Channel Myanmar

Charlie Chopra And The Mystery Of Solang Valley (2023)

Charlie Chopra & The Mystery Of Solang Valley

1 Seasons 6 Episodes
Ended

Charlie Chopra And The Mystery Of Solang Valley (2023)

5
TMDb: 5/10 2 votes

General information

Original nameCharlie Chopra & The Mystery Of Solang Valley
Created by

Synopsis of Charlie Chopra And The Mystery Of Solang Valley (2023)

Charlie Chopra & The Mystery of Solang Valley (2023) “စုံထောက်မလေးချာလီချိုပရာနှင့် ဆန်းကြယ်ဆိုလန်းတောင်ကြား”

IMDb-6.7/10

Murder on the Orient Express (2017)လိုရုပ်ရှင်ရဲ့ စာရေးဆရာမကြီး Agatha Christie 1931ကရေးသားထုတ်ဝေထားတဲ့ Sir Arthur Conanရဲ့ The Hound of Baskerville ရဲ့ settingကို မှီငြမ်းထားတဲ့ The Sittaford Mysteryအမည်ရှိ စုံထောက်လျှို့ဝှက်ဆန်းကြယ်၀တ္ထုရှည်ကြီးကိုအခြေခံပြီး Haider(2014)နဲ့ Khufiya(2023)တို့လိုရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာကြီး Vishal Bhardwajကနေ ရိုက်ကူးပုံဖော်ထားတာပါ။

စုံထောက်ဝတ္ထုမှာ သူမတူတဲ့ဆရာကြီးနှစ်‌ယောက်ရဲ့အငွေ့အသက်တွေနဲ့ နာမည်ကျော်ဒါရိုက်တာကြီးရဲ့လက်ရာကောင်းဆိုတော့
လက်မလွတ်တမ်းကြည့်ရှုဖို့ လက်တို့လိုက်ရပါတယ်။ နှင်းတွေဝေတဲ့ဆိုလန်းတောင်ကြားဟာ နှင်းလျှောစီးသူတွေအတွက်တော့ သုခဘုံပါပဲ။ ဆိုလန်းတောင်ကြားရဲ့ နှင်းလျှောစီးအပန်းဖြေစခန်းကိုပိုင်ဆိုင်သူကတော့ ချမ်းသာတဲ့ ဗိုလ်မှူးချုပ်ရာဝတ်ပါ။ တစ်နေ့မှာ လေဒီရို့စ်ဆိုတဲ့ဝိညာဉ်ကိုခေါ်ပြီး မေးမြန်းကြတဲ့အချိန်မှာ လေဒီရို့စ်က ဗိုလ်မှူးချူပ်ရာဝတ်သေပြီလို့ ရုတ်တရက်ပြောလိုက်ပါတော့တယ်။

ဗိုလ်မှူးချုပ်ကိုစိုးရိမ်သွားတဲ့ ဗိုလ်မှူးဘာရူအာတစ်ယောက် နှင်းမုန်တိုင်းကြောင့် ကားမရှိလိုင်းမမိအခြေအနေကြားက ဗိုလ်မှူးချုပ်ကိုသွားကြည့်ဖို့ ခြေလျင်ပဲလျှောက်မယ်ဆိုပြီး ဇွတ်ထွက်လာပါတော့တယ်။ ဒီအချိန်မှာ ဗိုလ်မှူးချုပ်ကို စားသောက်ဖို့ပြင်ဆင်ပေးနေကြတပည့်လေးကလည်း ဗိုလ်မှူးချုပ်အိမ်ရှေ့မှာ ခေါ်မရလို့ ရဲကိုဖုန်းဆက်ပြီး တံခါးဖျက်အဝင်မှာတော့ ဗိုလ်မှူးချုပ်အလောင်းက ဆီးကြိုနေတဲ့အခါ… ဗိုလ်မှူးချုပ်အိမ်မှာ ဗိုလ်မှူးချုပ်ရဲ့တူဖြစ်သူဂျင်မီရဲ့ ဟိုတယ်သော့ကျန်နေခဲ့တာကိုတွေ့ပြီး လူသတ်တရားခံအနေနဲ့စွပ်စွဲခံထားရလေတော့ “အမှုခက်လေ အမှုလိုက်ခနည်းလေ”ဆိုတဲ့ဆောင်ပုဒ်ကို ကိုင်ဆောင်ထားတဲ့ ချာလီချိုပရာတစ်ယောက် ချစ်သူဂျင်မီကိုကယ်ဖို့ ဗိုလ်မှူးချုပ်ရာဝတ်နဲ့ အမွေအရှုပ်တော်ပုံထဲကို ဝင်ပါရဖို့ဖြစ်လာပါတော့တယ်။ လူသတ်တရားခံအစစ်က ဘယ်သူလဲ။ ဂျင်မီကရော လူမသိသူမသိ ဦးလေးအိမ်ကိုဘာသွားလုပ်တာလဲ။

ချမ်းသာတဲ့သူတစ်ယောက်ပီပီ အမွေအရှုပ်အရှင်းကိစ္စတွေမနည်းတာမလို့ လူတိုင်းတရားခံဖြစ်ဖို့အလားအလာရှိနေချိန်မှာ ချာလီတစ်ယောက် အမှုကိုဘယ်လိုစုံစမ်းသွားမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားရင်း ပဟေဠိအဖြေညှိလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Cherry ~ Yunni ~ V ~ Thaik Sanတို့ပဲဖြစ်ပါတယ်)

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

File Size – 700MB / 350MB

Quality – 1080p WEB DL / 720p

Duration – 45mins

Total Episodes: 6Eps

Subtitle – Myanmar Hardsub

Format – Mp4

Genre : Mystery

Translator –Alex ~ BpL ~ Cherry ~ Yunni ~ V ~ Thaik San

Encoder – YK

720p

Episode 1 – Yoteshin | Userdrive | Megaup | Streamvid

Episode 2 – Yoteshin | Userdrive | Megaup | Streamvid

Episode 3 – Yoteshin | Userdrive | Megaup | Streamvid

Episode 4 – Yoteshin | Userdrive | Megaup | Streamvid

Episode 5 – Yoteshin | Userdrive | Megaup | Streamvid

Episode 6 – Yoteshin | Userdrive | Megaup | Streamvid

1080p

Episode 1 – Yoteshin | Userdrive | Megaup | Meganz

Episode 2 – Yoteshin | Userdrive | Megaup | Meganz

Episode 3 – Yoteshin | Userdrive | Megaup | Meganz

Episode 4 – Yoteshin | Userdrive | Megaup | Meganz

Episode 5 – Yoteshin | Userdrive | Megaup | Meganz

Episode 6 – Yoteshin | Userdrive | Megaup | Meganz



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-09-26
TypeMiniseries
Episode runtime40 min
Popularity14.606
TV StatusEnded

Seasons and episodes

No data available


Videos

No data available

Comments