Channel Myanmar

Drama

Bunga Saree (2023) 8.2
Bunga Saree (2023) "ရင်ထဲပွင့်တဲ့သဇင်ပန်း" မြန်မာစာတန်းထိုးBeyond Destiny 2023တာဝမ်း အဖြစ် Jes Jespipat ပူငှာ အဖြစ် Prang Kannarun Wongkajornklaiနယ်မြို့လေးတစ်ခုက အဘွားနဲ့အတူနေထိုင်တဲ့ တောင်ပိုင်းသူလေး ပူငှါဟာတရက်မှာ အကြွေးရှင်ဆီက ထွက်ပြေးဖို့ကြိုးစားရင်း ရထားပေါ်မှာဖရနခွန်သား တာဝမ်းနဲ့ဆုံခဲ့ပါတယ်မြင်မြင်ချင်းသဘောကျသွားတဲ့သူတို့နှစ်ဦးသားအဆင့်အတန်းနဲ့ဂုဏ်ဒြပ်တွေကွာခြားလွန်းတာကြောင့် ကွဲကွာဖို့အကြောင်းဖန်လာပါတယ်မြို့ပြကြီးမှာ တယောက်တည်းရုန််းကန်နေရတဲ့ပူငှါလေး ချစ်သူနဲ့ခွဲခွါရပြီးနောက်သူတို့နှစ်ဦးရဲ့အချစ်တွေက အနိုင်ရမလားအခက်အခဲတွေ မျိုးစုံအောင်ကြုံနေရတဲ့ ဒီအချစ်က ကြာရှည်တည်ရှိနေမလားဆိုတာကိုတော့ရိုမန့်ဒရမ်မာဇာတ်ကားစစ်စစ်ဖြစ်တဲ့ “ရင်ထဲပွင့်တဲ့သဇင်ပန်း”ကို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ(အညွှန်းရေးသားသူမှာ Lei Wutyi Tun ဖြစ်ပါတယ်)Native Title: บุหงาส่าหรี Episodes: 10 Aired: Aug 10, 2023 - ? Aired On: Wednesday, Thursday Original Network: GMM One Translated by  Nang Mwe Kham, Lei Wutyi Tun , Fake LoveEncoded by Naing Aung Latt Episode (1) ...
8.2
TMDb: 8.2/10 votes
tv

Bunga Saree (2023)

The Changeling (2023) 6.2
The Changeling (2023) ကလေးချင်းလဲတဲ့ မကောင်းဆိုးရွား ခေါ် Changeling ဒီ နာမည်ကိုတော့ Supernatural ဖန်တွေ၊ အခြားမှော်ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြားဖူးနေမှာပါ။ မွေးကင်းစကလေးလေးတွေကို အမေလက်ကနေ မသိအောင်ခိုးပြီး သူတို့ရဲ့ မကောင်းဆိုးရွားကလေးတွေနဲ့ ပုံစံတူ လဲလှယ်ထားတာပါ။ဒီနေရာမှာ အချို့ မူကွဲပုံပြင်တွေလည်း ရှိတတ်ပါသေးတယ်။ နတ်မှင်စာငယ်တွေက ကလေးချင်းလဲတဲ့ ပုံပြင်မျိုးလည်းရှိပါတယ်။ ဒီစီးရီးကတော့ ပဟေဠိဆန်ဆန်ရိုက်ထားတာမို့ ကလေးအလဲခံရတယ်ဆိုတာလည်း သက်သေမပြနိုင်သေး၊ ထူးဆန်းတာတွေဖြစ်နေပေမဲ့ အကြောင်းရင်းကို မသိသေးဘဲ အဖြေရှာရတဲ့အမျိုးအစားမို့ သို့လော သို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ရအောင် ဖန်တီးထားတာပါ။ပဟေဠိဆန်တဲ့ မိသားစုနောက်ခံနဲ့ လူတစ်ယောက်က အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်မိပြီး လက်ထပ်သွားကြတယ်။ အမျိုးသမီးလေးရဲ့မိသားစုနောက်ခံကလည်း ပဟေဠိဆန်နေပြန်တယ်။ ပိုဆိုးတာက အဲဒီအမျိုးသမီးဟာ ကလေးမရခင်မှာ စုန်းမလိုလို နတ်သမီးလိုလို သူတစ်ယောက်ဆီကနေ ဆုသုံးခုတောင်းလိုက်မိတယ်။ အဲဒီဆုတွေကိုလည်း မပြထားဘူး။ ဒီတော့ အဲဒီမိသားစုမှာ ကြောက်စရာတွေဖြစ်လာတဲ့အခါ ဇာတ်ဆောင်တွေနဲ့အတူ လိုက်အဖြေရှာရမဲ့ ဇာတ်လမ်းတွဲမျိုးမို့ အရသာရှိရှိ ကြည့်ရမှာပါပဲ။File ...
6.2
TMDb: 6.2/10 353 votes
tv

The Changeling (2023)

2023
Lakhan Leela Bhargava (2023)
Lakhan Leela Bhargava (2023) Lakhan Leela Bhargava 2023 Rating 8.5 ထိရရှိထားပြီး လက်ရှိထုတ်လွှင့်ပြသနေဆဲဖြစ်နေတဲ့ အိန္ဒိယတရားခွင်ဒရာမာစီးရီးကို တင်ဆက်ပေးချင်ပါတယ်။လက်ခန်းဟာ ရှေ့နေအဖြစ်အင်မတန်မှ စိတ်အားထက်သန်ပေမဲ့ အမှုတစ်ခုမှမကိုင်ရသေးလို့ အမှုသည်ကိုမရရအောင်အကွက်ဆင်ပြီးရှာနေရပါတယ်။သူဒီလိုအောင်မြင်မှုမရတာဟာ ရှေ့နေကြီးတစ်ဦးဖြစ်တဲ့ မိုဟန်ဆိုသူကြောင့်ဆိုပြီး နာကျဉ်းနေတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့တော့ သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူသတ်မှုတစ်ခုကိုပထမဆုံးကိုင်တွယ်လိုက်ရပါတော့တယ်။တရားရုံးရှေ့နေ့လိုက်ပေးဖို့ကို ကြိုးစားပမ်းစားပြင်ဆင်ပြီး စိတ်အားထက်သန်နေခါမှာ တရားရုံးအတွင်းမှာ အမှုသည်က ရှေ့နေပြောင်းချင်ပါတယ်လို့ပြောလိုက်တဲ့ချိန်မှာတော့... ပထမဆုံးအမှုမှာတင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အမှုကိုသူဖြေရှင်းခွင့်ရမှာလားဆိုတာ နောက်အမှုကရောဘာတွေဆက်လာမလဲဆိုတာ | လက်ခန်းရဲ့အမှုဖြေရှင်းတာတွေ၊ တရားခံရှေ့နေတွေကို ထေ့ငေါ့ပြီးပြောတတ်တာတွေ၊ မဟုတ်မခံတတ်တာတွေကို ဟာသနှောပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Dee~Yunni~ToMo~Zwe တို့ပဲဖြစ်ပါတယ်။)Quality : 1080p WEB DL  / 720pFormat : mp4Genres :Drama Duration : Subtitle : Myanmar Subtitle ( Hardsub )Translated by Moon~Dee~Yunni~ToMo~ZweEncoded by YK 720p Episode 1 - Yoteshin | Userdrive | Megaup | Streamvid Episode 2 ...

Lakhan Leela Bhargava (2023)

2023
Risk Lust Love (2023) 9
Risk Lust Love (2023) Risk Lust Love / ရမ္မက်မီး (2023)ပရင့်ဝ် အဖြစ် Mook Pichana အွမ့် အဖြစ်Neen Chatchaya ပရီဒီ အဖြစ် Mai Waritဇာတ်လမ်းအကျဉ်းဒီဇာတ်လမ်းတွဲလေးက လောဘ ရမ္မက် ကာမဂုဏ်တို့နဲ့ရောယှက်လာတဲ့အခါ သူတပါးကိုမကြည့်တော့ဘဲ လူတွေရဲ့အတ္တမီးတောက်လောင်ပုံကို ဖော်ပြထားတာပါပရင့်ဝ်က ငယ်ရွယ်ပြီး မိဘတွေကလည်း အလိုလိုက်ထားလို့ အပျော်ကြိုက်ပြီး ပျက်စီးနေတဲ့သူလေးပါ အွမ့်ကတော့ မိဘတွေရဲ့မျှော်လင့်ချက်ဝန်ကြီးထမ်းပြီး ကြီးလာရတဲ့သမီးအလိမ္မာလေးပေါ့ သူမကို ချမ်းသာစေချင် လက်တွဲဖော်ကောင်းကောင်းရစေချင်တဲ့ သူ့မိဘဆန္ဒတွေကြောင့် အွမ့်ဟာ ပရင့်ဝ်ကို လိုက်ပြိုင်ပြီး အပုတ်ချလေ့ရှိပါတယ်အမေချစ်သားလေး ပရီဒီကတော့ တက္ကသိုလ်စမတတ်ခင် ခရီးအလည်အပတ်ထွက်ရင်း ပရင့်ဝ်နဲ့အွမ့်တို့နဲ့ဆုံဖြစ်ခဲ့ရာမှာ ဒီမိန်းကလေးနှစ်ယောက်ရဲ့ကြားထဲမှာ ပရီတယောက် ဘယ်လိုရှုပ်နေမလဲအွမ့်ကရော ပရင့်ဝ်ကို ဘယ်လိုတွေဆက်ပြိုင်နေမလဲသုံးပွင့်ဆိုင်ဖြစ်လာမဲ့ဒီအချစ်ရေးကြီးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Nang Mwe Kham & Fake Love & Lei Wutyi Tun တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. ...
9
TMDb: 9/10 10 votes
tv

Risk Lust Love (2023)

2023
Hyde, Jekyll, Me (2015) [Complete] 7.2
Hyde, Jekyll, Me (2015) [Complete] Hyde, Jekyll, Me (2015)**************************အပိုင်း (၁ မှ ၂၀) စ / ဆုံး ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hyun Bin နဲ့ Han Ji-min တို့ဇာတ်လိုက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ။မင်းသားနဲ့ မင်းသမီးကတော့ လူတိုင်းနဲ့ မစိမ်းတဲ့ ထိပ်တန်းမင်းသား၊မင်းသမီးတွေဖြစ်တဲ့အပြင် ဒီကားလေးကလည်း အရမ်းအောင်မြင်ခဲ့တဲ့  ကားလေးမို့CM ပရိသတ်ကြီး  ပြန်လည်ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကား​လေးက​တော့ -ဂူ​ဆောဂျင်းဆိုတဲ့ သူ​ဌေးသား​လေးက အရာရာ ပြီးပြည့်စုံပြီးလုပ်ငန်းစုကြီးကို  ဦးစီး​နေတဲ့ ဒါရိုက်တာတစ်​ယောက်ပါ။အစစ အရာရာ ပြည့်စုံ​နေတဲ့သူဆို​ပေမဲ့ ငယ်စဥ်ကပြန်​ပေးဆွဲခံရမှုကို ခံခဲ့ရပြီး  " လူတစ်ကိုယ် စိတ်နှစ်မျိုး "ပြောင်းလဲတတ်တဲ့ ထူးထူးဆန်းဆန်း စိတ်​​ရောဂါတစ်ခုကို ခံစား​နေရသူပါ။ဆောဂျင်းက အေးစက်ပြီး ခပ်မာမာလူတစ်ယောက်ဆိုရင် သူ့ရဲ့ ဆန့်ကျင်ဘက်ရိုဘင်က ကြင်နာသဘောကောင်းပြီး လူတွေကို ကယ်တင်တတ်တဲ့သူတစ်ယောက်ပေါ့။တစ်နေ့မှာ ဂူဆောဂျင်းက သူ့ရဲ့ လုပ်ငန်းစုထဲက တစ်ခုဖြစ်တဲ့ ကစားကွင်းထဲက ဝင်ငွေလည်း မရှိခေတ်လည်းနောက်ကျနေတဲ့ ...
7.2
TMDb: 7.2/10 17 votes
tv

Hyde, Jekyll, Me (2015) [Complete]

2015
Love in Translation (2023) 10
Love in Translation (2023) Love in Translation / အချစ်ဘာသာပြန် (2023)ပတ်ဝန်းကျင်က အထင်အမြင်သေးနေတာတွေကို အသီးသီး သက်သေပြချင်ကြတဲ့ လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ ယန်လိင်ဖန်နဲ့ ဖူကျိုင်ယန်လိင်ဖန်ကတော့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ရင်းနဲ့ အောင်မြင်ချင်တဲ့ ရည်မှန်းချက်ကြီးတဲ့ကိုတရုတ်ကြီးဖြစ်ပြီးတော့ ဖူကျိုင်ကတော့ ကိုယ်ပိုင်အလုပ်လေးစလုပ်ပြီး တရုတ်မလေးထမ်မီကိုကြူးဖို့ တရုတ်စာသင်ချင်နေတဲ့ အချစ်ကိုမက်တဲ့လူငယ်လေးတစ်ယောက်ပေါ့အေးတိအေးစက်နိုင်တဲ့ခွန်ယန် နဲ့ လူငယ်ပီပီ တက်ကြွမှုအပြည့်နဲ့ မရင့်ကျက်‌သေးတဲ့ ဖူကျိုင် ဆန့်ကျင်ဘက်characterတွေနဲ့ ကြောင်နဲ့ကြွက်ဖြစ်နေတဲ့သူတို့နှစ်ယောက်၊ လျှောက်မယ့်လမ်းတွေမတူပေမဲ့ လုပ်ငန်းစထောင်ချင်တဲ့ပန်းတိုင်တူနေတဲ့ သူတို့နှစ်ယောက် ဇာတ်ဆရာအလိုကျ အလုပ်တွဲလုပ်ရဖို့ ဖြစ်လာပါတော့တယ်။တရုတ်မလေးကိုကြူးဖို့ရည်ရွယ်ထားပေမဲ့ လုပ်ငန်းတွဲဖက်လည်းဖြစ် တရုတ်စာသင်ပေးမယ့်ဆရာလေးလည်းဖြစ်တဲ့ အစ်ကိုယန်နဲ့ ရင်းနှီးမှုတွေ တိုးပွားလာတဲ့အခါမှာတော့ ...တရုတ်မလေးကိုကြူးရင်း တရုတ်စာသင်မယ့်ဆရာနဲ့ပဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ CMနဲ့အတူ ကြည့်ရှုခံစားလိုက်ကြပါဦးစို့။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတေ့ ဘာသာပြန်ထားတာကတော့ Mary, Hmwe, Myo Myo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size…800MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....Mary, ...
10
TMDb: 10/10 1 votes
tv

Love in Translation (2023)

2023
Sultan Of Delhi (2023)
Sultan Of Delhi (2023) Sultan of Delhi 2023 (သို့) ဒေလီစော်ဘွားများIMDb 6/10Disney+Hotstar ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့စီးရီးကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ပုရိသတို့အသည်းစွဲ မင်းသမီးချောလေး Mouni Roy ပါဝင်ထားပြီးArnab Roy ရေးသားထားတဲ့ " Sultan of Delhi : Ascension" ဆိုတဲ့စာအုပ်ပေါ် အခြေခံရိုက်ကူးတင်ဆက်ထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်အရေးအခင်းဖြစ်ပြီး သတ်ကြဖြတ်ကြဖြစ်နေချိန်မှာ သားဖြစ်သူကဗျောက်အိုးလိုချင်တယ်ဆိုလို့ သားဖနှစ်ယောက် အပြင်ထွက်ကြတုန်းမှာ သူတို့အိမ်ဝင်အစီးခံရပြီး ရှိသမျှမိသားစုဝင်တွေအကုန်အသတ်ခံလိုက်ရတယ်။အဲဒီမှာပဲ သားဖနှစ်ယောက် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မီးရထားစီးပြီး မြို့တစ်ခုဆီကိုထွက်လာခဲ့ကြတယ်။ သားဖြစ်သူက အာရ်ဂျွန်။အာရ်ဂျွန်က ကလေးကတည်းကမဟုတ်မခံစိတ်ရှိပြီး ရည်မှန်းချက်ကြီးတဲ့သူ၊ အရွယ်ရောက်လာချိန်မှာတော့ ဒေလီမြို့ကြီးဆီပြောင်းရွှေ့ပြီး အာဏာပါဝါတွေနောက်လိုက်ရင်း ဒေလီရဲ့ အာဏာရှိသူတစ်ဦးဖြစ်ဖို့ကြိုးစားပုံကို ၁၉၆၀နောက်ပိုင်းအချိန်ကို အခြေခံထားပြီး တင်ဆက်ထားပုံကို အရသာရှိရှိတွေ့မြင်ခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni ~V~ToMo တို့ပဲဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )File Size – 1GB / 500MBQuality – ...

Sultan Of Delhi (2023)

2023
The Wheel of Time (2021-2023) 9.7
The Wheel of Time (2021-2023) The Wheel of Time (2021)အမေဇုံရဲ့ ဘက်ဂျက်အကြီးစားနဲ့ စီးရီးလာပါပြီ။ ဇာတ်လမ်းကတော့ the lord of the rings နဲ့ ပိုဆင်ပါတယ်။ first age, second age, thrid age စသည်ဖြင့် သမိုင်းရှိပါတယ်။ ဇာတ်လမ်းအကျဉ်း စွမ်းအားကြီးတွေနဲ့ မွေးဖွားလာတဲ့ လူတွေဟာ အမှောင်သခင်ကို အကျဉ်းချထားနိုင်မယ်လို့ ယုံကြည်မိပေမဲ့ မအောင်မြင်ခဲ့တဲ့အခါ ကမ္ဘာကြီး ပျက်စီးလာခဲ့တယ်။ အဲဒီပျက်စီးခြင်းကို ယူဆောင်လာသူကို ဒရက်ဂွန်လို့ ခေါ်ကြတယ်။ အဲဒီပျက်စီးပြီးခေတ်နောက်ပိုင်းမှာ ကမ္ဘာကြီးကို အိုက်ဆီဒိုင်းညီအစ်မအဖွဲ့ဆိုတဲ့ တန်ခိုးရှင်တွေဟာ မျှော်စင်ဖြူကြီးကနေ ထိန်းသိမ်းနေခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာကြီးအပေါ်ကို လူတွေပြန်ဝင်စားဖို့အတွက် အချိန်စက်ဘီးဆိုတဲ့ အရာကြီးက လည်ပတ်နေပြန်တယ်။ ဒီတော့ အခု ဇာတ်လမ်းစတင်ချိန်မတိုင်ခင် အနှစ် ၂၀ တုန်းက ကမ္ဘာကြီးကို ပျက်စီးစေခဲ့တဲ့ ဒရက်ဂွန် ပြန်လည်မွေးဖွားလာပြီဆိုပြီး ဟောကိန်းတွေ ထွက်လာခဲ့တာပေါ့။ ဒရက်ဂွန်ဟာ ယောကျာ်းလား မိန်းမလား ဘယ်သူလဲဆိုတာ မသိကြပါဘူး။ ဟောကိန်းအရတော့ ကမ္ဘာကြီးကိုပျက်စီးစေခဲ့တဲ့ ဒရက်ဂွန်ကပဲ ကမ္ဘာကြီးကို ပြန်ကယ်တင်မယ်တဲ့။ ဒီတော့ အဲဒီဒရက်ဂွန်ကို အိုက်စီဒိုင်းအဖွဲ့ကရော အမှောင်သခင်ရဲ့ အဖွဲ့ကရောပါ လိုက်ရှာကြတဲ့အခါ... ရှုပ်ထွေးတဲ့ ဒဏ္ဍာရီတွေနဲ့ တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။Wheel ...
9.7
TMDb: 9.7/10 10 votes
tv

The Wheel of Time (2021-2023)

2021
The Long Shadow (2023) 10
The Long Shadow (2023) The Long Shadow (2023)IMDb- 8.1/10ဇာတ်လမ်းအညွှန်းလူသတ်သမား ဘယ်သူလဲ…၁၉၇၅ နဲ့ ၁၉၈၀ ခုနှစ်အတွင်းမှာ အင်္ဂလန် Yorkshire ပြည်နယ်တစ်ခွင်နဲ့Manchester မြို့မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေ ရှိခဲ့ပါတယ်။ကွင်းဆက်လူသတ်သမားရဲ့ အဓိကပစ်မှတ်ဟာ ပြည့်တန်ဆာအမျိုးသမီးတွေပါ။စုံထောက်တွေ ရဲတွေက လူသတ်သမားကို သဲကြီးမဲကြီးလိုက်ရှာခဲ့ပေမယ့်ကွင်းဆက်လူသတ်သမားဟာ ၅နှစ်နီးပါးအထိလွှတ်မြောက်နေခဲ့ပါတယ်၊ ပြစ်မှုတွေဆက်တိုက် ကျူးလွန်နေခဲ့ပါတယ်။၅နှစ်အတွင်း ပြစ်မှုပေါင်းများစွာပေါ်ပေါက်ခဲ့တဲ့ ဒီကွင်းဆက်မှာအသတ်ခံရသူ အမျိုးသမီး ၁၃ဦးအထိ ရှိခဲ့ပြီးတော့အသက်ရှင်လွတ်မြောက်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။နောက်ဆုံးတော့ လူသတ်သမားကို ဖမ်းမိခဲ့ကြပါတယ်။လူသတ်သမားဟာ Peter Sutcliffe…။၁၈၈၈ ခုနှစ် လန်ဒန်က အမည်မဖော်နိုင်ခဲ့တဲ့ကွင်းဆက်လူသမား Jack the ripper လိုမျိုးအခုပြောပြနေတဲ့ ကွင်းဆက်လူသတ်သမားကိုခေါ်တဲ့အမည်က Yorkshire Ripper…။အင်္ဂလန်နိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီးYorkshire Ripper ဆိုတဲ့အသံကြားတာနဲ့Yorkshire ပြည်နယ်သားတွေရဲ့စိတ်ထဲမှာမုန်းတီးရွံရှာမှုတွေ၊ စက်စုပ်မှုတွေ၊ ကြောက်ရွံမှုတွေ ခံစားနေကြရဦးမလား။ အခု The Long Shadow ဇာတ်လမ်းကဒီဖြစ်ရပ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ပြစ်မှုတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်နေတဲ့အချိန်မှာလူသတ်သမားကိုဖမ်းမိဖို့အတွက် ရဲတွေစုံထောက်တွေဘယ်လိုကြိုးစားနေကြမလဲ၊ ဘယ်လိုကြောင့်ကွင်းဆက်လူသတ်သမားကို ...
10
TMDb: 10/10 3 votes
tv

The Long Shadow (2023)

2023
Athidhi (2023) 6.5
Athidhi (2023) Athidhi (သို့) ဧည့်သည်(TV Series)(2023) IMDb - 6.1/10Disney+ Hotstarကနေ အထူးစီးရီးအနေနဲ့ လတ်တလောထွက်ရှိထားပြီး အပိုင်းခြောက်ပိုင်းသာပါဝင်တဲ့ ထိတ်လန့်သည်းဖိုဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။လမ်းမကြီးတစ်ခုမှာ ဘယ်လောက်ပဲမီးသီးတွေလဲတပ်ပါစေ မလင်းလာတဲ့နေရာတစ်နေရာရှိတယ်။ ပထမဆုံးမီးမလင်းတဲ့ ဓာတ်တိုင်ကိုကျော်တာနဲ့ စီးလာတဲ့ယာဉ်ကစက်သေသွားတော့တာပဲ။ ဘယ်လောက်ပဲကြိုးစားကြိုးစား စက်ကနိုးမလာတော့။လေးတိုင်မြောက်မီးပျက်နေတဲ့နေရာရောက်ရင်တော့ သရဲပေါ်လာပြီး သတ်တော့တာပဲ။ကံကောင်းလို့ကျော်သွားနိုင်ရင်တော့ မီးလင်းတဲ့ဓာတ်တိုင်ကိုရောက်တာနဲ့ စက်ပြန်နှိုးလို့ရပြီး အသက်ဘေးလွတ်မှာပဲ။အဲဒီလို နာမည်ကြီးနေတဲ့နေရာနားမှာပဲ အိမ်ကြီးတစ်လုံးရှိတယ်။လင်ရယ်မယားရယ် နှစ်ကိုယ်တည်းရှိတဲ့အိမ်။ မိုးကြီးလေထန်တဲ့ ညတစ်ညမှာပဲ အဲဒီအိမ်ကိုရောက်လာကြသူတွေက မာယာဆိုတဲ့ မိန်းမချောလေးရယ် ဆာဗာရီဆိုတဲ့ သရဲအယုံအကြည်မရှိလို့ သရဲခြောက်တဲ့နေရာကိုသွားပြီးဗီဒီယိုရိုက်တဲ့ ဘလော့ကာတစ်ဦးရယ်ပေါ့။ ဘယ်လိုကြောင့် ညကြီးမိုးချုပ်မှ သူတို့နှစ်ဦး ရောက်လာကြတာလဲ။လင်မယားနှစ်ယောက်ကရော လူသူဝေးတဲ့ သရဲခြောက်ပါတယ်ဆိုတဲ့နေရာနားမှာမှ ဘာလို့နေနေကြတာလဲဆိုတာ အဖြေရှာရင်း ကြည့်ရင်းကြောက် ကြောက်ရင်းကြည့်လိုက်ရအောင်လားဗျ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Alexia~ToMo~BpL~Zwe~Yunniတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size – 500MB | 300MBQuality – 1080p / 720pDuration –Total Episodes: 6EpsSubtitle ...
6.5
TMDb: 6.5/10 2 votes
tv

Athidhi (2023)

2023
VIVANT (2023) 8.6
VIVANT (2023) Vivant (2023) Complete ~ IMDb - 7.5/10, MyDramaList - 8.3/10 ~ ဂျပန်ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်အထနှေးတာကို မကြိုက်တဲ့လူတွေ ကိုရီးယားဇာတ်လမ်းတွဲကြိုက်တဲ့လူတွေတောင် ဒီဂျပန်ဇာတ်လမ်းတွဲကို တော်တော်လေးကြိုက်လောက်ကြမယ်။ ဒီလိုပြောလို့ ဂျပန်ဇာတ်လမ်းတွဲတွေရဲ့ ပေးနေကျအရသာပျက်သလားဆိုတော့လည်း မပျက်ပြန်ဘူး။ ဒါပေမဲ့ ဂျပန်ဇာတ်လမ်းတွဲနဲ့ တူသလားဆိုတော့လဲ မတူပြန်ဘူး။ တော်တော်လေး ကြားကျသလို ဇာတ်လမ်းတည်ဆောက်ပုံ ကာရိုက်တာတည်ဆောက်ပုံ နောက် သရုပ်ဆောင်တွေကအစ လန်ပြန်ထွက်နေတယ်။ သရုပ်ဆောင်တွေကျလည်း ဟ ဒီဇာတ်လမ်းတွဲထဲ ဒီဘဲတွေ ဘာကိစ္စပါလာတာလဲ ပြောရမယ့်ဘဲတွေချည်း။ ဖျော်ဖြေရေးအရတော့ တော်တော်ကွာလတီကောင်းတဲ့ စီးရီးပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ဂျပန်ကုမ္ပဏီတစ်ခုက နိုင်ငံခြားကုမ္ပဏီတစ်ခုကို ရင်းနှီးမြုပ်နှံငွေလွှဲပေးရာမှာ ဒေါ်လာ၁၀သန်းနဲ့ သန်း၁၀၀ မှားလွှဲမိရာကစတယ်။ ငွေပမာဏက တော်တော်ကွာနေတော့ ကုမ္ပဏီတစ်ခုလုံး ဒါဘယ်လိုဖြစ်တာလဲဆိုပြီး ဂျွမ်းပြန်ကုန်ရော။ ဒီတော့ ဒီကိစ္စရဲ့တာဝန်ရှိသူလို့ အားလုံးဝိုင်းသတ်မှတ်လိုက်ကြတဲ့ နိုဂိဆိုတဲ့ ဝန်ထမ်းက ဒီကိစ္စကိုဖြေရှင်းရဖို့ ဖြစ်လာတယ်။ ကန္တာရကြားက Balka လို့ ...
8.6
TMDb: 8.6/10 7 votes
tv

VIVANT (2023)

2023
The Betrayal (2023) 6
The Betrayal (2023) The Betrayal / သစ္စာဒဏ်စူး ရူးကြသူများ  (2023) ကျိန် အဖြစ် Anne ThongPrasom အထင် အဖြစ် Ananda Everingham ခိတ် အဖြစ် Patrica Tanchanok GoodWorld of the Married ကတော့ နာမည်အတော်ကြီးခဲ့တာမို့ နိုင်ငံပေါင်းစုံက Remake တွေ ပြန်ရိုက်လည်း ရိုက်သမျှ စီးရီတိုင်း ပေါက်ခဲ့တာချည်းပါပဲ။ဒါကတော့ ထိုင်းဗားရှင်းလေးပေါ့။ မူရင်းဇာတ်လမ်းအတိုင်းပါပဲ လောင်စရာ အိမ်ထောင်ရေး စီးရီးပါပဲ။သာယာအေးချမ်းပျော်ရွှင်တဲ့ စိတ်ကျန်းမာရေးအထူးကုဆရာဝန်မလေးကျိန်ရဲ့မိသားစုဘဝဟာ ရုပ်ရည်သန့်ပြန့်ပြီးချောမောတဲ့ခင်ပွန်းလေးကိုပိုင်ဆိုင်ထားတော့ အရာရာပြည့်စုံနေခဲ့တာပါ။တစ်နေ့မှာ သူမခင်ပွန်းရဲ့လည်စီးမှာဆံပင်မွှေးတစ်ပင်ပါလာတာကြောင့် အိမ်ပြန်ချိန်လည်းနောက်ကျနေတာနဲ့ သူ့ခင်ပွန်းနောက်မီးလင်းနေမလား သံသယဝင်ပါတော့တယ်သံသယဝင်တာကနေစပြီး လူငှားပြီးစုံစမ်းရင်းကနေ သူ့ခင်ပွန်းနောက်မီးလင်းနေတာဟုတ်မဟုတ် ဘယ်သူနဲ့ဖောက်ပြန်နေတာလဲဆိုတာ ကျိန်တစ်ယောက်သိရပါ့မလား မိသားစုပြဿနာတွေရောဘယ်လိုဖြေရှင်းမလဲဆိုတာ ဇာတ်ကားထဲကြည့်ရအောင်နော်အပတ်စဉ် ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦး။Genre..... Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang, ...
6
TMDb: 6/10 10 votes
tv

The Betrayal (2023)

2023
CEO-dol Mart (2023)
CEO-dol Mart (2023)  CEO-dol Mart (2023) ********************အပိုင်း  ( ၁ မှ ၁၀  ) အထိ  စ / ဆုံး ဒီနေ့မှာပဲ အသစ်ထွက်ရှိလာတဲ့ EXO memberတစ်ယောက်ဖြစ်တဲ့ Xiuminပါဝင်ထားတဲ့ Boss-dol Martဆိုတဲ့ ဇာတ်ကားလေးအကြောင်းမိတ်ဆက်ပေးချင်ပါတယ်...Thunder Boys ဆိုတဲ့ KPOP Boy Groupဟာ အေဂျင်စီရဲ့ငွေကြေးအခက်အခဲကြောင့်အဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အဖွဲ့ဝင်၅ယောက်ကလည်းကိုယ်ပိုင်ဘဝတွေကို ထူထောင်နေကြဆဲဖြစ်ပါတယ်ဒီလိုနဲ့ တစ်နေ့မှာ အေဂျင်စီဟောင်းရဲ့စီအီးအိုနဲ့ ပြန်တွေ့ပြီး မထင်မှတ်ထားတဲ့အခြေအနေနဲ့ စတိုးဆိုင်တစ်ခုကို စီမံဖို့ဖြစ်လာပါတော့တယ် စတိုးဆိုင်ကိုလည်း စီမံရင်းတစ်ဖက်မှာလည်း သူတို့ရဲ့အိပ်မက်တွေကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားကြပေမယ့်တကယ်လက်တွေ့မှာ ဒီလူငယ်လေး ၅ ယောက်ဟာ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး.......  File Size –  600MB/300MBQuality –1080p, 720pDuration – 50 Min  (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre ...

CEO-dol Mart (2023)

2023
South Wind Knows ( 2023 ) 10
South Wind Knows ( 2023 ) လူတွေက အချစ်တစ်ခုပေါက်ဖွားလာဖို့ မြှားနတ်မောင် အောင်သွယ်ပေးတယ်လို့ပြောကြတယ်၊ ဒါပေမဲ့ ချောမွေ့လှပတဲ့အချစ်လမ်းတစ်ခု ခရီးဆက်ဖို့ ကံကြမ္မာ ဖူးစာရေစက် အချိန်မှန် လူမှန် ဖြစ်ဖို့လိုပါတယ်၊ ဒီထဲက တစ်ခုခုနဲ့လွဲချော်သွားခဲ့ရင်...ဆေးသုတေသနပညာရှင် "ဖုယွင်ရှန်း"ဟာ ဆေးတစ်မျိုးကိုလေ့လာဖို့ နယ်စပ်ဒေသကို သွားခဲ့တဲ့အခါ အဲ့ဒီမှာ ‌ တာဝန်ကျ‌လေ့လာကုသရေးလုပ်‌နေတဲ့ "ကျူးကျို့"နဲ့ဆုံတွေ့ခဲ့ရပါတော့တယ်၊ ဒီလိုနဲ့ အချင်းချင်း ကတောက်ကဆလေးတွေကြားက ချိုမြိန်တဲ့ အချစ်ပုံပြင်တစ်ပုဒ် စတင်ပါတော့တယ်။ဒါပေမယ့်လည်း ကံကြမ္မာက မျက်နှာသာမပေးတဲ့အခါ ... ဖုယွင်ရှန်းဟာ ကားမတော်ဆမှု ဖြစ်ခဲ့ပါတော့တယ်၊ဖုယွင်ရှန်းဟာ နဂိုတည်းက သူများနဲ့မတူ ပင်ကိုယ် ကျန်းမာရေးချူချာတဲ့သူဖြစ်ပြီး ထိုဖြစ်ရပ်အပြီးမှာ ခြေထောက်နှစ်ဘက်လုံးဟာလည်း ဒုက္ခိတဖြစ်သွားပြီး သူ့ဘဝဟာ ကံဆိုးမိုးမှောင်ကျသွားခဲ့ပါ‌‌တော့တယ် ဒီ့ထက်ဆိုးတာက စိတ်ဓာတ်ကျသွားခဲ့ပြီး ကျူးကျို့ကို ဒုက္ခမပေးချင်တဲ့အတွက် လမ်းခွဲဖို့ပြောခဲ့ပါတော့တယ် ။ဒီလိုနဲ့ တစ်နှစ်အကြာမှာ ဖုယွင်ရှန်းကိုပြုစုဖို့မိသားစုဆရာဝန်ငှားခဲ့တဲ့ချိန်မှာ ထိုဆရာဝန်က"ကျူးကျို့"ဖြစ်နေခဲ့ပြီး ... ဖုယွင်ရှန်းရဲ့အမှောင်ကျနေတဲ့စိတ်နှလုံးသားကို ဘယ်လိုနွေးထွေးမှုတွေနဲ့ အလင်းတစ်ဖန်ပြန်သယ်ဆောင်လာပေးမလဲ ...ဒီတစ်ခါမှာလည်း ဘယ်အရာက သူတို့နှစ်ယောက်ကို ဝေးကွာစေလိမ့်ဦးမလဲ ... Cheng Yi နဲ့ Zhang Yuxiတို့အဓိကပါဝင်သရုပ်ထားတဲ့ ဒီဇာတ်လမ်းလေးကို CM ကနေ အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်တင်ဆက်ပေးတော့မှာ ဖြစ်‌တဲ့အတွက် စောင့်မျှော်ကြည့်ရှုခံစားလိုက်ရအောင်နော်=========================Quality : WEB-DL 1080p , 720p Total Episodes : ...
10
TMDb: 10/10 1 votes
tv

South Wind Knows ( 2023 )

2023
Spirit of Magic Mic (2023) 7
Spirit of Magic Mic (2023) မိုက်ခရိုဖုန်းမွှေသောအချစ် (2023)ဆွမ်က အဆိုတော်ကြီး တစ်ယောက် ဆိုပေမဲ့ အသက်က ရလာတော့ သူတို့တီးဝိုင်းကို လူသိပ်မကြည့်ကြတော့ သိပ်ပြီးတော့ အဆင်မပြေလှပါဘူး အဆင်မပြေမှုတွေကြောင့် တီးဝိုင်းဆက်လက်တည်တန့်ဖို့ သူဌေးအမ်နတ်ဆီမှာ အကြွေးယူပါတယ် ဒီလိုနဲ့ ‌အကြွေးက အတိုးအပါဆိုရင် ဘတ် ၅ သန်းထိ ရောက်သွားပါတယ် ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဘဲ လျှို့ဝှက်ထားခဲ့ပါတယ်တစ်နေ့ သီချင်းဆိုရင်း သူ့ရောဂါ အခံကြောင့် စင်ပေါ်မှာပဲ ဘ၀တစ်ပါးကို ကူးပြောင်းသွားပါတော့တယ် သူဆုံးသွားပြီး အကြွေးတင်နေတာကို သူ့သမီးဖြစ်သူ ဖင် သိသွားတော့ အကြွေးဆပ်ဖို့ တီးဝိုင်းက တန်ဖိုးကြီး တူရိယာတွေကို ရောင်းဖို့ပြောပါတယ် ပြီးတော့ တီးဝိုင်းကိုလည်း ရပ်တန့်ပစ်ဖို့ပါပြောပါတယ် ဆွမ်ရဲ့ တပည့်ရင်း ဖြစ်သူ ဆာထစ်ကတော့ တီးဝိုင်းကို မရောင်းဖို့ ဆန့်ကျင်ပါတော့တယ် အကြွေးကိုလည်း သူတို့တီးဝိုင်းဆက်လုပ်ပြီး ဆပ်မယ်လို့ ဖင်ကို ပြောပါတယ်ဆိုတော့ ဖင်နဲ့ဆာထစ် ကြား တီးဝိုင်းကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းကြမှာလဲ အကြွေးကို ဘယ်နည်းလမ်းနဲ့ဆပ်ကြမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူမှာ Fake love ဖြစ်ပါတယ်)Translated by ...
7
TMDb: 7/10 10 votes
tv

Spirit of Magic Mic (2023)

Destined with You (2023)
Destined with You (2023) Destined with You (2023)************************** အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံးဂျန်ရှင်းယူ ( Rowoon ) က​တော့ ထက်မြက်ပြီး ကြည့်လို့​ကောင်းတဲ့ ပြိုင်စံရှား ​ရှေ့​နေတစ်​ယောက်ပါ။ ဘယ်​နေရာ​ရောက်​ရောက် ထင်​ပေါ်​နေတဲ့သူဆိုလည်းမမှားဘူး​ပေါ့။ ဒါ​ပေမဲ့ ရှင်းယူတို့ရဲ့ မိသားစုက နှစ်ပေါင်း ၃၀၀ ကျော်ကြာ ကျိန်စာသင့်နေတဲ့မိသားစုလေး။ရှင်းယူကလည်း အဲဒီကျိန်စာ​ကြောင့် ကုလို့မရ၊ရှင်းပြလို့မရတဲ့ ​​ရောဂါတစ်ခုကိုခံစား​နေရပြီး တစ်​နေ့ပြီးတစ်​နေ့ ပိုဆိုးဝါးလာ​​တော့တယ်။အဲဒီကျိန်စာကို" သစ်သားသေတ္တာပိုင်ရှင်" က ဖယ်ရှားပစ်နိုင်မှာမို့ သေတ္တာပိုင်ရှင်ကို လိုက်ရှာနေတော့တယ်။အီဟုန်းဂျူ ( Jo Boah) က အလုပ်ကို အမြဲတမ်းအ​ကောင်းဆုံးကြိုးစားတဲ့ပြည်သူဝန်ထမ်း​ကောင်မ​လေးတစ်​ယောက်ပါ။ သူမအလုပ်ကို လုပ်နေရင်းနဲ့ တစ်​နေ့မှာသူမဆီကို သစ်သားသေတ္တာ ဟောင်းလေး ​ရောက်ရှိလာခဲ့တယ်။ အဲဒီထဲမှာ လွန်ခဲ့တဲ့နှစ်​ပေါင်း ၃၀၀​ လောက်က ကျိန်စာ​တွေကို ဖယ်ဖျက်ပစ်နိုင်တဲ့ လျှို့ဝှက်ချက်​တွေပါတဲ့ တားမြစ်ခံထားရတဲ့ စာအုပ်​လေး ပါလာတာကိုတော့ မသိခဲ့ဘူးပေါ့။ရှင်းယူကလည်း သေတ္တာပိုင်ရှင်ပေါ်လာပြီမို့ သူ့မိသားစု ကျိန်စာကို ...

Destined with You (2023)

2023
It’s ok to be 30 (2023) 8
It’s ok to be 30 (2023) အသက် ၃၀ (2023)အသက်၃၀အရွယ်ဖလွိုင်ဒေါင်ဟာ အပျိုကြီးဘဝနဲ့အလုပ်ကိုပဲကြိုးစားရင်း ဘဝကိုကုန်ဆုံးနေသူပါ တစ်ရက်မှာ သူမဟာ စိတ်ဆရာဝန်နမ့်ခန်းနဲ့ဆုံမိပြီးနောက် နမ့်ခန်းရဲ့Self Loveဆိုင်မှာ တိုင်ပင်ဖို့သွားရင်း သူမနဲ့ သူငယ်ချင်းကျကျာလည်း လဆွေးနွေးရင်း ဆုံခဲ့ကြရာမှာ သူမရဲ့လက်ရှိအခြေအနေက အရမ်းအထီးကျန်ဖို့ကောင်းဖို့ သူ့သောကကို ကျကျာကို ပြောပြဖြစ်ခဲ့တယ်ကျကျာက တကွဲတပြားဖြစ်နေတဲ့ဒေါင်ကို သူငယ်ချင်းတွေနဲ့ပြန်ဆုံဖို့ ခေါ်သွားခဲ့ချိန်မှာပဲ ဒေါင်က သူ့ရည်းစားဟောင်း ချနင်နဲ့ပြန်ဆုံဆည်းခဲ့ပြီး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီပေါ့ပေါ့ပါးပါးစီရီးလေးမှာ ကြည့်ရှုလိုက်ရအောင်နော်(အညွှန်းရေးသားသူမှာ Lei Wutyi Tun ဖြစ်ပါတယ်)Translated by Nang Mwe Kham & Fake Love & Lei Wutyi TunGenre..... Drama Quality…. 1080p | 720p File size… 800MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham & Fake Love ...
8
TMDb: 8/10 20 votes
tv

It’s ok to be 30 (2023)

2023
Kaala (2023) 9
Kaala (2023) Kaala (သို့) ငွေမည်းဘုရင်များ၏ အရှုပ်တော်ပုံ (2023) IMDb 6.7/10နောက်ဆုံးထွက် အသစ်စက်စက် ငွေမည်းမှောင်ခိုအကြောင်း စီးရီးလေးတစ်ခု တင်ဆက်ပေးချင်ပါတယ် ဒီစီးရီးမှာဆိုရင် အပိုင်း၈ပိုင်းထိ ပါဝင်ပြီး တစ်ပိုင်းချင်းစီကို မျက်တောင်မခတ်တမ်းကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီစီးရီးက ဘာနဲ့တူလဲဆိုရင် ဟိုတလောတုန်းကထွက်ရှိထားတဲ့ Farzi နဲ့နည်းနည်းဆင်တူပေမဲ့ ဒီကောင်က Plot ပိုင်းဆိုင်ရာမှာ ကြည့်တဲ့လူ‌တွေကိုပိုပြီးခေါင်းစားစေမှာပါအမှန်တရားနောက်ကွယ်က လက်မည်းကြီးတွေနဲ့ အာဏာတွေပါဝါတွေအောက်ကနေ အဖြစ်မှန်ကိုလိုက်စုံစမ်းနေတဲ့ စုံစမ်းရေး IB အရာရှိ ရစ်ဝစ်ခ်... သူလိုက်နေတဲ့ အကောင်ကြီးတွေကတော့ အနောက်ဘင်္ဂလားဒေ့ရှ်က ငွေကြေးခဝါချသူတွေနဲ့ အဲဒီငွေမည်းတွေကို မှောင်ခိုသယ်ယူပို့ဆောင်နေတဲ့ သူ့ရဲ့ဂိုဏ်းကြီးတစ်ခုရဲ့‌ ခေါင်းဆောင်၊ နာမည်ကြားတာနဲ့ ဥပဒေဘက်တော်သားတိုင်းရှိန်တဲ့၊ လက်ရှောင်ကြတဲ့ တစ်မိုးအောက် ငွေမည်းဘုရင် "နန်မန်အာရာ"... ဂိုဏ်းကြီးဆိုတဲ့အတိုင်း အထက်ကလူတွေကို တစ်ဆင့်ပြီးတစ်ဆင့် လာဘ်ထိုးကာ အိန္ဒိယကနေတစ်ဆင့် မှောင်ခိုမှု‌တွေ ပြုကြပါတော့တယ်..ဒီလိုကနေတစ်ဆင့် စစ်ဆင်ရေးလုပ်နေစဉ်မှာပဲ အရာရှိရစ်ဝစ်ခ်ရဲ့ရင်ထဲမှာ တိမ်းအောင်းနေတဲ့ အဖေဖြစ်သူအပေါ်နာကျည်းမှုတွေရဲ့အမှန်တရားတွေ ယှဉ်တွဲလာတဲ့အခါ... ပိုက်ဆံက အရာရာဆိုတဲ့လူတွေကြား လူလေး၅ယောက်လောက်သာပါဝင်တဲ့ စုံစမ်းရေးအရာရှိတို့အဖွဲ့ ဘယ်လိုတွေအားပြိုင်ကြမလဲ ငွေမှောင်ခိုမှုပဲဆိုပေမဲ့ ကြည့်လေကြည့်လေ ဆွဲဆောင်နိုင်လေပဲမို့ အခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ရှင်(အညွှန်းနဲ့ ...
9
TMDb: 9/10 1 votes
tv

Kaala (2023)

2023
Choona (2023) 7.3
Choona (2023) Choona 2023 (IMDb 6.3/10)ယခုတင်ဆက်ပေးမှာကတော့ netflix ကနေပူပူနွေးနွေးထွက်ရှိလာတဲ့ crime-comedy စီးရီးလေးပဲဖြစ်ပါတယ်ဒီထဲက အဓိကဆရာကြီးကတော့ ကုလားစနေမောင်မောင်ဗားရှင်းလို့ ပြောရမဲ့ နိုင်ငံရေးသမား ရှူကလာပဲဖြစ်ပါတယ် သူ့ရဲ့ထူးခြားချက်ကို ဗေဒင်ကိန်းခန်းနက္ခတ်တွေကို အရမ်းယုံပြီး လူသတ်ရင်တောင် နက္ခက်ကိုက်မှသတ်တဲ့ နိုင်ငံရေးသမား လူဆိုးကြီးဖြစ်ပါတယ်ဘောလီးဝုဒ်နိုင်ငံရေးသမားတို့ရဲ့ထုံးစံအတိုင်း ဟိုမဲဆွယ်ဒီမဲဆွယ် ဟိုမင်းသားနဲ့ငြိ ဒီမင်းသားနဲ့ငြိနဲ့ အကုန်လုံးကို အနိုင်ပတ်ကျင့်ပြီးတဲ့နောက်မှာ ဆရာကြီးကို ကြည့်မရတဲ့လူတစ်သိုက်စုပြီး ဆရာကြီးရဲ့ ပိုင်ဆိုင်သမျှထဲ တန်ဖိုးအများဆုံးပမာဏကို ဝိုင်းခိုးဖို့ အကွက်ချပါတော့တယ်အဲ့တော့ ocean eleven လို သူခိုးတသိုက်နဲ့ လူဆိုးကြီးစနေမောင်မောင်(ခေတ္တအိန္ဒိယ) ဗားရှင်းပေါ့ဗျာ ဇာတ်လမ်းလဲကောင်းသလို ဟာသပါတယ်ဆိုပေမဲ့ ပေါမနေပဲ အတည်နောက်ထားတာကြောင့် အားလုံးပဲ သူခိုးကားလေးလဲကြည့်ရ ဗေဒင်လေးလဲကြုံတုန်းတွက်ရတာမို့ လက်မနှေးကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )File Size – 800MB ...
7.3
TMDb: 7.3/10 3 votes
tv

Choona (2023)

2023
[18+] Secret Campus (2023) Complete 7.2
[18+] Secret Campus (2023) Complete Secret Campus (2023) Mini Series စောင့်မျှော်နေကြတဲ့ Azi Acosta လေးရဲ့ဇာတ်လမ်းတွဲအသစ်လာပါပြီ။ High (School) On Sex အပြီးမှာ ထွက်ရှိလာခဲ့တဲ့ ကျောင်းနောက်ခံဇာတ်လမ်းတွဲဖြစ်ပေမဲ့ ပေါ့ပေါ့ပါးပါးဟာသကားတော့မဟုတ်ပါဘူး။ အထက်တန်းကျောင်းနဲ့ ကောလိပ်ကျောင်းသူကျောင်းသားတွေရဲ့ ကျောင်းဝင်းထဲမှာ တီးတိုးပြောလေ့ရှိတဲ့ ဇာတ်လမ်းတွေ အမှောင်ဆုံးလျှို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီး Anthology ပုံစံနဲ့တင်ဆက်သွားမှာဖြစ်ပါတယ်။ Azi Acosta အပြင် Pantaxa Laiya ပြိုင်ပွဲဝင်နှစ်ယောက်ဖြစ်တဲ့ Angelica Hart နဲ့ Armina Alegre တို့နဲ့အတူ တစ်ခြား Vivamax မင်းသမီးလေးတွေလည်း ပါဝင်အားဖြည့်ထားတဲ့အတွက် ကြည့်ကောင်းဦးမယ့်ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားလိုက်ကြပါဦး။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်)Size ~ 700MB+ Total - 4 Episodes Quality – 1080p Duration ~ 45min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : ...
7.2
TMDb: 7.2/10 38 votes
tv

[18+] Secret Campus (2023) Complete

2023