Channel Myanmar

Pawat Chittsawangdee

My Precious The Series (2024)
My Precious The Series (2024) မြတ်နိုးရတဲ့ အဖိုးတန်လေး (၂၀၂၄)ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက် Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့ You are the apple of my eyesရဲ့ thai remake version‌ ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားလေးက စီးရီးအနေနဲ့ ထွက်ရှိလာပါပြီ။ Bad Buddyထဲက Ohmနဲ့ Nanonအပြင် Dangerous romance ထဲက ဟိုက်ပါလေးChimonနဲ့ Only friendsထဲက စားဘဲလေးNeoကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့ အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့ အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။ တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။ ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီး တုန် ပေါ့။တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း ...

My Precious The Series (2024)

2024
10 Years Ticket (2022) 8.6
10 Years Ticket (2022) ဖလူး အဖြစ် Off Jumpol ဖူခေါင် အဖြစ် Ohm Pawat ခေါင်ခွမ် အဖြစ် Tu Tontawanဇာတ်လမ်းအကျဉ်းဖူခေါင်နဲ့ ခေါင်ခွမ်တို့က အရမ်းခင်ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပြီး မိသားစုချင်းလည်း အရမ်းရင်းနှီးကြတယ်ဒါပေမဲ့ သူတို့ကြားက အဖြစ်ဆိုးကတော့ ခေါင်ခွမ့်အစ်မဖြစ်သူက ဖူခေါင့်အစ်ကိုကို သတ်လိုက်ချိန်မှာ စတင်လာပါတော့တယ်ဖူခေါင့်အနေနဲ့ အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရရုံမကဘဲ ဖခင်ဖြစ်သူကပါ သူနဲ့မိခင်ဖြစ်သူကို ထားသွားခံခဲ့ရသလို ခေါင်ခွမ့်အစ်မကလည်း လူစတ်မှုနဲ့ ထောင်ဒဏ်ကျခဲ့ရပြီး နာမည်ဆိုးတွင်ခဲ့ရတယ်အဲဒီချိန်ကစပြီး ဖူခေါင်က ခေါင်ခွမ်အပေါ် ခင်မင်မှုသံယောဇဉ်အစား လူသတ်သမားရဲ့ ညီမဆိုတဲ့ အမုန်းတရားနဲ့ လက်စားချေဖို့ပဲ ကြိုးစားပါတော့တယ်ခေါင်ခွမ့်အပေါ် အနိုင်ကျင့်နေတာကို မခံနိုင်တဲ့ ဖူခေါင့်အခင်ဆုံးသူငယ်ချင်း ဖလူးက သူငယ်ချင်းသံယောဇဉ်ပျက်ပါစေ ကာကွယ်ပေးလာချိန်မှာတော့…ဖူခေါင် ၊ခေါင်ခွမ်နဲ့ ဖလူးတို့ကြား ဘာတွေဆက်ဖြစ်လာမလဲဖူခေါင့်အနေနဲ့ အတိတ်ရန်ငြိုးတွေကို စွန့်လွှတ်သွားနိုင်မလားဖလူးကရော ခေါင်ခွမ့်ကို ကာကွယ်ပေးနိုင်မလားလွန်ခဲ့တဲ့ဆယ်နှစ်က ဖူခေါင့်အစ်ကိုနဲ့ ခေါင်ခွမ့်အစ်မကြား ဘာတွေဖြစ်ခဲ့သလဲဆိုတာ “10 years ticket” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာပဲ ...
8.6
TMDb: 8.6/10 votes
tv

10 Years Ticket (2022)

2022
Bad Buddy Series (2021)
Bad Buddy Series (2021) Bad Buddy (2021)ကမ္ဘာ‌ကျော် ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းကို မသိတဲ့လူမရှိသလောက်ရှိကြလိမ့်မှာပါ။အဲဇာတ်လမ်းကိုမှ Yaoiအဖြစ် ပြန်လည်ခံစားရမယ်ဆိုရင်ရော?ပရန်နဲ့ ဖတ်တို့ဟာ အိမ်နီးချင်းတွေ ဆိုပေမယ့် "မတည့် အနားရှိ"ဆိုသလိုမျိုး မိဘတွေရဲ့ ရန်စကနေ သားသမီးတွေအထိ မတည့်ကြတဲ့ မိသားစုနှစ်စုပါ။သူ့ထက် ငါ.. အရာရာ သာလိုဇောနဲ့ အမြဲတမ်း ယှဉ်ပြိုင်နေတတ်တဲ့ ပရန်နဲ့ ဖတ်တို့နှစ်ယောက် နှလုံးသားအရေးမှာလည်း ယှဉ်ပြိုင်လာကြတဲ့အခါ...ရန်သူနဲ့ချစ်သူကြားမှာ စည်းပါးပါးလေးပဲ ခြားတယ်ဆိုသလိုမျိုး တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်တွေ ပိုလာကြတဲ့ ပရန်တို့နှစ်ယောက်ရဲ့အချစ်ရေးကပြိုင်ပွဲဆိုတဲ့အလျောက် အနိုင် အရှုံး သတ်မှတ်ပြီး အဆုံးသတ်ကြရမယ့်အပြင်မိသားစုရန်စတွေရော ပတ်ဝန်းကျင်အမြင်တွေနဲ့ပါ ရင်ဆိုင်ကြရမယ့် အခြေအနေမှာ ပရန်တို့နှစ်ယောက်ရပ်တန့်လိုက်ကြလိမ့်မှာလား။ ရှေ့ဆက်တိုးလိမ့်မှာလား။ဒါမှမဟုတ်.... ရိုမီယိုတို့ရဲ့ဇာတ်လမ်းလေး ကြေကွဲစရာ အဆုံးသတ် ဖြစ်လာလိမ့်မလား ဆိုတာကိုတော့ အပတ်စဉ် သောကြာညတိုင်းမှာ ရင်ခုန်နိုင်စေဖို့ စီအမ်မှ တင်ဆက်လိုက်ပါတယ်။Size: 600MB Quality: 1080p Subtitle: Myanmar (Hardsub) Episodes: 12 Aired: Oct 29, 2021 - Jan 21, 2022 Aired On: Friday Original Network: GMM 25, Tencent Video Duration: 45 min. Translators: Nue,Kong, Laii, Hazel, ...

Bad Buddy Series (2021)

2021