Channel Myanmar

You Benchang

Blossoms Shanghai ( 2023 ) 9.2
Blossoms Shanghai ( 2023 ) 19 ရာစုနောက်ပိုင်းက ရှန်ဟိုင်းမြို့ရဲ့စီးပွားရေးအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Jin Yucheng ရဲ့အမည်တူ၀တ္ထုကိုအခြေခံပြီးရိုက်ကူးထားပြီးတော့ 2019တုန်းက ဟောင်ကောင်ဇာတ်ညွန်းရေးဆရာကြီးရဲ့ပွဲစဉ်ကနေတစ်ဆင့် ရိုက်ကူးမယ်လို့အရိပ်အမြွက်ပြပြီးလေးနှစ်အကြာမှာတော့ Blossoms Shanghaiခေါင်းစဉ်နဲ့ဇာတ်လမ်း‌တွဲဟာ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ 19ရာစုနှောင်းပိုင်းမှာ စီးပွားရေးကိုစိတ်၀င်စားသူအားပေါင်ဟာ စီးပွားရေးလုပ်ငန်းတစ်ဦးကို စတင်တည်ထောင်ချင်တာကြောင့် သူ့ရဲ့ဦးလေးတဖြစ် ဆရာတဖြစ်သူကိုလာရှာပြီး အတူပူးပေါင်းလုပ်ဆောင်ဖို့ တောင်းဆိုပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းအစမှာတော့ အားပေါင်က ဘာငွေမှမရှိတဲ့လူမွဲအနေနဲ့စရမှာပေါ့။ နောက်ပိုင်း အားပေါင်က ယုံကြည်ရတဲ့သူတစ်ယောက်ဆိုတာ သက်သေပြအပြီးမှာ သူနဲ့သူ့ဦးလေးဟာ အချင်းချင်းသဘောတူကြကာ စီးပွားရေးတစ်ခုကိုစလုပ်ပါတော့တယ်။သူ့ဦးလေးရဲ့ရှေ့ဆောင်လမ်းပြမှုတွေနဲ့အတူ အားပေါင်ဟာ ရှန်ဟိုင်းကစီးပွားရေးလောကမှာ အတုမရှိအာဏာပါဝါအကြီးဆုံး နံပါတ်တစ်သူဌေးပေါင် ဖြစ်လာပါတော့တယ်။ တိုးတက်ကြီးပွားလာတာနဲ့အမျှ ရန်သူတွေပေါများလာတာကြောင့် သူဌေးပေါင် စီးပွားရေးလောကထဲကရန်သူတွေကို ရင်ဆိုင်ဖြေရှင်းပုံတွေနဲ့ ‌ စတော့ဈေးကွက်တွေကို ဘယ်လိုလှလှပပကစားသွားလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်==============================Quality : WEB-DL 1080p , 720p Total Episodes : 30 Format : mp4 Genres : Drama , Family Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Thet ...
9.2
TMDb: 9.2/10 4 votes
tv

Blossoms Shanghai ( 2023 )

2023
Thank You, Doctor (2022)
Thank You, Doctor (2022) ကိုယ်ကျိုးကို စွန့်လွှတ်ပြီး စွန့်စား အနစ်နာခံကာလူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးတဲ့သူတွေကတော့ ဆရာဝန်တွေပါ။ဒီဇာတ်ကားလေးကတော့ ဂျူတီကုတ်အဖြူရောင်နဲ့လိုက်ဖက်ညီစွာ စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီးလူနာတိုင်းရဲ့ အသက်ကို မခွဲခြားဘဲကယ်တင်ပေးကြတဲ့ဆရာဝန်တွေရဲ့အကြောင်းကိုရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ပြည်ပကနေ ပြန်ရောက်လာပြီးTongshan ဆေးရုံ EICU ဌာနမှာ တာဝန်ကျတဲ့စမတ်ကျကျ ထက်မြက်သူ ဆရာဝန်မလေး Xiao Yan(Yang Mi)။သူမဟာ ချစ်ရသူ ဆုံးရှုးရတဲ့ဝေဒနာကို သိမ်းဆည်းထားရင်းပတ်ဝန်းကျင်ကလူတွေနဲ့ တံတိုင်းခြားပြီး နေပေမဲ့ခွဲစိတ်ခုံပေါ်မှာတော့ အပြစ်ဆိုစရာမရှိတိကျသေသပ်မှုတွေကြောင့် အသိအမှတ်ပြုခံရသူတစ်ယောက်ပါ။EICU ဌာနမှာ အထက်စီးဆန်ဆန်နေတတ်တဲ့သမားတော် Bai Shu(Bai Yu) နဲ့ တွေ့ဆုံတဲ့အချိန်သူတိုနှစ်ယောက် စိတ်သဘောထားမတိုက်ဆိုင်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ဒါပေမဲ့ လူနာတွေရဲ့အသက်ကို ရှေ့တန်းတင် ကယ်တင်ပေးတဲ့ခံယူချက်တူညီနေတဲ့အခါ အတူတာဝန်ထမ်းဆောင်ရင်းတစ်စတစ်စ နီးကပ်လာတဲ့အခါမှာတော့...တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ရင်းနှစ်ယောက်ကြားက တံတိုင်းဟာ တဖြည်းဖြည်း ကွယ်ပျောက်သွားမှာလား?ဆရာဝန်တွေရဲ့ ကိုယ်ကျိုးစွန့်ပြီး အားမာန်အပြည့်ကြိုးပမ်းမှု,ခံယူချက်တွေ၊ လူနာတစ်ယောက်ချင်းစီနဲ့လှပတဲ့ဇာတ်လမ်းတွေကိုကြည့်ရှုရမှာမို CM ပရိသတ်တိုအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ (အညွှန်းရေးသားထားသူကတော့ Chan Mya Mya Thein ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal ...

Thank You, Doctor (2022)