Channel Myanmar

Comedy

I Hate Christmas (2023) Season 1 6.3
I Hate Christmas (2023) Season 1 ဂျာနာက ခရစ်စမတ်ကို အရမ်းမုန်းတယ်။ မိသားစုတွေ ကိုယ်စီ ကိုယ်စီနဲ့ ပျော်ရွှင်နေတဲ့ ခရစ်စမတ် အချိန်အခါက အသက် သုံးဆယ်အရွယ် ရည်းစားမရှိ ကလေးမရှိတဲ့ ဂျာနာလို အပျိုဟိုင်းကြီး အတွက် တကယ့် ငရဲလိုအချိန်ပဲ။ မိုးမိုးရဲ့ သီချင်းလိုမျိုး မိသားစုတွေကလည်း ဒီတသက် မျှော်လင့်ချက် မရှိတော့ဘူးလို့ထင်ကြတယ်။ထီလက်မှတ်ရောင်းတဲ့သူတွေကလည်း သနားကြတယ်။ ထမင်းစားပွဲမှာတောင် ဘက်ပဲ့နေလို့ ကလေးတွေကြားပါ ထိုင်ရတဲ့အထိပဲ။ရည်းစားဟောင်း ဖရန်ချက်စကိုနဲ့ပြတ်ပြီး သုံးနှစ်ဆက်တိုက် ဒီ စိတ်ဒုက္ခကို ခံစားလာရတဲ့ ဂျာနာ တယောက် သည်းမခံနိုင်တော့ပဲ ရည်းစား ရှိတယ်လို့ လိမ်ပြောလိုက်မိတဲ့နောက်မှာတော့ ခရစ်စမတ်အမှီ ရည်းစား ရှာပုံတော်ဖွင့်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဂျာနာ တယောက် သူ့ရဲ့ အချိန်နှောင်းနေတဲ့ အချစ်ရှာပုံတော်ခရီးမှာ ဘာတွေဖြစ်ဦးမှာလဲ။ ဘာတွေ တလွဲဖြစ်ဦးမလဲ။ ခရစ်စမတ်မတိုင်ခင် သူ့ရဲ့ အချစ်စစ် ဘ၀လက်တွဲဖော်ကို ‌ ရှာတွေ့သွားနိုင်ပါ့မလား ဆိုတာကို CM ပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦး‌ခင်ဗျ။Quality : NF WEB DL 1080pTotal Episodes : ...
6.3
TMDb: 6.3/10 45 votes
tv

I Hate Christmas (2023) Season 1

2022
Rurouni Kenshin (2023) Season 1
Rurouni Kenshin (2023) Season 1 IMDb 9.2/10​လေလွင့်ဆာမူရိုင်းကြီးအ​ကြောင်းက​တော့ လူတိုင်းနီးပါးသိပြီးကြ​လောက်ပြီဖြစ်လို့အညွှန်းကိုမ​ရေးခင် ဇာတ်အိမ်အ​ခြေတည်ရာ​ခေတ်ကိုအကြမ်းဖြင်း​ပြောပြချင်ပါတယ်။ဘတိုစိုင်းဘဝက​နေအနားယူပြီး အသွား​ပြောင်းပြန်ဓါးကိုကိုင်ကာ ​လျှောက်သွား​နေတာက မဲဂျီ​ခေတ်ပါ။မဲဂျီ​ခေတ်ဟာ ၁၈၆၈က​နေ ၁၉၁၂အထိ ၄၄ကြာခဲ့ပြီး ဂျပန်နိုင်ငံမှာ ပါလီမန်စနစ်ကိုစတင်ကျင့်သုံးကာ စက်မှု​တော်လှန်​ရေးနဲ့​စစ်တပ်ကိုလည်းခေတ်မီလက်နက်တပ်ဆင်​ရေးကိုအကြီးအကျယ်လုပ်ခဲ့ပါတယ်။မဲဂျီ​ခေတ်မတိုင် အဲဒို​ခေတ်က​တော့ ၁၆၀၃က​နေ ၁၈၆၈အထိနှစ်​ပေါင်း ၂၆၀​လောက်ကြာခဲ့ပြီး အဲဒို​ခေတ်တွင် ရှိုဂန်(စစ်ဘုရင်)များကကြီးစိုးခဲ့ပါတယ်။ မဲဂျီ​ခေတ်မှာ​တော့ ရှိုနန်တို့ရဲ့အာဏာ​လျော့ကျကာ ဧကရာဇ်ဘုရင်ရဲ့အာဏာဟာ ပိုပြီးကြီးမားလာခဲ့ပါတယ်။ မဲဂျီ​ခေတ်မှာ အ​နောက်တိုင်း ပညာရပ်နဲ့ယဥ်​ကျေးမှု​တွေလည်း အကြီးအကျယ်​နေရာယူခဲ့ပြီး ရိုးရာယဥ်​ကျေးမှုနဲ့ဆာမူရိုင်း​တွေအ​ပေါ်မှာပါ အကြီးအကျယ် သက်​ရောက်မှုရှိခဲ့တာ​ကြောင့်ဆိုင်ဂို တာခါမိုလိဦး​ဆောင်တဲ့ ဆာမူရိုင်း​တွေဟာ ဘုရင့်​တော်ဝင်တပ်ကိုပုန်ကန်ခဲ့ကြပါတယ်။ (အဲ့ဒီဇာတ်​ကြောင်းနဲ့ပတ်သတ်ပြီးကြည့်လိုလျှင် မင်းသားTom Cruiseရဲ့ the last samuraiရုပ်ရှင်ကိုကြည့်ပါ)​လေလွင့်ဆာမူရိုင်းကြီးရဲ့ဘတိုစိုင်းဇာတ်​ကောင်စဖြစ်တဲ့​ခေတ်က​တော့ မဲဂျီ​ခေတ်အကူးအ​ပြောင်းကာလ အဲဒို​ခေတ်ပြီးဆုံးခါနီးဘခုမဆွတ်​ခေတ်(1853-1867)ပါ။ဒီဇာတ်လမ်းကြီးကို အဓိကဇာတ်အိမ်တည်ထားတဲ့မဲဂျီ​ခေတ်အ​ပြောင်းအ​ခြေအ​နေပါ။ဇာတ်လမ်းအကျဥ်းက​တော့ ဘခုမဆွတ်​ခေတ်မှာ နာမည်ကြားရုံနဲ့ကြက်သီး​တွေပါထ​စေတဲ့ ဟိတိုခိလိ ဘတိုစိုင်းကြီးတစ်​ယောက်ဇာတ်မြုတ်ပြီး​နောက်ပိုင်းအ​ခြေအ​နေ​တွေကို ရသအစုံအလင်နဲ့ကြည့်ရမှာလို့ပဲ အပျင်းထူစွာနဲ့ အညွှန်း​​ရေးလိုက်ပါတယ်။  File Size –  286MB  @EpisodeQuality –  1080pDuration – 24 minute (@Episode)Total Episodes: ...

Rurouni Kenshin (2023) Season 1

2023
The Adventures of LLeo (2023)
The Adventures of LLeo (2023) The Adventures of LLeo (2023) "လီယို၏ စွန့်စားခန်းများ" IMDb - 8.2/102014ခုနှစ်က ထုတ်လွှင့်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Permanent Roommates(2014)ထဲက လီယိုဆိုတဲ့ သောက်တလွဲဇာတ်ကောင်ကို အဓိကထားပြီး spin-offအနေနဲ့ ရိုက်ကူးထားတဲ့ဟာသဇာတ်လမ်းတွဲဖြစ်ပါတယ်။ Amazon Primeကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်းငါးပိုင်း ပါဝင်ပါတယ်။တလောကမှထွက်ထားတဲ့ သောက်ကြမ်းကြီးလီယိုလို ဒီလီယိုကလည်း သောက်ကြမ်းပဲ။ ဘယ်လောက်ထိကြမ်းလဲဆို ညအိပ်ရင်တောင် တဖက်တချက်စီမှာ စော်လေးငါးဗွေစီနဲ့။ ဒီလောက်က ဘာဟုတ်သေးလဲ၊ မနက်နိုးလာရင်လည်း အရက်အကောင်းစားနဲ့ ပလုတ်ကျင်းပြီး ဒေါ်လာနဲ့ ပါးစပ်သုတ်တဲ့ဘဲ။ဘယ်လိုတွေ ကြိုးစားလို့ ဒီလောက်ချမ်းသာလာရတာလဲဆိုတာကို Forbes Magazineကနေတောင် အင်တာဗျူး လာမေးရတဲ့အထိပဲ။ဆိုးတာက ဖုန်းဆက်ပြီးနှိပ်ခိုင်းတဲ့ လင့်ခ်လေးတစ်ခုကနေ မောင်လီယိုတစ်ယောက် မွဲပြာကျပါလေရော။ ဖုန်းဆက်လိမ်တာတောင် မသိရတဲ့ လီယိုဆိုတဲ့ကောင်က ဘာတွေလုပ်လို့ ဒီလောက်ချမ်းသာရတာလဲ။ တစ်ပြားမကျန်မွဲပြီးတဲ့နောက်ရော လီယိုတစ်ယောက် ဘာတွေဆက်လုပ်ပြီး ဘယ်လိုတွေ ပွေးမလဲဆိုတာကို ရယ်ရင်းပြုံးရင်း ရှူစားတော်မူကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပါပဲ)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...

The Adventures of LLeo (2023)

2023
Shining Vale (2023) Season 02 Complete 8.023
Shining Vale (2023) Season 02 Complete Shining Vale (2023) S02 Complete ~ IMDb - 7/10, Rotten Tomatoes - 71% ~ FRIENDS ထဲက မမ မိုနီကာရဲ့ ရှိုင်းနင်းဗေးလ် ဒုတိယတွဲလာပါပြီ။ ပတ်တစ်ယောက် တစ်မိသားစုလုံးကို(ဂျိတ်နဲ့ ခွေးမပါ) ပုဆိန်နဲ့ လိုက်ခုတ်သတ်ဖို့လုပ်ပြီးတော့ စိတ္တဇဆေးရုံကို ရောက်သွားပြီး ဒီ Season မှာတော့ ဆေးရုံက ဆင်းလာပါပြီ။ ရို့စ်မေရီကို ဆေးရုံက ပတ်ရဲ့ခေါင်းထဲကထွက်သွားအောင် ရှော့တိုက်ထုတ်လိုက်ပါတယ်။ တယ်ရီကတော့ ရထားတဲ့ ဒဏ်ရာတွေကြောင့် ခေါင်းထိပြီး အတိတ်မေ့သွားပါတယ်။ အတိတ်မေ့သွားပြီးတော့မှ သူက ဆေးလိပ်သမားဆိုတာကို ပြန်သတိရသွားပါတယ်တဲ့။ သူ့မိန်းမ ပုဆိန်ရေး ပြသွားတာကိုတော့ သတိမရသေးပါဘူး။ ဂျိတ်ကတော့ ထုံးစံအတိုင်း ကြောင်တောင်တောင်ပါပဲ။ ဒါပေမဲ့ သူတို့ ဘောလုံးအသင်းရဲ့ လာဘ်ကောင်ဖြစ်လာပြီး လူချစ်လူခင်များလာပါတယ်။ ကြောင်တောင်တောင် ဘော်ဒါတွေလည်း ရလာတာပေါ့။ သူ့ရဲ့ VR ထဲက ကလေးမလေးကလည်း ...
8.023
TMDb: 8.023/10 43 votes
tv

Shining Vale (2023) Season 02 Complete

2022
Tatlubaaz (2023) 5
Tatlubaaz (2023) Tatlubaaz (TV Series)(2023) "လူလိမ် ဘူလ်ဘူလ်" IMDb-5.5/10ရုပ်သံဇာတ်လမ်းတွဲ မင်းသားချော Dheeraj Dhooparရဲ့ စီးရီးကောင်းလေးတတွဲကိုတင်ဆက်ပေးလိုက်ပါတယ်။ဘူလ်ဘူလ်တျာဂီဆိုတာ တမြို့လုံးကို နည်းအမျိုးမျိုးနဲ့ပတ်လိမ်နေတဲ့ လူတစ်ယောက်။ ချမ်းသာကြွယ်၀တဲ့ဘ၀ကို မသမာတဲ့နည်းနဲ့ရယူဖို့ရာ ကြိုးစားနေတဲ့သူ။ သူ လက်ရှိနေထိုင်နေတဲ့မြို့မှာ ဖမ်း၀ရမ်းတွေလည်းအထုတ်ခံရ လိမ်လိုက်တဲ့လူတွေကလည်း လိုက်ရှာနေတာကြောင့် အချီကြီးကြံဖို့အရေး ဘနာရတ်ဆ်မြို့ကိုပြေးပါတော့တယ်။ ဘနာရတ်ဆ်ဆိုတာ ဒေလီလို နိုင်ငံရေးတွေနဲ့မြို့ မွမ်ဘိုင်းလို အိပ်မက်တွေနဲ့မြို့မဟုတ်ဘဲ အခွင့်အရေးတွေ အလားအလာတွေရှိတဲ့မြို့လို့ ခေါ်ကြတယ်။ အဲဒီလိုမြို့ကိုမှ ဘူလ်ဘူလ်တျာဂီတစ်ယောက် အချီကြီးလိမ်ဖို့အရေးကြံဖို့ကြိုးစားနေတုန်းမှာပဲ ဒီရှာနဲ့ အစ္စဘဲလီထောင်ချောက်ဆင်ထားတဲ့ ရာဇဝတ်မှုမြောက်များစွာနဲ့ ဒုက္ခတွင်းကြီးထဲကို သက်ဆင်းမိပါတော့တယ်။ဘူလ်ဘူလ်တျာဂီတစ်ယောက် သူ့အကြံအစည်ပဲ အောင်မြင်အထမြောက်မလား ဒုက္ခတောထဲမှာပဲ တဝဲလည်လည်နဲ့ လမ်းပျောက်သွားမလားဆိုတာ။ အိန္ဒိယလူလိမ်ရုပ်ရှင်ကားကောင်းတွေလိုပဲ တစ်ယောက်ပေါ်တစ်ယောက် ကွက်ကျော်ရိုက်တာတွေကို ရိုက်ကူးတင်ဆက်ထားတဲ့အတွက် ကြည့်ရှုခံစားကြပါဦး။(အညွှန်းကို‌တော့ Vမှ ရေးသားပေးထားပြီး ဘာသာပြန်ကတော့ Thaik Sanပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size – 500MBQuality – 1080p WEB DL Duration – 24minsTotal Episodes: ...
5
TMDb: 5/10 2 votes
tv

Tatlubaaz (2023)

2023
Kumari Srimathi (2023) 6.5
Kumari Srimathi (2023) Kumari Srimathi (2023) "အပျိုကြီး ဒေါ်ရှရီမာသီ" IMDb-7.2/10 Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းခုနစ်ပိုင်းနဲ့ တောင်ပိုင်းအိန္ဒိယစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ နာမည်ကိုက ခပ်ဆန်းဆန်း၊ "Kumari"ဆိုတာ လက်မထပ်ရသေးတဲ့ အမျိုးသမီး၊ အပျို လူလွတ်ပေါ့။ "Srimathi"ဆိုတာက အိမ်ထောင်သည်အမျိုးသမီးတဲ့။ဒီတော့ လက်မထပ်ရသေးတဲ့ အိမ်ထောင်သည်အမျိုးသမီးလို့ အဓိပ္ပါယ်ထွက်နေပေမယ့်လည်းအဲဒါမျိုးတော့မဟုတ်ပါဘူး။ အပျိုကြီးဒေါ်ရှရီမာသီရဲ့ ဘိုးဘွားပိုင်အိမ်ကြီးကို ကာကွယ်ဖို့ ပိုင်ဆိုင်ဖို့ကြိုးစားရုန်းကန်ပုံကို ရှုမြင်ခံစားကြရမှာပါ။ အဓိကဇာတ်ကောင်အနေနဲ့ကတော့ ဘောလိ၀ုဒ်ပရိသတ်ကြီးနဲ့ မစိမ်းလှတဲ့ မင်းသမီးချောနီသ်ယာမီနန်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးနီသ်ယာဆိုတာ ကလေးဘ၀ကတည်းက ဟာနုမာန်ဆိုတဲ့ နိုင်ငံခြားရုပ်ရှင်ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့သူလည်းဖြစ်တယ်။တခါတုန်းက ဂိုဒါဗာရီမြစ်ကြီးရဲ့ ကမ်းစပ်မှာ ရာမာရာဂျူလန်ကာဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်။ လယ်သမားလေးတစ်ယောက်က အဲဒီရွာမှာ အိမ်ဆောက်ချင်တဲ့ဆန္ဒဇောနဲ့အတူ အလုပ်တွေကြိုးစားလုပ်ခဲ့လိုက်တာ နောက်ပိုင်းမှာတော့ သူ့ဆန္ဒပြည့်၀ခဲ့ပါတယ်။အဲဒီအိမ်ကြီးဆောက်ပြီးကတည်းက မိသားစုရဲ့စီးပွားလာဘ်လာဘတွေ တိုးပွားလာခဲ့တာဆိုပြီး ဒီအိမ်ကြီးကိုဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ပါစေ ရောင်းချခြင်းမပြုဖိုး သားတွေကိုမှာထားခဲ့တယ်။ ရှရီမာသီကတော့ အဲဒီလယ်သမားလေးရဲ့ မြစ်တော်စပ်သူပေါ့။အဘိုးဖြစ်သူက ရှရီမာသီငယ်ငယ်ကတည်းက သူ့အဖေမှာသလိုပဲ ရှရီမာသီတို့ကို ကတိတောင်းခဲ့တယ်။ သူသေတာပဲဖြစ်ဖြစ် မသေခင်မှာပဲဖြစ်ဖြစ် အိမ်ကြီးကိုဘယ်တော့မှမရောင်းဖို့ပေါ့။ ရှရီမာသီ အရွယ်ရောက်လာပြီး အဘိုးဖြစ်သူရော အဖေဖြစ်သူရောမရှိတော့တဲ့အချိန်မှာတော့ ဦးလေးဖြစ်သူက အိမ်ပေါ်ကနေ ကန်ချလိုက်တယ်။နောက်ပြီး ဘိုးဘွားပိုင်အိမ်ကြီးကို ရောင်းဖို့လုပ်တဲ့အတွက် တရားရုံးမှာ အမွေလုဖို့ ...
6.5
TMDb: 6.5/10 2 votes
tv

Kumari Srimathi (2023)

2023
Frasier (2023) 7.0
Frasier (2023) Frasier (2023) =========== IMDb Rating - 7.0/101993-2004 ကထွက်ခဲ့တဲ့ Fraiser sit-coms ရဲ့ နောက်ဆက်တွဲ sitcom စီးရီးဖြစ်ပါတယ်။ Fraiser စီးရီးက ၂၀၀၀ ခုနှစ်အစောပိုင်းကထွက်ခဲ့တဲ့ နာမည်ကြီး sitcom စီးရီးတွေထဲမှာ Friend, The Office.Fresh Prince of Bel-air စတဲ့ sitcoms တွေနဲ့ အပြိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။နာမည်ကြီး ဒေါက်တာဖရေဆာခရိန်းရဲ့  တီဗီအစီအစဉ်တင်ဆက်သူဘဝကို sitcoms ဇာတ်လမ်းတွဲအဖြစ် ဖန်တီးထားပြီး Ratiing တွေမှာဆိုလည်း ၈.၅ အထိ ရခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ်။အခုထွက်ရှိလာတဲ့ Fraser စီးရီးက ဖခင်နေရာကို ရောက်လာတဲ့ ဖရေဆာ ခရိန်းဟာ ချီကာဂိုက နာမည်ကြီးတီဗီ အစီအစဉ်တင်ဆက်သူဘဝကနေ အနားယူပြီး သားရှိတဲ့ နယူးယောက်မြို့ကိုရောက်လာပါတယ်။ မပြေလည် သေးတဲ့ သားအဖေနှစ်ယောက်ကြား ဆက်ဆံရေးကိုပြေလည်အောင်ညှိနှိုင်း ရင်း သူငယ်ငယ်ကတက်ခဲ့တဲ့ ဟားဗက်တက္ကသိုလ်မှာ လက်ချာဆရာဖြစ်လာ တဲ့ အခါမှာ..ဘဝအသစ်တစ်ဖန်ပြန်စရင်း ဖရေဆာခရိန်းတစ်ယောက် sitcoms လောကထဲကို ပြန်ဝင်လာခဲ့ပါပြီ။Sitcoms ဇာတ်လမ်းတွဲတွေကို ကြည့်နေကြဆိုရင်တော့ ဒီဇာတ်လမ်းတွဲက လည်း သေချာပေါက်စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းထဲမှာပါပြီး၊ ဖရေဆာခ ရိန်းကြီးရဲ့ ...
7.0
TMDb: 7.0/10 2900 votes
tv

Frasier (2023)

2023
The Santa Clauses – Season (01), (02) 6.3
The Santa Clauses – Season (01), (02) The Santa Clauses - Season (01), (02)===========================IMDb Rating - 6.3/10 ♪ Jingle bells, Jingle bells, Jingle all the way ♪ ခရစ်စမတ်ရာသီရောက်လာရင် ဆန်တာကလော့စ်ရဲ့ ဇာတ်လမ်းလေးတွေကို ကြည့်ရတာ မရိုးနိုင်တဲ့ ရိုးရာတစ်ခုဖြစ်လိုနေပါပြီ။ အခုနှစ်မှာတော့ Disney+ ကနေ The Santa Clauses ဆိုတဲ့ ခရစ်စမတ်ရာသီစာ comedy-fantasy စီးရီးတစ်ခုကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ဒီစီးရီးက ၂၀၀၀ ခုနှစ်ဝန်းကျင်တွေက ထွက်ရှိခဲ့တဲ့ The Santa Clause (1)(2) (3) ရုပ်ရှင်တွေရဲ့ အဆက်လို့လည်း ပြောလို့ရပါတယ်။ အခုစီစန်မှာတော့ ဆန်တာ ကလော့စ်ရာထူးကို နောက်ဆုံးလက်လွှဲယူထားတဲ့သူက စကော့ကယ်လ်ဗင်ပါ။သူက အသက် ၆၅ နှစ် ရှိနေပြီဖြစ်တာမို့ သူ့ရဲ့မှော်အစွမ်းတွေ တဖြည်းဖြည်းကျ ဆင်းလို့လာနေပါပြီ။ ဒါကြောင့် သူပင်စင်ယူပြီးရင် သူ့ရဲ့ ဆန်တာရာထူးကို ဆက်ခံ နိုင်မဲ့လူကို ရှာပုံတော်ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း ...
6.3
TMDb: 6.3/10 9600 votes
tv

The Santa Clauses – Season (01), (02)

2023
Obliterated (2023) 6.5
Obliterated (2023) Obliterated (2023) ============== IMDb Rating - 6.5/10Action, Comedy အမျိုးအစား ကြိုက်တဲ့သူတွေအတွက် တကယ့် ရွှေဖြစ်မယ့် ဇာတ်လမ်းတွဲလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်။ Hangover လို ပေါက်တတ် ကရလုပ်တဲ့ ရုပ်ရှင်မျိုးနဲ့ Seal Team လိုမျိုး အထူးတပ်ဖွဲ့ကို ရောသမမွှေထားတဲ့ ဇာတ်လမ်းတွဲပါ။ တကယ်လည်း ရယ်ရသလို၊ အက်ရှင်ပိုင်းကလည်း အဆင်ပြေ ပြေနဲ့ ကြည့်လို့ကောင်းပါတယ်။(၁၈+ ပြကွက်တွေ၊ အဖော်အချွတ်တွေ၊ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ ဖောဖောသီသီပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင် အသိပေးလိုက်ချင်ပါတယ်။)ဇာတ်လမ်းအကျဥ်း ---------------- လပ်ဗေးဂတ်စ်မှာ အဏုမြူဗုံးတိုက်ခိုက်မယ်လို့ သတင်းရတဲ့အတွက် အေဗာဝန်း တားနဲ့ အထူးတပ်ဖွဲ့ဟာ စီးပွားရေးသမား အိုင်ဗန် ခေါ့စလော့ကို ဝင်ရောက်ဖမ်းဆီး ခဲ့သလို အဏုမြူဗုံးကိုပါသိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ မစ်ရှင် အောင်မြင်ပြီဆိုပြီး အေဗာတို့ အဖွဲ့သားတွေလည်းပါတီကျင်းပပြီး မီးကုန်ယမ်းကုန် ကဲကြပါတော့တယ်။ ဒါပေမယ့် တကယ်တမ်း သူတို့ သိမ်းဆည်းရခဲ့တဲ့အဏုမြူဗုံးဟာ အတုဖြစ်နေပြီး ခေါ့စလော့ကို မလွှတ်ပေးရင် လပ်ဗေးဂတ်စ်မြို့ကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုပြီး ခေါ့စ လော့ရဲ့ လူတွေက ခြိမ်းခြောက်လာပါတယ်။ ဒါကို အေဗာတို့အဖွဲ့သားတွေ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ...
6.5
TMDb: 6.5/10 3600 votes
tv

Obliterated (2023)

2023
Castaway Diva(2023)[Complete]
Castaway Diva(2023)[Complete] Castaway Diva(2023)********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးငယ်ငယ်လေးတည်းက အဆိုတော်ဖြစ်ချင်လွန်းလှတဲ့ ဒေသိယစကားသံဝဲဝဲလေးနဲ့ ကောင်မလေး Seo Mok Ha .. အလယ်တန်းရောက်တော့ အဆိုပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ရင်း ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တယ်။ သီချင်းဆိုရတာကိုရူးသွပ်တဲ့ Mok Ha က တစ်နေ့မှာ နယ်ကနေ ဆိုးလ်ကို လူရွေးပွဲဝင်ပြိုင်ဖို့အသွား လမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပြီး လူသူကင်းမဲ့တဲ့ကျွန်းကြီးတစ်ကျွန်းမှာသောင်တင်သွားခဲ့ရတော့တယ်။ အဆိုတော်မကြီးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက် လူဆိုလို့သူ့အပြင်မရှိတဲ့ကျွန်းကြီးမှာ ၁၅ နှစ်ကြာ တစ်ယောက်တည်း အခက်အခဲဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရင်း တစ်နေ့မှာတော့ ကျွန်းကြီးပေါ်ကနေ ပြန်အကယ်တင်ခံခဲ့ရပါတော့တယ်။ ၁၅ နှစ်လုံးလုံးကင်းကွာနေခဲ့တဲ့လူ့ပတ်ဝန်းကျင်ကိုပြန်ရောက်လာပြီး အပြောင်းအလဲတွေနဲ့အသားကျအောင်ကြိုးစားရင်း ဘာတွေဖြစ်ဦးမလဲ .. သူ့ရဲ့အဆိုတော်ဖြစ်ချင်တဲ့အိပ်မက်ကိုရော ဆက်အကောင်အထည်ဖော်နိုင်ဦးမလား ..။Cast တွေအနေနဲ့ကတော့ “ဝူယောင်းဝူ” ဇာတ်ကောင်နဲ့ ချီးကျုးမှုတွေ တစ်ခဲနက်ရရှိခဲ့ပြီး Daesang ဆုကြီးအထိပါသိမ်းပိုက်နိုင်ခဲ့တဲ့ “Park Eun Bin” နဲ့ “Nevertheless” ဇာတ်ကားနဲ့ အာလူးလေးလို့လူသိများခဲ့တဲ့ “Chae Jong Hyeop” တို့က အဓိကပါဝင်သွားမှာဖြစ်သလို CM ကနေ အပတ်စဉ် စနေ, တနင်္ဂနွေတိုင်း ...

Castaway Diva(2023)[Complete]

2023
When the Camellia Blooms (2019) [Complete] 8.233
When the Camellia Blooms (2019) [Complete] When the Camellia Blooms (2019)********************************အပိုင်းသစ် (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါ ပြန်လည်တင်ဆက်ပေးမဲ့ Seriesလေးကတော့ Kang Ha Neul နဲ့Gong Hyo Jin တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး၂၀၂၀ ခုနှစ် ရုပ်ရှင်ဆုပေး‌ပွဲတွေမှာ ဆု‌တွေအများကြီးသိမ်းပိုက်ခဲ့တဲ့ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ အုံးဆန်းဆိုတဲ့ လှပတဲ့ကျွန်းမြို့လေးကိုအခြေတည်ပြီးရဲသားလေးနဲ့ single motherတို့ရဲ့ ရိုးရှင်းပြီး ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာပါ။အုံးဆန်းမြို့က ယုံးရှစ်ဆိုတဲ့ကောင်လေးဟာ ကျောင်းသားဘဝတည်းကလူဆိုးဖမ်းဖို့ဆိုရင် အမြဲတဇွတ်ထိုးနိုင်တဲ့သူပါ။ကျောင်းပြီးလို့ ရဲသားဖြစ်သွားတော့လည်း ဆိုးလ်မြို့သူ ဒိုင်ယာနာမင်းသမီးလေးလိုလှပြီးထက်မြက်တဲ့ကောင်မလေးနဲ့တွဲမယ်ဆိုပြီး ဆိုးလ်မှာတာဝန်ကျရာက ရည်းစားမရခဲ့ဘဲအကြောင်းတစ်ခုကြောင့် ရာထူးချခံလိုက်ရပြီး ဇာတိမြိုကိုပဲ ပြန်ရောက်လာပါတယ်။ဆိုးလ်မြို့သူ ဒုံဘဲ့ဟာ အုံးဆန်းမှာ ကမ်မီလီယာဆိုတဲ့အရက်ဆိုင်ဖွင့်ထားပြီးsingle motherအဖြစ် ကိုယ့်အားကိုယ်ကိုးပြီး ၆နှစ်လုံးလုံး ကြိုးစားရုန်းကန်ကာအုံးဆန်းရဲ့ ဒိုင်ယာနာဆိုပြီး လူသိများလာပါတယ်။ဒီလို ကြိုးစားရုန်းကန်နေရတဲ့ ဒုံဘဲ့ကို ယုံးရှစ်ဟာ မြင်မြင်ချင်း‌ချစ်မိသွားပြီးကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာပါတော့တယ်။ရဲသားလေးနဲ့ single motherလေးတို့ အချစ်လမ်းမှာ ဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရအောင်နော်။ (အညွှန်းကိုတော့ ...
8.233
TMDb: 8.233/10 44 votes
tv

When the Camellia Blooms (2019) [Complete]

2019
Strong Girl Nam-soon (2023) 10
Strong Girl Nam-soon (2023) Strong Girl Nam-soon (2023)******************************အပိုင်းသစ် (၁၆) ဇာတ်သိမ်းပိုင်း တစ်ချိန်က ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ မင်မင်နဲ့စွမ်းအားရှင်လေး ဘုံဘုံ (ဘုံဆွန်း)တို့ရဲ့ အဆက် နမ်ဆွန်းလာပါပြီ။Kang Nam Soon (Lee Yoo Mi) က စူပါ ပါဝါရှိတဲ့ ကောင်မလေးပါ။ကလေးဘဝတုန်းက မွန်ဂိုလီးယားမှာ ပျောက်သွားခဲ့ပြီး အရွယ်ရောက်တော့မိဘတွေကိုရှာဖို့ တောင်ကိုရီးယား ဂန်နမ်ကို ရောက်လာခဲ့ပါတယ်။နောက်ဆုံးတော့ အမေဖြစ်သူ Hwang Geum Joo (Kim Jung Eun)အဘွားဖြစ်သူ Gil Joong Gan (Kim Hae Sook) တို့နဲ့ ပြန်တွေ့ဆုံနိုင်ခဲ့ပါတယ်။နမ်ဆွန်းရဲ့ အမေနဲ့အဘွားကလည်း နမ်ဆွန်းလို စူပါပါဝါရှိတဲ့သူတွေပါ။တစ်နေ့မှာတော့ နမ်ဆွန်းတို့ သားအမိ ၃ယောက် ဂန်နမ်မှာဖြစ်ပွားတဲ့။မူးယစ်ဆေးဝါးမှုမှာ ပါဝင်ပတ်သက်ဖို့ အကြောင်းဖန်လာပါတယ်။ဒီအမှုကို စုံစမ်းနေတဲ့ စုံထောက် Kang Hee Sik (Ong Seong Wu) နဲ့ ...
10
TMDb: 10/10 1 votes
tv

Strong Girl Nam-soon (2023)

2023
Masterpeace (2023)
Masterpeace (2023) Master Peace (TV Series)(2023) IMDb-6.4/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းငါးပိုင်းနဲ့ မိသားစုဟာသဇာတ်မြူးစီးရီးလေးကိုတင်ဆက်ပေးချင်ပါတယ်။ လင်မယားနှစ်ယောက်ပြဿနာကြားမှာ မိဘတွေပါလာရာကစ အလွဲလွဲအချော်ချော်တွေနဲ့ ဟာသနှောရိုက်ကူးတင်ဆက်ထားတာပါ။ဒီဇာတ်လမ်းကို ကြည့်ရှူသူတွေဆီ ပြောပြနေသူကတော့ ဧည့်ခန်းမှာချိတ်ထားတဲ့ ပန်းချီကားထဲက မိုနာလီဇာကြီးဖြစ်နေပါရောလား။ ဓားတစ်ချောင်းကနေ စတဲ့ဇာတ်လမ်း။လင်ဖြစ်သူကို ဓားနဲ့ရွယ်ရာကစလို့ ဘေးမှာလူသူလေးပါးလည်းမရှိပါဘဲနဲ့ ယောက္ခမဖြစ်သူသိသွားပါလေရော။သိသွားတော့ နှစ်ဖက်မိဘတွေတိုင်ပင်ကြပြီး သူတို့သားသမီးတွေနေထိုင်ရာ တိုက်ခန်းဆီကို လိုက်လာရာကစ လင်မယားနှစ်ယောက်ကို ပြေလည်ရာပြေလည်ကြောင်း ဆုံးမမယ့်အစီအစဉ်ကနေ ဘယ်လိုတွေ သဘောထားကွဲလွဲ အချင်းများကြမလဲဆိုတာ ပြုံးရင်းရယ်ရင်း ခံစားကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)Quality : 1080p DSNP WEB DL / 720pTotal Episodes : 5EpsFormat : mp4Genres : Drama ~ ComedyDuration : 36minsSubtitle : Myanmar Subtitle ...

Masterpeace (2023)

2023
Don’t Touch My Gang (2023)
Don’t Touch My Gang (2023) Don’t touch my gang / ကျောင်းတော်ကြီးမှ အလွဲများ (2023)ကျေးလက်က လူငယ်လေးလေးယောက်၊ သူတို့ရည်မှန်းချက်က ဘန်ကောက်မှာ ကျောင်းသွားတက်ရင်း ဘဝအတွက် စွန့်စားမယ်ဆိုတော့ ရွာကျောင်းက သူငယ်ချင်းတွေက လှောင်ကြတယ်။ သူတို့ရည်မှန်းချက်အတွက် သက်သေပြဖို့ ပညာသင်ဆုထောက်ပံ့တဲ့ ဘန်ကောက်ကကျောင်းတွေကို လိုက်ရှာရင်း သူတို့သဘောကျတဲ့ ကျောင်းတစ်ကျောင်းကို လျှောက်လိုက်ပါတယ်။ ဖြစ်ချင်တော့ ကွန်ပျူတာကီးဘုတ်က ဟောင်းနွမ်းစုတ်ပြတ်နေပြီး စာလုံးတစ်လုံးကကျွတ်ထွက်နေတော့ အဲဒီစာလုံးကို မရိုက်ဘဲလျှောက်လိုက်တာ ကျောင်းနာမည်ဆင်တူတဲ့ Vocational School တစ်ခုကို လျှောက်မိရက်သားဖြစ်သွားပါတယ်။ ပညာသင်ဆုရလို့ လေးယောက်သား ပျော်ရွှင်ပြီး ဘန်ကောက်ကို ထွက်လာတဲ့အချိန်ကျမှ သူတို့လျှောက်မိတဲ့ကျောင်းက လွဲနေတယ်ဆိုတာ သိလိုက်ရပြီး အဲဒီကျောင်းမှာ လူမိုက်တွေကြီးစိုးတဲ့အပြင် တစ်နှစ်မှာ ၃၆၅ ရက်လောက် ရန်ပွဲတွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ဘယ်လိုအလွဲတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူကြည့်ကြမယ်နော်။အညွှန်းကိုတော့ Moh Moh က ‌ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh, Kaung, Kong, Khaing ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy, School Quality…. ...

Don’t Touch My Gang (2023)

2023
The Wedding Contract (2023)
The Wedding Contract (2023) ဘွာတေးမခံတဲ့ စွာလေးလန်ချစ်သူမလေး(2023)မိဘတွေ စက်ရုံမှာမီးလောင်ပြီး မဆုံးခင်အထိ ဖင်မ် အရာရာတိုင်းပြည့်စုံခဲ့ပါတယ် သို့ပေမဲ့ ကံကြမ္မာဆိုးကြီးကြောင့် ဖင်မ် မိဘမဲ့ခဲ့ရပါတယ်ဒါတင်မကဘဲ အကြွေးတွေပါ တင်ခဲ့ပါတယ် ဖင်မ် သူ့အဘိုး သူ့အစ်ကိုနဲ့ နယ်က အိမ်ကို ပြောင်းပြီး ခြံအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်ဆာရန်က ဖင်မ်တို့ ခြံရဲ့ဘေးချင်းကပ် ခြံပါ ဖင်မ်ရဲ့အဘိုးကို ကူညီပေးခဲ့တဲ့သူဆိုလည်း မမှားပါဘူး ဖင်မ်နဲ့တော့ သိပ်ပြီးမတည့်ပါဘူး ကြောင်နဲ့ကြွက်လိုပေါ့တစ်နေ့ ဖင်မ်ရဲ့အစ်ကို ဖြစ်သူ ရဝီးက သူ့အဘိုးခြံကို ထင်မိုင်ဆိုတဲ့ သူဌေးဆီ အကြွေးဆပ်ဖို့ ရောင်းလိုက်ပါတယ် ဒါတင်မကဘဲ သူ့အကြွေးအတွက် သူ့ညီမကိုပါ ပေးမယ်လို့ အပေးမယူလုပ်ခဲ့ပါတယ် ဆာရန် သိသွားတော့ တင်နေတဲ့အကြွေးတွေကို ပြန်ဆပ်ပေးပြီး ဖင်မ်နဲ့လက်ထပ်မှတ်ပုံတင်လိုက်ပါတော့မယ် လက်ထပ်မှတ်ပုံတင်လိုက်တဲ့အကြောင်းရင်းကတော့ ဖင်မ်ကို ထင်မိုင်သူဌေးဆီက လွှတ်မြောက်အောင် ကူညီချင်လို့ပါပဲ ဆိုတော့ ဖင်မ်နဲ့ဆာရန်တို့ လက်ထပ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသံယောဇဉ်ဖြစ်သွားကြမှာလဲ မတည့်ကြတဲ့လူနှစ်ယောက်က အတူတူနေနိုင်ပါ့မလားဆိုတော့ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူမှာ Fake Love ဖြစ်ပါတယ်)Translated by Nang Mwe Kham & ...

The Wedding Contract (2023)

2023
A Series of Unfortunate Events (2017) 7.343
A Series of Unfortunate Events (2017)   ဉာဏ်ကြီးရှင်လေး ၃ယောက်ဆီကမှ အမွေလုဖို့ကြိုးစားမိတဲ့ လူဆိုးကြီး (သို့) A Series of Unfortunate Eventsဒီတစ်ခါ ပရိသတ်ကြီးကို IMDb 7.8 ရှိတဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ ဇာတ်လမ်းလေးကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ကံဆိုးမှုတွေ ဆက်တိုက်ကြုံတွေရတဲ့အကြောင်းလေး ရိုက်ပြထားတာပါ ဇာတ်လမ်းရဲ့ အစမှာတင်ပဲ "ပျော်စရာဇာတ်သိမ်းပိုင်းတွေကိုမှ စိတ်ဝင်စားတယ်ဆိုရင်တော့ မကြည့်ပါနဲ့လို့" ပေါ်ပေါ်ထင်ထင် သတိပေးထားတဲ့ ကားလေးတစ်ကားပါပဲ ဇာတ်လမ်းအစမှာပဲ ဘော်ဒယ်လရီတို့ မိသားစုရဲ့ စံအိမ်ကြီးက မီးလောင်သွားပြီး မီးထဲမှာ မိဘနှစ်ပါး ပါသွားတာကြောင့် ကျန်ခဲ့တဲ့ မောင်နှမ၃ယောက် ကို မွေးစားဖို့ အနီးစပ်ဆုံးဆွေမျိုးဆီ ပို့ပေးလိုက်ရပါတယ်။ ဗိုင်အိုလတ်၊ ကလော့စ် နဲ့ ဆန်နီတို့ဆိုတဲ့ မောင်နှမ၃ယောက်ကတော့ ရုတ်တရက်ကြီးကို သူဌေးသားသမီးတွေ ဘဝကနေ မိဘမဲ့ဘဝ တန်းရောက်သွားတော့တာပါပဲ။ ဒါပေမဲ့ ကံဆိုးမ သွားရာမိုးလိုက်လို့ရွာ ဆိုသလို သူတို့ကို မွေးစားမဲ့ ကောင့်တ်အိုလော့ဖ် ဆိုတဲ့သူကလည်း ဗိုင်အိုလတ်လေး ...
7.343
TMDb: 7.343/10 748 votes
tv

A Series of Unfortunate Events (2017)

19932017
The Golden Bull Agent (2023) 8
The Golden Bull Agent (2023) ရွှေကျွဲရိုင်းရဲ့လျှို့ဝှက်မစ်ရှင် (၂၀၂၃)ဒီဇာတ်ကားကတော့ လူဆိုးသူဌေးဆင်ကို နှိမ်နင်းကြမယ့် ကျားလေးကောင် စစ်ဆင်ရေးပါ ကျတ် ခထာ ဆန်နဲ့မိုင့်အိတ်ဆိုတဲ့ ကျားလေးကောင် ဂိုဏ်းကို ဆေယတ်က သူကြီးအာ့အကူအညီနဲ့ လျှို့ဝှက်ဖွဲ့စည်းထားပါတယ် သူတို့လေးယောက်က ထွေ့ကရထင်ထောင်းရွာမှာ ဒုစရိုက်မှုကျူးလွန်နေတဲ့ သူဌေးဆင်ကို အမြစ်ဖြတ်ဖို့ မစ်ရှင်တစ်ခုလုပ်ရမှာပါ မစ်ရှင်ကာလအတွင်းမှာ ခထာဟာ သူဌေးဆင်ရဲ့သမီးဒွတ်ဒေါင်ကို သဘောကျမိခဲ့တယ် သူလျှိုလုပ်နေတဲ့ကျတ်က သူကြီးသမီး ရဲမေကတီးကိုမှ ချစ်မိတော့ သူဌေးဆင်ကို နှိမ်နင်းမဲ့ဒီမစ်ရှင်ဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုအက်ရှင်တွေနဲ့ ဟာသတွေကို ကြည့်ရှုခံစားရမလဲဆိုတာကတော့ ဒီဇာတ်လမ်းလေးမှာ ဟာသ အက်ရှင် ဒရမ်မာ အကုန်ရောယှက်ထားလို့ မပျင်းရဘဲကြည့်ရှုရမှာ ဖြစ်ပါတယ်အညွှန်းကို Lei က ရေးထားပေးပြိးတော့ ဘာသာပြန်တွေကတော့ Nang Mwe Kham, Fake Lovန, Tawa, lei wutyi Tun တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy , Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. ...
8
TMDb: 8/10 10 votes
tv

The Golden Bull Agent (2023)

2023
Mantra Takiang Kaeo (2023) 5
Mantra Takiang Kaeo (2023) "မှော်ဝင်ဖန်မီးခွက်ဖူးစာ" မြန်မာစာတန်းထိုးဝီးယူ အဖြစ် Kiatipoom Banluechairit ရေနီ့ အဖြစ် Gar Nuttacha Chayangkanont ဘေလေ့စ် အဖြစ် Trai Jakkapat ဆီလီနာ့ အဖြစ် Cher Cherlyn Wagstaffeဇာတ်လမ်းအကျဉ်းဖန်မီးခွက်က အရမ်းကို တန်ဖိုးရှိပြီး အစွမ်းထက်တဲ့ ပစ္စည်းလေးပါဖန်မီးခွက်ရဲ့ ပိုင်ရှင်ကတော့ စုန်းမထာဟီရာ့ ပါတစ်နေ့မှာတော့ သူ့ဖန်မီးခွက်ကြီး ရဲတိုက်ကနေရုတ်တရက်ပျောက်ဆုံးသွားပါတယ်စုန်းမအီဝေလင်က အပြစ်ပေး ထိန်းချုပ်ခံနေရတဲ့ စုန်းနက်မကြီးပေါ့အပြစ်ဒဏ်အောက်က လွတ်လပ်ချင်ပြီး စုန်းမထာဟီရာ့ အပေါ် အငြိုးထားနေတဲ့ စုန်းမကြီးလည်း ဟုတ်ပါတယ်ဖန်မီးအိမ်ကို လိုက်ရှာဖို့အတွက် လူ့ပြည်ကို သွားဖို့ စုန်းမထာဟီရာ့ မစ်ရှင်ချလိုက်ပါတော့တယ်လူ့ပြည်ကိုရောက်တော့ မိဘ ဘယ်သူ ဘယ်ဝှာမှန်းမသိတဲ့ သာမန်မဟုတ်တဲ့ ကလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်စုန်းမထာဟီရာ့ တစ်ယောက် သူ့ဖန်မီးအိမ်ပျောက်ဆုံးသွားတာနဲ့ဒီကလေး ပတ်သက်မှုရှိနေလိမ့်မယ်လို့ သံသယ၀င်ခဲ့ပါတယ်ဆိုတော့ စုန်းမထာဟီရာ့ ဒီကလေးကို ဘယ်လို ကိုင်တွယ်သွားမှာလဲစုန်းနက်မရဲ့ ရန်ကနေရော ဘယ်လို ကာကွယ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူမှာ Fake love ဖြစ်ပါတယ်)Translated ...
5
TMDb: 5/10 112 votes
tv

Mantra Takiang Kaeo (2023)

2023
Shoresy (2022) Season1+2 Complete 7.9
Shoresy (2022) Season1+2 Complete ကနေဒါနိုင်ငံလို့ပြောတာနဲ့ ကျွန်တော်တို့ပထမဆုံးပြေးမြင်တာကတော့ ဟော်ကီပါပဲ။ ဟုတ်ပါတယ်။ ဒီကနေဒါဇာတ်လမ်းတွဲကတော့ IMDB 8.5 နဲ့ Rotten Tomatoes 100% ရထားတဲ့ ဟော်ကီနဲ့ပတ်သက်တဲ့ Sitcom ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး IMDB 8.6 ရထားတဲ့ နောက်ထပ်နာမည်ကြီး Sitcom ဇာတ်လမ်းတွဲဖြစ်တဲ့ Letterkenny ရဲ့ spinoff လည်းဖြစ်ပါတယ်။နာမည်ကြီးကနေဒါသရုပ်ဆောင် Jared Kesso ကိုယ်တိုင်ရေးပြီး Shoresy နေရာမှာ ကိုယ်တိုင်သရုပ်ဆောင်ထားလည်းဖြစ်ပါတယ်။ Shoresy ဟာကျေးလက်ဒေသကနေ ဟော်ကီအသင်းတစ်ခုမှာ ဝင်ကစားဖို့ ဆတ်ဒ်ဘူရီမြို့ကို ပြောင်းလာပါတယ်။သူဝင်ကစားတဲ့အသင်းက Bulldogs ဖြစ်ပြီး သူဝင်မကစားခင်မှာ ဆတ်ဒ်ဘူရီမြို့ရဲ့ ထိပ်တန်းဟော်ကီအသင်းတစ်ခုဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ သူဝင်လာတဲ့အချိန်ကစပြီး ပွဲ 20 ဆက်တိုက်ရှုံးပြီး နည်းပြဖြစ်သူက ထွက်သွားရုံတင်မကဘဲ မန်နေဂျာဖြစ်သူကပါ အသင်းကိုဖျက်သိမ်းတော့မယ့်အထိ အခြေအနေဆိုးလာပါတယ်။ရှုံးရမှာကို သေလောက်အောင်မုန်းတဲ့ Shoresy ဟာ သူ့ရဲ့နည်းပြအတွေ့အကြုံနဲ့ စွန့်စားမှုများတဲ့ အစီအစဉ်တစ်ခုကို မန်နေဂျာကိုပြောပြပြီး အသင်းကိုမဖျက်သိမ်းဖို့နဲ့ ပြိုင်ပွဲကိုနိုင်အောင်လုပ်ပေးဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ လေးသင်းလိဂ်မှာ အဆင့်လေးဖြစ်နေတဲ့ Bulldogs က ဆတ်ဒ်ဘူရီမြို့ရဲ့ ...
7.9
TMDb: 7.9/10 29 votes
tv

Shoresy (2022) Season1+2 Complete

2022
[18+] Gen V (2023) Complete 8.5
[18+] Gen V (2023) Complete Gen V (2023) S01 Complete  (The Boys ထုံးစံအတိုင်း ခေါင်းဖြတ်၊ ပေါက်ကွဲ၊ လိင်အင်္ဂါ ဘာညာ ပြစရာရှိတာတွေအကုန် ပယ်ပယ်နယ်နယ် ပြတာမို့လို့ မိသားစုနဲ့အတူ မကြည့်သင့်ကြောင်းပါ)  ~ IMDb - 7.9 /10, Rotten Tomatoes - 97% ~ စူပါဟီးရိုးစီးရီးတွေထဲက အအောင်မြင်ဆုံးတစ်ခုဖြစ်တဲ့ The Boys စီးရီးရဲ့ ဇာတ်လမ်းခွဲအနေနဲ့ ထွက်လာတဲ့စီးရီးပါ။ Rotten Tomatoes မှာ ၁၀၀ ရတဲ့အထိ ကောင်းခဲ့ပါတယ်။ တကယ်လည်း ဇာတ်လမ်းက အတော်ကိုမိုက်ပါတယ်။ The Boys မကြည့်ဖူးသေးတဲ့သူတွေကို ရှင်းပြရမယ်ဆိုရင်တော့ The Boys နဲ့ Gen V ဟာ စူပါဟီးရိုးတွေရဲ့ လူသားဆန်တဲ့ အခြမ်းကို ထုတ်ပြတဲ့ စီးရီးပါပဲ။ လူသားဆန်တယ်ဆိုတာ တကိုယ်ကောင်းဆန်တာ၊ ညစ်ပတ်တာ၊ ရက်စက်တာ၊ လောဘကြီးတာ၊ ...
8.5
TMDb: 8.5/10 7 votes
tv

[18+] Gen V (2023) Complete

2023