Channel Myanmar

Naseeruddin Shah

Showtime (2024) Complete
Showtime (2024) Complete Showtime (TV Series - 2024) IMDb - 6.1/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်းလေးပိုင်းပါဝင်ပါတယ်။သုံးကားမြောက်တိုက်ဂါးရုပ်ရှင်မှာ ဗီလိန်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသား အင်မရန်းနဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချော မဟီမာတို့ပါဝင်ထားတဲ့ ဘောလိ၀ုဒ်အရှုပ်တော်ပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။လောကဇာတ်ခုံလို့ ဆိုကြသလိုပဲ ပညာရပ်နယ်ပယ်အသီးအသီးမှာ အရှုပ်တွေ အပြိုင်အဆိုင်တွေ နားမလည်နိုင်စရာတွေ ပွစာတက်နေတာက ဓမ္မတာပဲဆိုပေမဲ့ အနုပညာလောကကတော့ ပိုမိုရှုပ်ထွေးနက်နဲတယ်လို့ ဆိုကြတယ်။အောင်မြင်တဲ့ အသီးအပွင့်ဆိုတာကလည်း မူးယစ်စွဲမက်စေတတ်တဲ့အရာတစ်ခုမို့ အောင်မြင်မှုအပေါ်မှာ ယစ်မူးရင်း နေရာဖယ်မပေးချင်မှုတွေ အဆင်းမှာ ဘီးအကြီးကြီးတပ်ပေးကြတဲ့ ဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားတယ်လို့ဆိုပါတယ်။ဒီမှာတော့ နှစ်ပေါင်းလေးဆယ်တိုင်တိုင်အောင်မြင်မှုရယူထားတဲ့ ရုပ်ရှင်စတူဒီယိုကြီးတစ်ခုကနေစတည်လိုက်တဲ့ဇာတ်လမ်းကနေ ဒါရိုက်တာ ပရိုဂျူဆာ မင်းသားမင်းသမီး အဆိုတော် စတဲ့ ရုပ်ရှင်အနုပညာလောကက နားမလည်နိုင်စရာတွေကို နားရည်လည်ဖို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ ToMo ~ Yunniတို့ဖြစ်ပါတယ်)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB DL Duration – 45minute (@Episode)Total ...

Showtime (2024) Complete

2024
Charlie Chopra And The Mystery Of Solang Valley (2023) 5
Charlie Chopra And The Mystery Of Solang Valley (2023) Charlie Chopra & The Mystery of Solang Valley (2023) "စုံထောက်မလေးချာလီချိုပရာနှင့် ဆန်းကြယ်ဆိုလန်းတောင်ကြား"IMDb-6.7/10Murder on the Orient Express (2017)လိုရုပ်ရှင်ရဲ့ စာရေးဆရာမကြီး Agatha Christie 1931ကရေးသားထုတ်ဝေထားတဲ့ Sir Arthur Conanရဲ့ The Hound of Baskerville ရဲ့ settingကို မှီငြမ်းထားတဲ့ The Sittaford Mysteryအမည်ရှိ စုံထောက်လျှို့ဝှက်ဆန်းကြယ်၀တ္ထုရှည်ကြီးကိုအခြေခံပြီး Haider(2014)နဲ့ Khufiya(2023)တို့လိုရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာကြီး Vishal Bhardwajကနေ ရိုက်ကူးပုံဖော်ထားတာပါ။စုံထောက်ဝတ္ထုမှာ သူမတူတဲ့ဆရာကြီးနှစ်‌ယောက်ရဲ့အငွေ့အသက်တွေနဲ့ နာမည်ကျော်ဒါရိုက်တာကြီးရဲ့လက်ရာကောင်းဆိုတော့ လက်မလွတ်တမ်းကြည့်ရှုဖို့ လက်တို့လိုက်ရပါတယ်။ နှင်းတွေဝေတဲ့ဆိုလန်းတောင်ကြားဟာ နှင်းလျှောစီးသူတွေအတွက်တော့ သုခဘုံပါပဲ။ ဆိုလန်းတောင်ကြားရဲ့ နှင်းလျှောစီးအပန်းဖြေစခန်းကိုပိုင်ဆိုင်သူကတော့ ချမ်းသာတဲ့ ဗိုလ်မှူးချုပ်ရာဝတ်ပါ။ တစ်နေ့မှာ လေဒီရို့စ်ဆိုတဲ့ဝိညာဉ်ကိုခေါ်ပြီး မေးမြန်းကြတဲ့အချိန်မှာ လေဒီရို့စ်က ဗိုလ်မှူးချူပ်ရာဝတ်သေပြီလို့ ရုတ်တရက်ပြောလိုက်ပါတော့တယ်။ဗိုလ်မှူးချုပ်ကိုစိုးရိမ်သွားတဲ့ ဗိုလ်မှူးဘာရူအာတစ်ယောက် နှင်းမုန်တိုင်းကြောင့် ကားမရှိလိုင်းမမိအခြေအနေကြားက ဗိုလ်မှူးချုပ်ကိုသွားကြည့်ဖို့ ...
5
TMDb: 5/10 2 votes
tv

Charlie Chopra And The Mystery Of Solang Valley (2023)

2023
Taj: Divided by Blood (2023) S2 Complete 7
Taj: Divided by Blood (2023) S2 Complete Taj: Divided By Blood Season (2) Ep 1 to 8 (Complete)ဒီတစ်ခေါက်မှာကတော့ S(1)တုန်းက ၁၆ရာစုအတွင်း အိန္ဒိယနိုင်ငံမှာ ဩဇာအရှိန်အဝါကြီးမားခဲ့တဲ့ မဂိုအင်ပါယာ ဧကရာဇ်မင်းကြီး အက်ကဘရ်နဲ့ သားတော်၃ပါးဖြစ်တဲ့ ဆလင်းမ် မူရားဒ်နဲ့ ဒါနီယားလ်တို့ရဲ့စီးခဲ့တဲ့ သွေးကြွေးကိုပြန်ဆပ်မယ့် မဂိုအင်ပါယာကြီးရဲ့အရှုပ်တော်ပုံ S(2)ကိုတင်ဆက်မှာဖြစ်ပါတယ် S (1)မှာတော့ မဂိုအင်ပါယာထဲက အလှတရားနဲ့ ရက်စက်ကြမ်းကြုတ်မှုအပါအဝင် နန်းတွင်းအရှုပ်တော်ပုံတွေကို ဦးစားပေးဖော်ပြခဲ့တာဖြစ်ပါတယ်ဒါ့အပြင်အန္တရာယ်များတဲ့နိုင်ငံရေးလောကအကြောင်း..ကဗျာဆန်တဲ့အလှတရားတွေ.. ရမ္မက်ပြင်းထန်တဲ့ချစ်ကြည်နူးမှုတွေ..သွေးအေးအေးနဲ့သစ္စာဖောက်မှုတွေကိုဖော်ပြထားပြီး မဂိုအင်ပါယာကြီးရဲ့ လူတစ်ယောက်ချင်းစီတိုင်းအရှုပ်တော်ပုံတွေကို ဖော်ပြထားတာဖြစ်ပါတယ်S(2)မှာတော့သေဆုံးသွားတဲ့ ချစ်ရသူအနာရ်ကာလီအတွက် လက်စားချေဖို့ဆာလောင်နေပြီး ပုန်ကန်နေတဲ့ဆလင်းမ်ကို မလွဲသာမရှောင်သာအခြေအနေကြောင့် နန်းတော်ကိုပြန်လာဖို့ခေါ်ရာမှ ထပ်မံပေါ်ပေါက်လာတဲ့ သွေးကြောင်းစီးအေးစက်မှုတွေ နန်းတွင်းထဲကလူယုံတော်တွေရဲ့ ပူးပေါင်းကြံစည်မှု နောက်ကျောဓါးနဲ့ထိုးတဲ့ အရှူပ်ထုတ်တွေနဲ့ ပြည်ပကဝင်လာတဲ့ရန်သူတွေရဲ့ တ်ုက်ပွဲကိုရင်ခုန်စွာကြည့်ရှူ့ရမှာဖြစ်ပါတယ်Quality : 1GB  / 500MBTotal Episodes : 8EpsFormat : mp4Genres : Drama , HistoryDuration : 45minsSubtitle : Myanmar Subtitle ( Hardsub ...
7
TMDb: 7/10 2 votes
tv

Taj: Divided by Blood (2023) S2 Complete

2023
Saas, Bahu Aur Flamingo (2023) 8
Saas, Bahu Aur Flamingo (2023) Saas, Bahu Aur Flamingo (2023) IMDb-8.1/10ပူပူနွေးနွေးထွက်ရှိထားပြီး မှတ်ချက်ကောင်း rating ကောင်းတွေ အများအပြားရရှိထားတဲ့ ဇာတ်လမ်းတွဲလေး တင်ဆက်ပေးလိုက်ပါတယ်။"ယောက္ခမ၊ ချွေးမများနှင့် ကြိုးကြာနီ" တဲ့။ ခပ်ကြမ်းကြမ်းမင်းသမီးကြီးနဲ့ ခပ်လန်းလန်းမင်းသမီးလေးတွေအများကြီး ပါဝင်ထားတဲ့ ခပ်မိုက်မိုက်ဇာတ်လမ်းတွဲတခုပါ။ဇာတ်လမ်းအကျဉ်း ရာနီဘာဆိုတဲ့ အမျိုးသမီးကြီးက အမျိုးသမီးတွေနဲ့ချည်း မူးယစ်ဆေးထုတ်လုပ်တဲ့ ဂိုဏ်းတခုဖွဲ့စည်းထားတယ်။ သားနှစ်ယောက်ရှိပေမဲ့ သားတွေကိုကျ အဝေးမှာပို့ထားပြီး ချွေးမတွေနဲ့သမီးကိုပဲ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာမှာ ခိုင်းစေခဲ့တယ်။သူတို့ဆီက ထုတ်တဲ့ မူးယစ်ဆေးကြောင့်ပဲ ဒုဝန်ကြီးရဲ့ သားဖြစ်သူအရေးပေါ်ရောက်သွားတဲ့နောက်မှာတော့ မူးယစ်နှိမ်နှင်းရေးကနေ မူးယစ်ဆေးထုတ်လုပ်နေတဲ့ ပင်မအရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ဖို့ ရဲတယောက်ကို အထူးစေလွှတ်လိုက်တယ်။အရှင်ခရစ်သျှဏ မွေးနေ့ပွဲမတိုင်ခင်မှာပဲ... စပိန်ဂိုဏ်းတခုဆီကို သတ်မှတ်ထားတဲ့ဆေးပမာဏပို့ပေးရမှာရယ်၊ နိုင်ငံခြားကနေ ပြန်လာမဲ့သားနှစ်ယောက်ရယ်၊ သူ့ရဲ့ အမွေခံတယောက် ရွေးချယ်ဖို့ကနေ မိသားစုသွေးကွဲကြတာတွေ၊ မူးယစ်နှိမ်နှင်းရေးက အရာရှိက စုံစမ်းစစ်ဆေးမှုလုပ်တာတွေ၊ အဲလိုအရာတွေကြားထဲမှာမှ ဘုရင်မလို့ ခေါ်ဝေါ်ကြတဲ့ ရာနီဘာတယောက် ဘယ်လိုတွေကုလားဖန်ထိုး ဉာဏ်ကစားပြီး ရင်ဆိုင်သွားမလဲဆိုတာ တပိုင်းပြီးတပိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ 18+ နှင့် ခုတ်ထစ်ဖြတ်အခန်းတချို့ပါဝင်တာကြောင့် ကလေးငယ်များနှင့်အသည်းငယ်တတ်သူများ မကြည့်ရှူသင့်ပါ။ (အညွှန်းရေးသားသူကတော့ chiclon3 ဖြစ်ပြီးဘာသာပြန်သူတွေကတော့ chiclon3~Zwe Yan Naing~Thaik San~BpL~Yunni~Aditi~Saii တို့ပဲဖြစ်ပါတယ်)Quality : 1080p  / 720pTotal Episodes :8EpsFormat : mp4Genres : Drama, Action ...
8
TMDb: 8/10 3 votes
tv

Saas, Bahu Aur Flamingo (2023)

2023
Taj: Divided by Blood (2023)
Taj: Divided by Blood (2023) Taj: Divided by Blood (2023) History IMDb 7.9/10 (2.6K)အခုတစ်ခါမှာတော့ အိန္ဒိယရာဇဝင်စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါတော့မယ်။ဒီစီးရီးလေးက ၁၆ရာစုအတွင်း အိန္ဒိယနိုင်ငံမှာ ဩဇာအရှိန်အဝါကြီးမားခဲ့တဲ့ မဂိုအင်ပါယာ ဧကရာဇ်မင်းကြီး အက်ကဘရ်နဲ့ သားတော်၃ပါးဖြစ်တဲ့ ဆလင်းမ် မူရားဒ်နဲ့ ဒါနီယားလ်တို့ရဲ့စစ်ပွဲအောင်နိုင်မှုတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးလေးတစ်ခုဖြစ်ပြီး မဂိုအင်ပါယာကြီးရဲ့အမှောင်ဘက်ခြမ်းကိုလည်း အကွက်ကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။ဒီဇာတ်လမ်းထဲမှာ အန္တရာယ်များတဲ့နိုင်ငံရေးလောကအကြောင်း..ကဗျာဆန်တဲ့အလှတရားတွေ..ရမ္မက်ပြင်းထန်တဲ့ ချစ်ကြည်နူးမှုတွေ..သွေးအေးအေးနဲ့သစ္စာဖောက်မှုတွေနဲ့ သွေးချောင်းစီးမှုတွေအကြောင်းကို ဖေါ်ပြထားပါတယ်။မဂိုအင်ပါယာကြီးအတွင်းရှိ ဇာတ်ကောင်တစ်ခုချင်းစီရဲ့အရှုပ်တော်ပုံတွေကိုပါ ဖြည်ပြထားတာမို့ ဗဟုသုတရမယ့်အပြင် မင်းဆက်ပေါင်းများစွာနဲ့အောင်မြင်ချိန် ကျရှုံးချိန်တွေကိုပါ ရိုက်ကူးတင်ဆက်ပြသထားပါတယ်။အလှတရားနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို သိမြင်ချင်ရင်တော့ ဒီဇာတ်လမ်းလေးကို ရှုစားတော်မူကြပါဦးနော်။Quality : 1080p / 720pTotal Episodes : 10EpsFormat : mp4Genres : HistoryDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )Translated by BpL~Taylor ~ Yunni~ThaikSan~Khin KhinEncoded by YK 720p Episode 1 - ...

Taj: Divided by Blood (2023)

2023