ကျိုးကြည့်တဲ့သူတွေ.. ကိုယ့်ဆန္ဒပြည့်ဖို့ဘာမဆိုလုပ်တဲ့သူတွေ... အချစ်ကိုကိုးကွယ်တဲ့သူတွေ...အချစ်ကို ခုတုံးလုပ်တဲ့သူတွေ များစွာတွေ့မြင်ရလိမ့်မယ်... ပြီးတော့ ဇာတ်လမ်းကလည်းအတော်ဆန်းတယ်ပြောရမယ်... သာမန်ထက်ထူးတဲ့ဖြစ်ရပ်မျိုးတွေ ဆက်ဖြစ်ကြသလို သူတို့ကိုယ်စီရင်ဆိုင်နေရတာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရတာလည်း တကယ့်ကိုစိတ်ဝင်စားစရာပါပဲ... အပိုင်း ၁၆ ပိုင်းထွက်ရှိထားပြီး စဆုံးတင်ဆက်ပေးထားပါတယ်....  Quality – 720p  HDTVDuration – 60min (@Episode)Subtitle – Myanmar ...
7
TMDb: 7/10 3 votes
tv

Room No. 9(2018)[စ/ဆုံး]

2018