Channel Myanmar

Pepe Cámara

The Final Score (2022)
The Final Score (2022) The Final Score (2022)ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ နီးကပ်လာပြီဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်တဲ့သမိုင်းတ​လျောက် နှ​မြောစရာ​အ​ကောင်းဆုံး ​ကြေကွဲဖို့ အ​ကောင်းဆုံးဖြစ်ရပ်တစ်ခုအ​ကြောင်း ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ Netflix စီးရီးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။၁၉၉၄ခုနှစ် အ​မေရိကန်ပြည်​ထောင်စုမှာ ကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားမှာ ကိုလံဘီယာ လက်​ရွေးစင်အသင်းဟာ ​ခြေစစ်ပွဲ​တွေမှာ ရလဒ်​​တွေ ​ကောင်းခဲ့သလို ကိုလံဘီယာသား​တွေကလည်း ဖလားမှန်းတဲ့အထိကို ​​မျှော်လင့်ချက်​တွေ ကြီးခဲ့ကြတာပါ။ ဒါ​ပေမဲ့ တကယ်တမ်း ပြိုင်ပွဲမှာ အုပ်စုတက်​ရေး အဆုံးအဖြတ်အဖြစ် အိမ်ရှင်အ​မေရိကန်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပါတယ်။ သ​ရေကျရင်​တောင် အုပ်စုကတက်နိုင်တဲ့ အခွင့်အ​ရေးရှိခဲ့​ပေမယ့် ထိုပွဲစဉ်မှာ အ​မေရိကန်အသင်းကို ၂ - ၁ဂိုးနဲ့ အ​ရေးနိမ့်သွားခဲ့ပါတယ်။ ရှုံးချက်နာတာက အသင်းရှုံးစေခဲ့တဲ့ ဂိုးကို ကိုလံဘီယာ​နောက်ခံလူ အန်ဒ​ရေ​အက်စ်ကိုဘားက Own goalအဖြစ် သွင်းယူခဲ့မိတာပါ။ဒီဂိုး​ကြောင့် ကိုလံဘီယာသား​တွေရဲ့ ​မျှော်လင့်ချက်​တွေ ​ရေစုန်​မျော သွားသလို အက်စ်ကိုဘားအ​ပေါ် အမြင်မကြည်လင်သူ​တွေ များစွာ ရှိခဲ့တာပါ။ ဒါ​ပေမဲ့ ထိုကိစ္စကပဲ သူ့အသက်ကို ဇီဝိန်ချုပ်သွားမယ်လို့ အက်စ်ကိုဘား​ရော ကိုလံဘီယာသား​တွေရော ထင်ခဲ့မှာမဟုတ်ပါဘူး ၁၉၉၄ဇူလိုင်၂ရက် မနက်​အ​စောပိုင်းမှာ ဇာတိမြို့ မယ်ဒလင်းမှာရှိတဲ့ ဘားတစ်ခုက ထွက်လာတဲ့ အက်စ်ကိုဘားကို လူတစ်စုက ​သေနတ်နဲ့ ၁၂ချက်တိတိ ပစ်ခတ်သတ်ဖြတ်သွားခဲ့ပါတယ်။လူသတ်သမားလို့ ယူဆရသူဟာ ထို​ခေတ်က ကိုလံဘီယာရဲ့ထိပ်သီး မူးယစ်ရာဇာ​တွေရဲ့ ...

The Final Score (2022)

2022