Channel Myanmar

Louis Hofmann

All the Light We Cannot See (2023) 7.516
All the Light We Cannot See (2023)  ကမ္ဘာပေါ်မှာ ကမ္ဘာစစ်ကြီး နှစ်ခါဖြစ်ခဲ့တယ်။ လူငယ်အရွယ်ကောင်းလေးတွေ အမျိုးသမီးတွေ ကလေးငယ်တွေ သန်းပေါင်း ၈၀ နီးပါး သေကြေပျက်ဆီးခဲ့ရတယ်။ ဒီလို လူအသေအပျောက်များလှတဲ့ စစ်ပွဲကြီးတွေကို လူတွေကပဲ ဖန်တီးတာ‌ပေါ့လေ။ဒီလိုမျိုး လူတွေထဲက လူတွေထဲမှာ ငြိမ်းချမ်းရေးကိုပဲ တစိုက်မက်မက် ချစ်မြတ်နိုးသူရယ်၊ သွေးဆာကြမ်းတမ်းပြီး သေနတ်တစ်ကမ်းအာဏာကို ရူးသွပ်ကြသူတွေရယ်၊ ဘာကိုမှနားမလည်ပဲ တစ်သွေးတစ်သံအမိန့်အောက်မှာ သေနတ်မောင်းကို အရာရှိလက်ညှိုးညွှန်ရာ မျက်စိစုံမှိတ် ဆွဲကြသူတွေ။ဒီတော့ စာရေးဆရာက သိပ်ကိုလှပပြီး စိတ်ဝင်စားစရာ သီအိုရီတစ်ခု ချပြခဲ့တယ်။ အလင်းရောင်နဲ့ အမှောင်အကြောင်းပါပဲ။ ဘဝမှာ အရေးအကြီးဆုံးအလင်းရောင်က ကိုယ့်မျက်လုံးနဲ့ မမြင်ရတဲ့ အလင်းရောင်ပါတဲ့။ ဒီတော့ အလင်းရောင်ကို မြင်ရသူနဲ့ မမြင်ရသူ ကွာသွားလို့ လူတွေ ကွာခြားသွားတာပေါ့။အနီးစပ်ဆုံး ဥပမာကိုပြောရရင် ကျွန်တော်တို့ရဲ့ ဦးနှောက်ပါပဲ။ သူက ကျွန်တော်တို့ခေါင်းခွံထဲမှာ ကြည်လင်တဲ့အရည်ကြည်တစ်ခုထဲ ပေါလောပေါ်နေတာပါ။ ဦးနှောက်ဆိုတဲ့အရာက သူအလုပ်စလုပ်ချိန်ကနေပြီး လုပ်ငန်းတွေ ရပ်သွားတဲ့အချိန်အထိ အလင်းရောင်နဲ့ ...
7.516
TMDb: 7.516/10 64 votes
tv

All the Light We Cannot See (2023)

2023
Dark Season 2 [COMPLETE] And Season 3 8
Dark Season 2 [COMPLETE] And Season 3 Dark စီးရီးဟာ ဂျာမန်စီးရီးပါ။အချိန်ခရီးသွား သိပ္ပံစိတ်ကူးယဉ်ဖြစ်ပြီး တကယ်ကို ကမ္ဘာကျော်ပါပဲ။နားလည်လွယ်မှာတော့ မဟုတ်ပါဘူး။အကျဉ်းပြောရရင် အချိန်ခရီးသွားနိုင်စေတဲ့ နေရာတစ်ခုရှိတယ်ပေါ့။ဒါပေမယ့် အချိန်တိုင်းကို မဟုတ်ပါဘူး။အတိတ်ကို ၃၃ နှစ် အနာဂတ်ကို ၃၃ နှစ် သွားနိုင်ပါတယ်။အဲဒီ ကာလတွေမှာ ရှိတဲ့ မိသားစုတွေ အဖေက သားဖြစ် မြေးက အဘိုးဖြစ် ဒီလိုတွေ ရှုပ်ကုန်တာပါ။အစအဆုံး အံ့သြစရာတွေချည်း ကြည့်ရမှာပါ။ဦးဏှောက်ကိုအလုပ်ပေးချင် လိုက်တွေးချင်တဲ့သူတွေ အကြိုက်ပါပဲ.... (ဘာသာျပန္ေပးထားသူကေတာ့ Nyan Lin Oo ပါ) Quality – 720p NF WEB-DLDuration – 1hr 00min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Crime, Drama, MysterySource : 720p.NF.WEBRip.DDP5.1.x264-NTGTranslator – Nyan Lin OoEncoder – THZ ============================================================================== Complete Zip ...
8
TMDb: 8/10 411 votes
tv

Dark Season 2 [COMPLETE] And Season 3

2017
Dark (2017) Season 1 [COMPLETE] 8
Dark (2017) Season 1 [COMPLETE] Deep ပြီး Dark တဲ့ စီးရီးလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။စီးရီးနာမည်ကတော့ Dark (2017)ပါ။ဒီကားလေးက လျှို ့ဝှက်ဆန်းကျယ် တွေးတောပြီး မျောပါသွားရတဲ့ feelingကိုကြိုက်တဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝအကြိုက်တွေ့သွားစေရမှာပါ။အပိုင်း၁ဝပိုင်းပါရှိပါတယ်။လူသားတွေ နားလည်လက်ခံထားတာက မနေ့ကပြီးရင် ဒီနေ့လာမယ်။ဒီနေ့ပြီးရင် မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ အစီအစဉ်အတိုင်းသွားနေကြတယ်လို့ပါပဲ။တကယ်လို့ အဲ့လိုအချိန်ကာလတွေဟာအစီအစဉ်အတိုင်းရှိနေတာမျိုးမဟုတ်ပဲ စက်ဝိုင်းကြီးတစ်ခုလိုမျိုး အဆုံးအစမရှိစွာ လည်ပတ်နေတာမျိုးဆိုရင်ရော?ဒီလိုအတွေးမျိုးတွေပေါ်မှာ အခြေခံကာဇာတ်အိမ်တည်ထားတဲ့ စီးရီးကောင်းလေးကတော့ Dark (2017)ပါ။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြချင်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...ဝစ်ဒန်ဆိုတဲ့ မြို့လေးမှာ အီရစ်ခ်ဆိုတဲ့ ကလေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာကနေ ဇာတ်လမ်းကစပါတယ်။ရာဇဝတ်မှုနည်းပါးပြီးအေးချမ်းလှတဲ့ ဒီမြို့လေးမှာ ကလေးတစ်ယောက်ပျောက်ချင်းမလှ ခြေရာလက်ရာ သဲလွန်စတစ်ခုမကျန်ပဲပျောက်ဆုံးသွားတာကတော့ ရဲမှုး အောလ်ရစ်ချ်အတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကလဲ မက်စ်ဆိုတဲ့ကလေးတစ်ဦးအခုလိုပဲပျောက်ဆုံးသွားခဲ့ဖူးပါတယ်။ကံကြမ္မာစက်ဝန်းတစ်ပါတ်ပြန်လည်တာများလားဆိုတဲ့ အတွေးနဲ့ အားလုံးထိတ်လန့်နေချိန်မှာ ရဲမှုးအောလ်ရစ်ချ်ရဲ ့သားငယ်လေး မစ်ကယ်လ်ပါ ပျောက်ဆုံးသွားပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကပျောက်ဆုံးသွားတဲ့ မက်စ်ကို ပျောက်သွားချိန်ကအသက်အရွယ်အတိုင်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်ရဲ ့အလောင်းအနေနဲ ့ ပြန်တွေ့ရတဲ့အချိန်မှာ သူတို့ဘာဆက်လုပ်ကြမလဲ?မက်စ်ရဲ ့အလောင်းကလဲလတ်လတ်ဆတ်ဆတ် တစ်နေ့ကမှသေထားတဲ့အလောင်းဖြစ်နေတဲ့အခါ...Imdb Rating 8.6/10 ရရှိထားတဲ့ စီးရီးလေးမို့ ...
8
TMDb: 8/10 228 votes
tv

Dark (2017) Season 1 [COMPLETE]

2017