Full House (2004)
******************
အပိုင်း ( ၁ မှ ၁၆ ) စ/ဆုံး
တစ်ခေတ်တစ်ခါတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ ချစ်စံအိမ်ကားလေးကို ပြန်လည်ကြည့်ရှုခံစားကြရအောင်။
ချစ်စံအိမ်ဆိုရင် လူတိုင်းသိပြီးသားဇာတ်ကားဖြစ်မှာပါ။
Jung Ji Hoon (Rain) နဲ့ Song Hye Kyo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအညွှန်းကတော့ ဟန်ဂျီအွန်းဟာ စာရေးဆရာမဖြစ်ဖို့ကြိုးစားနေတဲ့သူဖြစ်ပြီး
သူ့မိဘတွေအမွေချန်ထားပေးခဲ့တဲ့အိမ်ကြီးမှာနေထိုင်ပါတယ်။
ဖြစ်ချင်တော့ သူခရီးသွားနေတဲ့အချိန်မှာ သူ့သူငယ်ချင်းနှစ်ယောက်က သူ့အိမ်ကို
အီယောင်ဂျယ်ဆိုတဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်ယောက်ကိုရောင်းပစ်လိုက်ပါတယ်။
ခရီးကပြန်ရောက်ပြီး ဂျီအွန်းအိမ်ကိုပြန်ရောက်လာတဲ့အခါမှာ ယောင်ဂျယ်နဲ့ထိပ်တိုက်တွေ့ကြပါတော့တယ်။
နှစ်ယောက်သားက တစ်စက်မှမတည့်ပေမဲ့ အဲဒီအိမ်မှာပဲ အတူတူနေဖို့ဆုံးဖြတ်လိုက်ကြပါတယ်။
ဟန်ဂျီအွန်းက အိမ်မှုကိစ္စတွေအားလုံးလုပ်ပေးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပါ။
အတူတူနေရင်းနဲ့ အကြောင်းတစ်ခုကြောင့် နှစ်ယောက်သားဟန်ဆောင်လက်ထပ်ဖို့ဖြစ်လာကြတဲ့အခါ
မတည့်အတူနေနှစ်ယောက်ရဲ့ တကျက်ကျက်ရန်ဖြစ်ရင်းနဲ့ သံယောဇဥ်တွယ်လာကြတာကို ကြည့်ရှုရမှာပါ။
အညွှန်းကိုတော့ Yee Waiက ရေးသားပေးထားပါတယ်။
Genres : Comedy, Romance, Drama
Duration : 1hr 10m
Episodes : 16
Original Network: KBS2
File Size: 720p(~ 820MB) , 1080p(~2.13GB)
Translated by Hay Thar Oo, Khine Khine Wai, Yee Wai, Windi & Win
Encoded by Tiff
««« Telegram Channel »»»
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။