မင်္ဂလာပါ..လတ်တလောပြသနေတဲ့ tvn ရုပ်သံလိုင်းက
ထုတ်လွှင့်နေတဲ့နာမည်ကြီး Drama လေးတစ်ခုနဲ့
Channel Myanmar မှ မိတ်ဆက်ပေးလိုက်ပါတယ်..
အပိုင်း ၁ကနေ ၁၂ အထိကိုတော့ Fiv Entertainment က
ကူညီပေးထားပါတယ်..အညွှန်းလေးကိုခံစားကြည့်လိုက်ရအောင်ဗျာ
ကင်ရှင်းဟာ ကမ္ဘာမြေကြီးပေါ်မှာ နှစ်ပေါင်း ကိုးရာကျော်တိုင်အောင်အသက်ရှင်လာခဲ့တဲ့ မှင်စာ
တစ်ကောင်ပါ..သူ့လူဘ၀တုန်းကတော့ သူဟာမတရားစွပ်စွဲခံရပြီး မင်းကြီးကသတ်လိုက်လို့သေဆုံး
ခဲ့ရတဲ့သစ္စာရှိစစ်သူကြီးတစ်ဦးပေါ့..သို့ပေမယ့်လည်း သူသတ်ခဲ့တဲ့ရန်သူပေါင်းများစွာ ဒီအပြစ်တွေ
ကြောင့် ဘုရားသခင်ဟာ သူ့ကိုမှင်စာအဖြစ်ဖန်တီးခဲ့ပြီး ထာဝရအသက်ရှင်စေတဲ့ အပြစ်ကို
ပေးလိုက်ပါတယ်.ကိုယ်ချစ်တဲ့သူတွေကိုယ့်ကိုစွန့်ခွာသွားတာတွေ..တစ်ယောက်တည်းအထီးကျန်မှု
တွေကိုနာကျဉ်ခံစားစေလိုတဲ့ရည်ရွယ်ချက်နဲ့ပါ..ဒါပေမယ့် ဒီကျိန်စာက လွတ်မြောက်ဖို့အတွက်
သူသေဆုံးတုန်းက သူ့ရင်ဘတ်မှာစိုက်နေတဲ့ဓါးကို ဆွဲနှုတ်နိုင်တဲ့ မှင်စာရဲ့သတို့သမီးပေါ်လာမှသာလျှင်
မှင်စာအဖြစ်မှာတောင်သူ့ရင်ဘတ်မှာစိုက်နေတဲ့ဓါးကို ဆွဲနှုတ်ပြီး ပြာအဖြစ်လောင်ကျွမ်းကာ
ငြိမ်းချမ်းခွင့်ရမှာပါ..သူနဲ့အတူနေထိုင်တဲ့ သေမင်းတစ်ယောက်လည်းရှိပါတယ်..
ကဲ..မှင်စာတစ်ယောက် သူ့သတို့သမီးကိုရှာနိုင်မလား..သူနဲ့အတူနေထိုင်တဲ့သေမင်းနဲ့
ပတ်သတ်ဆက်နွယ်မှုတွေ..ဘာတွေဖြစ်လာမလဲဆိုတဲ့ Goblin ဆိုတဲ့စီးရီးတွဲလေးကို
စိတ်ဝင်တစားကြည့်ရှုနိုင်ပါပြီ
Download List
=============
OST Song လေးကိုလဲ ခံစားနားဆင်ကြည့်ပါ