Channel Myanmar

Zoe Saldana

From Scratch (2022) Complete 8
From Scratch (2022) Complete From Scratch (2022) Completed Limited Series ~ IMDb - 7.9/10, Rotten Tomatoes - 92% ~ ဒီနှစ်ထဲမှာပဲ Netflix ကတင်ဆက်လိုက်တဲ့ ဒရာမာစီးရီးသစ်ဖြစ်ပြီး နယူးယောက်တိုင်းမ်ရဲ့ရောင်းအားအကောင်းဆုံး ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်အသက်သွင်းထားတာပါ။ IMDb 7.9/10 နဲ့ Rotten Tomatoes က 92% တောင်ပေးထားတဲ့အတွက် အကောင်းဆုံးမဟုတ်ရင်တောင် သာမန်ထက်အများကြီးပိုတဲ့အနေအထားတစ်ခုရှိတယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ အဓိကဇာတ်ဆောင်မင်းသမီးအနေနဲ့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Guardians of the Galaxy ထဲက Gamora အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Zoe Saldaña ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးအကြောင်းကတော့ အီတလီမြေမှာ အနုပညာလေ့လာဖို့ရောက်လာခဲ့တဲ့ ဥပဒေကျောင်းသူလေး အေမီတစ်ယောက် ဖလောရင့်စ်မှာတွေ့တဲ့ စားဖိုမှူးလေးနဲ့ ဘယ်လိုတွေငြိပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာပါပဲ။ ဒီထက်ပိုပြောရရင် Spoiler ဖြစ်မှာမို့ဒီလောက်ပဲပြောပါ့မယ်။ ထူးခြားချက်ကိုပြောရမယ်ဆိုရင် အီတလီမှာရိုက်ထားတဲ့ဇာတ်ဝင်ခန်းတွေက ချက်ချင်းသွားလည်ပစ်ချင်လောက်အောင် တော်တော်လေးကိုမိုက်ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် သာမန်ထက်အများကြီးထူးကဲဖောက်ထွက်နေတဲ့ အချစ်ဇာတ်လမ်းမျိုးမဟုတ်သလို ...
8
TMDb: 8/10 83 votes
tv

From Scratch (2022) Complete

2022
Maya and the Three(2021) Complete 8
Maya and the Three(2021) Complete Maya and the Three (2021)Netflix က ထွက်ရှိလာတဲ့ animation series တစ်ခု တင်ဆက်ပေးချင်ပါတယ်။Animation ဆိုပေမဲ့ ကလေးကြိုက်ဇာတ်လမ်းမျိုးမဟုတ်ဘဲဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာမို့သေချာပေါက် ကြည့်ရှုခံစားသင့်တဲ့ series လေးပါအညွှန်းလေးကို ဆက်လက်ဖတ်ရှုပေးပါဦး။ရှေးလူကြီးတွေ ထားခဲ့တဲ့ ဗျာဒိတ်တော်အရဧရာမလင်းယုန်ကြီးတစ်ကောင်နဲ့ ရဲရင့်သောဂျာဂွာသုံးကောင်သာလူ့လောကကြီးကို ကယ်တင်ဖို့အတွက် အမှောင်နတ်ဘုရားကိုရှင်းလင်းသုတ်သင်နိုင်ပါလိမ့်မယ်တဲ့။တက်ကာပြည်ကြီးရဲ့ မင်းသမီးတစ်ပါးဖြစ်သူ မာယာဟာထိုလင်းယုန်ကြီးအဖြစ် တိုက်ခိုက်နိုင်ဖို့ စစ်သူရဲကောင်းဖြစ်ချင်နေပါတယ်။မင်းသမီးတစ်ပါးလို မပြုမူနိုင်ဘဲ တိုက်ခိုက်ဖို့ကိုသာ စိတ်ပါနေတဲ့အတွက်မင်းသမီးအဖြစ် နန်းတက်ရမဲ့နေ့မှာပဲ မိခင်ဖြစ်သူ ဘုရင်မကြီးနဲ့ကတောက်ကဆဖြစ်ပြီး မတတ်သာတဲ့အဆုံး နန်းတက်ပွဲကို လက်ခံလိုက်ရတယ်။ပွဲတော်ကျင်းပနေတုန်းမှာပဲ အမှောင်မြေအောက်တိုင်းပြည်ကသံတမန်တစ်ယောက်ရောက်ရှိလာပြီးမင်းသမီးကို ခေါ်ဆောင်သွားဖို့ ကြိုးပမ်းပါတော့တယ်။ဒါကို ဘယ်လိုတားဆီးပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့CM ပရိသတ်ကြီးတို့ကိုယ်တိုင် ဆက်လက်ကြည့်ရှုသင့်ပါတယ်။အပိုင်း ၉ ပိုင်း ပါဝင်ပြီး IMDB 8.5 ရရှိထားပါတယ်။လှပ သစ်ဆန်းလှတဲ့ animation ရိုက်ချက်တွေကြောင့်စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်မလွတ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှ ရေးသားထားပါတယ်။ File Size ...
8
TMDb: 8/10 1 votes
tv

Maya and the Three(2021) Complete

2021