Channel Myanmar

Paoli Dam

Charlie Chopra And The Mystery Of Solang Valley (2023) 5
Charlie Chopra And The Mystery Of Solang Valley (2023) Charlie Chopra & The Mystery of Solang Valley (2023) "စုံထောက်မလေးချာလီချိုပရာနှင့် ဆန်းကြယ်ဆိုလန်းတောင်ကြား"IMDb-6.7/10Murder on the Orient Express (2017)လိုရုပ်ရှင်ရဲ့ စာရေးဆရာမကြီး Agatha Christie 1931ကရေးသားထုတ်ဝေထားတဲ့ Sir Arthur Conanရဲ့ The Hound of Baskerville ရဲ့ settingကို မှီငြမ်းထားတဲ့ The Sittaford Mysteryအမည်ရှိ စုံထောက်လျှို့ဝှက်ဆန်းကြယ်၀တ္ထုရှည်ကြီးကိုအခြေခံပြီး Haider(2014)နဲ့ Khufiya(2023)တို့လိုရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာကြီး Vishal Bhardwajကနေ ရိုက်ကူးပုံဖော်ထားတာပါ။စုံထောက်ဝတ္ထုမှာ သူမတူတဲ့ဆရာကြီးနှစ်‌ယောက်ရဲ့အငွေ့အသက်တွေနဲ့ နာမည်ကျော်ဒါရိုက်တာကြီးရဲ့လက်ရာကောင်းဆိုတော့ လက်မလွတ်တမ်းကြည့်ရှုဖို့ လက်တို့လိုက်ရပါတယ်။ နှင်းတွေဝေတဲ့ဆိုလန်းတောင်ကြားဟာ နှင်းလျှောစီးသူတွေအတွက်တော့ သုခဘုံပါပဲ။ ဆိုလန်းတောင်ကြားရဲ့ နှင်းလျှောစီးအပန်းဖြေစခန်းကိုပိုင်ဆိုင်သူကတော့ ချမ်းသာတဲ့ ဗိုလ်မှူးချုပ်ရာဝတ်ပါ။ တစ်နေ့မှာ လေဒီရို့စ်ဆိုတဲ့ဝိညာဉ်ကိုခေါ်ပြီး မေးမြန်းကြတဲ့အချိန်မှာ လေဒီရို့စ်က ဗိုလ်မှူးချူပ်ရာဝတ်သေပြီလို့ ရုတ်တရက်ပြောလိုက်ပါတော့တယ်။ဗိုလ်မှူးချုပ်ကိုစိုးရိမ်သွားတဲ့ ဗိုလ်မှူးဘာရူအာတစ်ယောက် နှင်းမုန်တိုင်းကြောင့် ကားမရှိလိုင်းမမိအခြေအနေကြားက ဗိုလ်မှူးချုပ်ကိုသွားကြည့်ဖို့ ...
5
TMDb: 5/10 2 votes
tv

Charlie Chopra And The Mystery Of Solang Valley (2023)

2023
Kaali(2018) 9
Kaali(2018) Kaali (2018) Thriller IMDb 7.1/10အခုတစ်ခါမှာလည်း Zee5 စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါတော့မယ်။ကာလီဆိုတဲ့ အမျိုးသမီးဟာ အနေအထိုင်ဆင်းရဲပြီး ယောက်ျားဖြစ်သူကလည်း ဆေးရောင်း မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်..အိမ်ပြန်လာရင်လည်း ပြဿနာအရှုပ်ထုပ်တွေ သယ်လာလေ့ရှိပါတယ်။သူ့မှာ ဆန်နီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။သားဖြစ်သူကလည်း စာမကြိုးစားဘဲ အဖေ့ခြေရာနင်းဖို့ ကြိုးစားနေပါတယ်။ ရုတ်တရက်ကြီး သားဖြစ်သူဟာ အရှုပ်ထုပ်တွေနဲ့ ပတ်သက်မိရင်း မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ခွဲစိတ်ကုသဖို့ ငွေလိုလာတော့ ဆင်းရဲညစ်စုတ်တဲ့ဘဝမို့ သူမအတွက် မတတ်နိုင်ခဲ့ပါဘူး။ ရသမျှနည်းလမ်းနဲ့ ရသလိုရှာလာတဲ့အခါမှာတော့ မူးယစ်ဂိုဏ်းတွေနဲ့ သွားရှုပ်မိပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရလာပါတော့တယ်။ဒီလိုနဲ့ ဒီအမေဟာ ကိုယ့်အသက်အန္တရာယ်ကိုလည်း ဂရုစိုက်ရင်း ကိုယ့်သားအသက်ကိုပါ ဘယ်လိုကယ်တင်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲလေးမှာ ရင်တမမနဲ့ ကြည့်ရှုကြပါဦးနော်။Quality : 400MB / 200MBTotal Episodes : 8EpsFormat : mp4Genres : Thriller , BollywoodDuration :25minsSubtitle : Myanmar Subtitle ( Hardsub )Translated by TaylorEncoded by YK 720p Episode ...
9
TMDb: 9/10 1 votes
tv

Kaali(2018)

2018
Karm Yuddh (2022) 7
Karm Yuddh (2022) Karm Yuddh (2022)အခု တစ်ခါမှာတော့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်ဒီ TV Series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ခရိုနီကြီးတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေ အကြောင်းဆိုရင်လည်း မမှားနိုင်လောက်ပါဘူး ဘာလို့လဲဆိုတော့ ဒီစီးရီးလေးက တကယ့်လုပ်ငန်းရှင်သူဋ္ဌေးကြီးတွေအချင်းချင်း ကိုယ်အကျိုးအမြတ်ရဖို့အတွက် အာဏာလု ရပိုင်ခွင့်လုကြပြီး အောက်ခြေလူတန်းစားကို နည်းနည်းလေးမှ မငဲ့ကွက်တဲ့အကြောင်းတွေကို အမိအရရိုက်ကူးထားလို့ပဲဖြစ်ပါတယ်...ဒီလိုစီးပွားရေးလုပ်ငန်းရှင် မိသားစုတစ်စုရှိတယ်...ရွိုင်းမိသားစုလို့ခေါ်တယ်...ထုံးစံအတိုင်း ခရိုနီမိသားစုဆိုတော့ မိသားစုအတွင်းထဲမှာတင်ပဲ မြေခွေးလို အကောက်ကြံနေကြတာပေါ့..စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို တစ်ဦးတည်း မောင်ပိုင်စီးချင်နေကြတယ်...သူတို့ ရပိုင်ခွင့်လုရင်း ပဲကြီးလှော်ကြား ဆားညှက်ခဲ့ရတာကတော့ စက်ရုံအလုပ်သမားတွေပါပဲ..တစ်ညမှာ စက်ရုံအကြီးအကျယ်မီးလောင်ခဲ့ပြီး အလုပ်သမားတွေ အများကြီးသေဆုံးခဲ့ရတယ်...စီဘီအိုင်တွေက ဒီအမှုကို လိုက်လံစုံစမ်းတော့ ဒီကိစ္စဟာ သွေးရိုးသားရိုးမဖြစ်နိုင်တဲ့အခါ....။နောက်ကွယ်က ကန့်လန့်ကာ ဘယ်လိုကွာကျလာမလဲဆိုတာကို တစ်ပိုင်းချင်းအလိုက် စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...လုပ်ငန်းရှင်အချင်းချင်းကြား အပြိုင်အဆိုင်တွေကိုကြည့်ရမယ့်အပြင် တစ်ယောက်နဲ့တစ်ယောက် အားပြိုင်ကျရင်း ကျရောက်လာမယ့် အန္တရယ်တွေနဲ့ အဆင့်ဆင့်ကျော်လွှားပုံတွေကို မြင်တွေ့ရမှာဖြစ်လို့ ဗဟုသုတလည်းရ ကြည့်ရလည်းတန်တဲ့ စီးရီးကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါနော်...IMDb ကလည်း လူအယောက် 13K က 8.5/10 ပေးထားတာဆိုတော့...။File Size – 800MB / 400MBQuality – 1080p ...
7
TMDb: 7/10 1 votes
tv

Karm Yuddh (2022)

2022
The Great Indian Murder (2022) Complete 7.5
The Great Indian Murder (2022) Complete The Great Indian Murderer (2022)ဒီတစ်ခါမှာတော့ cm ပရိသတ်ကြီးအတွက် Feb 4 ရက်နေ့မှာထွက်ရှိခဲ့တဲ့ ဟင်ဒီလူသတ်စီးရီးကောင်းလေးနဲ့ မိတ်ဆက်ပါရစေ။ဒီစီးရီးလေးကတော့ Vikas Swarup ရေးသားခဲ့တဲ့ “SIX SUSPECTS” ဆိုတဲ့စာအုပ်ကို အခြေခံထားတာဖြစ်ပြီး Crime, Politics, Thriller အမျိုးအစားဖြစ်လို့ရင်တဒိတ်ဒိတ်နဲ့ ကြည့်ရမှာပါ။အိန္ဒိယနိုင်ငံ အထက်တန်းလွှာရဲ့ အခြေအနေတွေ၊ အိန္ဒိယထုံးစံ ကြမ်းတမ်းတဲ့parenting တွေနဲ့ အစပျိုးထားတဲ့ ဒီစီးရီးလေးမှာတော့ နိုင်ငံရေးသမားတွေအာဏာလု လောဘတက်ကြတာတွေ ၊ကိုယ်နဲ့အမြင်မတူတိုင်း ရန်သူလို့သတ်မှတ်ပြီးတော့ အခွင့်အာဏာပိုကြီးတဲ့သူတွေကလက်အောက်ငယ်သားတွေကို ခြိမ်းခြောက်ခိုင်းစေတာတွေ၊အာဏာနဲ့ငွေအတွက် မိဘနဲ့သားသမီး ကိုယ့်သွေးသားချင်းတောင် ပြန်သတ်ဖို့ကြိုးစားတာတွေပါ ရိုက်ကူးထားတော့ တော်တော်ကြမ်းတဲ့ စီးရီးလို့ပြောရမှာပါ။ဇာတ်လမ်းအစမှာတော့ နိုင်ငံရေးသမားတစ်ယောက်ရဲ့သားဖြစ်သူ စက်မှုလုပ်ငန်းရှင်တစ်ယောက်ကဒေလီမှာ ပါတီကျင်းပရင်းနဲ့ပဲ သူ့ပါတီမှာပဲ အသတ်ခံလိုက်ရပါတယ်။ ဖခင်က နိုင်ငံရေးသမားဖြစ်တဲ့အပြင်ကိုယ်တိုင်ကစက်မှုလုပ်ငန်းရှင်ဆိုတော့ ပါတီတက်ရောက်သူတွေက အမျိုးမျိုး အစုံစုံပါပဲ။သေနတ်ပစ်ခံရချင်းပဲ ပါတီတက်ရောက်သူတွေကို စစ်ဆေးပြီးတော့နဲ့ သံသယရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီသံသယရှိသူတွေက တကယ်ပဲ တရားခံဟုတ်ရဲ့လား၊ ...
7.5
TMDb: 7.5/10 2 votes
tv

The Great Indian Murder (2022) Complete

2022