Channel Myanmar

Adventure

Island(2022)
Island(2022) Island(2022)****************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံးဒီစီးရီးက မထွက်ခင်ကတည်းက တော်တော်ဟိုက်နေတဲ့အထဲပါတယ်...နတ်ဆိုးတွေ စူပါပါဝါတွေအပြင် ခပ်ဆန်းဆန်း ဇာတ်အိမ်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေကြောင့်ဆိုလည်းမမှားပါဘူး...ဇာတ်လမ်းတွဲက ခေါင်းစဉ်အတိုင်း ကျွန်းတစ်ကျွန်းကိုအခြေခံထားပါတယ်..ဒီကျွန်းမှာ အံဖွယ်ဖြစ်ရပ်များစွာရှိပြီး သာမန်လူတွေယုံဖို့ခက်ခဲတဲ့ဖြစ်ရပ်ဆန်းတွေရှိတယ်...အားလုံးတိမ်ကောနေပြီလို့ထင်ထားတဲ့ နတ်ဆိုးတွေကိုလူတစ်စုဟာ မတော်တဆ သွားနှိုးလိုက်သလိုဖြစ်သွားပြီးတဲ့နောက်မှာတော့..နတ်ဆိုးတွေပြန်လည်ရှင်သန်နိုးထလာခဲ့တယ်..အဲ့ဒီနောက်မှာတော့ လူသားတွေကို သိမ်းပိုက်ဖို့နဲ့နတ်ဆိုးတွေလောကကြီးကိုအုပ်စိုးဖို့ ဘာမဆိုလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့...စွမ်းအားရှင်တွေ ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုတော့... Episodes: 12File Size:1.1GB, 500MBQuality :Web-DL AMZN 1080p,720PGenres: Sci-Fi & Fantasy, Action & Adventure, DramaTranslated by  Estel, Thynn ,Hae Areum  & MiriEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •   Mega.NZ     •  StreamVID[1080p]  ...

Island(2022)

2022
La Révolution (2020) 6.6
La Révolution (2020) La Révolution (2020) ================ IMDb Rating - 6.6/101787 ခုနှစ်မှာ ပြင်သစ်ပြည်ကြီးဟာ ဝါးအစည်းပြေသလို ဖရိုဖရဲနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေပါတယ်။ အောက်ခြေ လူတန်း စားတွေက ငတ်မွတ်ခေါင်းပါးပြီး ဆင်းရဲမွဲတေနေသလောက် အာဏာပိုင်တွေကတော့ အဓိပ္ပာယ်မရှိတဲ့ အခွန်အတုတ်တွေ ကောက်ပြီး ပျော်ပါးနေကြတဲ့ ကာလပါ။အဲဒီလို အချိန်ကာလမှာ မွန်တာဇင်းနယ်မြေမှာ ရေဗက္ကာဆိုတဲ့ ဆင်းရဲသားမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အာဏာပိုင်တွေကတော့ တိုင်းတစ်ပါးသား ကလေကချေ အိုးမဲ့ အိမ်မဲ့ တစ်ယောက်က သတ်သွားတာလို့ ဝါဒဖြန့်ပြီး အိုကာဆိုတဲ့ အိမ်ခြေရာမဲ့ကို ကြိုးပေးဖို့ ပြင်ပါတော့တယ်။ ဒါပေမဲ့ အိုကာရဲ့ အကျဉ်းထောင် တာဝန်ခံဆရာဝန် ဂျိုးဆက်က အိုကာ့မှာ အပြစ် မရှိဘူးလို့ ယုံကြည်ပြီး လူသတ်သမား အစစ်ကို ရှာဖွေဖို့ ကြိုးစား ရင်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ပိုး တစ်ခုကို တွေ့ရှိသွားတဲ့နောက်မှာတော့…၁၈ ရာစု ပြင်သစ်တော်လှန်ရေးကြီး မဖြစ်ခင်ကာလကို သဘာ ဝလွန် အဖြစ်အပျက်တွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထား တာပါ။ ဖြစ်ရပ်မှန်နဲ့ fantasy ကို ရောသမမွှေလိုက်ရင် ...
6.6
TMDb: 6.6/10 5900 votes
tv

La Révolution (2020)

2020
Dragons: The Nine Realms – Season (01)(02)(03)(04) 5.6
Dragons: The Nine Realms – Season (01)(02)(03)(04) Dragons: The Nine Realms - Season (01)(02)(03)(04) =====================================ကလေးဘ၀ကအရမ်းကြိုက်ခဲ့ကြတဲ့ How to train your dragon Trilogy လိုပါပဲ၊ ဒါပေမဲ့ ဒီစီးရီးက DreamWorks ရဲ့ လက်ရာမဟုတ်ပေမယ့် Hulu က အကောင်းဆုံးရိုက်ပြထားပြီး စီစန် 4 ခုထိထွက်ရှိထားတာမို့ တစ်၀ကြီးကြည့်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1300 ကျော်က ဗိုက်ကင်းနဲ့ နဂါးတွေ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ How To Train Your Dragon Animation တွေ ဟာ ဒီထဲမှာတော့ ဒဏ္ဍာရီသက်သက်ဖြစ်သွားပါပြီ။ အိုလီဗီယာ နဲ့ သောမတ်စ် ကလာဆန်ဆိုတဲ့ သားအမိက မီးတောင်ချောက်ကြီး တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲ့ဒီနေရာမှာ သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့ ရက်ခ်‌ခရော့ကော်ပိုရေးရှင်းအဖွဲ့သားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီတွေရ အဲ့ဒီချောက်ကြီးဟာ နဂါးတွေကျက်စားခဲ့သလို သော မတ်စ်ဟာ ဗိုက်ကင်းမျိူးနွယ်ကဆင်းသက်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ကလေးသဘာ၀ စူးစမ်းလိုတဲ့ သောမတ်စ်ဟာ တစ်နေ့ ချောက်ထဲဆင်းရင်း Night Fury. မျိုးစိတ် လျှပ်စီးနဂါးတစ်ကောင်‌နဲ့ တွေ့ရှိခင်မင်သွားပါတယ်။ အဲ့ဒီနဂါးနဲ့လျှောက်သွားရင်း ...
5.6
TMDb: 5.6/10 1622 votes
tv

Dragons: The Nine Realms – Season (01)(02)(03)(04)

2021
Naxalbari (2020) Complete 6
Naxalbari (2020) Complete Naxalbari (2020) Action, Crime, Thriller IMDb 7.1/10 (4.7K)အခုတစ်ခါတင်ဆက်ပေးမယ့် စီးရီးလေးကလည်း Court Martial မင်းသား ရာဂျစ်ခန်ဒေးဝါးရဲ့စီးရီးလေးပဲဖြစ်ပါတယ်။တောတွင်းတစ်နေရာမှာ သတ္တုတွင်းစက်ရုံတည်ဆောက်ဖို့အတွက် ကုမ္ပဏီတစ်ခုက ကြိုးစားနေပါတယ်။ဒါပေမဲ့ ဒေသခံတွေက အဲ့ဒီစက်ရုံကို ကန့်ကွက်နေကြတယ်။အဲ့ဒီဒေသသူပုန်တွေကလည်း သူတို့နယ်မြေကို အပါမခံနိုင်တဲ့အတွက် တော်လှန်ရေးတွေ လုပ်ကြတယ်။ လူထုထဲမှာ သူတို့ရဲ့သူလျှိုတွေကို ထည့်ထားတယ်။ ဒီသူပုန်ဂိုဏ်းကို ထိပ်တန်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ရာဟက်ကို ဖြိုခွင်းဖို့ တာဝန်ပေးလာတဲ့အခါမှာတော့...။သူပုန်တွေရဲ့သူလျှိုတွေက ရဲအရာရှိရာဟက်ဆီကို ဘယ်လိုချဉ်းကပ်လာမလဲ။ရာဟက်က သစ်တောထဲက သူပုန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ။ သူ့ရဲ့အနီးဆုံးရန်သူက ဘယ်သူဖြစ်လာမလဲ။သူပုန်တွေကို လျှို့ဝှက်ထောက်ပံ့ပေးနေတဲ့သူတွေကရော ဘယ်သူတွေဖြစ်နေမလဲဆိုတဲ့ လှည့်ကွက်ပေါင်းများစွာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် စီးရီးတွဲလေးပဲဖြစ်ပါတယ်။File Size – 500MB/ 200MBQuality – 1080p Zee5 WEB DL / 720pDuration – minute (@Episode)Total Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
6
TMDb: 6/10 1 votes
tv

Naxalbari (2020) Complete

2020
Jeet Ki Zid (2021)Complete 6.5
Jeet Ki Zid (2021)Complete Jeet Ki Zid (2021) Action, Drama IMDb 8.3/10 (2.5K)ဒီဇာတ်လမ်းတွဲလေးကတော့ အိန္ဒိယနိုင်ငံတော်စစ်တပ်ရဲ့အထူးတပ်ဖွဲ့စစ်သားတစ်ယောက်ဖြစ်တဲ့ ဒီပ်ဆင်းဆန်ဂရ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးတင်ဆင်ထားတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ဒီပ်ဟာ ငယ်စဉ်ကတည်းက အားနည်းတယ်။ ဒါပေမဲ့ ခေါင်းမာတယ်။ သူဖြစ်ချင်တာကို ရအောင်လုပ်တတ်တယ် မှန်တယ်ထင်ရင် စွန့်စားတယ်။ငယ်ငယ်က အစ်ကိုဖြစ်သူကို ကက်ရှမီးဒေသက အကြမ်းဖက်သမားတွေ ဖမ်းသွားလို့ လက်စားချေဖို့ တပ်ထဲဝင်လာတယ်။တပ်ထဲဝင်လာတော့လည်း လူအများမလုပ်နိုင်တဲ့ စံချိန်တွေ ချိုးတယ်။ စစ်မြေပြင်အတွင်းမှာဆိုရင်လည်း အထက်အမိန့်မကြည့်ဘဲ အခြေအနေအချိန်အခါကို တွက်ဆပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းတယ်။ဒီလိုစစ်သားတစ်ယောက်ရဲ့စစ်မြေပြင်မြင်ကွင်းတွေအပြင် ဘဝရဲ့အနိမ့်အကျအလှည့်အပြောင်းတွေမှာလည်း သူ ဘယ်လိုရုန်းကန်နေထိုင်သွားမလဲဆိုတာကို ဒီဇာတ်လမ်းတွဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။File Size – 700MB / 400MBQuality – 1080p Zee5 WEB DL / 720pDuration – 40minsTotal Episodes: 7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & ...
6.5
TMDb: 6.5/10 2 votes
tv

Jeet Ki Zid (2021)Complete

2021
The Knockout (2023) 8.167
The Knockout (2023) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မှာတော့အက်ရှင်၊ ဒရမ်မာ၊ မှုခင်းရသမျိုးစုံ ကိုခံစားကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ဒီဇာတ်ကားမှာတော့ ကျင်းဟိုင်မြိုရဲ့ ရှေ့တန်းရာဇဝတ်မှုခင်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အန်းရှင်းတစ်ယောက်သူ့မြိုက လူဆိုးလူမိုက်တွေရဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်ချစားမှုတွေနဲ့ပဲတစ်ချိန်လုံးရင်ဆိုင်နေရပေမယ့် ဘယ်တုန်းကမှအနိုင်မရခဲ့ပါဘူး။ဒါကြောင့်မို လင်ကျန်း ပြည်နယ်စုက အမျိုးသားအဆင့်နိုင်ငံရေးနဲ့ဥပဒေရေးရာပညာပေးပြုပြင်မွန်းမံမှုတွေ သင်ယူထားတဲ့သူတွေကို ကျင်းဟိုင်ကိုစေလွှတ်ပြီးကျင်းဟိုင်ကဥပဒေရေးရာအဖွဲစည်းတွေနဲ့ ပူးပေါင်း ပြီးတဲ့နောက် ဘယ်တုန်းကမှတရားမျှတမှုရအောင်မလုပ်နိုင်ခဲ့တဲ့ ရာဇဝတ်မှု၊ အကျင့်ပျက်ချစား မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတာတွေ...အဲ့ဒီအခါ ကျင်းဟိုင်မှာ နှစ်အတော်ကြာအုပ်စိုးပြီး ဥပဒေကိုသူတိုလက်ခုပ်ထဲကရေလိုကျင့်သုံးနေကြတဲ့လူဆိုးဂိုဏ်းတွေရဲ့အရှိန်ဝါက ဘယ်လိုမျိုးကျဆင်းသွားမလဲဆိုတာတွေ… ကိုCM ပရိသတ်တွေအနေနဲ့ ရင်ခုန်ခံစားကြည့်ရှုနိုင်ဖိုအတွက် တင်ဆက်လိုက်ရပါတယ်နော်သရုပ်ဆောင်တွေကတော့ CM ကနေတင်ဆက်ပေးဖူးတဲ့ Rating အများကြီးရရှိခဲ့တဲ့Operation Red Sea ထဲက မင်းသား Zhang Yi က အန်းရှင်းအဖြစ်သရုပ်ဆောင်ထားပြီးတော့နာမည်ကြီး မင်းသမီးချော Li Yi Tong တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်…(အညွှန်းရေးသားထားသူကတော့ Su Myat Nyut Lin ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : ...
8.167
TMDb: 8.167/10 42 votes
tv

The Knockout (2023)

2023
Extraordinary (2023) Season 01 7.667
Extraordinary (2023) Season 01 Extraordinary (2023) Season 01 Complete ~ IMDb - 8/10, Rotten Tomatoes - 100% ~ ဒီရုပ်ရှင်ဟာ ခင်ဗျားတစ်ခါမှ မမြင်ဖူးတဲ့ စူပါဟီးရိုးလောကအကြောင်းပေါ့။ ဒီကစူပါဟီးရိုးတွေက စူပါဟီးရိုးတွေလို့တော့ပြောရခက်သား။ ဟီးရိုးမဟုတ်တဲ့ စူပါတွေပေါ့။ အများစုကတော့ စူပါငပေါတွေ။ သူတို့လောကမှာ စွမ်းအားတွေက အသက်၁၈ပြည့်ပြီးရင် ပေါ်လာတတ်တယ်။ သူတို့ရတဲ့စွမ်းအားတွေက အသုံးဝင်သလိုလို မဝင်သလိုလိုတွေချည်း။ တစ်ချို့စွမ်းအားတွေဆို ငါ့လခွီးဆိုပြီး အော်မိလောက်အောင် ကကျိုးကကြောင်နိုင်တယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျန်ဆိုတဲ့ ကောင်မလေးက အလုပ်အင်တာဗျူးသွားလျှောက်တယ်။ ကံဆိုးချင်တော့ သူ့ကိုအင်တာဗျူးမယ့်လူရဲ့ စွမ်းအားက တစ်ဖက်လူကို အမှန်တွေချည်းပြောအောင်လုပ်တာဖြစ်နေတယ်။ ဒီတော့ အင်တာဗျူးမှာ ဂျန်က ညက တစ်ကိုယ်ရေဘာညာနေလို့ အိပ်ယာဝင်တာနောက်ကျသွားကြောင်းကနေ အစချီပြီး ဗရုတ်ဗရက်တွေ ပြောမိရှာပါလေရော။ ဒီလိုနဲ့ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ပြီး ဂျန်အိမ်ကိုပြန်လာခဲ့ရတယ်။ ဂျန်က ကယ်ရီနဲ့ ကတ်ဆိုတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူနေတာ။ သူတို့လည်း ...
7.667
TMDb: 7.667/10 18 votes
tv

Extraordinary (2023) Season 01

2023
National Treasure: Edge of History (2022) Season 01 (Complete) 7.6
National Treasure: Edge of History (2022) Season 01 (Complete) National Treasure: Edge of History (2022) Season 01 Complete National Treasure နှစ်ကားဟာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက လူတိုင်းကြိုက်ခဲ့ကြတဲ့ ပြန်ကြည့်တိုင်းလည်း ကြည့်ကောင်းနေတဲ့ ဇာတ်ကားတွေလို့ ပြောရင် လွန်ရာကျမယ်မထင်ဘူး။ နစ်ကေ့ကြီးရဲ့ ရွှေခေတ်စာရင်းလည်း ဝင်တဲ့ကားတွေလို့ ပြောရမှာပဲ။ ရတနာရှာတဲ့ကားတွေ ရှေးဟောင်းသုတေသနကားတွေ ဖောချင်းသောချင်းရှိပေမဲ့ ဒီထဲကမှ အကောင်းဆုံး ၂ခုကိုရွေးပြဆို အင်ဒီယာနာဂျုံးစ်နဲ့ ဒီ National Treasure ကိုပဲ ရွေးကြရမှာမလား။ အင်ဒီနဲ့မတူတာကတော့ ဒီကောင်က ဖောက်ပြီးရင် သူလည်း အကျိုးအမြတ်နည်းနည်းတော့ရသေးသလို နိုင်ငံတော်ပိုင်လည်း အသိမ်းခံရသေးသပေါ့။ အင်ဒီယာနာလောက် အက်ရှင်မများပေမဲ့ သမိုင်းနဲ့ချိတ်ဆက်ပြီး ပဟေဠိဖော်တာတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တရိပ်တရိပ်ပြတတ်တယ်။ ဒီလိုပြလို့လည်း ကိုယ်သိပြီးသားအချက်တွေနဲ့ သမိုင်းတွေနဲ့ နောက်ကွယ်က အချက်တွေကြောင့် စိတ်ဝင်တစားပိုဖြစ်ပြီး အားလုံးကို ဆွဲဆောင်ထားနိုင်တာပါပဲ။ National ဆိုတဲ့ နာမည်နဲ့လိုက်အောင်လည်း ကျွန်တော်တို့ရင်းနှီးတဲ့ ...
7.6
TMDb: 7.6/10 5 votes
tv

National Treasure: Edge of History (2022) Season 01 (Complete)

2022
Gannibal(2022) 8.5
Gannibal(2022) Gannibal(2022)****************အပိုင်း ( ၁ မှ ၇ ) ထိ စ/ဆုံးဒီJapanese Horror Thriller seriesဟာဆိုရင် Disney + နဲ့ Huluက ဇာတ်လမ်းတွဲအဖြစ်အသက်သွင်းထားပြီး2020 ခုနှစ်က hitဖြစ်ခဲ့တဲ့ Gannibal Mangaကိုမှီငြမ်းထားတာမလို့မကောင်းမှာတော့ စိတ်မပူနဲ့ဗျ။ ဇာတ်လမ်းအစမှာဆိုရင် သာယာလှပတဲ့ ကူဂဲရွာလေးရဲ့ရဲအရာရှိဟောင်းဟာဆိုရင်တော့ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် ရဲအရာရှိအသစ်အဖြစ် ဒိုင်ဂို အာဂါဝါ ဟာတာဝန်ကျပါတော့တယ်။ရောက်ရှိချိန်မှာ ရွာနယ်ခံတွေက နွေးထွေးစွာကြိုဆိုကြသလို လက်ဆောင်တွေလည်းပေးကြဆိုတော့ပျော်စရာပေါ့..ဒီအပျော်တွေဟာ ရက်ပိုင်းတောင်မခံပါဘူး..ရွာအနီးက တောင်ထိပ်မှာ အဘွားအိုတစ်ဦး ရက်စက်စွာသတ်ဖြတ်ခံထားရတဲ့အပြင်အလောင်းတစ်ဝက်လောက်က သတ္တဝါတစ်ကောင်က စားထားတဲ့ပုံမျိုးတွေ့ရပါတယ်..အဲ့ဒီနောက် ရဲအရာရှိဟာ ဒီကိစ္စကိုဖြေရှင်းဖို့ကြိုးစားပါတော့တယ်..တစ်ပတ်ကိုတစ်ပိုင်းထွက်ရှိမှာဖြစ်ပြီး Horror ကားကြိုက်သူတို့မြည်းကြည့်သင့်တယ်..အပိုင်းတစ်မှာတင်ကြွေသွားလိမ့်မယ်..Episodes: 7File Size:815MB, 315MBQuality :Web-DL DNSP 1080p5.1Ch,720PGenres: Horror, Crime, Action & AdventureTranslated by Themes  & KitEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]  ...
8.5
TMDb: 8.5/10 2 votes
tv

Gannibal(2022)

2022
Jaanbaaz Hindustan Ke (2023)
Jaanbaaz Hindustan Ke (2023) Jaanbaaz Hindustan Ke (2023)IMDb-7.3/10အိန္ဒိယမှုခင်းကားတွေကြိုက်တဲ့ပရိသတ်ကြီးအတွက် မှုခင်းစီးရီးကောင်းလေးတစ်လှည့်တင်ဆက်ပေးချင်ပါတယ် အိန္ဒိယကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ချိတ်ဆက်ပုံ တရားခံနဲ့ရဲနဲ့ဉာဏ်ချင်းပြိုင်ကြပုံတွေက အကွက်စေ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် အလုပ်နဲ့မိသားစုရေးရာစတဲ့ ဒရမ်မာတွေပါဖြည့်စွက်တင်ပြထားတာမို့ ရသစုံစွာနဲ့ မပျင်းမရိကြည့်ရှုကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ကာဗီရာအိုင်ယာဆိုတဲ့ ရဲစွမ်းသတ္တိနဲ့ပြည့်၀တဲ့ရဲမေဟာ မစ်ရှင်တွေ စစ်ဆင်ရေးတွေတိုင်းလိုလိုအောင်မြင်ခဲ့သူပါ သူကအလုပ်မှာစိတ်ရောကိုယ်ပါနစ်မြှုပ်ထားလို့ အိမ်ထောင်ရေးပါပြိုကွဲရသည်ထိဖြစ်ခဲ့ပါတယ် ဘယ်လောက်ထိတောင်နှစ်မြှုပ်ထားသလဲဆိုရင် လင်မယားစကားများနေရင်းတောင် အလုပ်အကြောင်းသတိရပြီးထလုပ်တတ်သူပါတစ်နေ့သူဟာအရေးကြီးအမှုတစ်ခုကို ကိုင်တွယ်ရင်း မထင်မှတ်ပဲလွဲချော်သွားပြီး ပြည်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ် အမျိုး‌သမီးတွေရဲ့ စံပြ ရဲဂုဏ်ဆောင် စီလွန်ကျားမလို့ နာမည်ရခဲ့ဖူးတဲ့ ကာဗီရာကို ဒီဖြစ်ရပ်ကြောင့် အားလုံးကိုရွံ့မုန်းကုန်ကြပါတော့တယ် ဒီလောက်ထိတော်တဲ့ရဲက ဘယ်လိုအမှုမို့ ကျရှုံးသွားရတာလဲ အသွေးထဲအသားထဲက ရဲအလုပ်ကိုချစ်မြတ်နိုးနေတဲ့သူဟာ အ‌လျှော့တော့ပေးမှာမဟုတ်ပါဘူး သူဘယ်လိုရင်ဆိုင်ကျော်လွှားဖော်ထုတ်မလဲ တစ်ပိုင်းပြီးတစ်ပိုင်းဆက်တိုက်ကြည့်ချင်လောက်အောင် ဆွဲဆောင်မယ့်ကားဖြစ်ပါတယ်Quality : 1080p AAC5.1CH / 720pTotal Episodes : 8EpsFormat : mp4Genres :Action & Adventure, DramaDuration : 35minSubtitle : Myanmar Subtitle ( Hardsub )Translated by BpL ~ Yunni ~ Sai Thu Rein~ Nyein AyeEncoded by ...

Jaanbaaz Hindustan Ke (2023)

2023
Lockwood & Co. (2023) 8.1
Lockwood & Co. (2023) Lockwood & Co. (2023) ================== IMDb Rating - 8.1/10Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ရှားလော့ဟုမ်းနဲ့ Supernatural ပေါင်းထားသလို စိတ်၀င်စားဖို့ကောင်းတဲ့ Horror ဇာတ်လမ်းတွဲ အသစ်တစ်ပုဒ်လာပါပြီ။ ဒါရိုက်တာ ကလည်း Marvel ရဲ့ Ant-Man , Starwars The last Jedi တို့မှာ ဇာတ်ညွှန်းဆရာဖြစ်ခဲ့တဲ့ Joel Cornish ဖြစ်ပါတယ်။ IMDb မှာလည်း အခုလောလောဆယ်  Rating 8 လောက် ထိရထားပါတယ်။ဇာတ်လမ်းအညွှန်း - ကမ္ဘာကြီးက ပရလောက ကပ်ဆိုက်ပြီး တစ်လောကလုံး သရဲ တွေ ကပ်ရောဂါလိုကြီးစိုးနေတဲ့ခေတ်ပါ။ ဒါပေမယ့် မရီဆာဖစ်စ်နဲ့ တွန်ရော်ဝယ်လ်ဆိုတဲ့ လူနှစ်ယောက်က ဒီကပ်ရောဂါကြီးကို နှိမ် နင်းခဲ့ပြီးနောက်ပိုင်းမှာ ကမ္ဘာအနှံ့ သရဲဖမ်းအေဂျင်စီတွေ မှိုလိုပေါက် လာပါတယ်။ အဲ့ထဲမှာမှ ဖစ်စ်နဲ့တွန်တို့ ဖွင့်ထားတဲ့ အေဂျင်စီက နာမည်အကြီးဆုံးဖြစ်ပါတယ်။နှစ် 50 အကြာမှာ မျိုးဆက်သစ်တွေအဖြစ် ဒီ series ရဲ့ MC တွေ ဖြစ်တဲ့ လူစီကိုင်လာနဲ့ အန်တိုနီလော့ဝုဒ်တို့ပေါ်လာပြီး ...
8.1
TMDb: 8.1/10 81 votes
tv

Lockwood & Co. (2023)

2023
Jhansi (2022) S1+S2 7
Jhansi (2022) S1+S2 တလဲဂူး မင်းသမီးချောလေးတွေ ဖြစ်တဲ့ Anjali, Chandini Chowdhary တို့ ပါဝင်ရိုက်ကူးထားတဲ့ Jhansi စီးရီးလေးအသစ်စက်စက်လေးကတော့ ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ထွက်ရှိလို့လာပါပြီJhansi(ဂျန်စီ) - ကယ်ရာလာမှာနေထိုင်ပြီး အတိတ်မေ့နေတဲ့ ကောင်မလေးတစ်ယောက် တစ်နေ့မှာတော့ ဂျန်စီဟာ ဆန်ကိသ် ရဲ့ သမီးဖြစ်သူ မေဟာကို မတော်တဆမှုတစ်ခုမှာ မမျှော်လင့်ဘဲ ကယ်တင်ပေးလိုက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ဆန်ကိသ်တစ်ယောက်လည်း အတိတ်မေ့နေတဲ့ ဂျန်စီကို ဟိုက်ဒရာဘတ်ထိခေါ်သွားပြီး ဘ၀အသစ် စတင်ခိုင်းခဲ့ပါတယ် ကြာလာတော့ ဆန်ကိသ်နဲ့ ဂျန်စီတို့ မေတ္တာမျှလာပြီး ချစ်သူတွေ ဖြစ်လာကြတယ် ဆန်ကိသ်တစ်ယောက် ချစ်သူဖြစ်သူ ဂျန်စီ အတိတ်ကို ပြန်လည် သတိရလာဖို့ ဦးလေး ဖြစ်သူစီမှာ အိပ်မွေ့ချကုထုံးနဲ့ ကုသခိုင်းခဲ့တယ်။ တစ်နေ့မှာတော့ ကုသမှုခံယူရင်းကနေ ဂျန်စီရဲ့ အမြင်ထဲမှာ သူ့ရဲ့ အတိတ်အကြောင်း တစ်ပိုင်းတစ်စ ပုံပေါ်လာခဲ့တယ် ဂျန်စီ့ရ​ဲ့ အမြင်အာရုံထဲမှာ သူမကို တိုက်ခိုက်ပြီး နှိပ်စက်ခဲ့တာ ဘယ်သူတွေလဲ ... ဘယ်နေရာမှာ တိုက်ခိုက်ခံခဲ့ရတာလဲ ...သူတို့နဲ့ ဂျန်စီ့ကြားမှာ ဘာရန်ငြှိုးတွေ ဆက်စပ်မှုတွေ ...
7
TMDb: 7/10 2 votes
tv

Jhansi (2022) S1+S2

2022
Willow (2022) Season 01 Complete 6
Willow (2022) Season 01 Complete Willow (2022) Season 01 Complete ~ Rotten Tomatoes - 84%, Metacritic - 70% ~ 1988 မှာတုန်းက Star Wars ယူနီ‌ဗာ့စ်ရဲ့ဖခင်ကြီး George Lucas ရဲ့ဇာတ်လမ်းကို Ron Howard ကရိုက်ပြီး မှော် Fantasy ယူနီဗာ့စ်တစ်ခုအ‌နေနဲ့ Willow ဆိုပြီး ရိုက်ခဲ့ပါတယ်။ Warwick Davis, Val Kilmer နဲ့ Joanne Whalley တို့လို Cast အလန်းတွေကိုသုံးပြီးကို ရိုက်ခဲ့တာပါပဲ။ လူပြောသူပြောများလောက်တဲ့ ပေါက်ခဲ့တာတော့မဟုတ်ပေမဲ့ ဆိုးတော့မဆိုးသွားဘူးပြောရမှာပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းဟာ အများကြီးလာဖို့ရှိသေးပေမဲ့ ကလေးလေးမွေးပြီးစမှာတင် ဘာမှဆက်မဖြစ်တော့တာ တော်တော်ကြာသွားပါတယ်။ လူးကတ်စ်ကလည်း ဒီဇာတ်လမ်းကို ဆက်အသက်သွင်းချင်ပါတယ်။ Solo: A Star Wars Story ကားရိုက်ကွင်းကို လူးကတ်စ်သွား‌တော့ Lawrence ...
6
TMDb: 6/10 16 votes
tv

Willow (2022) Season 01 Complete

2022
Vikings: Valhalla – Season(01),(02) 7.2
Vikings: Valhalla – Season(01),(02) Vikings: Valhalla - Season(01),(02) ========================= IMDb Rating - 7.0/10နာမည်ကျော် ဗိုက်ကင်းစီးရီးကြီးကို အတော်များများ ကြည့်ဖူးကြားဖူးမှာပါ။ မကြည့်ဖူးသေးရင်လည်း CM မှာ ဒေါင်းကြည့်လို့ရပါတယ်။ ဒီစီးရီးကတော့ ဗိုက်ကင်းရဲ့အဆက်ပါပဲ။ ဒါပေမဲ့ ဗိုက်ကင်းအဟောင်းတွေကိုမကြည့်ဖူးလည်း ကြည့်လို့ရပါတယ်။ အရင်ခေတ်ရဲ့ နှစ် ၁၀၀ အကြာဇာတ်လမ်းကိုအခြေခံထား လို့ပါပဲ။ ဇာတ်လမ်းရော တိုက်ခိုက်ခန်းတွေရော အကုန် မိုက်ပါတယ်။ ဗိုက်ကင်း တွေဟာ မြောက်ပိုင်းဇာတိကို စွန့်ခွာလာပြီး ဥရောပတလွှားမှာ အခြေချခဲ့ပါပြီ။ အင်္ဂလန်မှာလည်း အများကြီးပါပဲ။ ဒါပေမဲ့ ဥရောပမှာ ဗိုက်ကင်းတွေ အင်အားကြီး လာတာကို မလိုလားတဲ့ အင်္ဂလိပ်ဘုရင် ဒုတိယမြောက် အက်သယ်ရတ်ဟာ အင်္ဂလန်မြေပေါ်က ဗိုက်ကင်းတွေအားလုံးကို မိန်းမကလေးပါမကျန် အလစ်အငိုက် သတ်ပစ်ခဲ့ပါတယ်။ ဒါကို လက်စားချေဖို့ ဒိန်းမတ်ဘုရင်ကနျူ့ဟာ နေရာပေါင်းစုံက ဗိုက်ကင်းတွေကို စုစည်းပြီး အင်္ဂလန်ကို တိုက်ခိုက်ဖို့ စစ်ပြင်ကြတဲ့အခါ....(စုစုပေါင်း 8 ပိုင်းရှိတဲ့ ဒီစီးရီးကို cm မှဆက်တိုက်တင်ဆက်သွားပါမည်။)(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူများကတော့ CM Team ...
7.2
TMDb: 7.2/10 41000 votes
tv

Vikings: Valhalla – Season(01),(02)

2022
The Dragon Prince – Season (01)(02)(03)(04) 8.3
The Dragon Prince – Season (01)(02)(03)(04) The Dragon Prince - Season (01),(02),(03),(04) ================================= IMDb Rating - 8.3/10Rating ကောင်းတွေအများကြီးရထားပြီး Netflix ရဲ့ နာမည်ကြီး အန်နီမေးရှင်းဇာတ်လမ်းတွဲကောင်းလေးတစ်ခုဖြစ်တဲ့ The Dragon Prince ‌ကိုတင်ဆက်ပေးလိုက်ပါတယ်။ဟိုးရှေးရှေးတုန်းက နေ၊လ၊ကြယ်များ၊ကမ္ဘာမြေကြီး၊ကောင်းကင်နှင့် သမုဒ္ဒရာဆိုတဲ့ မူလစွမ်းအင်အရင်းအမြစ်တွေကနေတစ်ဆင့် မှော်ပညာ တွေ ထွန်းကားခဲ့တဲ့ ဇေဒီယာဆိုတဲ့ ကုန်း‌မြေကြီးတစ်ခုရှိသတဲ့။ နောက်တော့ လူသားတွေဟာ ခုနှစ်ခုမြောက်စွမ်းအင်ဖြစ်တဲ့ အမှောင်မှော်ပညာကို ရှာတွေ့သွားပြီး ထိုမှော်ပညာကိုသုံးဖို့အတွက် အဲဒီမှာနေတဲ့ မှော်သတ္တဝါ ကောင်လေးတွေကိုဖမ်းဆီးတာတွေလုပ်တော့ နတ်သူ‌ငယ်တွေနဲ့ နဂါးတွေ ပေါင်းပြီး လူသားတွေကို ဇေဒီယာကနေ နှင်ထုတ်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးဟာလည်းနှစ်ခြမ်းကွဲသွားလေရဲ့ ။နောက်နှစ်ပေါင်းရာစုနှစ်နဲ့ချီကြာပြီးနောက် လူသားတိုင်းပြည်နဲ့ဇေဒီယာ နယ်စပ်ကိုစောင့်ကြပ်နေတဲ့နဂါးကို လူသား‌တွေက အင်အားအလုံးအရင်းနဲ့ သတ်ပစ်လိုက်တယ်။ ဒါနဲ့မလုံလောက်သေးလို့ အဲဒီနဂါးရဲ့ အမွေဆက်ခံသူ လေးလည်းဖြစ် သူ့ရဲ့တစ်ခုတည်းသော နဂါးဥလေးလည်းဖြစ်တဲ့ နဂါးမင်းသား လေးကိုပါ တစ်ပါတည်း တမလွန်ပို့ပေးလိုက်ကြတယ်။ အဲဒါကြောင့် ကမ္ဘာ ကြီးမှာ နတ်သူငယ်တွေနဲ့ လူသားတို့ကြား မီးကုန်ယမ်းကုန်တိုက်ကြမယ့် တိုက်ပွဲကြီးဖြစ်လာမှာမလွဲဧကန်ပါပဲ၊ ကိုင်း ဒီလောက်ဆို ဇာတ်လမ်းနိဒါန်း လေးလည်းသိသွားပြီဆိုတော့ ကိုယ်တိုင်ဆက်လက်ကြည့်ရှုခံစားပေးလိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန် ...
8.3
TMDb: 8.3/10 447 votes
tv

The Dragon Prince – Season (01)(02)(03)(04)

2018
Treason (2022)
Treason (2022) Netflix က အသစ်ထွက်ရှိထားတဲ့ Limited စီးရီးတစ်ခုပါ။ အပိုင်း ၅ ပိုင်းပဲပါပြီး ဇာတ်အိမ်ခိုင်ခိုင် Plot-Twist ခပ်မိုက်မိုက်နဲ့ အ​ငြိမ်ကြည့်ရမယ့် သူလျှို ထောက်လှမ်းရေးစီးရီးပါ။ မင်းသားကိုတော့ မာဗယ်ဖန်တချို့ ရင်းနှီးကြမှာ သေချာပါတယ်။ အမှုတွေကို တရားရုံးကနေရှင်းလို့မရရင် လူကိုယ်တိုင် အိမ်ထိပါ လိုက်ဗျင်းတဲ့ မျက်မမြင်ရှေ့နေကြီး Daredevil (Charlie Cox) ရဲ့ အထာကျကျ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပေါ့ဗျာ။ဇာတ်လမ်းအကျဥ်း နည်းနည်းပြောပြမယ်။ အင်္ဂလန်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MI-6 ရဲ့အကြီးအကဲဟာ စားသောက်ဆိုင်မှာ အမှတ်မထင် အဆိပ်ခတ်ခံလိုက်ရပြီးတော့ သူ့ရဲ့လက်ထောက်ဖြစ်တဲ့သူ အက်ဒမ်လောရန့်စ်(Charlie Cox) က သူ့နေရာကို တာဝန်ယူလိုက်ရတယ်။ တစ်ချိန်တည်းမှာ အင်္ဂလန်နိုင်ငံမှာ ဝန်ကြီးချုပ်အသစ်နေရာအတွက် ရွေးကောက်ပွဲလုပ်နေချိန်ဖြစ်တဲ့အတွက် ထောက်လှမ်းရေးခေါင်းဆောင် အဆိပ်ခတ်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး ရုန့်ရင်းဆန်ခတ်ဖြစ်နေပါလေရော။ တစ်ဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီရာထူး ဒီအနေအထားကို ရောက်လာတဲ့အက်ဒမ်ကို မယုံကြည်ကြတဲ့သူတွေရှိတယ်။ ဒီအထဲမှာ အက်ဒမ့်ကို ရုရှားသတင်းပေးအထင်နဲ့ ...

Treason (2022)

The Silence of the Monster (2022)
The Silence of the Monster (2022) ဒီတစ်ခါ CMကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့လျှိဝှက်ဆန်းကြယ်တဲ့ အတိတ်ကိုပိုင်ဆိုင်ထားတဲ့သော့ဆရာ ဟယ်ချူးဖုန်အဖြစ် Double Love ထဲက မင်းသား Bi Wen Jun (Bevan)တက်ကြွတဲ့ အလုပ်သင်ရှေ့နေမချောချောလေး ဆွေယိအဖြစ် မင်းသမီး Annie Sunရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်ပြီး ရှေးဟောင်းပစ္စည်းကိုစက္ကန့်ပိုင်းအတွင်း တန်ဖိုးဖြတ်နိုင်သူ လော့ပင်းအဖြစ်Shining Just For Youထဲက မင်းသား Zhu Zheng Ting (Jung Jung)လေလံရောင်းချသူဖြစ်ပြီး ရှေးဟောင်းပစ္စည်းတန်းဖိုးဖြတ်ရာတွင်ပါရမီရှင်လေးဖြစ်တဲ့ ဖန်းချီအဖြစ် မင်းသမီး Zhang Bo Jia (Baby Zhang) တိုကအဓိက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ဟယ်ချူးဖုန်နဲ့ လော့ပင်းတို အတူလုပ်ကြတဲ့တရုတ်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကို တစ်နေ့မှာအလုပ်သင်ရှေ့နေမလေး ဆွေယိဟာ ရောက်လာပြီးအကြောင်းကြောင်းကြောင့်အတူတူစုနေဖို ဖြစ်လာကြတယ်…နောက်ကျတော့ လေလံရောင်းချသူ ဖန်းချီဟာလည်းဒဏ်ရာတစ်ခုရလာပြီး ရောက်လာပြန်တယ်အဲ့ဒီအမျိုးသမီး၂ယောက် ရုန်းရင်းဆန်ခတ်ရောက်လာချိန်မှာသူတိုရဲ့ဘဝလည်းဇောက်ထိုးပြောင်းသွားပါလေရောမြင်မြင်ချင်းအချစ် ဘာညာတွေ ဖြစ်ကြမလား မသိဘူပေါ့နော်လူငယ်ပီပီ ဘဝကို တက်တက်ကြွကြွ အတူတူဖြတ်သန်းကြရင်းနောက်ပိုင်းမှာ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲစိတ်ညစ်စရာတွေ ...

The Silence of the Monster (2022)

2022
Valeria – Season (01)(02) 6.5
Valeria – Season (01)(02) Valeria - Season (01)(02) ================= IMDb Rating - 6.5/10ဗလယ်ဒီယားဟာ စာရေးဆရာမ ဖြစ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီး တစ်ယောက်ပါ။ သို့သော် စာရေးဖို့လုပ်တိုင်း ဘာအကြံဉာဏ်မှ ထွက်မလာဘဲ လမ်းဆုံးနေခဲ့ပါတယ်။ ထို့အတွက် သူ့ကိုယ်သူ အားမလို အားမရဖြစ်ပြီး ဝမ်းနည်းနေတဲ့သူပါ။ ထို့အတူ ခင်ပွန်း ဖြစ်သူနဲ့လည်း ပြေလည်လှတယ် မဟုတ်ဘဲ အိမ်ထောင်ရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။အလုပ်မရှိတာလည်း ၄ လကြာမြင့်ပြီမို့ ငွေရေးကြေးရေး ပြဿနာ လည်း ရှိနေပြန်ပါတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း သုံးယောက် ဖြစ်တဲ့ လိုလာ၊ ကာမန်းနဲ့ နေရီယာတို့က သူ့ကို နှစ်သိမ့်ပေးကြပါတော့တယ်။ ဗလယ်ဒီယားတစ်ယောက် ထိုအခက်အခဲတွေကို ဘယ်လိုဖြတ်သန်း မလဲဆိုတာကို ဟာသတွေနဲ့ ကြည့်ရှု့ရမယ့် Netflix ကနေ ထုတ်လွှင့်ခဲ့တဲ့ စပိန်စကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Leonard Lin, Zaw Myo Thu, Roman Nox တို့ဖြစ်ပါတယ်။)File ...
6.5
TMDb: 6.5/10 6000 votes
tv

Valeria – Season (01)(02)

2020
Dragon Age: Absolution (2022) 6.4
Dragon Age: Absolution (2022) Dragon Age: Absolution (2022) ======================= IMDb Rating - 6.4/10ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် Animation Series ကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ရပါတယ်။ မှော်အတတ်တွေ ဂမ္ဘီရသတ္တဝါတွေကြီးစိုးခဲ့တဲ့ ခေတ်ကာလတစ်ခုအကြောင်းသရုပ်ဖော် ထားတဲ့ Fantasy ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရှေးခေတ် Tevinter နိုင်ငံတော်ကြီးမှာ သာမန်လူသားတွေနဲ့အတူ မှော်ဆရာတွေ ဝါဒဖြန့်ဂိုဏ်းတွေ နတ်မိစ္ဆာတွေ နတ်သူငယ်လေးတွေ ပါ အတူယှဉ်တွဲနေထိုင်ကြရာမှာ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။ မှော်အတတ်ကသာအရေးအပါဆုံးဖြစ်နေပြီး တိုင်းပြည် ရဲ့ကာကွယ်စောင့်ရှောက်သူတွေကလည်း မှော်အစွမ်းရှိတဲ့ဘယ်လို ပုဂ္ဂိုလ် ဘယ်လိုသတ္တဝါမျိုးကိုမဆို ပစားပေးထားပြီး မတရားမှုမှန်သမျှ ကိုလည်း မျက်ကွယ်ပြုထားခဲ့ကြပါတယ်။ အထက်ဖားအောက်ဖိစနစ်နဲ့ တိုင်းပြည်မှာကျွန်ပြုခံနေရာကနေ လွတ် မြောက်လာတဲ့ Mirium ဆိုတဲ့ နတ်သူငယ်မလေးကတော့ Tevinter နိုင်ငံအပြင်ဘက်မှာပဲ ကြေးစားလုပ်ကြံသူတစ်ယောက်အနေနဲ့ ဇာတ် မြှုပ်နေထိုင်နေရာ၊ တစ်နေ့မှာတော့ ချစ်သူဟောင်း Hira ရဲ့ကမ်းလှမ်းမှု ကြောင့် လျို့ဝှက်စစ်ဆင်ရေးတစ်ခုကိုလက်ခံလိုက်တဲ့အတွက် Tevinter ကိုပြန်သွားရဖို့ဖြစ်လာခဲ့ပါတယ်။ တန်းတူအခွင့်အရေးမရရှိခဲ့လို့ နေရပ် တိုင်းပြည်ကိုမုန်းတီးနေသူ Mirium တစ်ယောက်.... တိုင်းပြည်ရဲ့မှော်ဝင် ရှေးဟောင်းပစ္စည်းတစ်ခုကို ခိုးယူပေးရဖို့ဖြစ်လာတဲ့အခါ..... ရှေ့ဆက် ရင်ဆိုင်ရမယ့်စွန့်စားခန်းတွေကို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်။)File ...
6.4
TMDb: 6.4/10 2000 votes
tv

Dragon Age: Absolution (2022)

2022