Channel Myanmar

All the Light We Cannot See (2023)

All the Light We Cannot See

1 Seasons 4 Episodes
Ended

All the Light We Cannot See (2023)

7.516
TMDb: 7.516/10 64 votes

General information

Original nameAll the Light We Cannot See
Created by

Backdrops

All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)
All the Light We Cannot See (2023)

Synopsis of All the Light We Cannot See (2023)

 

ကမ္ဘာပေါ်မှာ ကမ္ဘာစစ်ကြီး နှစ်ခါဖြစ်ခဲ့တယ်။ လူငယ်အရွယ်ကောင်းလေးတွေ အမျိုးသမီးတွေ ကလေးငယ်တွေ သန်းပေါင်း ၈၀ နီးပါး သေကြေပျက်ဆီးခဲ့ရတယ်။ ဒီလို လူအသေအပျောက်များလှတဲ့ စစ်ပွဲကြီးတွေကို လူတွေကပဲ ဖန်တီးတာ‌ပေါ့လေ။

ဒီလိုမျိုး လူတွေထဲက လူတွေထဲမှာ ငြိမ်းချမ်းရေးကိုပဲ တစိုက်မက်မက် ချစ်မြတ်နိုးသူရယ်၊ သွေးဆာကြမ်းတမ်းပြီး သေနတ်တစ်ကမ်းအာဏာကို ရူးသွပ်ကြသူတွေရယ်၊ ဘာကိုမှနားမလည်ပဲ တစ်သွေးတစ်သံအမိန့်အောက်မှာ သေနတ်မောင်းကို အရာရှိလက်ညှိုးညွှန်ရာ မျက်စိစုံမှိတ် ဆွဲကြသူတွေ။

ဒီတော့ စာရေးဆရာက သိပ်ကိုလှပပြီး စိတ်ဝင်စားစရာ သီအိုရီတစ်ခု ချပြခဲ့တယ်။ အလင်းရောင်နဲ့ အမှောင်အကြောင်းပါပဲ။ ဘဝမှာ အရေးအကြီးဆုံးအလင်းရောင်က ကိုယ့်မျက်လုံးနဲ့ မမြင်ရတဲ့ အလင်းရောင်ပါတဲ့။ ဒီတော့ အလင်းရောင်ကို မြင်ရသူနဲ့ မမြင်ရသူ ကွာသွားလို့ လူတွေ ကွာခြားသွားတာပေါ့။

အနီးစပ်ဆုံး ဥပမာကိုပြောရရင် ကျွန်တော်တို့ရဲ့ ဦးနှောက်ပါပဲ။ သူက ကျွန်တော်တို့ခေါင်းခွံထဲမှာ ကြည်လင်တဲ့အရည်ကြည်တစ်ခုထဲ ပေါလောပေါ်နေတာပါ။ ဦးနှောက်ဆိုတဲ့အရာက သူအလုပ်စလုပ်ချိန်ကနေပြီး လုပ်ငန်းတွေ ရပ်သွားတဲ့အချိန်အထိ အလင်းရောင်နဲ့ ထိတွေ့ရရှာတဲ့ အင်္ဂါတစ်ခု မဟုတ်ပါဘူး။

ဒါပေမဲ့ သူက ကျွန်တော်တို့မြင်ရတဲ့ အလင်းရောင်တွေ အရောင်တွေကို ဖန်တီးပေးသူပါ။ အမှောင်ထဲက အရာတစ်ခုက ဘာလို့များ ဒီလောက်တောင် အလင်းတွေပြည့်ဝနေပြီး အရောင်စုံနေရတာလဲ။

ကျောက်မီးသွေးလေးတစ်တုံးလိုပေါ့။ သူက အလင်းရောင်ကို သူ့ကိုယ်ထဲမှာ နှစ်သန်းပေါင်းများစွာ သိုလှောင်ထိန်းသိမ်းထားတဲ့သူ။ သူ့ကို ခင်ဗျား မီးရှို့လိုက်ရင် သူသိမ်းထားတဲ့အလင်းရောင်တွေ ခင်ဗျားအတွက် ထုတ်ပေးသွားမှာပဲ။

ဒီတော့ အလင်းရောင်ကို မြင်သူတွေနဲ့ မမြင်သူတွေကြားက စစ်ပွဲကြီးတွေ ကမ္ဘာမှာ အရုပ်ဆိုးအကျီးတန်စွာ ရှိခဲ့ဖူးတယ်။ အဲဒီထဲကမှ ကမ္ဘာနဲ့ချီပြီး ဖြစ်ခဲ့တဲ့ ကမ္ဘာစစ်ကြီးနှစ်ခု။ ကဲ ဒီနေ့မှာတော့ ဒုတိယကမ္ဘာစစ်ရဲ့ စာမျက်နှာတစ်ခုကို အပိုင်းလေးပိုင်းရှိတဲ့ မီနီစီးရီးလေးနဲ့ ဖွင့်ဖတ်ကြည့်လိုက်ရအောင်လားဗျာ။

ဖက်ဆစ်ဝါဒနဲ့ စစ်ဦးဘီလူး ဂျာမဏီ နာဇီပါတီကြီးက ဟစ်တလာ (ဖခင်ကြီး) ရဲ့ဦးဆောင်မှုနဲ့အတူ ကမ္ဘာတစ်ခြမ်းကို သွေးနဲ့ စည်းသားခဲ့ဖူးတယ်။ V2 ဒုံးကျည်တွေနဲ့ မယ်ဂါတင့်ကားကြီးတွေနဲ့ နာဇီကောင်တွေက ရှင်သန်ခြင်းကိုစိန်ခေါ်ပြီး သေမင်းနဲ့ လည်ပင်းဖက်ပေါင်းလို့ ပျော်ပျော်ကြီး သတ်ဖြတ်နေကြတဲ့အချိန်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို သေနတ်တစ်ချက်မဖောက်ရဘဲ နာဇီတွေ သိမ်းသွားတယ်။ အဖိုးတန်ပစ္စည်းတွေ အကုန်ယူ၊ ညမထွက်ရအမိန့်တွေထုတ်၊ မြို့တံခါးတွေပိတ်၊ ခြေကုပ်ယူ ခံစစ်ပြင်ကြတာပေါ့လေ။ ရေဒီယိုကို နိုင်ငံခြားထုတ်လွှင့်မှုတွေနားထောင်ရင် သေဒဏ်၊ ရေဒီယိုကနေ အသံလွှင့်ခဲ့ရင် သေဒဏ်၊ အယုတ်ဆဆုံး ရေဒီယိုလက်ဝယ်တွေ့ရင် သေဒဏ်။ သေဒဏ်ဆိုတာ တစ်ယောက်တည်းမပြီးပါဘူး။ တွေ့တဲ့အိမ်က လူတွေအားလုံးကို ကလေးရော ခွေးပါမကျန် သတ်ပါတယ်။ ပြီးရင် အိမ်နီးချင်းတွေကို ခွေးတစ်ကောင် ကြောင်တမြီးမကျန်အောင် သတ်ပါတယ်။

ပဲရစ်မြို့ အမျိုးသားသမိုင်းပြတိုက်က တန်ဖိုးကြီးလှတဲ့ ကျောက်မျက်ရတနာတွေကို မော်ကွန်းထိန်းလေးတစ်ယောက်က သူ့သမီး မျက်မမြင်မလေးနဲ့အတူ သယ်ယူထွက်ပြေးရတော့တာပဲ။ သူတို့ပြေးတဲ့မြို့လေးက သမုဒ္ဒရာနားက စိန့်မလို တဲ့။ သူတို့သယ်ပြေးတဲ့ ကျောက်မျက်တွေနောက်ကို လိုက်နေတဲ့ နာဇီအဆင့်မြင့်အရာရှိကြီးတစ်ယောက်။ ကျောက်မျက်တွေအားလုံးထဲကမှ သူ့ကို ထိတွေ့ကိုင်တွယ်မိတဲ့သူရဲ့ အချစ်ဆုံးသူတွေ ကံဆိုးမိုးမှောင်ကျတတ်တဲ့၊ ပိုင်ဆိုင်သူကို ထာဝရအသက်ရှင်ခြင်းပေးမဲ့ ကျိန်စာသင့်စိန်တစ်လုံး။ နာမည်က ပင်လယ်ရဲ့ မီးတောက်များတဲ့။

ဒီတော့ စိန်ကိုယူပြေးတဲ့ ပြတိုက်မှူးရယ်၊ သူ့သမီးမျက်မမြင်လေးရယ်၊ ကျိန်စာသင့်စိန်တုံးနောက်ကို သဲသဲမဲမဲလိုက်နေတဲ့ နာဇီအရာရှိရယ်၊ ကလေးဘဝကတည်းက ရေဒီယိုအသံလွှင့်ကြိမ်နှုန်းတစ်ခုကြောင့် အလင်းရောင်ကို မြင်တတ်လာတဲ့ နာဇီ ရေဒီယိုတပ်သားလေးရယ်တို့ဟာ စိန့်မလိုမြို့တံတိုင်းအတွင်းက ထုတ်လွှင့်နေတဲ့ ကြိမ်နှုန်း လှိုင်းတိုမီတာ ၁၃.၁၀ ကြောင့် ဆုံစည်းကြတဲ့အခါ …

 

File size…(792 MB)/(423 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:03:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Arr Khun Winchester

 

Season 1

Episode 1 720p  –  Yoteshin / Megaup / Meganz / Usersdrive / Streamwish

Episode 1 1080p  –  Yoteshin / Megaup / Meganz / Usersdrive 

 

Episode 2 720p  –  Yoteshin / Megaup / Meganz / Usersdrive / Streamwish

Episode 2 1080p  –  Yoteshin / Megaup / Meganz / Usersdrive 

 

Episode 3 720p  –  Yoteshin / Megaup / Meganz / Usersdrive / Streamwish

Episode 3 1080p  –  Yoteshin / Megaup / Meganz / Usersdrive 

 

Episode 4 720p  –  Yoteshin / Megaup / Meganz / Usersdrive / Streamwish

Episode 4 1080p  –  Yoteshin / Megaup / Meganz / Usersdrive 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-11-02
TypeMiniseries
Popularity184.72
TV StatusEnded

Seasons and episodes

No data available


Videos

Comments