Channel Myanmar

March Chutavuth Pattarakhumphol

ThirtTEEN Terrors (2014) 7.3
ThirtTEEN Terrors (2014) ပိတ်ရက်တွေကို အိမ်မှာနေရင်း ဇာတ်လမ်းတွေကြည့်ရင်း ကုန်လွန်ကြမယ့် Channel Myanmar ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ထိုင်း Horror စီးရီးလေး တစ်ခု တင်ဆက်ပေးချင်ပါတယ်။ ငယ်ငယ်တုန်းက ကျောင်းတက်တဲ့အခါ ကျောင်းတစ်ခုစီမှာ ကြောက်စရာကောင်းတဲ့ ပါးစပ်ပြောရာဇဝင် တစ်ခု စီ ရှိကြတာ မှတ်မိကြမယ်ထင်ပါတယ်။ ခြေကလိန်မ၊ ကျောင်းစောင့်ကြီး၊ ကျောင်းကို စိတ်စွဲနေနဲ့ ဆရာ၊ စာမေးပွဲဖြေရင်း သေဆုံးသွားတဲ့ ကျောင်းသူလေး စသဖြင့် ကြောက်စရာဇာတ်လမ်း အမျိုးမျိုး ကြားဖူးခဲ့ကြမှာပေါ့နော်။ ကျွန်မကတော့ ကျောင်းမှာ ပွဲတစ်ခုခု ရှိလို့ အလှူရှိလို့ ညဘက် ကျောင်းမှာ စုအိပ်ကြတဲ့အခါ တစ်နေရာရာသွားရင်ပဲဖြစ်ဖြစ် အိမ်သာသွားရင်ပဲဖြစ်ဖြစ် ဓါတ်မီးတဝင်းဝင်း ဒူးတုန်တုန်နဲ့ အုပ်စုလိုက် သွားခဲ့ရတာတွေ ၊ အတန်းကြီး အစ်ကို အစ်မတွေပြောပြတဲ့ သရဲအကြောင်းတွေကို တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်ပြီးတိုးခွေ့ နားထောင်နေခဲ့ရတာတွေကို မှတ်မိနေဆဲပါပဲ။ ဒီအကြောင်းတွေ ပြန်ပြောနေရတာကတော့ ခု တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးနဲ့ ဆက်စပ်မှုရှိနေလို့ပါ။ ထိုင်းအထက်တန်းကျောင်းတစ်ခုမှာ လူတိုင်း ပြန်ပြောဖို့ ကြောက်ရွံ့ကြတဲ့ လူတွေ မေ့ပစ်လိုက်ချင်ကြတဲ့ တိမ်မြုပ်နေတဲ့ ကြောက်စရာ ဇာတ်လမ်းတွေ ရှိနေခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွေ ဖြစ်ပေါ်လာပုံကလည်း တစ်ခုနဲ့ တစ်ခု မတူညီပဲ ထူးဆန်းအံ့ဩစရာ ကြောက်စရာ ထိတ်လန့်စရာကောင်းလှပါတယ်။ ဘယ်လိုတွေကြောင့် ...
7.3
TMDb: 7.3/10 3 votes
tv

ThirtTEEN Terrors (2014)

2014
The Sand Princess (2019) 8.3
The Sand Princess (2019) The Sand Princess (2019) ================” သဲမင်းသမီးလေး “သူမနာမည်က ဂုတ် ( ဂုတ်ချနီဖာ ) ဂုတ်ဆိုတဲ့အဓိပ္ပါယ်က ကြာပန်းလေးပေါ့…ဒါပေမယ့် သူမဘဝက နေကိုမမြင်ရတဲ့ရွှံ့နွံတွေဖုံးနေတဲ့ ကြာပန်းလေးလိုပါပဲမိဘအရင်းတွေဘယ်သူမှန်းမသိတဲ့ မိဘမဲ့အဖြစ် မွေးဖွားခဲ့ပြီး ငယ်ငယ်တည်းက စာနဲ့အလုပ်တူတူတွဲလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်အားကိုးခဲ့ရတယ် ၊တစ်နေ့မှာတော့ ဂျီရာဖတ်ဆိုတဲ့သူဌေးသားလေးနဲ့တွေ့ခဲ့တယ်နေရောင်ကိုတွေ့လိုက်ရတဲ့သေခါနီးကြာပန်းလေးလို သူမပျော်ခဲ့တာပေါ့…ဒါပေမယ့် အမှားကြီးမှားခဲ့တာတယ် ဂျီရာဖတ်က ငပွေငရူပ် လူဘော်ကျော့ဖြစ်နေခဲ့ပြီး ဂုတ်က သူ့ပိုက်ဆံယူတဲ့ခိုင်းဖက်ဖြစ်ခဲ့ရတယ်…တစ်ရက်မှာ ဂုတ်က ဂျီ့မိန်းကလေးကိစ္စတခုမှာ မမျှော်လင့်ပဲ ဝင်ပါခဲ့မိတယ်အဲ့ဒီအရာကပဲ သူမဘဝကိုအပြောင်းလဲကြီးပြောင်းလဲသွားစေခဲ့တယ်ဂျီ့က သူ့ရည်းစားကမွေးတဲ့ သူ့သမီးကို ဂုတ်သမီးအဖြစ်မွေးပေးဖို့ ပိုက်ဆံပေးငှါးခဲ့တယ် သူကကျ မော်ဒယ်ချောလေးအက်ဖ်နဲ့ယူတော့မှာပေါ့ ၊ဒီလိုနဲ့ ဂုတ်က ဂျီ့ကလေးလေးကို ထိန်းခဲ့ရင်း ခီရာကွမ်လို့ခေါ်တဲ့လူချောလေးနဲ့ တွေ့ဆုံခဲ့တယ် ၊မထင်မှတ်ထားပဲ ခီရာကွမ်က ဂျီရာဖတ် အကိုဖြစ်နေတဲ့အပြင် အက်ဖ်ရည်းစားဟောင်းပါဖြစ်နေတဲ့အခါမှာတော့...သူ့ညီ ရှေ့ရေးမပျက်စီးဖို့ ဂုတ်ကို သူနဲ့လက်ထပ်ဖို့ကမ်းလှမ်းခဲ့ရာက ဂျီ ဂုတ် ခီ သူတို့တွေရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးစတင်ခဲ့တော့တယ်…။( အညွှန်းရေးသားပြီး ဘာသာပြန်ပေးထားကြတာကတော့ Kyi Nue Zin ...
8.3
TMDb: 8.3/10 999 votes
tv

The Sand Princess (2019)

2019