19 ရာစုနောက်ပိုင်းက ရှန်ဟိုင်းမြို့ရဲ့စီးပွားရေးအကြောင်းကို
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
Jin Yucheng ရဲ့အမည်တူ၀တ္ထုကိုအခြေခံပြီးရိုက်ကူးထားပြီးတော့ 2019တုန်းက
ဟောင်ကောင်ဇာတ်ညွန်းရေးဆရာကြီးရဲ့ပွဲစဉ်ကနေတစ်ဆင့်
ရိုက်ကူးမယ်လို့အရိပ်အမြွက်ပြပြီးလေးနှစ်အကြာမှာတော့
Blossoms Shanghaiခေါင်းစဉ်နဲ့ဇာတ်လမ်းတွဲဟာ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ 19ရာစုနှောင်းပိုင်းမှာ စီးပွားရေးကိုစိတ်၀င်စားသူအားပေါင်ဟာ
စီးပွားရေးလုပ်ငန်းတစ်ဦးကို စတင်တည်ထောင်ချင်တာကြောင့် သူ့ရဲ့ဦးလေးတဖြစ်
ဆရာတဖြစ်သူကိုလာရှာပြီး အတူပူးပေါင်းလုပ်ဆောင်ဖို့ တောင်းဆိုပါတော့တယ်။
ဒါပေမဲ့ ဇာတ်လမ်းအစမှာတော့ အားပေါင်က ဘာငွေမှမရှိတဲ့လူမွဲအနေနဲ့စရမှာပေါ့။
နောက်ပိုင်း အားပေါင်က ယုံကြည်ရတဲ့သူတစ်ယောက်ဆိုတာ သက်သေပြအပြီးမှာ
သူနဲ့သူ့ဦးလေးဟာ အချင်းချင်းသဘောတူကြကာ စီးပွားရေးတစ်ခုကိုစလုပ်ပါတော့တယ်။
သူ့ဦးလေးရဲ့ရှေ့ဆောင်လမ်းပြမှုတွေနဲ့အတူ အားပေါင်ဟာ ရှန်ဟိုင်းကစီးပွားရေးလောကမှာ
အတုမရှိအာဏာပါဝါအကြီးဆုံး နံပါတ်တစ်သူဌေးပေါင် ဖြစ်လာပါတော့တယ်။
တိုးတက်ကြီးပွားလာတာနဲ့အမျှ ရန်သူတွေပေါများလာတာကြောင့် သူဌေးပေါင်
စီးပွားရေးလောကထဲကရန်သူတွေကို ရင်ဆိုင်ဖြေရှင်းပုံတွေနဲ့
စတော့ဈေးကွက်တွေကို ဘယ်လိုလှလှပပကစားသွားလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်
==============================
Quality : WEB-DL 1080p , 720p
Total Episodes : 30
Format : mp4
Genres : Drama , Family
Runtime : 45 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Thet Yu Aung
Encoded by LK
==============================
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။