Channel Myanmar

Yoon Jung-hoon

Castaway Diva(2023)[Complete]
Castaway Diva(2023)[Complete] Castaway Diva(2023)********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးငယ်ငယ်လေးတည်းက အဆိုတော်ဖြစ်ချင်လွန်းလှတဲ့ ဒေသိယစကားသံဝဲဝဲလေးနဲ့ ကောင်မလေး Seo Mok Ha .. အလယ်တန်းရောက်တော့ အဆိုပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ရင်း ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တယ်။ သီချင်းဆိုရတာကိုရူးသွပ်တဲ့ Mok Ha က တစ်နေ့မှာ နယ်ကနေ ဆိုးလ်ကို လူရွေးပွဲဝင်ပြိုင်ဖို့အသွား လမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပြီး လူသူကင်းမဲ့တဲ့ကျွန်းကြီးတစ်ကျွန်းမှာသောင်တင်သွားခဲ့ရတော့တယ်။ အဆိုတော်မကြီးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက် လူဆိုလို့သူ့အပြင်မရှိတဲ့ကျွန်းကြီးမှာ ၁၅ နှစ်ကြာ တစ်ယောက်တည်း အခက်အခဲဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရင်း တစ်နေ့မှာတော့ ကျွန်းကြီးပေါ်ကနေ ပြန်အကယ်တင်ခံခဲ့ရပါတော့တယ်။ ၁၅ နှစ်လုံးလုံးကင်းကွာနေခဲ့တဲ့လူ့ပတ်ဝန်းကျင်ကိုပြန်ရောက်လာပြီး အပြောင်းအလဲတွေနဲ့အသားကျအောင်ကြိုးစားရင်း ဘာတွေဖြစ်ဦးမလဲ .. သူ့ရဲ့အဆိုတော်ဖြစ်ချင်တဲ့အိပ်မက်ကိုရော ဆက်အကောင်အထည်ဖော်နိုင်ဦးမလား ..။Cast တွေအနေနဲ့ကတော့ “ဝူယောင်းဝူ” ဇာတ်ကောင်နဲ့ ချီးကျုးမှုတွေ တစ်ခဲနက်ရရှိခဲ့ပြီး Daesang ဆုကြီးအထိပါသိမ်းပိုက်နိုင်ခဲ့တဲ့ “Park Eun Bin” နဲ့ “Nevertheless” ဇာတ်ကားနဲ့ အာလူးလေးလို့လူသိများခဲ့တဲ့ “Chae Jong Hyeop” တို့က အဓိကပါဝင်သွားမှာဖြစ်သလို CM ကနေ အပတ်စဉ် စနေ, တနင်္ဂနွေတိုင်း ...

Castaway Diva(2023)[Complete]

2023
SF8 (2020) Complete 7.3
SF8 (2020) Complete SF8 (2020) Limited Series ~ IMDb - 6.3/10, MyDramaList - 7.5/10 ~ ကိုရီးယားသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့မြင်ရသလောက်ဆို သိပ်တော့လည်း အားရစရာကောင်းမနေပါဘူး။ ကော်ပီဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း သိပ်ဇာတ်မနိုင်လှတာကို တွေ့ရမှာပါ။ ဆန်းတော့လည်းမဆန်းဘူးထင်ပါတယ်။ အကုန်မဟုတ်တောင် ၁၀ခုမှာ ၇ခုလောက်က အစကောင်းတောင် အဆုံးဂွမ်းသွားတာများပါတယ်။ SF8 ကတော့ ပုံမှန်မြင်နေကျ ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ Anthology စီးရီးပါပဲ။ ၈ပိုင်းပါဝင်ပြီး Anthology စီးရီးဆိုတော့ ၈ပိုင်းလုံး ဇာတ်အိမ်သီးခြားစီနဲ့ပါ။ ထူးတာက ဒီအပိုင်းတွေအားလုံးမှာ အထူးပြုလုပ်ချက်ဆန်းဆန်းပြားပြားတွေ မပါပေမဲ့လည်း ဇာတ်အိမ်ကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ချပြထားပါတယ်။ ၈ပိုင်းလုံး သူ့ Concept နဲ့သူ ရပ်တည်နေပြီး ၈ပိုင်းလုံး ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။ သရုပ်ဆောင်တွေလည်း ထိပ်တန်းကြီးတွေတော့မဟုတ်ပေမဲ့ ပေါပေါပဲပဲသုံးထားတာမဟုတ်ပါဘူး။ An Old Lady ထဲက မင်းသမီးကြီး ...
7.3
TMDb: 7.3/10 7 votes
tv

SF8 (2020) Complete

2020
The Great Shaman Ga Doo-shim(2021)
The Great Shaman Ga Doo-shim(2021) The Great Shaman Ga Doo-shim(2021)ဇာတ်လမ်းတွဲအညွှန်း*****************************************************အပိုင်း( ၁ မှ ၁၂) ထိ စ/ဆုံးCM ချစ်သူများအတွက် ထူးထူးခြားခြား ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဒရမ်မာလေးကတော့ fantasy mystery romance အမျိုးအစား ဖြစ်ပြီး ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေမှာမမျှော်လင့်ဘဲ ပါဝင်လာရတဲ့ အထက်တန်းကျောင်းသူကျောင်းသား (၂) ဦးရဲ့ အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။အသက် ၁၈ နှစ်အရွယ် ဂါဒိုရှင်းဆိုတဲ့ မိန်းကလေးဟာ နတ်ဆရာမ ဖြစ်ရမယ်ဆိုတဲ့ ကံကြမ္မာနဲ့ မွေးဖွားလာသူပါ။သူဟာ နတ်ဆရာမဖြစ်တဲ့အလျောက် ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ဖြေရှင်းရတာကြောင့် ဝိညာဉ်ဆိုးတွေကိုတိုက်ခိုက်နိုင်လောက်အောင် ရဲရင့်ထက်မြက်တဲ့ မိန်းကလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် တခြားဆယ်ကျော်သက် မိန်းကလေးတွေလိုမျိုးပဲ သာမန် အထက်တန်းကျောင်းသူဘဝကိုသာ ပိုင်ဆိုင်ရဖို့ အိပ်မက်မက်နေသူပါ။အထက်တန်းကျောင်းသား တစ်ဦးဖြစ်တဲ့ နာအူဆိုးကတော့ ဂါဒိုရှင်းနဲ့ မတူဘဲ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။မိဘနောက်ခံက ငွေကြေးချမ်းသာတဲ့အပြင် သူကိုယ်တိုင်ကလည်း ရုပ်ရည်ချောမောပြီးထက်မြက်တော့ ပြီးပြည့်စုံသူတစ်ဦးလို့ ...

The Great Shaman Ga Doo-shim(2021)

2021
Dark Hole(2021) 8
Dark Hole(2021) Dark Hole(2021)အညွှန်း*********************အပိုင်းသစ်(၁ မှ ၁၂ ထိ ) စ/ဆုံးဒီစီးရီးက ကားနာမည်နဲ့လိုက်အောင် အမှောင်လောကနဲ့ ပြည့်နှက်နေပုံပဲ...ဇာတ်လမ်းတွဲစစချင်းမှာကိုမင်းသားနဲ့မင်းသမီးဟာ ဖုတ်ကောင်တွေနဲ့ သတ်ြဖတ်ပြေးလွှားနေတဲ့အခန်းနဲ့စထားတယ်...ဘယ်လိုတွေကြောင့် ဖုတ်ကောင်တွေဖြစ်လာတယ်.. ဒီအကောင်တွေရဲ့ အားနည်းချက် အားသာချက်တွေကိုတော့မဖော်ထားသေးဘူး..ြမို့ကြီးမှာ လူမိုက်တွေပေါနေသလို အယူသီးလွန်းတဲ့ နတ်ကိုးကွယ်သူ လူတွေလည်းများပြားလှတယ်....ထူးထူးဆန်းဆန်းလူသတ်မှုတွေ ဆက်တိုက်ရှိနေသလို ရဲတွေကလည်း တရားခံအမှန်ထွက်ပေါ်ရေး အသည်းအသန်ကြိုးစားနေကြတယ်....Dark Hole ဆိုတာကြီးကို အနည်းငယ်ပြထားသလို လူတွေကို ဝင်ပူးတဲ့ ဖြစ်ရပ်တွေလည်း တစ်စွန်းတစ်စပြထားတယ်..ပြောရရင် တော်တော်ကြမ်းမဲ့ဇာတ်လမ်းတွဲလို့ဆိုရမယ်....အချစ်စီးရီးတွေအနည်းငယ် ငြီးငွေ့နေတဲ့သူတွေအတွက်ရွှေလို့ပြောရမလားပဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရအောင်ဗျား..... Native Title: 다크홀Also Known As: Dakeuhol , Another Class , 어나더 클래스 , eonadeo keullaeseuDirector: Kim Bong JooScreenwriter: Jung Yi DoGenres: Action, Thriller, Mystery, Sci-FiTranslated by Lwin Lwin Aung, Ei Phyu Khin  , Khine Khine Wai &Dalla MyoEncoded by Phyo Pyae  Episode ...
8
TMDb: 8/10 1 votes
tv

Dark Hole(2021)

2021