Channel Myanmar

Yook Sung-jae

Goblin {Complete} 7.2
Goblin {Complete}  Goblin (Guardian: The Lonely and Great God) (2016)====================================== 2016 ခုနှစ်များဝန်းကျင်က "ဦး"ရောဂါကို တဖန်ပြန်လည်ခေတ်စားစေခဲ့တဲ့ Goblin လို့ လူသိများတဲ့Guardian: The Lonely and Great God အမည်ရှိဇာတ်ကားလေးကို Quality ကောင်းကောင်းနဲ့တင်ဆက်ပေးချင်ပါတယ်။လူ့လောကမှာ နှစ်ပေါင်း ၉၀၀ ကြာ နေထိုင်ခဲ့ရတဲ့Kim Shin ဟာ သူ့ရဲ့ထာဝရရှင်သန်ခြင်းကိုအဆုံးသတ်နိုင်ဖို့အတွက် မှင်စာသတို့သမီးကိုလိုက်လံရှာဖွေရင်း စောင့်မျှော်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒီလိုနဲ့ တစ်ညမှာတော့ သေနေ့စေ့ပြီဖြစ်တဲ့ဗိုက်ကြီးသည်အမျိုးသမီးတစ်ယောက်ကိုသနားကရုဏာသက်ကာ အသက်ကယ်တင်ပေးခဲ့ပါတယ်။ ထိုအမျိုးသမီးက Ji Eun Tak ဆိုတဲ့သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။Ji Eun Tak ဟာ ငယ်စဉ်ကတည်းက နာနာဘာဝတွေကိုမြင်နိုင်စွမ်းရှိပြီး သူအရွယ်ရောက်လာတဲ့အခါမှာတော့တစ္ဆေသရဲတွေဟာ သူ့ကိုတွေ့တိုင်း "မှင်စာသတို့သမီး"လို့ တီးတိုးရွတ်ဆိုနေသံကို မကြာခဏ ကြားခဲ့ရပါတယ်။အဒေါ်ဖြစ်သူ မိသားစုနဲ့ အတူနေထိုင်ပေမဲ့အမြဲအနိုင်ကျင့် နှိပ်စက်ခံရတာကြောင့် အဘက်ဘက်ကနိမ့်ကျနေချိန်မှာ ကယ်တင်ရှင်ဖြစ်လာမဲ့မှင်စာဦးလေးကြီးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။Second Lead ...
7.2
TMDb: 7.2/10 37 votes
tv

Goblin {Complete}

2016
The Golden Spoon (2022)
The Golden Spoon (2022) MBC ကနေ Big Mouth အစားအပတ်စဉ် သောကြာ စနေတိုင်းထုတ်လွှင့်ပြသသွားမယ့် "Golden Spoon"...မှင်စာကားထဲက မင်းသားရဲ့တူဖြစ်တဲ့ဒေါ့ဟွာလေးကို မှတ်မိပြီးMystic Pop-Up Bar ကြည့်ဖူးတဲ့သူဆိုဒီကားကို လုံးဝ ကြည့်ချင်ကြမှာ ပြောရဲပါတယ်...ဟုတ်ပါတယ် အဓိကဇာတ်ဆောင်ကBTOB အဖွဲဝင်ဖြစ်ခဲ့တဲ့ အဆိုတော်မင်းသား Yook Sung-Jae ပါပဲဇာတ်လမ်းလေးကလည်းအတော်စိတ်ဝင်စားဖိုကောင်းပါတယ်ကိုရီးယားနိုင်ငံမှာ အဆင့်အတန်းကို ရွှေဇွန်း ၊ ငွေဇွန်း ဆိုပြီးခွဲခြားပြောတတ်ကြတာကို ကြားဖူးမှာပါLee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာဆင်းရဲတဲ့မိဘတွေနဲ့ တစ်ဘဝလုံး ငွေဇွန်းလိုအပြောခံပြီးရုန်းကန်ကြီးပြင်းလာခဲ့ရတယ်နုံချာတဲ့ အသိုင်းအဝိုင်းကို စိတ်ကုန်နေပြီးချမ်းသာချင်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့အဘွားအိုကြီး တစ်ယောက် ဈေးရောင်းနေတာကိုကြားလိုက်ရတယ်"မချမ်းသာချင်ဘူးလား?ချမ်းသာအောင်လုပ်ပေးမယ့် ရွှေဇွန်းလေးတစ်ချောင်းတည်းကို ဝမ် သုံးသောင်းတည်းပါ"Seung-Cheon စိတ်ဝင်စားသွားပြီးရွှေဇွန်းကို ဝယ်တဲ့အခါ အဘွားအိုက ဒီလိုမှာလိုက်တယ်"ချမ်းသာတဲ့ မင်းနဲ့ရွယ်တူတစ်ယောက်အိမ်မှာဒီရွှေဇွန်းနဲ့ ထမင်းသုံးနပ်အတူစားပါ အဲလိုဆိုသူ့မိဘတွေက မင်းမိဘတွေဖြစ်လာလိမ့်မယ်"သူလည်း အဘွားအိုပြောတဲ့အတိုင်းအရမ်းချမ်းသာတဲ့ သူနဲ့ရွယ်တူ သူငယ်ချင်းHwang Tae-Yong ရဲ့ အိမ်မှာ အဲရွှေဇွန်းနဲ့ထမင်းသုံးနပ်စားလိုက်တယ် သိပ်မကြာခင်မှာပဲသူ့ရဲ့ ဘဝပြောင်းလဲသွားပါတော့တယ်... **********Yook SungJae ...

The Golden Spoon (2022)

2022
Who Are You: School (2015) 8.1
Who Are You: School (2015)  [Unicode]Who Are You: School 2015ထုံးယောင်းမြို့ အချစ်အိမ်မိဘမဲ့ဂေဟာမှာ တခြားကလေးတွေကို အစ်မကြီးသဖွယ်စောင့်ရှောက်ပေးရင်း နေထိုင်ရသူဖြစ်ပြီး‌ ကျောင်းတွင်းအကြမ်းဖက်မှုခံနေရတဲ့ လီအွန်းဘီ နဲ့ဆိုးလ်မြို့မှာ နေထိုင်ပြီး ကျောင်းစာမှာ ထူးချွန်တဲ့အပြင် မဟုတ်မခံစိတ်ရှိသူ ၊ မွေးစားအမေရဲ့ ဂရုစိုက်မှုတွေကြား ကြီးပြင်းလာရတဲ့ ဂိုအွန်ဗြောတို့ဟာ အမြွှာညီအစ်မတွေဆိုပေမဲ့ မတူညီတဲ့ ဘဝတွေမှာ နေထိုင်နေကြရတဲ့သူတွေပါ။တစ်နေ့တော့ လီအွန်းဘီဟာ ဘဝကို စိတ်ကုန်ပြီး သေကြောင်းကြံစည်ချိန် အစ်မဖြစ်သူဂိုအွန်းဗြောက အချိန်မီကယ်တင်ပေးပြီး သေကြောင်းကြံစည်မှုကြောင့် အတိတ်မေ့သွားတဲ့ ညီမဖြစ်သူကို ဂိုအွန်းဗြောဆိုတဲ့ ကောင်းမွန်တဲ့ ဘဝမှာ အစားထိုး ရှင်သန်နေထိုင်စေခဲ့ပါတယ်။အနိုင်ကျင့်ခံ လီအွန်းဘီဟာ ဂိုအွန်းဗြောဖြစ်လာပြီး ဆိုးလ်ကိုရောက်သွားချိန်မှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ အပြင် ဆယ်ကျော်သက်အရွယ် မိဘနဲ့ သားသမီးကြား ဖြစ်တတ်တဲ့ စိတ်အခန့်မသင့်စရာအဖြစ်အပျက်တွေ၊ မိဘတွေရဲ့သားသမီးတွေအပေါ်ထားတဲ့စေတနာအမှားတွေနဲ့ သူငယ်ချင်းတွေကြားက ချစ်စရာကောင်းတဲ့ အမူအကျင့်တွေအပြင် မဖြစ်သင့်တဲ့လွှဲမှားနေတဲ့ဆက်ဆံရေးတွေကိုပါ မြင်ရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားပြီးဘာသာပြန်သူကတော့ Htet Nandar Aung ဖြစ်ပါတယ် )  [Zawgyi]Who Are You: ...
8.1
TMDb: 8.1/10 15 votes
tv

Who Are You: School (2015)

2015