Channel Myanmar

Kim Sung-su

Full House (2004)[Complete] 7.2
Full House (2004)[Complete] Full House (2004)****************** အပိုင်း ( ၁ မှ ၁၆ ) စ/ဆုံးတစ်ခေတ်တစ်ခါတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ ချစ်စံအိမ်ကားလေးကို ပြန်လည်ကြည့်ရှုခံစားကြရအောင်။ချစ်စံအိမ်ဆိုရင် လူတိုင်းသိပြီးသားဇာတ်ကားဖြစ်မှာပါ။Jung Ji Hoon (Rain) နဲ့ Song Hye Kyo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ဟန်ဂျီအွန်းဟာ စာရေးဆရာမဖြစ်ဖို့ကြိုးစားနေတဲ့သူဖြစ်ပြီးသူ့မိဘတွေအမွေချန်ထားပေးခဲ့တဲ့အိမ်ကြီးမှာနေထိုင်ပါတယ်။ဖြစ်ချင်တော့ သူခရီးသွားနေတဲ့အချိန်မှာ သူ့သူငယ်ချင်းနှစ်ယောက်က သူ့အိမ်ကိုအီယောင်ဂျယ်ဆိုတဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်ယောက်ကိုရောင်းပစ်လိုက်ပါတယ်။ခရီးကပြန်ရောက်ပြီး ဂျီအွန်းအိမ်ကိုပြန်ရောက်လာတဲ့အခါမှာ ယောင်ဂျယ်နဲ့ထိပ်တိုက်တွေ့ကြပါတော့တယ်။နှစ်ယောက်သားက တစ်စက်မှမတည့်ပေမဲ့ အဲဒီအိမ်မှာပဲ အတူတူနေဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဟန်ဂျီအွန်းက အိမ်မှုကိစ္စတွေအားလုံးလုပ်ပေးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပါ။အတူတူနေရင်းနဲ့ အကြောင်းတစ်ခုကြောင့် နှစ်ယောက်သားဟန်ဆောင်လက်ထပ်ဖို့ဖြစ်လာကြတဲ့အခါမတည့်အတူနေနှစ်ယောက်ရဲ့ တကျက်ကျက်ရန်ဖြစ်ရင်းနဲ့ သံယောဇဥ်တွယ်လာကြတာကို ကြည့်ရှုရမှာပါ။အညွှန်းကိုတော့ Yee Waiက ရေးသားပေးထားပါတယ်။ Genres : Comedy, Romance, Drama Duration : 1hr 10m Episodes : 16 Original Network: KBS2 File Size: 720p(~ 820MB) , 1080p(~2.13GB) Translated by Hay ...
7.2
TMDb: 7.2/10 42 votes
tv

Full House (2004)[Complete]

2004
The Road: The Tragedy of One(2021)
The Road: The Tragedy of One(2021) The Road: The Tragedy of One(2021)ဇာတ်လမ်းတွဲအညွှန်း**************************************************အပိုင်းသစ်(၁ မှ ၁၂)ထိ စ/ဆုံးအချစ်ဇာတ်လမ်းတွေဆက်တိုက်ထွက်လာတဲ့အချိန်မှာ တစ်ချို့ငြီးငွေ့နေတဲ့သူတွေအတွက်ဒီဇာတ်လမ်းတွဲဟာရွှေလို့ပြောလို့ရပါတယ်.. အဓိက သရုပ်ဆောင်တွေရော  ဗီလိန်တွေကိုရော တကယ့်အထင်ကရတွေချည်းသုံးထားတဲ့ဒီစီးရီး အပိုင်း(၁)မှာတင်တော်တော် ကြမ်းတယ်ပြောရမှာပဲ..." Royal Hill '' ဆိုတာကတော့ ကိုရီးယားရဲ့ထိပ်တန်းအကျဆုံးလူကုံထံ ၁ ရာခိုင်နှုန်းမျှသာနေထိုင်နိုင်တဲ့အဆင့်အတန်းမြင့်အိမ်ရာတစ်ခုပေါ့.....စီးပွားရေးဘက်ပိုင်းမှာလည်း အရေးပါကြသလို အစိုးရပိုင်းနဲ့ ဉပဒေဘက်ပိုင်းမှာပါလွှမ်းမိုးရှိလေတော့ ဒီအိမ်ရာကလူတွေကို တော်ရုံမထိရဲကြဘူးပေါ့...အိမ်ပိုင်ရှင်တွေကလည်း  လိုချင်တာဘာမဆိုရအောင်ဖန်တီးနိုင်ကြပြီးပြဿနာအားလုံးကို လက်ဖျောက်တစ်ချက်အတွင်းဖြေရှင်းနိုင်တဲ့ ထက်မြက်ပါးနပ်တဲ့ မြေခွေးလိုလူတွေပါပဲ...အားလုံးလက်ရှောင်နေကြတဲ့ ဒီအိမ်ရာကလူတွေကို တစ်နေ့တော့ နာမည်ကြီးသတင်းဌါနလူတစ်ယောက်ကသူတို့နောက်ကွယ်ကလုပ်ရပ်အချို့က ဖော်ထုတ်ပြီးတစ်နိုင်ငံလုံးသိအောင် စကြေငြာလိုက်တယ်...ပြောရရင် တစ်ယောက်ထဲနဲ့ အကောင်ကြီးကြီးတွေကိုစိန်ခေါ်လိုက်တာပါပဲ....ရိုက်ချက်တွေလည်းအတော်လန်းပါတယ်...တမူထူးတဲ့မှုခင်းဇာတ်လမ်းတွဲဖြစ်လို့ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့အတော်စိတ်ဝင်စားစရာပါပဲ...စောင့်မျှော်ကြည့်ရှုကြရအောင်ဗျို့... Episodes-12Air Date-Aug 4, 2021 - Sep 9, 2021Aired On: Wednesday, ThursdayGenres: Thriller, Mystery, Crime, DramaTranslated by lwin Lwin Aung, Ichika Satoru,Hnin Wut Yi& Shoon Thu ...

The Road: The Tragedy of One(2021)

2021