Channel Myanmar

SF8 (2020) Complete

SF8

1 Seasons 8 Episodes
Ended

SF8 (2020) Complete

7.3
TMDb: 7.3/10 7 votes

General information

Original nameSF8
Created by

Backdrops

SF8 (2020) Complete
SF8 (2020) Complete
SF8 (2020) Complete

Synopsis of SF8 (2020) Complete

SF8 (2020) Limited Series

 

~ IMDb – 6.3/10, MyDramaList – 7.5/10 ~

 

ကိုရီးယားသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့မြင်ရသလောက်ဆို သိပ်တော့လည်း အားရစရာကောင်းမနေပါဘူး။ ကော်ပီဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း သိပ်ဇာတ်မနိုင်လှတာကို တွေ့ရမှာပါ။ ဆန်းတော့လည်းမဆန်းဘူးထင်ပါတယ်။ အကုန်မဟုတ်တောင် ၁၀ခုမှာ ၇ခုလောက်က အစကောင်းတောင် အဆုံးဂွမ်းသွားတာများပါတယ်။ SF8 ကတော့ ပုံမှန်မြင်နေကျ ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ Anthology စီးရီးပါပဲ။ ၈ပိုင်းပါဝင်ပြီး Anthology စီးရီးဆိုတော့ ၈ပိုင်းလုံး ဇာတ်အိမ်သီးခြားစီနဲ့ပါ။ ထူးတာက ဒီအပိုင်းတွေအားလုံးမှာ အထူးပြုလုပ်ချက်ဆန်းဆန်းပြားပြားတွေ မပါပေမဲ့လည်း ဇာတ်အိမ်ကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ချပြထားပါတယ်။ ၈ပိုင်းလုံး သူ့ Concept နဲ့သူ ရပ်တည်နေပြီး ၈ပိုင်းလုံး ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။

 

သရုပ်ဆောင်တွေလည်း ထိပ်တန်းကြီးတွေတော့မဟုတ်ပေမဲ့ ပေါပေါပဲပဲသုံးထားတာမဟုတ်ပါဘူး။ An Old Lady ထဲက မင်းသမီးကြီး Ye Soo-jung, လီချန်းဒုံလက်စွဲဖြစ်ခဲ့တဲ့ မင်းသမီး Moon So-ri, Bloodhounds တို့၊ Love Is for Suckers တို့ထဲ မင်းသား Choi Si-won, လက်ရှိနာမည်ကြီးနေတဲ့ Destined With You ထဲက Ha Jun, Sweet Home တို့၊ The Divine Move တို့ထဲ သိပ်လှတဲ့မမ Lee Si-young, Ghost Doctor ထဲက မင်းသမီး Uee, Reply 1988 ထဲက Lee Dong-hwi တို့အပြင် Kim Bo-ra, Shin Eun-soo, Lee David တို့ပါ ပါပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ မစိမ်းတဲ့လူတွေတော့ ဒီလူတော်တော်များများကို သိကြမှာပါ။ မျက်နှာမစိမ်းတဲ့သရုပ်ဆောင်တွေနဲ့ Concept ကောင်းကောင်း ဇာတ်လမ်းတွေပေါင်းစပ်ထားတဲ့ ရှားပါးတဲ့ သိပ္ပံစိတ်ကူးယဉ်ကေဒရာမာစီးရီးကောင်းမို့ လက်လွတ်ခံရင်လည်း သင့်ထိုက်နဲ့ သင့်ကံပါပဲ။


Episode 01: The Prayer

Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Mercy Killing ဆိုတာကို မြန်မာလိုတော့ ဝဋ်ချွတ်ပေးတယ် လို့ပြောရမယ်ထင်ပါတယ်။ ဒီဘဝရဲ့ နာကျင်ခံစားနေရမှုတွေကို သက်သာသွားအောင် ဘဝကူးနိုင်ဖို့ ကူညီပေးတဲ့ ဖြစ်စဉ်ပေါ့။

 

ဒီဇာတ်လမ်းမှာတော့ လူနာကို ပြုစုပေးနေရတဲ့ စက်ရုပ်မလေးက ကိုမာဝင်နေတဲ့ လူနာကို ဘဝကူးပေးနိုင်အောင် ကူညီရမလား… ဒါမှမဟုတ် လူနာကို အိပ်ရာပေါ်မှာလဲနေတဲ့ဘဝနဲ့ အသက်ဆက်ခိုင်းပြီး လူနာရှင်ရဲ့ ဘဝကို ဝန်ထုပ်ဝန်ပိုးတွေပေးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရလောက်တဲ့ထိ နာကျင်မှုတွေ ပေးမလား… ဆိုတာကို ဆုံးဖြတ်ရမယ့် အနေအထားကို ရောက်လာပါတယ်။ ဘဝဆိုတာ နာကျင်ခံစားရခြင်းတဲ့။ နာကျင်ခံစားနေရတယ်ဆိုတာ အသက်ရှင်သန်နေသေးလို့ပါတဲ့။ လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ပါတယ်။ နာကျင်ခံစားရမှုတွေထဲမှာ အလှတရား၊ ပျော်ရွှင်မှုတွေကို တွေ့နိုင်ပါသေးတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်ဆက်နေကြရတာပဲမဟုတ်လား။ မျှော်လင့်ချက်ပျောက်ဆုံးပြီး နာကျင်ခံစားရမှုတွေနဲ့ မွန်းကြပ်လာတဲ့အခါ ဘဝကို အဆုံးသတ်ဖို့ Mercy Killing ဒါမှမဟုတ် ဒီလောကထဲကနေ ကိုယ်တိုင်ထွက်ခွာခွင့်ကို လက်ကမ်းကြိုမိကြမှာပါ။

 

မျှော်လင့်ချက်မရှိတော့ရင် ဘဝက သေပါတယ်။ အသက်ရှင်နေတာနဲ့ ရှင်သန်နေတယ်ဆိုတာ ဘယ်လိုမှမတူနိုင်ဘူးလေ။ ဒါပေမဲ့ အသက်ဆိုတာ တန်ဖိုးကြီးတယ်၊ တန်ဖိုးထားသင့်တဲ့အရာဆိုတော့ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာ၊ ကူညီလိုက်တာက အပြစ်တစ်ခု ဒါမှမဟုတ် မှားယွင်းမှုတစ်ခု ဖြစ်လာနိုင်မလား။

SF8 ရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ The Prayer (ဆုတောင်း) ကတော့ ဒီမေးခွန်းတွေကို မေးလိုက်ပါပြီ။


Episode 02: Manxin

Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

ပြင်သစ်စာရေးဆရာ Voltaire ရဲ့ စကားတစ်ခွန်းရှိတယ်။ တစ်ရံတခါမှာ ကံတရားဟာ လူသားကို လမ်းပြပေးပြီး တစ်ခါတရံမှာတော့ ကံတရားဟာ လူသားကို ဟားတိုက်တတ်တယ်တဲ့။ Manxin ကိုတော့ ကံတရားက လူသားကို လမ်းပြပေးရုံသက်သက်ဖြစ်နေခဲ့တဲ့ ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီကာလမှာ Manxin လို့ခေါ်တဲ့ ကံကြမ္မာကိုပြောပြပေးတဲ့ App တစ်ခုရှိနေပြီး မနက်ဖြန်သင်ကံကောင်းမလား… ကံဆိုးမလား… ဘာဖြစ်မလဲကအစ ဒီ App က ပြောပြပေးပါတယ်။ မနက်ဖြန်ကို ကြိုသိနေသလိုဖြစ်နေတာပေါ့။ နောက် မနက်ဖြန်ကားတိုက်မယ်လို့ သိနေရင် မနက်ဖြန်အပြင်မထွက်လိုက်တဲ့နည်းနဲ့ ရှောင်လွှဲလို့ရနေပြန်တာပါပဲ။ ဒီတော့ ဒီကာလက လူတွေဟာ မနက်ဖြန်ဘာတွေဖြစ်လာမလဲဆိုတဲ့ အကြောက်တရားမရှိဘဲ နေရသလိုဖြစ်နေပါတယ်။

 

ဒါပေမဲ့ ကိုယ့်ရွေးချယ်မှုကို App တစ်ခုက လုပ်ပေးနေသလိုဖြစ်နေတဲ့ ဒီလိုဘဝမှာ လူသားတွေဟာ လမ်းပျောက်နေသူတွေလည်းရှိကြပါတယ်။ ဒီ App ကို ယုံကြည်ပြီး အဆင်ပြေနေသူတွေလည်းရှိကြပါတယ်။ ဒါပေမဲ့ ဒီဘုရားသခင်ဆန်နေတဲ့ App ရဲ့ ဇစ်မြစ်ကို ယုံကြည်သူတစ်ယောက်နဲ့ မယုံကြည်သူတစ်ယောက် အတူတူရှာကြတဲ့အခါမှာတော့…


Episode 03: Joan’s Galaxy

Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

ဂျိုအန်ရဲ့ နဂါးငွေ့တန်းလေးက သက်ရှိလူသားတစ်ယောက်ပါ။ သူ့မျက်လုံးထဲမှာ ကြယ်တွေရှိနေပါသတဲ့။ ကြယ်တွေဆိုတာ အမှောင်မိုက်ဆုံးအချိန်မှာ အတောက်ပဆုံးဆိုတာကို ဂျိုအန်ကတော့ အသေအချာသိနေတယ်။ ပျော်ရွှင်မှုကိုအချိန်တွေ အများကြီးပေးပြီး ရှာစရာမလိုပါဘူး။ တန်ဖိုးအရှိဆုံးအရာတွေဆိုတာ ကိုယ်ရနေပြီးသားလည်းဖြစ်နိုင်ပါတယ်။ ဘဝဆိုတာ ရှင်သန်ခြင်းဖြစ်ပြီး အချိန်က တန်ဖိုးရှိတယ်ဆိုတာကို သတိပေးတဲ့ အပိုင်းလေးပါ။


Episode 04: Blink

Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

ဒီအပိုင်းမှာတော့ လီစီယောင်းကို တဝကြီးမြင်ရမှာဖြစ်သလို မှုခင်းဒရာမာအပိုင်းမို့ ကေဒရာမာဖန်တွေလည်း အကြိုက်တွေ့ကြမှာပါ။ SF8 ရဲ့ Concept အတိုင်း အနာဂတ် အေအိုင် ဘာညာနဲ့ ရဲမေတစ်ယောက် အမှုလိုက်တာကို ပေါင်းစပ်ပေးထားတာပါ။ ပြောရရင် ဒီအပိုင်းက တခြားအပိုင်းတွေလို အနာဂတ်ကို အမြင်အမျိုးမျိုးနဲ့ တင်ပြတာထက် ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြချင်တဲ့အပိုင်းဘက် ပိုသွားပါတယ်။ လီစီယောင်းရဲ့ ဇာတ်ကောင် ရဲမေက အေအိုင်ကို မုန်းတဲ့သူပါ။ ဒါပေမဲ့ မလွှဲရှောင်သာ အေအိုင်ကို တွဲဖက်လုပ်ပြီး အမှုတစ်ခုလိုက်ဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ အေအိုင်ကို အမြင်ကတ်ကတ်နဲ့ တွဲဖက်လုပ်နေရရင်း အေအိုင်နဲ့ အဲဒီရဲမေကြား သံယောဇဉ်ဖြစ်လာတဲ့ ဇာတ်ကြောင်းပါပဲ။ သက်မဲ့အေအိုင်တွေနဲ့ သက်ရှိလူသားကြားက သံယောဇဉ်တို့ ချစ်ခြင်းတို့အကြောင်း ဇာတ်လမ်းတွေက သိပ်တော့မများပေမဲ့ ရိုက်ခဲ့ရင်လည်း တစ်ကားတစ်ကားဆိုသလို ကောင်းတတ်ကြပါတယ်။ ဒီဇာတ်လမ်းကတော့ အလယ်အလတ်လောက်သွားမှာပေမဲ့ ကေဒရာမာဖန်တွေအတွက်တော့ လီစီယောင်းပါနေတာနဲ့တင် ကြည့်သင့်တဲ့ဇာတ်လမ်းပါပဲ။


Episode 05: Baby It’s Over Outside

Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

၁၉၉၈ ကထွက်ခဲ့တဲ့ Bruce Willis ရဲ့ Armageddon ဇာတ်ကားပုံစံမျိုးပါပဲ။ ကမ္ဘာကြီးကို ခဲလုံးတစ်လုံးက ဝင်တိုက်ပြီးပျက်တော့မယ့် အချိန်ပေါ့။ ကိုယ့်ဘဝရဲ့ နောက်ဆုံး လက်ကျန်အချိန်လေးကို တန်ဖိုးထားပြီး အကျိုးရှိရှိ အသုံးချဖို့လုပ်နေတဲ့ ဇာတ်ကောင်တွေကို တွေ့ရမှာပါ။ ဒါပေမဲ့ ဒီဇာတ်လမ်းက အချစ်ဇာတ်လမ်းပါ။ အချစ်ကို သင်္ချာလို ယုတ္တိကျကျ တွက်ချက်လို့မရသလို သင့်တော်တဲ့ အချစ်ဆိုတာမျိုးမရှိပါဘူးဆိုတာကို ပြပေးသွားပါတယ်။ အချစ်ဟာ အချစ်ပါပဲတဲ့။


Episode 06: White Crow

Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

ဒီအပိုင်းကတော့ အနာဂတ်ဂိမ်း Streaming လောကကို အမြင်သစ်နဲ့ပြသွားတဲ့ အပိုင်းလို့ပြောရပါမယ်။ နာမည်ကျော်ဂိမ်း Streamer မလေးဟာ Live လွှင့်နေရင်း ကျောင်းနေဖက် သူငယ်ချင်းဟောင်းတွေ သူ့မကောင်းကြောင်းဖော်တာနဲ့ ကြုံလိုက်ရတယ်။ ဒီလိုနဲ့ သူနာမည်နည်းနည်းကျသွားခဲ့တယ်။ အဲဒီလိုနာမည်ကျသွားတဲ့အချိန် သူ့နာမည်သူပြန်ရှာဖို့ ဦးနှောက်နဲ့ချိတ်ဆက်ကစားရတဲ့ ဂိမ်းကို Live ကစားပြပြီး နာမည်ပြန်ရှာဖို့လုပ်တယ်။ ထူးတာက အဲဒီဂိမ်းက လူ့မှတ်ဉာဏ်တွေထဲကနေ ရှိနေတဲ့ထရော်မာတွေ အကြောက်တရားတွေကို ပြန်ရင်ဆိုင်ခိုင်းတာဖြစ်ပြီး အဲဒီအကြောက်တရားတွေကို ကျော်လွှားနိုင်မှပဲ အဲဒီဂိမ်းကို နိုင်မှာပါ။ ဒီလိုနဲ့ Streamer မလေးဟာ သူ့အတိတ်ကို သူပြန်ရင်ဆိုင်ရဖို့ဖြစ်လာတယ်။ သူ့အတိတ်မှာ သူဝှက်ထားတဲ့ အကြောက်တရားနဲ့ ပြန်ရင်ဆိုင်ရဖို့ဖြစ်လာတယ်။ ဘယ်လိုကျော်လွှားမလဲတော့ ကြည့်ကြပေါ့။ ဂိမ်းကိုသုံးပြီး အနာဂတ်ကို အခြေပြုထားပေမဲ့ တကယ်တမ်း ဒီအပိုင်းက မြင်နေကျ ကိုရီးယားဇာတ်လမ်းတွဲတွေထဲက ကျောင်းတွင်းအနိုင်ကျင့်တဲ့ ဇာတ်အရသာမျိုး ပိုထွက်ပါတယ်။ အစပ်အဟပ်အသစ်လေးနဲ့ မြည်းကြည့်လိုက်ကြပါ။


Episode 07: Love Virtually

Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

ဒီအပိုင်းကတော့ မင်းသားရော မင်းသမီးရော နာမည်ကြီးတွေ သုံးထားတယ်။ Choi Siwon နဲ့ Uee ပေါ့။ ဇာတ်လမ်းလည်း တော်တော်လေးမဆိုးဘူး။ အနာဂတ်ကို ဦးတည်တာလည်း အနာဂတ်ကို ဦးတည်တာ ပီသတယ်။ ပြောရရင် အနာဂတ်အချစ်ရေးအစစ်လို့ ခံစားရတယ်။ အနာဂတ်မှာ လူတွေက ခွဲစိတ်ပြုပြင်မှုတွေလုပ်ပြီး ရုပ်တွေလှလာကြတယ်။ ပြဿနာက အဲဒီလိုပြင်ထားတဲ့ ရုပ်တွေက တစ်ရုပ်နဲ့တစ်ရုပ် တူနေတတ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းတာတွေဖြစ်လာတယ်။ ဒီလိုနဲ့ အွန်လိုင်းဒိတ်တင် App မှာ ကိုယ့်ရုပ်အဟောင်းကိုသုံးပြီး ဒိတ်ရင်း ကြိုက်ရင်း ချစ်ရင်း ကိုယ့်ရုပ်အသစ် လက်ရှိရုပ်နဲ့ အပြင်မှာ အတွေ့မခံရဲတဲ့အထိဖြစ်လာကြတယ်။ အွန်လိုင်းဒိတ်တင်အက်ပ်ဆိုပေမဲ့ ထူးတာက သူက VR သဘောမျိုးနဲ့သွားပြီး တကယ်ဖက်ရတာ နမ်းရတာတွေအထိပါ ခံစားလို့ရတယ်။ ဆိုတော့ အပြင်မှာ မတွေ့ချင်တဲ့ ရာနှုန်းကလည်း ပိုများလာတယ်။ ဆာဗာခဏလေးကျသွားရင်တောင် အကုန်ဝိုင်းဆန္ဒသွားပြတဲ့အထိ လူတွေက အဲဒီအက်ပ်ကို စွဲလမ်းလာကြတယ်။ လက်ရှိအွန်လိုင်းအချစ်တွေထက် တစ်ဆင့်မြင့်ပြီး ခပ်ဆင်ဆင်လို့တောင်ပြောရမလိုလိုပဲ။ ဒါပေမဲ့ ဒီလိုအချစ်က စစ်လားမစစ်လား… ဒီတိုင်းပဲအဆင်ပြေသလား… ကိုယ့်ပုံစံအမှန်ကို ထုတ်ပြသင့်လား… ဘာလား ချစ်သူနှစ်ယောက်ကြား မေးခွန်းတွေ ထုတ်စရာဖြစ်လာတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအကြောင်းပေါ့။ မင်းသားမင်းသမီးကောင်းသလို ဇာတ်လမ်းလည်းကောင်းတာပါပဲ။ အနာဂတ်ကို ဦးတည်ပြီး အဆင့်မြင့်နည်းပညာတွေနဲ့ ဒိတ်တဲ့ အချက်ကိုဖယ်လိုက်ရင် အကြောင်းအရာကတော့ လက်ရှိတော်တော်ဆန်ပါတယ်။


Episode 08: Empty Body

Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတာက ဘဝမှာ နာကျင်စရာအကောင်းဆုံး ကိစ္စတစ်ခုဖြစ်ပါလိမ့်မယ်။ အဲဒီလူကို ပြန်ရယူနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားမိကြမှာပါပဲ။ ဒါပေမဲ့လည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ထွက်သွားခဲ့တဲ့သူကို အတင်းမရမက ဆွဲခေါ်ထားဖို့ ကြိုးစားနေတာကတော့ ကိုယ့်အတွက် နာကျင်မှုပိုဖြစ်သလို ထွက်ခွာသွားသူအတွက်လည်း အတင်းဆွဲခေါ်ထားတဲ့အတွက် မတရားသလိုဖြစ်မှာပေါ့။
လေးက မြားကို ပြောတယ်… “သင့်ရဲ့ လွတ်လပ်ခြင်းက ကျွန်ုပ်ရဲ့ လွတ်လပ်ခြင်းပါပဲတဲ့”
တစ်ခါတလေမှာတော့ လက်လွှတ်ပေးလိုက်တာက အကောင်းဆုံးပါပဲ။


(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ 666 နဲ့ W ပဲဖြစ်ပါတယ်)

Size ~ 850MB+
Total – 8 Episodes
Quality – 1080p
Duration ~ 50min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Action, Comedy, Drama, Sci-fi
Source : AMZN.Web-dl.1080p
Translator – 666, W
Encoder – Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On,
Release Year
Firt air date
Last air date2020-10-09
TypeScripted
Episode runtime50 min
Popularity8.32
TV StatusEnded

Seasons and episodes

No data available


Videos

Comments