Channel Myanmar

Yuan Wenkang

Blossoms Shanghai ( 2023 ) 9.2
Blossoms Shanghai ( 2023 ) 19 ရာစုနောက်ပိုင်းက ရှန်ဟိုင်းမြို့ရဲ့စီးပွားရေးအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Jin Yucheng ရဲ့အမည်တူ၀တ္ထုကိုအခြေခံပြီးရိုက်ကူးထားပြီးတော့ 2019တုန်းက ဟောင်ကောင်ဇာတ်ညွန်းရေးဆရာကြီးရဲ့ပွဲစဉ်ကနေတစ်ဆင့် ရိုက်ကူးမယ်လို့အရိပ်အမြွက်ပြပြီးလေးနှစ်အကြာမှာတော့ Blossoms Shanghaiခေါင်းစဉ်နဲ့ဇာတ်လမ်း‌တွဲဟာ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ 19ရာစုနှောင်းပိုင်းမှာ စီးပွားရေးကိုစိတ်၀င်စားသူအားပေါင်ဟာ စီးပွားရေးလုပ်ငန်းတစ်ဦးကို စတင်တည်ထောင်ချင်တာကြောင့် သူ့ရဲ့ဦးလေးတဖြစ် ဆရာတဖြစ်သူကိုလာရှာပြီး အတူပူးပေါင်းလုပ်ဆောင်ဖို့ တောင်းဆိုပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းအစမှာတော့ အားပေါင်က ဘာငွေမှမရှိတဲ့လူမွဲအနေနဲ့စရမှာပေါ့။ နောက်ပိုင်း အားပေါင်က ယုံကြည်ရတဲ့သူတစ်ယောက်ဆိုတာ သက်သေပြအပြီးမှာ သူနဲ့သူ့ဦးလေးဟာ အချင်းချင်းသဘောတူကြကာ စီးပွားရေးတစ်ခုကိုစလုပ်ပါတော့တယ်။သူ့ဦးလေးရဲ့ရှေ့ဆောင်လမ်းပြမှုတွေနဲ့အတူ အားပေါင်ဟာ ရှန်ဟိုင်းကစီးပွားရေးလောကမှာ အတုမရှိအာဏာပါဝါအကြီးဆုံး နံပါတ်တစ်သူဌေးပေါင် ဖြစ်လာပါတော့တယ်။ တိုးတက်ကြီးပွားလာတာနဲ့အမျှ ရန်သူတွေပေါများလာတာကြောင့် သူဌေးပေါင် စီးပွားရေးလောကထဲကရန်သူတွေကို ရင်ဆိုင်ဖြေရှင်းပုံတွေနဲ့ ‌ စတော့ဈေးကွက်တွေကို ဘယ်လိုလှလှပပကစားသွားလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်==============================Quality : WEB-DL 1080p , 720p Total Episodes : 30 Format : mp4 Genres : Drama , Family Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Thet ...
9.2
TMDb: 9.2/10 4 votes
tv

Blossoms Shanghai ( 2023 )

2023
Incomparable Beauty ( 2023 )
Incomparable Beauty ( 2023 ) မပြည့်စုံတဲ့လူငယ်ဘဝမှာ မိသားစုအရေး ဘဝတိုးတက်ရေးအတွက် ကြိုးစားကြရင် ချစ်ခြင်းတွေနဲ့ဘဝရဲ့အဓိပ္ပါယ်ကို ဖော်ဆောင်ကြတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။အသက်နှစ်ဆယ်ကျော်အရွယ်မှာ ရွှီယောက်ဟာစီးပွားရေးလုပ်တာ မအောင်မြင်ပဲ အကြွေးပင်လယ်ဝေခဲ့ပြီး ချစ်သူနဲ့လမ်းခွဲခဲ့ရတယ်။ ချစ်သူရဲ့အကြောင်းပြချက်မရှိစွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ ယွီကျားအိန်ဟာ သူ့ကိုယ်သူလုပ်ငန်းခွင်မှာပဲနှစ်မြှုပ်ထားခဲ့တယ်။အကြောင်းအကြောင်းကြောင့် ဇာတိမြေကိုပြန်လာတဲ့အချိန်မှာ သူတို့နှစ်ယောက်ဟာမထင်မှတ်ပဲပြန်ဆုံတွေ့လိုက်ရတဲ့အချိန်မှာ ဝမ်းနည်းခြင်း၊ မုန်းတီးခြင်းတွေနဲ့ဖြစ်နေကြပေမယ့် အချစ်လက်ကျန်တွေကတော့ ရင်ထဲတစ်နေရာမှာရှိနေကြတုန်းပါပဲ။သူတို့တွေဟာဘဝအခက်အခဲတွေအမျိုးမျိုးကြုံတွေ့ကျော်ဖြတ်ခဲ့ရပြီး ဘဝရဲ့လှပခြင်းတွေကိုပြန်လည်ဖော်ဆောင်နိုင်လာခဲ့ကြတာကို ခံစားကြည့်လိုက်ရအောင်နော်========================Quality : WEB-DL 1080p , 720p Total Episode : 40 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK==========================Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamVidEp 1 ( 1080p ) ...

Incomparable Beauty ( 2023 )

2023
Sunshine by My Side ( 2023 )
Sunshine by My Side ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မင်းသားချောလေး Xiao Zhan ရဲ့ဇာတ်လမ်းအသစ် "Sunshine By My Side" လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဘဝကို ကြိုးစားစွာဖြတ်သန်းနေတဲ့ ဒီဇိုင်နာလေး ရှန့်ယန်နဲ့ ကြော်ငြာလောကမှာ နာမည်ကြီးဒါရိုက်တာဖြစ်သူ ကျန်ပင်းတို့နှစ်ယောက် မတော်တဆတွေ့ဆုံမိပြီးနောက်မှာ အချင်းချင်းထွန်းလင်းပေးပြီး အချင်းချင်းကူညီပေးခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။ရှန့်ယန်ဟာ ကျန်ပင်းရဲ့ထောက်ခံမှုနဲ့ အားပေးမှုကြောင့် အဆက်မပြတ်တိုးတက်လာပြီး လုပ်ငန်းမှာ အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ကျန်ပင်းကလည်း ရှန့်ယန်ရဲ့ ဂရုစိုက်မှုနဲ့ အဖော်ပြုမှုတွေမှတစ်ဆင့် ဘဝနဲ့ အချစ်အပေါ် ယုံကြည်မှုတွေ ပြန်ရခဲ့တဲ့အကြောင်းလေး ဖြစ်ပါတယ်။မမနဲ့မောင်လေးတို့နှစ်ယောက် အလုပ်နဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ ခေတ်ကားဒီဇိုင်းနဲ့ မမြင်ရတာကြာပြီဖြစ်တဲ့ အစ်ကိုရှောင်းကျန့်ရဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲနော်။Episode 1 (720p) - Yoteshin / Usersdrive / MegaUp / StreamVidEpisode 1 (1080p) - Yoteshin / Usersdrive / MegaUp / StreamVid Episode 2 (720p) ...

Sunshine by My Side ( 2023 )

2023
An Oriental Odyssey ( 2018 ) Completed 6
An Oriental Odyssey ( 2018 ) Completed စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်…သူက နည်းနည်း fantasy ပိုင်းသွားလို့ fantasy ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးပေါ့ဇာတ်လမ်းလေးအစမှာ ငယ်ငယ်ရွယ်ရွယ် ချောချောမောမော ငွေကြေးချမ်းသာတဲ့အမတ်တစ်ဦးရဲ့ သမီးယဲ့ယွမ်အန်းက စျေးထဲက ကိုယ့်ကိုယ်ကိုတောင်ဘယ်သူမှန်းမသိတဲ့ အစေခံကောင်လေး မုလဲ့ကို ကယ်လိုက်တယ်။နောက် မုလဲ့ကို အိမ်ခေါ်လာပြီး လူယုံအနေနဲ့ မွေးခဲ့တယ်။ ငွေကြေးချမ်းသာပြီးအထက်တန်းလွှာမှာမွေးဖွားလာပေမယ့် ယွမ်အန်းက ကလေးဆန်ပြီးဂျစ်ကန်ကန်နေတာကလွဲလို့ စိတ်ရင်းကောင်းပြီး မုလဲ့အပေါ် အတော်လေးဂရုစိုက်ရှာတယ်။ ကျောက်လန်ကျီဆိုတဲ့ တည်ကြည်ပြီး ရဲစွမ်းသတ္တိပြည့်ပေမယ့်တစ်ခါတစ်လေ နောက်နောက်ပြောင်ပြောင်နေလေ့ရှိတဲ့ အမှုလိုက်တစ်ယောက်နဲ့ဆုံပြီး မြို့ထဲက ထူးဆန်းတဲ့အမှုတွေကို အတူဖြေရှင်းကြတာပေါ့နောက် မုလဲ့က သူ့သရုပ်မှန်ကို မှတ်မိပြီး တန်ဖိုးကြီးရတနာကိုခိုးပြီးမွေးရပ်မြေကိုပြန်သွားခဲ့တယ်။ မုလဲ့က ဘယ်သူလဲ သူ့သရုပ်မှန်ကဘာဆိုတာကတော့ တစ်ပိုင်းချင်း ကြည့်ပြီး ကိုယ့်ဘာသာ အဖြေဖော်လိုက်ကြပါ….ဒီဇာတ်လမ်းလေးက မပျင်းရသလို ဇာတ်ကွက်ကလည်း မဆိုး သရုပ်ဆောင်နဲ့တင်ဆက်ပုံလေးကကောင်းပြီး ိင်းသားမင်းသမီးတွေကလည်းအချောဆိုတော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးပေါ့။ Total Episodes : 50Quality : WEB-DL 720pFormat: mp4Subtitle ...
6
TMDb: 6/10 15 votes
tv

An Oriental Odyssey ( 2018 ) Completed

2018