Channel Myanmar

Crime

Gap Dong(2014)[Complete] 7.3
Gap Dong(2014)[Complete] Gap Dong(2014)***************အပိုင်း( ၁ မှ  ၂၀ ) အထိ စ/ဆုံးကိုရီးယားနိုင်ငံမှာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ဟွာဆောင်းကွင်းဆက်လူသတ်မှုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဒီဖြစ်ရပ်မှန်မှာ အဓိက ကျူးလွန်တဲ့ လူရဲ့နာမည်က Lee Chun-jae လို့ခေါ်ပါတယ်..သူဟာအပြင်လောကမှာ မှုခင်းပေါင်း ခန့်မှန်း ၄၅ခုကျူးလွန်ခဲ့တယ်လို့ဆိုတယ်...လူပေါင်း ၁၅ဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး မုဒိမ်းမှုပေါင်း ၃၀ကျော်လည်း ကျူးလွန်ခဲ့တယ်လို့ဆိုတယ်..ဆိုတော့ ဒီလူဟာ ဘယ်လောက်ရက်စက်ပြီး အမှုတွေအများကြီးကျူးလွန်ခဲ့တာတောင်ရဲတွေမဖမ်းနိုင်လောက်အောင် တော်လဲဆိုတာကို ခန့်မှန်းမိကြမယ်ထင်ပါတယ်...ဒါ့ကြောင့်ဒီဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ဒီစီးရီးဟာ ဘယ်လိုမျိုးဇာတ်လမ်းတွဲမျိုးဖြစ်မယ်ဆိုတာတော့ခန့်မှန်းမိလောက်ကြမယ်ထင်ပါတယ်...ဇာတ်လမ်းတွဲရဲ့အစမှတော့ မူယောမ်ဆိုတဲ့လူငယ်လေးရဲ့ အဖေဟာ ဟွာဆောင်းကွင်းဆက်လူသတ်မှုတရားခံအဖြစ်စွပ်စွဲခံရပါတယ်... ဒီလူသတ်မှုရဲ့စွပ်စွဲချက်ကြောင့် သူ့အဖေဟာ လူ့အသိုင်းအဝန်းကဖယ်ကျဉ်ခံရတဲ့ဒဏ်ကိုမခံနိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပါတယ်..ဒါ့ကြောင့် မူယောမ်ဟာ စုံထောက်တစ်ယောက်ဖြစ်အောင်ကြိုးစားပြီးတကယ်လူသတ်တရားခံအစစ်ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားပါတော့တယ်..အပိုင်း ၂၀ ထိရှိပြီး အပိုင်းတိုင်းဟာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရပြီးဉာဏ်ပြေးလွန်းတဲ့လူသတ်သမားနဲ့ စုံထောက်တွေကြား လိုက်လံတွေးတောရင်းကိုယ်ပါစုံထောက်လိုက်လုပ်ရသလို ဖီလင်မျိုးရတာကြောင့်crime ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း.....Episodes: 2၀File Size:1.5GB, 500MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Drama, CrimeTranslated by Ei ...
7.3
TMDb: 7.3/10 6 votes
tv

Gap Dong(2014)[Complete]

2014
Garmi (2023) Complete 7
Garmi (2023) Complete Garmi (TV Series 2023) IMDb 7.5/10ရှာရွတ်ရဲ့ Dil Se... အီဖာရဲ့ Haasil တို့လို ဇာတ်လမ်းကောင်းတွေကို ဇာတ်ညွှန်းဖန်တီးရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Tigmanshu Dhulia ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ စီးရီးလေးပါ။ Tigmanshu Dhulia က နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေမှာ တင်ဆက်မှုအားကောင်းတာနဲ့ နာမည်ရှိပြီးသားသူတယောက်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... နယ်မြို့လေးက လူငယ်လေးတစ်ယောက် အစိုးရ၀န်ထမ်းဖြစ်ဖို့ရာ ကိုယ့်ဆီမှာကို နေပြီး ကျောင်းတက်ချင်ပေမဲ့ အပြိုင်အဆိုင်များတဲ့ မြို့ကြီးက တက္ကသိုလ်တစ်ခုကို သွားတက်ဖို့ အဖေဖြစ်သူရဲ့ တွန်းအားပေးမှုနဲ့ သွားခဲ့ရတယ်။ အဲဒီမြို့ အဲဒီတက္ကသိုလ်မှာပဲ စီးပွားရေး နိုင်ငံရေး အားပြိုင်နေတဲ့ လူနှစ်ယောက်က ရှိပြန်ရော။ အစိုးရဖြစ်ဖို့အရေး အစရိုးချင်ယောင်ဆောင်ကြတဲ့ အဲဒီလူ၂ယောက်ရယ်ကျောင်းသားသစ်လေး မောင်အာဗင်တယောက် အစိုးရ၀န်ထမ်းပဲ ဖြစ်ဖို့ကြိုးစားနိုင်မလား တစ်ခြားနယ်ပယ်တခုခုကိုပဲ ရောက်သွားမလား ကြည့်ရမဲ့ နိုင်ငံရေးနဲ့ ကျောင်းသားအရေး ရောသမမွှေထားတဲ့ စိတ်ဝင်စားဖွယ် အိန္ဒိယ၀က်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ထားသူတွေကတော့ chiclon3~YH~Bpl~Yunni~Nyein တို့ပဲဖြစ်ပါတယ်)File Size – 900MB / 400MBQuality – 1080p / 720pDuration – ...
7
TMDb: 7/10 2 votes
tv

Garmi (2023) Complete

2023
In the Name of God: A Holy Betrayal (2023) 7.929
In the Name of God: A Holy Betrayal (2023) In the Name of God: A Holy Betrayal ( 2023 ) ======================================= . . IMDb 7.1/10, Rotten tomatoes 67% ၂၀၀၈ ခုနှစ်တုန်းက ကိုရီးယားမှာ ဂျောင်မြောင်ဆော့ဆိုတဲ့ ဒိတ်ဒိတ်ကြဲဘာသာရေးခေါင်းဆောင်တစ်ယောက် သူ့ရဲ့ ဖော်လိုဝါမိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အမှုနဲ့ ထောင် ၁၀ နှစ်ကျသွားခဲ့တယ်။ အဲဒီလူဟာ သူ့ကိုယ်သူ ယေရှုဝင်စားတဲ့သူ၊ ဘုရားသခင်ရဲ့တမန်တော်ပါလို့ ကြေညာခဲ့ပြီး ယုံကြည်ကိုးကွယ်သူပေါင်းလည်း ထောင်သောင်းကျော်တဲ့အထိ များပြားခဲ့တာပါ။လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကြောင့် ထောင် ၁၀ နှစ်ကျသွားခဲ့ပေမဲ့ ၂၀၁၈ ထောင်ကထွက်လာခဲ့ပြီး လျှပ်စစ်ခြေပတ် ပတ်ထားရတဲ့အချိန်မှာတောင် သူဟာ ဆိုးရွားတဲ့ လိင်ပြစ်မှုတွေကိုဆက်လက်ကျူးလွန်နေဆဲပါပဲ။ အဲဒီ လိင်ပြစ်မှုတွေရဲ့ နစ်နာသူ မိန်းကလေးတွေ speak up လုပ်ကြရာကနေ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲ ဖြစ်မြောက်လာခဲ့ပါတယ်။ ဒီ မှတ်တမ်းရုပ်သံမှာဆိုရင် ဂျောင်မြောင်ဆော့အပါအဝင် ဘတ်ဆွန်းဂျာ၊ ဂင်ဂီဆွန်း၊ အီဂျယ်ရော့ဆိုတဲ့ မတူညီတဲ့အရေခြုံဘာသာရေးဂိုဏ်းခေါင်းဆောင်လေးယောက်ရဲ့ အမှောင်ဘက်ခြမ်းနဲ့ ဆိုးယုတ်တဲ့ပြစ်မှုတွေ၊ ဘာသာရေးခုတုံးလုပ်မှုတွေ၊ မျက်စိမှိတ်ယုံကြည်ကိုးကွယ်မှုရဲ့ ဆိုးကျိုးတွေကို သေချာဖော်ပြထားပါတဲ့အတွက် ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကြိုက်တတ်သူတွေ စိတ်ဝင်စားကြမယ့်ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲမှာဆိုရင် ကြမ်းတမ်းတဲ့ ...
7.929
TMDb: 7.929/10 14 votes
tv

In the Name of God: A Holy Betrayal (2023)

2023
FBI: International (2021)
FBI: International (2021) FBI: International (2021)==================IMDb Rating - 6.3/10Series တွဲရဲ့နာမည်ကိုမြင်လိုက်တာနဲ့ ဘယ်လိုဇာတ်လမ်းတွဲမှန်းရိပ်မိလောက်ကြမယ်လို့ထင်ပါတယ်။ FBI:international ဆိုတဲ့အတိုင်း FBI ရဲ့ နိုင်ငံဖြတ်ကျော်အမှုလိုက်တဲ့အကြောင်းတွေကို ရိုက်ပြထားတဲ့ ကားပါပဲ။ ဒီကားထဲမှာ FBIကဖွဲ့ထားတဲ့ Fly Team လို့ခေါ်တဲ့အထူးစူံစမ်းရေးအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုအဓိက ထားထားတာပါ။ Fly Team ဆိုတာက အမေရိကန်နိုင်ငံကိုအန္တရာယ်ပြုနိုင်တယ်ဆိုရင် အချိန်မရွေးနေရာမရွေး စုံစမ်းဖမ်းဆီးတုန့်ပြန်နိုင်အောင် အထူးလေ့ကျင့်ထားတဲ့အဖွဲ့ပါ။ အမှုတစ်ခုကိုလိုက်ရင် တရားခံမိဖို့အဓိကမထားပဲ တရားခံနဲ့ဆက်စပ်ပြီးနောက်ဆက်တွဲပြဿနာတွေမရှိအောင်တစ်ခါတည်းရှင်းတတ်တဲ့ စကော့ဖောရက်စတာ... FBI အေးဂျင့်လုပ်သက်တစ်လျှောက် မကောင်းတဲ့မှတ်ချက်တွေပေးခြင်းခံရပေမယ့် ထူးချွန်တဲ့သူ့ရဲ့ဦးဆောင်မှု အောက်မှာ FBI ရဲ့ Fly team က အမှုတွေကိုဖြေရှင်းပုံတွေ တရားခံလိုက်ဖမ်းပုံတွေက Crime,dramaပီပီ စိတ် ဝင်စားဖို့ကောင်းလှပါတယ်။အပိုင်း(၁၁)ပိုင်းပါဝင်ပြီးတော့ လတ်တလော(၁၀)ပိုင်းထိထွက်ထားတဲ့ ဒီစီရီးက CBSကထွက်ထားတဲ့ FBI စီးရီးတွေနဲ့လည်းပတ်သက်မှုရှိတယ်ဆိုတော့ကား...crime/dramaချစ်သူတွေအနေနဲ့တစ်ဝကြီးကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ပဲဖြစ်ပါတယ်။)File Size - (350 MB) Quality – WEBDL 720p Duration -  43 mins ...

FBI: International (2021)

2021
Citadel (2023) 9.5
Citadel (2023) Citadel Season 1 (2023)ဒီစီးရီးကတော့ Mission Impossibleလိုလို Kingsman လိုလို စတိုင်ပါပဲ။ မင်းသားကတော့ Game of Thrones ထဲက ရော့ဘ်စတာ့ခ်နေရာမှာ သရုပ်ဆောင်ဖူးတဲ့ Richard Madden ပါ။ မင်းသမီးကတော့ ပရီရန်ကာ ချော်ပရာပါပဲ။ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ စပိုင်အဖွဲ့တွေစရှိလာကတည်းက စပိုင်အချင်းချင်း နိုင်ငံအချင်းချင်း စစ်ပွဲတွေဖြစ်နေခဲ့ကြတာပါ။ ဒါပေမဲ့ စပိုင်တိုင်းဟာ ကိုယ့်နိုင်ငံအတွက် အခြားနိုင်ငံကိုဘာပဲဒုက္ခပေးရပေးရ လုပ်တဲ့သူတွေချည်းပါပဲ။ အဲဒီမှာပဲ စပိုင်တစ်စုဟာ စစ်တဒယ်ဆိုတဲ့ ဘယ်နိုင်ငံလက်အောက်ခံမှမဟုတ်တဲ့ လွတ်လပ်တဲ့ စပိုင်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ သူတို့အဖွဲ့ဟာ နှစ် ၁၀၀ လောက်ကြာအောင် သမိုင်းတလျှောက် ပြဿနာကြီးတွေကို နောက်ကွယ်ကနေ လျို့ဝှက်ဖြေရှင်းပေးနေခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်မှာတော့ သူတို့အဖွဲ့ရဲ့ လျို့ဝှက်ချက်တွေအကုန်ပေါက်ကြားပြီး အဖွဲ့ဝင်အားလုံးလုပ်ကြံခံလိုက်ရပါတယ်။ မသေဘဲလွတ်လာတဲ့ အေးဂျင်မေဆန်ကတော့ အတိတ်မေ့ပြီး ၈ နှစ်လုံးလုံး သာမန်လူဘဝနဲ့နေနေခဲ့ပါတယ်။ သူတို့တွေကို အဓိက တိုက်ခိုက်ခဲ့တာကတော့ "မန်တီကိုး" ဆိုတဲ့ အဖွဲ့ပါပဲ။ အဲဒီအဖွဲ့ကိုတော့ ကမ္ဘာပေါ်က အချမ်းသာဆုံး ...
9.5
TMDb: 9.5/10 8 votes
tv

Citadel (2023)

2023
Tu Zakhm Hai (2022) Season1+Season2 7
Tu Zakhm Hai (2022) Season1+Season2 Tu Zakhm Hai 2022ယခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးများ တစ်ဝကြီးကြည့်ရှုနိုင်ဖို့ အပိုင်း 24 ပိုင်း season နှစ်ခုပါတဲ့ Web series လေးပဲဖြစ်ပါတယ် မင်းသမီးချောလေး Donal Bisht နဲ့ Gashmeer Mahajani တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှုတွေကိုစောင်ကိုက်ကြည့်ရှုရမဲ့အပြင် အကလည်းမပါဝင်ဘဲ Rating ကလည်း 7.2 ထိရထားတာဆိုတော့ရှယ်မိုက်တဲ့စီးရီးတစ်ခုပါပဲဗီရာ့ဂ်ျတရီဟန်ဆိုတာ ငွေမည်းခဝါချတဲ့နေရာမှာ ဆရာတစ်ပါးပါ ဘယ်လောက်တောင်ဆရာကျသလဲဆိုရင် ငွေမည်းလောကရဲ့ဘုရင်လို့ကို ညွှန်းဆိုရတဲ့အထိပါပဲ ဗီရာ့ဂ်ျက ရက်စက်တယ် နှလုံးသားမရှိဘူး ဆုံးဖြတ်ချက်ပြတ်သားတယ် အလုပ်လုပ်ရင်ဟာကွက်မရှိဘူး အပြစ်လုပ်ထားတဲ့ဘယ်သူ့ကိုမှလည်း မညှာတာဘူး ယူမဲ့မိန်းမကိုတောင် ဈေးတွက်လိုက်တွက်နေတဲ့ လူစားမျိုးပေါ့တစ်ဖက်မှာတော့ ကာဗရာဆိုတဲ့ ချစ်စရာ သွက်သွက်လက်လက် စိတ်ကုထုံးဆရာဝန်မလေးဟာ ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ဦးတည်းသောအဖေနဲ့အတူ ချစ်ရတဲ့သတို့သားလောင်းလေးနဲ့ လန်ဒန်မှာအခြေချမဲ့ကောင်မလေးပေါ့ဇာတ်ကောင်တွေက လွန်းထားထားဆန်ပေမဲ့ ဇာတ်လမ်းကတော့ အိန္ဒိယကားဆန်ပါတယ် ကာဗရာရဲ့အဖေက ဗီရာ့ဂ်ျမိသားစုထံအလုပ်လုပ်နေပြီး သူတို့မိသားစုရဲ့ အသက်သွေးကြော ငွေမည်းခဝါချစာရင်းစာအုပ်ကို ခိုးယူလိုက်တာက စပါတယ်အဲ့လိုခိုးယူပြီး တလွဲတွေဖြစ် ...
7
TMDb: 7/10 1 votes
tv

Tu Zakhm Hai (2022) Season1+Season2

2022
Accused (2023) 7.3
Accused (2023) ဒီတခါတော့ ပရိသတ်ကြီးကို IMDB 7.4 ရှိတဲ့ Crime, Drama ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ပါတယ် စွပ်စွဲခံရခြင်းဆိုတဲ့အတိုင်း အမှုတစ်ခုမှာ စွပ်စွဲခံရတဲ့သူတွေအကြောင်းနဲ့ တရားရုံးမှာ ဘယ်လိုအဆုံးသတ်သွားလဲဆိုတဲ့အကြောင်းကို တင်ဆက်ပြသပေးထားတာပါ အပိုင်း၁ မှာတော့ ဦးနှောက်နဲ့အာရုံကြောခွဲစိတ်ဆရာဝန်ကြီး စကော့တ် ဟာ စိတ်ပုံမှန်မဟုတ်တဲ့သူ့သားကို ကုသပေးဖို့ကြိုးစားရင်းနဲ့ စွပ်စွဲခံလိုက်ရတဲ့အကြောင်းပါပဲ သူ့သားဟာ တခြားသူတွေနဲ့မတူဘဲ စိတ်ဆိုးလွယ်တဲ့အပြင် သူ့ကို ဟားတိုက်တယ်လို့ ထင်တဲ့သူတွေကိုပါ လက်စားချေဖို့ အစီစဉ်ကြီးတစ်ခုဆွဲထားတာပါ တစ်နေ့ သူတို့အိမ်ဘေးက ခွေးပျောက်သွားလို့ သူ့အဖေက သူ့သားကို စွပ်စွဲတာကနေ ပြဿနာကြီးတက်ပြီး သူ့သားစီစဉ်ထားတာတွေကို သူ့အဖေက ဖတ်မိသွားခဲ့တာပါ အဲဒါနဲ့ သူ့အဖေက ဘယ်လိုဖြေရှင်းမလဲ ဘာတွေဆက်ဖြစ်မလဲ သူ့သားစီစဉ်ထားတာကရော အကောင်အထည်ပေါ်လာမှာလား ဆိုတာကို ဆက်လက်ရှုစားလိုက်ကြပါဦး File size…678Mb / 384MB Quality….Webrip 720/ 1080p Format…mp4 Duration….50 Min Genre...Crime , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
7.3
TMDb: 7.3/10 votes
tv

Accused (2023)

Vyavastha (2023) Complete 8
Vyavastha (2023) Complete Vyavastha 2023ZEE5 ကနေအသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းစီးရီးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.7 အထိရရှိထားပြီး ဝါရင့်သရုပ်ဆောင် Sampath Raj နဲ့ မင်းသမီးချော Hebah Patel တို့အဓိကပါဝင်သရုပ်‌ဆောင်ထားပါတယ်။ချာကရာဗာသီ... ထက်မြက်ပြီး ကိုင်တွယ်တဲ့အမှုတိုင်း အနိုင်ရတဲ့ ဝါရင့်ရှေ့နေကြီးတစ်ဦး၊ ပြစ်မှုတွေကို ပညာသားပါပါ ဖုံးကွယ်တတ်ပြီး ဒုစရိုက်သမားတွေအကြိုက်၊ စီးပွားရေးသမားတွေအကြိုက် ရှေ့နေလိုက်ခကုဋေချီပေးရတဲ့ ရှေ့နေတစ်ဦး၊ အမှုနိုင်ဖို့ ဘာမဆိုလုပ်ဖို့လက်မတွန့်တဲ့သူ...ဂျေ ဗမ်စီခရစ်ရှ်နာ... ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့ လောလောလတ်လတ် ဥပဒေကျောင်းဆင်း ရှေ့နေလေးတစ်ဦး၊ အကြံကောင်းပေမယ့် တရားရုံးရောက်လို့ အရေးအကြောင်းဆို စကားထစ်တတ်တဲ့သူ...ဒီလိုနဲ့ အတွေ့အကြုံ မိုးနဲ့မြေကွာတဲ့ ဒီရှေ့နေနှစ်ဦး နှစ်ယောက်သားထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့ အချိန်မှာတော့ ယုန်သူငယ်လေးက ကျားဂူထဲဝင်သွားတဲ့အဖြစ်လို ရှေ့နေနှစ်ဦးရဲ့အားပြိုင်မှုကို ထင်မှတ်မထားတဲ့ Plot twist တွေနဲ့ အမှုကိုဘယ်လိုယှဉ်ဖိုက်ကြမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 30minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat ...
8
TMDb: 8/10 1 votes
tv

Vyavastha (2023) Complete

2023
Better (2023) 7
Better (2023) Better (2023) Completed Mini-Series ~ IMDb - 6.4/10, Rotten Tomatoes - 89% ~ အဂတိလိုက်စားမှုတွေ၊ ကိုယ်ကျင့်တရား၊ အသိစိတ်ဓာတ်နဲ့ အမှားအမှန်ခွဲခြားသိမြင်မှု၊ Friendship တွေကို စုံစုံလင်လင် မြင်တွေ့ရမယ့် မှုခင်း ဒရာမာစီးရီးအမျိုးအစားဖြစ်ပါတယ်။ လက်တွေ့ကမ္ဘာကို ရောင်ပြန်ဟပ်နေတဲ့ ငွေနောက်လိုက်တဲ့သူတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေ၊ မကောင်းမှုတွေ ကြီးစိုးနေတဲ့လောကကြီး အကြောင်းကို ပေါ်လွင်အောင် ပုံဖော်ထားတာဖြစ်တဲ့အတွက် ကြည့်ရမှာတန်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ စုံထောက်စစ်ဆေးရေးမှူး ဆလက်ဟာ သူ့အဖေခြေရာနင်းပြီး ထူးချွန် တာ၀န်‌ကျေတဲ့ ရဲတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ခင်ပွန်းနဲ့ ဆယ်ကျော်သက်အရွယ် အို၀မ်ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ အို၀မ်က ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သေလုမျောပါးဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ ဆလက်က သူ အနှစ်၂၀လောက် ကျူးလွန်ခဲ့တဲ့ အမှားတွေကို ပြန်မြင်ယောင်ပြီး အသိ၀င်လာပါတော့တယ်။ တကယ်တော့ သူဟာ အများထင်သလို ပြည်သူ့ဘက်တော်သားတစ်ယောက်မဟုတ်ပါဘူး။ သူ့ငယ်သူငယ်ချင်း ...
7
TMDb: 7/10 5 votes
tv

Better (2023)

2023
Oru Kodai Murder Mystery (2023) Complete 7
Oru Kodai Murder Mystery (2023) Complete Oru Kodai Murder Mystery(2023)IMDb-6.7/10စတိတ်ကျောင်းသားဘဝမှာ ကျောင်းအုပ်ဆရာကြီးဆရာမကြီးတွေရဲ့သား မှန်ကြောင်အူကြောင်ကြောင်လေးတွေမြင်ဖူးတယ် ဟုတ်ဒီကားထဲမှာဗီယွန်ဆိုတဲ့ကောင်လေးဟာ ကျောင်းအုပ်ဆရာမကြီးရဲ့ ထူးချွန်ကျောင်းသားရဲ့ညီ ကျောင်းရဲ့အလှပဂေးကိုမှရွေးကြိုက်ပြီး လေကြီးလေကျယ်တွေပြောတဲ့ မှန်ကြောင်ငတိလေးပါသူ့ဘေးကအရာအားလုံး လူအားလုံးကသူ့ကိုဝိုင်းပစ်ပယ် အနိုင်မကျင့်နားမလည်ကြဘူးဆိုပြီး တစ်ယောက်တည်းပန်းနုသွေးနေသူပေါ့ ခရက်ရှ်လေးကြောင့်သာ ဘဝကြီးကနေချင်စရာရှိသူပါဆိုပြီး ခရက်ရှ်မျက်နှာတစ်ကမ္ဘာလုပ်နေသူပါအဲဒီလောက်ကြီးထိသူမှတ်ယူထားတဲ့ ကောင်မလေးက တစ်နေ့မှာ ရုတ်တရက်ကြီးပျောက်သွားပြီး နောက်မှာတော့ အလောင်းကိုသာ ပြန်တွေ့ပါတော့တယ် အဲဒီလိုနဲ့ လိုက်စုံစမ်းရင်း ရဲတွေရှာတွေတဲ့ သက်သေတွေအရ သံသယရှိသူဟာ ဗီယွန်ပါတဲ့ခရက်ရှ်ကလည်းသေ သူ့ကိုလည်းစွပ်စွဲခံရတဲ့ဗီယွန်ဟာ နည်းပညာရူးလေး အမွှာနှစ်ကောင်အပါအ၀င် သူ့သူငယ်ချင်းလေးယောက်နဲ့အတူ အသည်းအသန်လိုက်စုံစမ်းပါတော့တယ်ကျောင်းသားလေးတွေရဲ့အလွဲဟာသလေးတွေနဲ့ အစပျိုးထားပြီး အလှည့်အပြောင်းလေးတွေနဲ့ဆွဲခေါ်သွားမယ့် မှုခင်းကားကောင်းလေးပါFile Size – 800MB / 400MBQuality – 1080p / 720pDuration – 45minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama , MysteryTranslator – BpL~Yunni~Cherry~Khin~Sai~HM~NyeinEncoder – YK 720p Episode 1- Yoteshin / Userdrive / Megaup / Streamsb / ...
7
TMDb: 7/10 1 votes
tv

Oru Kodai Murder Mystery (2023) Complete

2023
Dahaad (2023) Complete 6.2
Dahaad (2023) Complete Dahaad 2023 ( IMDb 7.8/10)ပုရိသတို့အသည်းစွဲ ဆိုနားက်ရှီဆင်းန်ဟာလေးဟာဆိုရင် ဒီကားထဲမှာ သဘာဝအတိုင်းလှပပြီး သရုပ်ဆောင်ချက် အပိုအလိုမရှိတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျအိန္ဒိယရုပ်ရှင်လောကဟာ နှစ်ကြာလာတာနဲ့အမျှ အရည်အသွေးတွေ တဖြည်းဖြည်းတိုးတက်လာတယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး Amazon TV ကနေ streaming လုပ်ပေးခဲ့တဲ့ ဒီ Web series ကလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူးဘာလင်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ best serie ဆုအတွက် ယှဉ်ပြိုင်ဖို့ ပြသခွင့်ရထားတဲ့ဇာတ်လမ်းလေးပါ ဘာတွေများကောင်းနေလို့ အင်တာနေရှင်နယ်လယ်ဗယ်လောက်ရောက်နေတာလဲဆိုတော့ ဇာတ်လမ်းတည်ထားတာက ဆိုက်ကိုလူသတ်သမား serial killer အကြောင်းပါ အချိတ်အဆက်မမိရင်ဂွမ်း မရိုက်တတ်ရင် မင်းသားက ပါဝါရိန်းဂျားဖြစ်ရင်ဖြစ် မဟုတ်ရင် လူဆိုးက လုံးဝဖမ်းမမိနိုင်တဲ့ god နီးပါးကြမ်း စသဖြင့် plot hole ပေါင်းများစွာရှိနိုင်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရဲမေအန်ဂျလီဘာတီက လူပျောက်မှုတွေကို ခိုးရာလိုက်တာလား ပြန်ပေးဆွဲခံရတာလား လိုက်စုံစမ်းရင်း ကွင်းဆက်လူသတ်မှုအဖြစ် ခြေရာခံမိလာတဲ့အခါ...... အဓိကဇာတ်ဆောင်တွေအပြင် ဇာတ်ပို့တွေလဲအားကောင်း ဘာသာရေးနိုင်ငံရေးပဋိပက္ခတွေကိုပါ side story အနေနဲ့ မသိမသာထည့်ပြသွားတာမို့ အချိန်ပေးကြည့်ရတာတန်မဲ့ဇာတ်ကားတစ်ကားပါ သည်းထိပ်ရင်ဖို thriller ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ ဒီ series လေးကိုလက်မလွှတ်ကြဖို့ အကြံပေးရင်း ...
6.2
TMDb: 6.2/10 5 votes
tv

Dahaad (2023) Complete

2023
Black Knight (2023) [Complete]
Black Knight (2023) [Complete] Black Knight(2023)******************အပိုင်း(၁ မှ ၆ ) စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Netflix Series အသစ် Black Knight ဟာဆိုရင် 2071 ခုနှစ် မှာဇာတ်အိမ်တည်ထားတာဖြစ်ပြီးလေထုအဆိပ်သင့်မှုပြင်းထန်လာတာနဲ့အညီ ကမ္ဘာကြီးမှာရှိတဲ့ လူဦးရေရဲ့ ၁% ပဲ အသက်ရှင်ကျန်တော့တဲ့ခေတ်ကာလပါ...ဒီလိုခေတ်ကာလမှာတော့ လူတွေက အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး...အိမ်အပြင်ကိုထွက်ကြတာနဲ့လည်း အောက်စီဂျင် Mask တွေ တပ်ကြရတာမို့လို့ တစ်ဦးနဲ့တစ်ဦး ပေးပို့ချင်တာ စားနပ်ရိက္ခာပစ္စည်း စတာတွေကို Knight လို့ ခေါ်ကြတဲ့ Delivery သမားတွေက ပို့ပေးကြရပါတယ်....အန္တရာယ်တွေကြား သူခိုးဓါးပြတွေကြားကနေ Delivery လိုက်ပို့ပေးရတဲ့ Knight တွေထဲမှာကိုယ်ခံပညာအကျွမ်းကျင်ဆုံးနဲ့ အတော်ဆုံးကတော့ Knight 5-8 (Kim Woo Bin) ပဲဖြစ်ပါတယ်...ကမ္ဘာပျက်ကာလရဲ့ သူရဲကောင်း 5-8 နဲ့ အပြိုင်ဇာတ်လမ်းမှာပါလာမယ့် ဗီလိန်ကတော့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ ကြိုးစားနေတဲ့ ဥက္ကဌကြီး Ryu Hae Jin ရဲ့ ...

Black Knight (2023) [Complete]

2023
Breaking Bad Season [Complete] 9.5
Breaking Bad Season [Complete] အထက်တန်းကျောင်းက ဓာတုဗေဒ ဆရာတစ်ယောက် ရှိပါတယ်။ သူဟာ ရိုးသားတဲ့ ကျောင်းဆရာတစ်ယောက်ပါ။ သူ့မှာ ခွဲစိတ်ကုသလို့မရတဲ့ အဆုတ်ကင်ဆာရောဂါ ရှိနေမှန်းကို သိရှိခဲ့ရပါတယ် သူ့မိသားစုရဲ့ရှေ့ရေးအတွက် ဘယ်လိုစီမံရမယ် ဆိုတာကနေစပြီး ဒီဇာတ်လမ်း စပါတယ်။ ဓာတုဗေဒကျွမ်းကျင်တဲ့ ဆရာတစ်ယောက်အနေနဲ့ Methamphetamine ဘယ်လိုထုတ်ရမယ်ဆိုတာကို သိပါတယ်။ ဈေးကွက်ကို ရှာဖို့တော့ ဈေးကွက်ကျွမ်းကျင်တစ်ယောက် လိုအပ်ပါတယ်။ နှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာတော့ နှစ်ယောက်ပေါင်း လောင်းကျော် ဖြစ်ကြပါတော့တယ်။ ပညာတတ်တစ်ယောက် ဆိုးတဲ့မိုက်တဲ့အချိန်ကျရင် သူမတူအောင် မိုက်ပါတော့တယ်။ ကမ်းကုန်အောင် မိုက်ပါတော့တယ်။ နာမည်ကြီးပြီးသားဇာတ်လမ်းဆိုတော့ ဒီလောက်ပဲ ညွှန်းပါတော့မယ်။ နာမည်ကြီး Game of Thrones (GOT) ကို ကျော်ပြီး ကြည့်ရှုနှုန်းမြင့်မားခဲ့တဲ့ ဇာတ်လမ်းတွဲဆိုတော့ အရမ်းညွန်းစရာ လိုမယ် မထင်ပါဘူး။ IMDb Rating ကတော့ 9.5/10 ပါ Rotten Tomatoes အနေနဲ့ကတော့ 98% ဆိုတော့ မသေခင် ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတွေထဲမှာ တစ်တွဲပေါ့ဗျာ  File size… 400mb (ep) Quality…. Blu-Ray 720p Format…mp4 Duration…. 55 m (ep) Genre...Drama, Crime, Mistery Subtitle….Myanmar Subtitle (Hardsub) Encoder…. Xcode Translated by Htet Wai Lwin, Chanyein Soe, ...
9.5
TMDb: 9.5/10 1,288,320 votes
tv

Breaking Bad Season [Complete]

2008
Alert: Missing Persons Unit (2023) 9.2
Alert: Missing Persons Unit (2023) Alert: Missing Persons Unit (2023) Completed Series Fox က​နေ အပတ်စဉ်ထုတ်လွှင့်နေတဲ့ Action, Drama စီးရီးအသစ်တစ်ခုကိုတင်ဆက်​ပေးလိုက်ပါတယ်။ Alert: Missing Persons Unit ဆိုတဲ့နာမည်အတိုင်း လူ​ပျောက်တိုင်ကြား​ရေးဌာနနဲ့ သက်ဆိုင်တဲ့ စီးရီးပါ။ ​​​​ဂျေဆင်နဲ့နစ်ကီ လင်မယား၂​ယောက်မှာ ​မွေးစားသားသမီး၂​ယောက်ရှိရာမှာ ကိသ်ဆိုတဲ့ သား​ဖြစ်သူက ၁၁နှစ်ကတည်းက ပြန်​ပေးဆွဲခံခဲ့ရတာပါ။ ၆နှစ်​ကျော်ကြာတဲ့အထိ သားဖြစ်သူကို ပြန်မ​တွေ့ခဲ့သလို နစ်ကီကိုယ်တိုင်လည်း MPU ဌာနရဲ့​ခေါင်း​ဆောင်တစ်​ယောက် ဖြစ်​နေပါပြီ။ သားဖြစ်သူကို ရှာ​ဖို့ ကြိုးစားရင်း တခြားလူ​ပျောက်မှု​တွေကို ရှာ​​ဖွေကယ်ဆယ်ကြပုံ​တွေ၊ စွန့်စားခန်း​တွေကို တစ်ပတ်ကို Story တစ်ခု ပုံစံနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ CM က​နေ အပတ်စဉ်ပုံမှန်တင်​ဆက်​ပေးသွားမယ့် 11 ပိုင်းရှိမယ့် စီးရီးအသစ်ပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ X, Thar Htet နဲ့ 666 တို့ပဲဖြစ်ပါတယ်) Size ~ ...
9.2
TMDb: 9.2/10 9 votes
tv

Alert: Missing Persons Unit (2023)

2023
The Nurse (2023) 6.9
The Nurse (2023) The Nurse (2023) ============== IMDb Rating - 6.9/10[ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားသည်]2012 ခုနှစ် --------------- Arne ဆိုတဲ့ သက်ကြီးပိုင်း အမျိုးသားကြီးတစ်ယောက် ဒိန်း မတ် နိုင်ငံက ဆေးရုံတစ်ခုမှာ .. ရောဂါလက္ခဏာ ကြီးကြီးမား မား မရှိပါဘဲ သေဆုံးသွားခဲ့တယ်။ အလောင်းကို စစ်ကြည့်တဲ့ အခါ diazepam လွန်ကဲမှုကြောင့်လို့ အဖြေထွက်တယ်။ ဆေးရုံက ဆေးမှားထိုးတာ မဟုတ်ကြောင်း သေချာတဲ့အတွက် လူနာဟာ သူ့ကိုယ်သူ ဆေးထိုး သေကြောင်းကြံတယ်လို့ ‌သတ်မှတ်လိုက် ကြတယ်။2014 ခုနှစ် ---------------- Pernille ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဒိန်းမတ်ဆေးရုံကြီးမှာ သူနာပြုအနေနဲ့ ပထမဆုံး အလုပ်ဆင်းခွင့်ရခဲ့တယ်။ Christina ဆိုတဲ့ သူနာပြုက သူ့ရဲ့ အလုပ်၀င်စ ကာလတွေမှာ သင်ပြလေ့ကျင့် ပေးတယ်။ တစ်ခုသော ညမှာ လူနာတစ်ယောက် ရုတ်တရက် သေ ဆုံးတယ်။ လူနာခန်းထဲက အမှိုက်ခြင်းထဲမှာ Diazepam တွေပါတဲ့ ဆေးထိုးပြွန်ကို Pernille တွေ့သွားတယ်။ သေဆုံးရခြင်း အကြောင်း ရင်း တူညီတဲ့ ဖြစ်ရပ်တွေ စိပ်လာတဲ့အခါ သံသယ၀င်စရာတွေ ...
6.9
TMDb: 6.9/10 710 votes
tv

The Nurse (2023)

2023
Florida Man (2023) 7.2
Florida Man (2023) Florida Man (2023) A Complete Netflix Series Netflix ကနေ လောလောလတ်လတ် အသစ်ထွက်ထားတာဖြစ်ပြီး ပါသမျှလူတွေအချင်းချင်း ကိုယ် သူ့မယုံ သူ့ ကိုယ်မယုံ လိမ်ကောက်ရင်း ကလိမ်ကျနေတဲ့ ရှုပ်ရှုပ်ထွေးထွေး စုံထောက် အက်ရှင်ဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရမှာပါ။ Agents of S.H.I.E.L.D. ထဲက အေးဂျင့်ကိုလ်ဆင်ကြီး တစ်ချက်တစ်ချက် ထဖောက်တဲ့ အခန်းတွေက အခွီရဆုံးလို့ထင်တာပါပဲ။ ဇာတ်လမ်းကတော့ လောင်းကစားစွဲနေလို့ ပြဿနာတွေတက်ပြီး စုံထောက်ရာထူးကနေ အလုပ်ပြုတ်သွားတဲ့ မိုက်က သူအကြွေးတင်နေတဲ့ လူမိုက်ခေါင်းဆောင်ဆီမှာ အကြွေးသိမ်းတဲ့အလုပ် ပြန်လုပ်ရင်း သူ့သူဌေးရဲ့ မိန်းမကိုလည်း ခိုးစားနေတာက‌နေစတာပါပဲ။ အဲဒီကောင်မလေးက ရုတ်တရက် လူမိုက်ခေါင်းဆောင်ဆီက ထွက်ပြေးသွားတော့ လူမိုက်ခေါင်းဆောင်က မိုက်ကို လိုက်ရှာခိုင်းပါတယ်။ ကောင်မလေးပြေးသွားတာက မိုက်ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဖလော်ရီဒါပါ။ ဖလော်ရီဒါကို မုန်းနေတဲ့ မိုက်တစ်ယောက် သူဌေးလုပ်သူနဲ့ အပေးအယူလုပ်ပြီး ကောင်မလေးကို ...
7.2
TMDb: 7.2/10 33 votes
tv

Florida Man (2023)

2023
Freud (2020) 7.3
Freud (2020) Freud (2020) A Complete Netflix's Series ဗမာစာဖတ်ပရိသတ်တွေတော့ ဆစ်ဂမန်ဖရွိုက်ကို အနည်းတော့အများ ရင်းနီးကြမှာပဲ။ ဒီက နာမည်ကြီး ဘတ်ဆဲလ်လား စာရေးဆရာတွေရော၊ အက်ဆေးရေးတဲ့လူတွေရော၊ သုတဆောင်းပါးတွေ ရေးတဲ့လူတွေရော ဆစ်ဂမန်ဖရွိုက်ကို ကိုးကားပြီး သူ့စကားတွေ လှိုင်လှိုင်သုံးခဲ့ကြဖူးပါတယ်။ ဇော်ဇော်အောင်တို့ တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့လည်း သုံးခဲ့ကြတယ်။ ဆန်းတော့လည်း မဆန်းပါဘူး။ ဖရွိုက်ဟာ စိတ်ပညာလောကရဲ့ နာမည်ကျော်စိတ်ပညာရှင်ပဲကိုး။ ဒီကားကတော့ ဖရွိုက်ငယ်စဉ် မအောင်မြင်သေးခင်က အချိန်မှာ ဇာတ်အိမ်တည်ပြီး သမိုင်းဒရာမာအဖြစ်ရိုက်ထားတာပါ။ သမိုင်းဒရာမာဆိုတာ သမိုင်းတိကျမှု အင်မတန်နည်းတဲ့ အရာမို့ သုတအနေနဲ့တော့ ကြည့်လို့ပြေမှာမဟုတ်ပါဘူး။ ဇာတ်ကိုကလည်း စိတ်ပညာဇာတ်ထက် မှုခင်းဇာတ်ကြီးဖြစ်နေပါတယ်။ စိတ်ညှို့ပညာခေတ်မစားခင်အချိန်မှာ စိတ်ရဲ့စွမ်းအားကို စိတ်ပညာရှင်တွေကိုယ်တိုင် သေချာနားမလည်သေးခင်မှာ ဖရွိုက်ဟာ မသိစိတ်နဲ့ အိပ်မွေ့ချစိတ်ညှို့ပညာအကြောင်း စိတ်ဝင်စားခဲ့ပါတယ်။ အားလုံးရဲ့ ငကြောင်လို့ သမုတ်ခံခဲ့ရတယ်။ ဒီလိုနဲ့ ဟန်ဂေရီမင်းမျိုးပျက်တွေဟာ အိပ်မွေ့ချစိတ်ညှို့ပညာကို အသုံးချပြီး ဖရွိုက်တို့ တိုင်းပြည်ကို လက်သည်မပေါ်ဘဲ ...
7.3
TMDb: 7.3/10 236 votes
tv

Freud (2020)

2020
Manhunt(2017) 7.631
Manhunt(2017) ခင်ဗျားတို့ စာတိုက်စနစ်အကြောင်းကို နည်းနည်းလောက် အချိန်ပေးပြီး တွေးကြည့်ဖူးလား။လူတစ်ယောက်ဟာ ကိုယ့်ဆီကို စာပို့ဖို့၊ပစ္စည်းပို့ဖို့လိုအပ်တာဆိုလို့ ကိုယ့်ရဲ့နာမည်နဲ့ လိပ်စာပဲတဲ့။အဲ့ဒီလိပ်စာတို့ ဖုန်းနံပါတ်တို့ဆိုတာလဲ အခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ ရဖို့ဆိုတာ ဘာမှမခက်တော့ဘူး။အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆို ပိုဆိုးတယ်။ခင်ဗျားရဲ့ အချက်အလက်တွေဟာ လူမြင်ကွင်းမှာ ဖောချင်းသောချင်းပဲ။တကယ်လို့ ခင်ဗျားကို ဒုက္ခပေးချင်တဲ့ လူတစ်ယောက်က ဒီအချက်အလက်တွေကို သုံးပြီး ခင်ဗျားကို ဒုက္ခမပေးနိုင်ဘူးလား။တစ်နေ့နေ့မှာ ခင်ဗျားရဲ့ အိမ်ရှေ့ကို ခင်ဗျားနာမည်နဲ့ ဗုံးတစ်လုံးရောက်လာနိုင်တယ်လို့ရော ခင်ဗျားတွေးဖူးလား။1978 ခုနှစ်ကစပြီး အမေရိကန်နိုင်ငံမှာ စာပို့စနစ်ကို အသုံးပြုပြီး အကြမ်းဖက်ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာတယ်။အဲ့ဒီဖြစ်စဉ်တွေ အကုန်လုံးကို လူတစ်ယောက်တည်းကပဲ ကြိုးကိုင်နေတယ်ဆိုတာကို သိရပေမယ့် သူဟာဘယ်သူလည်း ဘာကြောင့်မို့ ဒီလိုမျိုးလုပ်ရပ်တွေကို လုပ်နေတာလဲဆိုတာ အမေရိကန်နိုင်ငံရဲ့ အတော်ဆုံးစုံစမ်းစစ်ဆေးရေးဌာနဖြစ်တဲ့ FBI တောင်မှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဗုံးပေါက်ကွဲမှုတွေဟာ နိုင်ငံတစ်ဝှမ်းဆက်တိုက်ဖြစ်နေတယ်။FBI ဟာလည်း ဒီ ဗုံးသမားကို ဖမ်းမိဖို့အတွက် လူပေါင်း ...
7.631
TMDb: 7.631/10 328 votes
tv

Manhunt(2017)

2017
Sengalam (2023) 4.5
Sengalam (2023) Sengalam 2023 IMDb 7.6ဒီစီးရီးကတော့အနည်းငယ်ထူးဆန်းပါတယ် တစ်ပိုင်းချင်းစီမှာ မတူတဲ့ဇာတ်လမ်း၂ခုကို တစ်ပိုင်းစီပြသပေးသွားမှာပါ ကွင်းဆက်လူသတ်မှုအကြောင်းနဲ့နိုင်ငံရေးအကြောင်းကိုတစ်ဝက်စီပြသထားတာဖြစ်လို့ မတူတဲ့ခံစားချက်ရစေမှာပါကွင်းဆက်လူသတ်မှု... ဗယ်လာရီမှာ သား၃ယောက်ရှိပါတယ် ရာယာကတော့အကြီးဆုံးပေါ့ ဥပဒေနဲ့မဖြေရှင်းနိုင်တဲ့အမှုတွေဆိုလက်နဲ့ဖြေရှင်းပါတယ် သူတို့ပစ်မှတ်ထားနေတဲ့ လူတွေကိုတစ်ယောက်ချင်းစီလိုက်သတ်နေတာမျိုးပေါ့ တစ်ရွာလုံးကဒီ၃ယောက်ကို ကယ်တင်ရှင်တွေလို့တွေးကြပါတယ် ဒါကြောင့်ဘယ်ရဲမှသူတို့ကိုဖမ်းမမိတာပါ ဘယ်ရွာသားတွေကမှ သတင်းမပေး မကူညီပေးကြလို့ပါ ဒီကွင်းဆက်လူသတ်မှုမှာဆိုရင်တော့ Farziလိုမျိုး လက်တစ်လုံးခြားလွတ်လွတ်သွားတာလေးတွေကို အသည်းတယားယားကြည့်ရှုရမှာပါနိုင်ငံရေး... ဗီရူဒွန်ဝါဆိုတဲ့မြို့လေးမှာ မိသားစုအစဉ်အဆက် မြို့တော်ဝန်တာဝန်ယူလာတာ နှစ်ပေါင်းကို၄၀ကျော်နေတဲ့မိသားတစ်စုရှိပါတယ် ဒီလောက်အချိန်အကြာကြီးဆိုတော့ စုမိဆောင်းမိတာတွေနဲ့ မိတ်ဆွေသင်္ဂဟတွေကမနည်းမနော ရွေးကောက်ပွဲတိုင်း သူတို့ချည်းမြို့တော်ဝန်ပေါ့ ဒါကိုခရိုင်အတွင်းရေးမှူးနဲ့ လူတစ်စုကမကျေမနပ်ဖြစ်နေပါတယ်.. ဆိုတော့ နိုင်ငံရေးထုံးစံအတိုင်း ကြိုတွေးထားလို့မရတဲ့လှည့်ကွက်တွေနဲ့ နေရာလုကြမဲ့အပိုင်းလေးတွေလည်းရှူစားလိုက်ကြပါဦးQuality : 1080p / 720pTotal Episodes : 9EpsFormat : mp4Genres : Crime, Drama, War & PoliticsDuration : 37mSubtitle : Myanmar Subtitle ( Hardsub )Translated by BpL~Cherry~Yunni~NyeinEncoded by YK 720p Episode 1 - Yoteshin / Userdrive / Megaup / Streamvid Episode ...
4.5
TMDb: 4.5/10 2 votes
tv

Sengalam (2023)

2023