Channel Myanmar

Drama

RACE (2023)
RACE (2023) Race အညွှန်းPark Yoon-Zo (Lee Yeon-Hee) ကတော့ ပညာရေးနောက်ခံသိပ်မရှိတဲ့ သာမန် အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ ဆန့်ကျင်ဘက်စိတ်နေသဘောထားရှိပြီး ထက်မြက်တဲ့ သူငယ်ချင်း Ryu Jae-Min (Hong Jong-Hyun)အလုပ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုမှာ PR Department ပိုင်းအတွက် ခန့်အပ်ခြင်းခံလိုက်ရတဲ့အခါမှာတော့...PR ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ Ku Yi-Jung (Moon So-Ri) နဲ့ အတူအလုပ်လုပ်ပြီး ပညာအရည်အချင်းဆိုတဲ့ ကန့်သတ်မျဉ်းတွေကို ဖြတ်ကျော်ကာ ရုန်းကန်ကြိုးစားရင်း ကုမ္ပဏီဝန်ထမ်းကောင်းတစ်ယောက်အဖြစ် Yoon-Zo တစ်ယောက် တိုးတက်လာတာကို မြင်ရမှာဖြစ်ပါတယ်။Welcome to Wedding Hell နဲ့ ပရိတ်သတ်ကြီးနှစ်သက်သဘောကျခဲ့ရတဲ့ မင်းသမီး Lee Yeon-Hee နဲ့အတူ Moon Lover ထဲက Wang Yo တဖြစ် မင်းသားချော (Hong Jong-Hyun)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးကိုယ်ပိုင်အမြင် အတွေးအခေါ်တွေကို ထုတ်ဖော်ပြသတာ သဘောကျတတ်တဲ့ PR အေဂျင်စီရဲ့ CEO ...

RACE (2023)

2023
Saint X (2023) 6.1
Saint X (2023) Saint X (2023) =========== IMDb Rating - 6.1/10အပန်းဖြေခရီးထွက်ရတာကို သဘောမကျတဲ့သူမျိုး မရှိနိုင်ဘူး ထင်ပါတယ်။ စိတ်ပျော်ရွှင်ဖို့အတွက် ခရီးတွေထွက်ကြတယ်၊ တချို့ကတော့ မိသားစုအချိန်လေးရဖို့ ခရီးထွက်တတ်ကြတယ်။ အယ်လီဆန်တို့ မိသားစုလေးကလည်း ကျောင်းပိတ်ရက်ရာသီ လေးမှာ အပန်းဖြေခရီးထွက်ခဲ့ကြတဲ့ သာမန်မိသားစုလေးပါပဲ။ ဒါပေမဲ့ ပျော်ရွှင်စရာအပန်းဖြေခရီးမဟုတ်ဘဲ ကြမ္မာဂြိုဟ်ဆိုး ဝင်မွှေခံရတဲ့ အပန်းဖြေခရီးတစ်ခု ဖြစ်လို့လာခဲ့တဲ့အခါ....ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ဝက်စ်ချက်စတာမြို့က လူကုံထံလူဖြူမိသားစုတွေ အင်ဒီဂိုပင် လယ်အော်ကျွန်းလေးပေါ်က အပန်းဖြေစခန်းတစ်ခုဆီ အပန်း ဖြေခရီး ထွက်လာခဲ့ကြပါတယ်။ အယ်လီဆန်တို့ မိသားစုအပါ အဝင်ပေါ့။ အယ်လီဆန်က သိပ်ကိုလှပပြီး ဆွဲဆောင်မှုအပြည့် ရှိတော့ ခရီးစဉ်မှာပါသမျှ ပုရိသတွေအပြင် ကျွန်းသားတွေရဲ့ လည်ပြန်ငေးခြင်းကိုပါ ခံရတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ပေါ့လေ။ တစ်ညမှာတော့ အယ်လီဆန်တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပြီး ကျွန်းနဲ့မိုင်ချီဝေးတဲ့ ဖားရ် အဝေးကေးဆိုတဲ့ တောအုပ်ထဲမှာ သူ့ရဲ့အလောင်းပေါ်လာခဲ့ ပါတယ်။ဒါပေမဲ့ အာဏာပိုင်တွေက သူ့အမှုကို မတော်တဆမှုတစ်ခုအနေ နဲ့ပဲ ပိတ်လိုက်ခဲ့ကြတယ်။ နှစ် ၂၀ ကြာပြီးတဲ့နောက်မှာတော့ အယ် လီဆန်ရဲ့ ညီမဖြစ်သူ အမ်မလီတစ်ယောက် အရွယ်ရောက်လာတဲ့ အခါမှာ သူ့အစ်မရဲ့ ပဟေဠိဆန်စွာ သေဆုံးရမှုအတွက် တရားခံ ရှာဖို့ စတင်ပါတော့တယ်။ မမျှော်လင့်ထားတဲ့ အချိုးအကွေ့တွေနဲ့ အဆုံးထိ ...
6.1
TMDb: 6.1/10 1400 votes
tv

Saint X (2023)

2023
The Power (2023) 6.0
The Power (2023) The Power (2023) ============= IMDb Rating - 5.6/10NewYork Bestseller စိတ်ကူးယဉ်ဝထ္ထုကို အခြေခံပြီး ရိုက်ထားတဲ့ The Power ဇာတ်လမ်းတွဲကို Amazon Prime ကနေ ဘက်ဂျက်အများကြီးသုံးပြီး ဇာတ်လမ်း ဇာတ်အိမ် ကောင်ကောင်းနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ရုတ်တရက် ကမ္ဘာ့အနှံ့က အမျိုးသမီးတွေ အများစုမှာ လျှပ် စစ်စွမ်းအင်လို ရှေ့ာတိုက်နိုင်တဲ့ အစွမ်းတွေရလာတဲ့အခါမှာ ကမ္ဘာကြီးက ပြောင်းလဲဖို့ဖြစ်လာပါပြီ။ ဥရောပ၊ အမေရိကမှအစ အာရှတိုက်အလယ်၊ အာဖရိကတိုက်အဆုံး ဘဝနာနေခဲ့တဲ့ ဆယ်ကျော်သက် ကောင်မလေး အများစုမှာ သူတို့ရဲ့ အဖိ အနှိပ်ခံဘဝကနေ ဒီလိုအစွမ်းတွေရလာတဲ့အခါမှ သူတို့ဘဝက ချက်ချင်းပြောင်းလဲသွားပါတယ်။ဒီစွမ်းအားရှင်လေးတွေကို ထိန်းချုပ်ဖို့ အဖွဲ့အစည်းတစ်ခုပေါ် လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးမီဒီယာတွေရဲ့ စောင့်ကြည့်မှုလည်း ခံလာရပြီး သူတို့အားလုံးပေါင်းဆုံကာ ပိုကြီးမားတဲ့ အန္တရာယ် ကြီးတစ်ခုကို ကျော်ဖြတ်ဖို့ဖြစ်လာပါတယ်။Season 1 အနေနဲ့ (၉) ပိုင်းထွက်ရှိမှာဖြစ်ပြီး တစ်ပတ်တစ်ပိုင်း နှုန်းဖြင့်CM ကတင်ဆက်ပေးသွားမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL 720p / ...
6.0
TMDb: 6.0/10 1300 votes
tv

The Power (2023)

2023
My Lucky Star (2023) 8.1
My Lucky Star (2023) "ကိုယ့်ရဲ့ချစ်ကြယ်စင်လေး ၂၀၂၃ " မြန်မာစာတန်းထိုးMy Lucky Star 2023နိုက် အဖြစ် Film Thanapat kawila ချုမ်ကျန် အဖြစ် Bifern Anchasa Mongkhonsamaiနိုက်ဟာ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီးနောက်မိထွေးနဲ့အတူ နေနေရပါတယ်သူ့ချစ်သူနဲ့ မိထွေးရဲ့သား မင်္ဂလာဆောင်နေ့မှာ မိခင်ပိုင်တဲ့စိန်ဘယက်ကို သွားပြန်ခိုးယူခဲ့ပါတယ်သူဟာ မိထွေးရဲ့လူတွေလိုက်သတ်တာ ခံနေရစဉ် တချိန်တစ်ခါက သူကိုယ်တိုင်ရဲလက်အပ်ခဲ့တဲ့ ထောင်ထွက်မလေး ချုမ်ကျန်နဲ့ ဆုံခဲ့ပါတယ်သူတို့နှစ်ဦးဟာ တူတူထွက်ပြေးခဲ့ကြရာကိုယ်တိုင်ထောင်ထဲထည့်ခဲ့တဲ့လူလိမ်မလေးချုမ်ကျန်ကို နိုက်တစ်ယောက် ဘယ်လိုမေတ္တာရှိသွားမလဲနှစ်ဦးလုံးက ဖောက်ပြန်ခံထားရတဲ့အချစ်ရေးတွေနဲ့ကြုံခဲ့ရတာမို့ဒီအချစ်မှာရော လမ်းခရီးဖြောင့်ဖြူးပါ့မလားဘယ်လိုအတားအဆီးတွေနဲ့ ကြုံလာရမလဲဆိုတာကိုတော့“ကိုယ့်ရဲ့ချစ်ကြယ်စင်လေး”ဇာတ်လမ်းတွဲမှာ ဆက်လက်ကြည့်ရှုရအောင်နော်(အညွှန်းရေးသားသူကတော့ lei wutyi tun ဖြစ်ပါတယ်)Native Title: รักนี้ต้องเจียระไน Episodes: 12 Aired: Apr 19, 2023 - ? Aired On: Wednesday, Thursday Original Network: GMM One Content Rating: 13+ - Teens 13 or olderTranslated ...
8.1
TMDb: 8.1/10 votes
tv

My Lucky Star (2023)

2023
Queen of Masks (2023)
Queen of Masks (2023) Queen of the masksသူငယ်ချင်းကြားအချစ်အမုန်းသံယောဇဥ် မနာလိုသဝန်တိုမှုတွေကိုပုံဖော်ထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်ပြည်သူ့ရှေ့နေဖြစ်တဲ့ ဒိုဂျယ်ရီ မာရီရယ်လာဟိုတယ်ရဲ့အဖွဲ့ခေါင်းဆောင် ယွန်းဟယ်မီ ဖက်ရှင်ဒီဇိုင်းနာ ဂိုယူနာ ယောင်ဝန်းယဉ်ကျေးမှုဖောင်ဒေးရှင်းဥက္ကဌရဲ့တစ်ဦးသောသမီး ဂျူယူဂျောင်း ငယ်ငယ်လေးတည်းက တစ်တွဲတွဲဖြစ်ခဲ့တဲ့ သူငယ်ချင်းလေးယောက်မတော်တဆမှုမဖြစ်ခင်အထိတော့ သူတို့လေးယောက်ဟာ အင်မတန်ရင်းနှီးကြတဲ့အချစ်ဆုံးသူငယ်ချင်းတွေပေါ့ယူဂျောင်းရဲ့ birdal shower မှာ လူသတ်မှုဖြစ်ခဲ့ပြီးတဲ့နောက် အခြားသူတွေရဲ့အလိမ်အညာတွေကြောင့်မို့လို့ သူတို့ထဲကတစ်ယောက်ဟာ ထောင်ကျသွားခဲ့ရပါတယ် ၁၀ နှစ်ကြာပြီးတဲ့နောက် အောင်မြင်နေတဲ့သူငယ်ချင်း ၃ ယောက်ရှေ့ကို ပြန်ရောက်လာတဲ့အခါ ဘယ်လိုလက်စားချေမှုတွေလုပ်ဆောင်မှာလဲ တကယ့်ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကရော ဘယ်လိုဖြစ်ရတာလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်ဒိတ်ဒိတ်မင်းသမီး ၄ ဦးအပြိုင်သရုပ်ဆောင်ထားတာဖြစ်ဖို့ သရုပ်ဆောင်ချက်ပိုင်ပိုင်နိုင်နိုင်နဲ့ ရှယ်လောင်ရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ် စုစု​ပေါင်း အပိုင်း ၁၆ ပိုင်းပါဝင်ပြီးတော့ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်File Size – 1GB / 500MBQuality – 1080p WEB DL / 720pDuration – 2h 22minsTotal Episodes: 16EpsSubtitle – Myanmar HardsubFormat – Mp4Genre : Thriller, Mystery, Drama, Translator – ShwePyae~Kppks~K~LaiLaii~AditiEncoder – ...

Queen of Masks (2023)

2023
Ghosts of Beirut (2023)
Ghosts of Beirut (2023) Ghosts of Beirut(2023)အခု ၂၀၂၃ မှထွက်ရှိလာတဲ့ Thriller-Spy ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းတွဲဆိုပေမဲ့ တစ်ချက်တစ်ချက်မှာ Documentary စတိုင် ဖြစ်ရပ်မှန်တွေပြောပြတာတွေလည်း ပါဝင်တော့ ရသသုတစုံလင်စွာခံစားရမဲ့ ဇာတ်လမ်းပါပဲ အာရပ်-အစ္စရေးစစ်ပွဲအစပြုခဲ့တဲ့ ခေတ်ကနေ ယနေ့အချိန်ထိ CIA နဲ့ မော့ဆတ်တွေကို ခေါင်းခဲစေခဲ့တဲ့ လက်ဘနွန်က အကြမ်းဖက်ဗုံးခွဲသမားတစ်ယောက်ကို လိုက်လံဖမ်းဆီးဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ပုံကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပြီး ကြားထဲက Documentry ပုံစံသမိုင်းကို ဝင်ပြောပြတာကလည်း ဇာတ်ရှိန်မကျစေတဲ့ အပြင် မူရင်းဇာတ်အိမ်ကို ခိုင်မာအောင်တည်ဆောက်ပေးသလို ဖြစ်နေတာမို့ဖြစ်ရပ်မှန်အခြေပြု စပိုင်ဇာတ်လမ်း တကယ်ဖြစ်ခဲ့တဲ့ အာရပ်-အစ္စရေးစစ်ပွဲအကြောင်းတွေကို သိချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့စီးရီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်တစ်ပတ်တစ်ပိုင်းနှုန်း နဲ့ စုစုပေါင်း ၄ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားပေးတာကတော့ Sai Thurein Lynn ဖြစ်ပါတယ်Genre..... Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...

Ghosts of Beirut (2023)

2023
Yellowjackets 1+2 (2021) 7.9
Yellowjackets 1+2 (2021) IMDB - 7.9/10, Rotten Tomatoes - 100% ရရှိထားတဲ့ ၂၀၂၁ခုနှစ်ထွက် Yellowjackets ဆိုတဲ့ Mystery/Thriller Series လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း အရည်အချင်းရှိလှတဲ့ နယူးဂျာစီအထက်တန်းကျောင်းသူလေးတွေပါဝင်တဲ့ဘောလုံးအဖွဲ့က နိုင်ငံအဆင့်ပြိုင်ပွဲဝင်ဖို့ ပျော်ရွှင်စွာ လေကြောင်းခရီးထွက်လာကြပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ သူတို့စီးလာတဲ့လေယာဉ်က ကနေဒါနိုင်ငံကို ဖြတ်ကျော်စဉ်မှာ တောနက်ထဲကိုပျက်ကျသွားခဲ့ပါတယ်.. လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့သူတွေလည်း ရှိသလို အသက်ရှင်ကျန်တဲ့ သူတွေလည်းရှိတာမို့ ကယ်ဆယ်တဲ့သူတွေ မလာခင်အထိ ကျန်ရစ်တဲ့ ကျောင်းသူကျောင်းသားလေးတစ်စုဟာ တောကြီးမျက်မည်းထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့ ရုန်းကန်ရပါတော့တယ်.. ဒီလိုနဲ့ ၁၉လကြာ တောင့်ခံပြီးတဲ့အချိန်မှာပဲ ကယ်ဆယ်ရေးအသင်းရောက်လာခဲ့တာမို့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခွင့်ရသွားခဲ့ကြတာပေါ့... အဲဒီလိုရှင်ကျန်ခဲ့တဲ့သူတို့တွေက ကယ်တင်ခံရပြီးနောက်မှာ အချင်းချင်းလည်း မဆက်သွယ်ကြ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း တိတိပပ လူထုကိုချမပြဘဲ သိုသိုဝှက်ဝှက်နဲ့ နေထိုင်ခဲ့ကြပါတယ်.. ဒီလိုနဲ့ ၂၅နှစ်အကြာ ၂၀၂၁ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ သူတို့ထဲက တချို့ဆီကို ၁၉လကြာ တောတွင်းအိပ်မက်ဆိုးကြီးကို ...
7.9
TMDb: 7.9/10 votes
tv

Yellowjackets 1+2 (2021)

Lucky Hank (2023) 6.8
Lucky Hank (2023) Lucky Hank (2023) =============== IMDb Rating - 6.8/10ကဲ .. ဆောဂွတ်မန်းဆိုတဲ့ နာမည်တစ်လုံးနဲ့ ပရိသတ်ရင်ထဲကို ထိုးဖောက်ခဲ့တဲ့ Bob Odenkirk ကြီး ဒီတစ်ခါတော့ ကျောင်း ဆရာ ပါမောက္ခကြီး လုပ်နေပြန်ပါပြီ။ ဒီဘဲကြီးက Title မှာ နာမည်ပါတဲ့ ဇာတ်လမ်းတွေနဲ့ အကျိုးပေးတယ်ပြောရမလို တောင် ဖြစ်နေပါပြီ။ အရင်က Better Call Saul ရဲ့ ဆောလ် အခု Lucky Hank ရဲ့ ဟန့်ခ်ပေါ့၊ ဒီစီးရီးမှာလည်း executive producers အဖွဲ့က Breaking Bad နဲ့ Better Call Saul တို့ရဲ့ ပဲ့ကိုင်ရှင်တွေပါပဲ။၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ စာရေးဆရာ Richard Russo ရဲ့ Straight Man ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Comedy Drama ဖြစ်ပါတယ်။ ပြောရရင်တော့ စာရေးဆရာရဲ့ ကောလိပ် ကျောင်းဆရာဘဝက ကြုံခဲ့ရတဲ့ အဖြစ်အပျက်အတွေ့အကြုံတွေ အကြောင်းပါ။အမြည်းပေးရရင်တော့.. ဝီလီယံ ...
6.8
TMDb: 6.8/10 1800 votes
tv

Lucky Hank (2023)

2023
Saas, Bahu Aur Flamingo (2023) 8
Saas, Bahu Aur Flamingo (2023) Saas, Bahu Aur Flamingo (2023) IMDb-8.1/10ပူပူနွေးနွေးထွက်ရှိထားပြီး မှတ်ချက်ကောင်း rating ကောင်းတွေ အများအပြားရရှိထားတဲ့ ဇာတ်လမ်းတွဲလေး တင်ဆက်ပေးလိုက်ပါတယ်။"ယောက္ခမ၊ ချွေးမများနှင့် ကြိုးကြာနီ" တဲ့။ ခပ်ကြမ်းကြမ်းမင်းသမီးကြီးနဲ့ ခပ်လန်းလန်းမင်းသမီးလေးတွေအများကြီး ပါဝင်ထားတဲ့ ခပ်မိုက်မိုက်ဇာတ်လမ်းတွဲတခုပါ။ဇာတ်လမ်းအကျဉ်း ရာနီဘာဆိုတဲ့ အမျိုးသမီးကြီးက အမျိုးသမီးတွေနဲ့ချည်း မူးယစ်ဆေးထုတ်လုပ်တဲ့ ဂိုဏ်းတခုဖွဲ့စည်းထားတယ်။ သားနှစ်ယောက်ရှိပေမဲ့ သားတွေကိုကျ အဝေးမှာပို့ထားပြီး ချွေးမတွေနဲ့သမီးကိုပဲ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာမှာ ခိုင်းစေခဲ့တယ်။သူတို့ဆီက ထုတ်တဲ့ မူးယစ်ဆေးကြောင့်ပဲ ဒုဝန်ကြီးရဲ့ သားဖြစ်သူအရေးပေါ်ရောက်သွားတဲ့နောက်မှာတော့ မူးယစ်နှိမ်နှင်းရေးကနေ မူးယစ်ဆေးထုတ်လုပ်နေတဲ့ ပင်မအရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ဖို့ ရဲတယောက်ကို အထူးစေလွှတ်လိုက်တယ်။အရှင်ခရစ်သျှဏ မွေးနေ့ပွဲမတိုင်ခင်မှာပဲ... စပိန်ဂိုဏ်းတခုဆီကို သတ်မှတ်ထားတဲ့ဆေးပမာဏပို့ပေးရမှာရယ်၊ နိုင်ငံခြားကနေ ပြန်လာမဲ့သားနှစ်ယောက်ရယ်၊ သူ့ရဲ့ အမွေခံတယောက် ရွေးချယ်ဖို့ကနေ မိသားစုသွေးကွဲကြတာတွေ၊ မူးယစ်နှိမ်နှင်းရေးက အရာရှိက စုံစမ်းစစ်ဆေးမှုလုပ်တာတွေ၊ အဲလိုအရာတွေကြားထဲမှာမှ ဘုရင်မလို့ ခေါ်ဝေါ်ကြတဲ့ ရာနီဘာတယောက် ဘယ်လိုတွေကုလားဖန်ထိုး ဉာဏ်ကစားပြီး ရင်ဆိုင်သွားမလဲဆိုတာ တပိုင်းပြီးတပိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ 18+ နှင့် ခုတ်ထစ်ဖြတ်အခန်းတချို့ပါဝင်တာကြောင့် ကလေးငယ်များနှင့်အသည်းငယ်တတ်သူများ မကြည့်ရှူသင့်ပါ။ (အညွှန်းရေးသားသူကတော့ chiclon3 ဖြစ်ပြီးဘာသာပြန်သူတွေကတော့ chiclon3~Zwe Yan Naing~Thaik San~BpL~Yunni~Aditi~Saii တို့ပဲဖြစ်ပါတယ်)Quality : 1080p  / 720pTotal Episodes :8EpsFormat : mp4Genres : Drama, Action ...
8
TMDb: 8/10 3 votes
tv

Saas, Bahu Aur Flamingo (2023)

2023
Bloodhounds(2023)[Complete]
Bloodhounds(2023)[Complete] Bloodhounds(2023)******************အပိုင်း( ၁ မှ ၈) အထိ စ/ဆုံးနာမည်ကြီးဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်တဲ့ အက်ရှင်ဇာတ်ကြမ်းကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ပရိသတ်တွေအတွက် ယခု (၉) ရက်နေ့ Netflix မှာပြသတော့မယ့် “Bloodhounds” အက်ရှင်ဇာတ်ကားကတော့တကယ့်ကို လက်မလွှတ်မသင့်တဲ့ ကားကောင်းတစ်ကားဖြစ်လာမှာပါနော်....ဇာတ်လမ်းအစမှာတော့ ဂင်ဂွန်းဝူဟာ လက်စပြင်းတဲ့တက်သစ်စလူငယ်လက်ဝှေ့ကစားသမားတစ်ဦးပါ လက်ဝှေ့ပြိုင်ပွဲတွေထိုးရင်း သူနဲ့အသင်မွေးဝမ်းကျောင်းချင်းတူတဲ့ ဟုံးဝူဂျင်းအမည်ရတဲ့ လက်ဝှေ့ကစားသမားနဲ့သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်..ဂွန်းဝူရဲ့အမေဟာ ငွေကြေးမပြေလည်တာကြောင့် တရားမဝင်ငွေတိုးချေးစားတဲ့လောကထဲမှာမှ တကယ့်လူမိုက်ခေါင်းဆောင်ဂင်မြောင်ဂီးလ်ဆီကနေ ပိုက်ဆံချေးမိရာ နောက်ပိုင်းမှာ ပြန်မဆပ်နိုင်တော့တဲ့အခါသားဖြစ်သူ ဂွမ်းဝူနဲ့ လူမိုက်ခေါင်းဆောင် ဂင်မြောင်ဂီးလ်တို့ထိပ်တိုက်တိုးဖို့ အကြောင်းဖန်လာပါတော့တယ်...ဇာတ်ကား Casts Line up တွေကလည်း ရှယ်ပါပဲနော် Wo Do Hwan ၊ Lee Sang Yi ၊ Park Sung Woong ၊Huh Joon Ho နဲ့ Siwon (Super Junior) တို့အပါအဝင် အခြားသောသရုပ်ဆောင်တွေကဘယ်လိုမျိုးအချိတ်အဆက်မိမိနဲ့ အက်ရှင်ဇာတ်ကြမ်းမလဲဆိုတာကို ...

Bloodhounds(2023)[Complete]

2023
Back From the Brink ( 2023 )
Back From the Brink ( 2023 ) ဒီတစ်ခါ CM Chinese Fanလေးတွေအတွက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့...နူးညံ့သိမ်မွေ့ပြီး ပြေပြစ်ချောမောလှတဲ့ အချစ်ကြီးတဲ့ နှစ်ပေါင်းထောင်ချီ မိစ္ဆာနဂါး 'ထျန်းယောက်'အဖြစ် မင်းသား Neo Houထက်မြက်သွက်လက်ပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုလေး 'ယန့်ဟွေ'အဖြစ် မင်းသမီး Zhou Yeလနတ်သမီးပမာ လှပပြီးတော့ ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် 'စုယင်'အဖြစ် မင်းသမီး Yang Rong တိုအဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Back From The Brink ဆိုတဲ့ XianXia ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀က ထျန်းယောက်ဟာ သူ ချစ်ရသူဖြစ်တဲ့ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် စုယင် သစ္စာဖောက်တာကို ခံလိုက်ရပြီး သူ့ရဲ့ နဂါးအကြေးခွံတွေနဂါးအရိုးတွေအပါအဝင် ခန္ဓာကိုယ်ရော ဝိညာဉ်ရော အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရပြီးတော့အရပ်လေးမျက်နှာမှာ တံဆိပ်ခတ်ချုပ်နှောင်တာကို ခံလိုက်ရတယ်...ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ဝိညာဉ်က လွတ်မြောက်လာခဲ့တယ်...အဲ့ဒါနဲ့ သူက ရွာတစ်ရွာက ရေကန်ထဲမှာ ...

Back From the Brink ( 2023 )

2023
Without Sin (2022) 5.7
Without Sin (2022) IMDB 6.9/10 ရရှိထားတဲ့ Crime/Drama/Thriller အမျိုးအစား British mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စုံထောက်ကားတွေ အရိုက်များတဲ့ UK မင်းသမီး Vicky Ann McClure (Line of Duty)နဲ့ မင်းသား Johnny Harris (Jawbone)တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း သမီးဖြစ်သူ အသတ်ခံလိုက်ရတာကြောင့် ဘဝကိုရှေ့ဆက်နိုင်ဖို့ အခက်အခဲဖြစ်နေခဲ့တဲ့ မိခင်ဖြစ်သူစတယ်လာက သူ့သမီးကို သတ်လိုက်တဲ့ ထောင်ကျနေတဲ့ လူသတ်သမားဆီကနေ သူနဲ့လာတွေ့ပေးပါဆိုတဲ့ တောင်းဆိုချက်ကို လက်ခံရခဲ့ပါတယ်။ ကားသော့ခိုးရင်း လူသတ်တယ်ဆိုတာကိုသာ သိပြီး အခင်းနေရာမှာ သမီးရဲ့ဖုန်းရော၊ လူသတ်လက်နက်ရော ရှာမတွေ့ခဲ့တာမို့ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အမှန်အတိုင်း သိနိုင်ဖို့၊ လူသတ်သမားချားလ်စ်ဆီကို စတယ်လာက အားတင်းပြီး သွားတွေ့ခဲ့ပါတော့တယ်။ စတွေ့ကာစမှာတော့ ချားလ်စ်က စာနာနားလည်မှုတွေအကြောင်း ပြောခဲ့ပေမယ့် လူသတ်ရတဲ့အကြောင်းအရင်းကို မေးတဲ့အချိန်မှာတော့ ရုတ်တရက်ကြီး သူသတ်ခဲ့တာမဟုတ်ကြောင်း၊ ...
5.7
TMDb: 5.7/10 6 votes
tv

Without Sin (2022)

2022
The Good Bad Mother(2023)
The Good Bad Mother(2023) The Good Bad Mother(2023)***************************အပိုင်း(၁ မှ ၁၄ ) ထိ စ/ဆုံး"ငါဟာ ပျော်ရွှင်တယ်"ဆိုတဲ့စကားကို အမြဲရွတ်ပြီး နေထိုင်လာတဲ့ ယောင်းဆွန်းတစ်ယောက်ကံအကြောင်းမလှစွာနဲ့ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ဝက်မွေးမြူရေးခြံအလုပ်ကိုလုပ်ပြီးသားကို တစ်ယောက်တည်း ပျိုးထောင်ခဲ့တဲ့သူပါ..ဆင်းရဲပြီး ဘာအင်အားမှမရှိလို့ ဒီလိုတွေဖြစ်ရတာဆိုပြီး သားကို ပညာတတ်ကြီးဖြစ်စေချင်တဲ့စိတ်နဲ့ စာမှစာဖြစ်အောင် စည်းကမ်းတင်းကျပ်လွန်းလှတဲ့ ယောင်းဆွန်းကတော့ သူ့ရဲ့သားဖြစ်တဲ့ ဂန်ဟိုအတွက် အရမ်းကို မုန်းရတဲ့အမေပါပဲ...ကျောင်းမှာ "ဝက်"လို့ အခေါ်ခံရပြီး ဝက်ချေးနံ့နံတယ်ဆိုပြီး အမြဲအနိုင်ကျင့်ခံရတဲ့ ဂန်ဟိုတစ်ယောက် "ဒါတွေအားလုံး ငါတို့မှာ ငွေနဲ့ အာဏာမရှိလို့ ဖြစ်ရတာ"ဆိုတဲ့ အမေရဲ့ စကားကြောင့်ဂန်ဟိုဟာ ဆိုးလ်ဗဟိုခရိုင်အမှုစ်ရုံးက အင်အားကြီးသူဘက်ကပါပြီး အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တဲ့ အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်မယ့် ရက်စက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်လာပါတယ်...အဲ့ဒီနောက်ကံကြမ္မာ အလှည့်အပြောင်းက ဆိုးရွားလွန်းလှပါတယ်...သူတို့တွေ ဘယ်လိုဆက်ဖြစ်သွားကြလဲဆိုတာကိုတော့...အသဲတွေခွဲသွားတဲ့ မင်းသား Lee Do Hyunနဲ့အတူ မင်းသမီးကြီး Ra Mi Ranတို့ ဒီHealing Comedy ...

The Good Bad Mother(2023)

2023
Ted Lasso (2020) Season 01 Complete 8.5
Ted Lasso (2020) Season 01 Complete Ted Lasso (2020) Season 01 ~ IMDb - 8.8/10, Rotten Tomatoes - 90% ~ AFC Richmond ဆိုတဲ့အသင်းက ပရီးမီးယားလိဂ်မှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ဂကြောင်အသင်း။ ဖြစ်ချင်တော့ အသင်းပိုင်ရှင် လင်မယားက ကွာရှင်းသွားကြပြီး ရှယ်ယာပိုများများကိုင်ထားတဲ့ မယားဖြစ်သူက အသင်းပိုင်ရှင်ဖြစ်လာတယ်။ သူ့ရဲ့ ခင်ပွန်းဟောင်းကြီးချစ်တဲ့အသင်းကို ဒုက္ခရောက်အောင်လုပ်ပြီး စိတ်ကင်ဆာပေးချင်လို့ အရင်ကတည်းကရှိနေတဲ့ နည်းပြကို ဖြုတ်ပြီး ဘာမဆိုင်ညာမဆိုင် ကစားနည်းပါ မဆိုင်တဲ့ အမေရိကန်‌ဘောလုံးနည်းပြကို ခေါ်ခန့်လိုက်တယ်။ ဒီစီဆင်ရဲ့ အဓိက ဇာတ်ကတော့ ဒါပါပဲ။ Ted Lasso စီးရီးဟာ 2013 တုန်းက NBC Sports ချန်နယ်ကနေ သူတို့ရဲ့ Premier League သီးသန့်ချန်နယ်အသစ်အတွက် ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ လွှင့်ဖူးခဲ့တဲ့ " လန်ဒန်ရောက် အမေရိကန်နည်းပြတစ်ယောက် " ဆိုတဲ့ ...
8.5
TMDb: 8.5/10 1019 votes
tv

Ted Lasso (2020) Season 01 Complete

2020
A Boss and a Babe (2023) 8
A Boss and a Babe (2023) A Boss and A Babe (2023)Castဘော့စ်ချောလေး ဂန်အဖြစ် Force Jiratchapong အလုပ်သင်လေး ချေအဖြစ် Book KasidetSynopsisEnchante ဇာတ်လမ်းတွဲထဲက Force နဲ့ Book အတွဲကို လွမ်းနေကြသူတွေအတွက် GMMTV ကနေ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးပေးလိုက်ပါပြီ။ဂိမ်းကစားရတာရှယ်ကြိုက်ပြီး မျက်နှာချွန်ချွန် စကားများများ တည့်တိုးအိုးပေါက်ပဲပြောတတ်တဲ့ ချေဆိုတဲ့ကောင်လေးဟာ အလုပ်သင်ဝန်ထမ်းလုပ်ဖို့ သူ့အစ်ကိုဖြစ်သူရဲ့ဂိမ်းကုမ္ပဏီထဲရောက်လာပါတယ်။ အလုပ်သင်ဆိုတဲ့အတိုင်း ကော်ဖီဝယ်ပေးရ၊ စာရွက်မိတ္တူကူးရနဲ့ TTMY တောက်တိုမယ်ရလေးပေါ့။ ဒီလို TTMY ချေရဲ့ ဘော့စ်ကတော့ အလွန်တရာချေးများပြီး အရမ်းကိုစည်းကမ်းတင်းကြပ်တဲ့ သူဌေးချောချောလေးပါ။ သူဌေးချောပေမဲ့ လူတိုင်းကကြောက်ရတဲ့ ခပ်တည်တည်နဲ့သူဌေးကြီးပေါ့။ ဒါပေမဲ့ ချေတစ်ယောက်မသိလိုက်တာက ဘော့စ်ဖြစ်သူဟာ အိပ်မရတဲ့ဝေဒနာကြောင့် ချေရဲ့ ASMR channel ကို အမြဲကြည့်ပြီးမှ အိပ်နိုင်တဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။မထင်မှတ်ထားတဲ့ကိစ္စနဲ့ ဘော့စ်ရဲ့အာရုံစိုက်မှုခံလိုက်ရတဲ့ ချေတစ်ယောက် ဘော့စ်ရဲ့ အိပ်မရတဲ့ဝေဒနာကို သူ့တော်ကီစကေးတွေနဲ့ ဘယ်လိုသက်သာ‌အောင်လုပ်ပေးမလဲ? စည်းခြားတာတွေကနေ ဘော့စ်နဲ့ ဘယ်လိုနီးကပ်အောင်လုပ်သွားမလဲ? ဘော့စ်ရဲ့နှလုံးသားတံခါးကို သူ့ရဲ့ပေါက်ကရအမူအကျင့်‌တွေနဲ့ ဘယ်လိုတံခါးခေါက်သွားမလဲ? GMM က နာမည်ကြီးအဆင်လေးတွေကို ငမ်းရင်း ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် ဒီဇာတ်ကားလေးကို သောကြာနေ့ညတိုင်း ...
8
TMDb: 8/10 1 votes
tv

A Boss and a Babe (2023)

2023
To the Beautiful You (2012) 6.75
To the Beautiful You (2012) To the beautiful you (2012)ကျောင်းသားဇာတ်လမ်းလေးတွေကို ကြည့်တတ်တဲ့သူဆိုရင် ဒီဒရာမာလေးကို မသိတဲ့သူရှားလောက်မယ်ထင်ပါတယ်လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်က ထွက်ခဲ့တဲ့ဒရာမာလေးဆိုပေမဲ့ old but gold ပါ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်သောလေးပေါ့ ကိုယ်တွေရဲ့ ငယ်ဘဝကို ဒီဒရာမာလေးတွေနဲ့ ကုန်ဆုံးခဲ့တာဆိုလည်း မမှားပါဘူးနော အကုန်လုံးသိကြမယ်ဆိုပေမဲ့ ဇာတ်လမ်းအကျဉ်းလေးကိုပြန်နွှေးကြတာပေါ့နောဂူဂျယ်ဟီးဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့အခက်ခဲဆုံးအချိန်တွေကို အမြင့်ခုန်အားကစားသမားဂန်ထယ်ဂျွန်းကြောင့် ဖြတ်ကျော်နိုင်တဲ့အတွက် အမေရိကကနေ ဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းကို လာတက်ဖို့ တက်ကြွနေပါလေရောဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းဆိုတာကလည်း အားကစားသမားတွေပဲရှိတဲ့ ယောက်ျားလေးကျောင်းဆိုတော့ မိန်းကလေးကနေ ယောက်ျားလေးအဖြစ်ဟန်ဆောင်ပြီး ခက်ခက်ခဲခဲသွားတက်ရပါတော့တယ် ယောက်ျားလေးအဖြစ် ဟန်ဆောင်ထားတာဆိုတော့ မပေါ်အောင်လို့ အမျိုးမျိုးဖုံးဖိရင်းကနေ အကုန်လုံးသိသွားမယ့်အချိန်ကျ ဘယ်လိုမျိုးဖြေရှင်းမလဲဂူဂျယ်ဟီးကရော သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဂန်ထယ်ဂျွန်းနဲ့အဆင်ပြေသွားနိုင်မလား ယောက်ျားလေးကျောင်းအထိသွားတက်ရတဲ့အတွက် သူဘာပြန်ရလိုက်မလဲဆိုတာ ကြည့်လိုက်ပါဦးနော်နောက်လလောက်ဆိုရင် Sulli ရဲ့ Persona လေးကို Netflix ကနေ ထုတ်လွှင့်သွားမှာဆိုတော့ CM ကလည်း Sulli ကို သတိရခြင်းများစွာနဲ့ ဘာသာပြန်တင်ဆက်လိုက်ရပါတယ်နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, Laii, Milkeux, NanThin, Myo Myo, ...
6.75
TMDb: 6.75/10 22 votes
tv

To the Beautiful You (2012)

2012
Royal Doctor (2023) 8.8
Royal Doctor (2023) "တော်ဝင်သမားတော်လေးရဲ့ချစ်ရေးချစ်ရာ" မြန်မာစာတန်းထိုးဆေးကျောင်းသူလေးဘိုက ရုတ်တရက် တတိယမင်းဆက်အုပ်စိုးလျက်ရှိတဲ့ ဆေးဝါးပေါများရာထိုင်းနယ်မြို့တစ်ခုဆီကို ရောက်ရှိသွားပါတယ်နန်းတွင်းမှာ ကုသခွင့်ရတဲ့ထိတော်ဝင်သမားတော်ထောင်းခမ်မှာဆေးပညာတတ်ကျွမ်းတဲ့ ထောင်းအင်းနဲ့ထောင်းအွန့်လို့ခေါ်တဲ့ သားနှစ်ယောက်ရှိပါတယ်ထောင်းအွန့်ကတော့ ဒီဘက်ခေတ်ကိုရောက်လာတဲ့ ဘိုကို ကယ်ဆယ်ပြီးဆေးကုသပေးခဲ့ရာမှာဘိုနဲ့ထောင်းအွန့်တို့ မေတ္တာမျှသွားမလားဘိုက တချိန်ခေတ်သစ်ကိုပြန်ရမလား ခေတ်ဟောင်းမှာပဲနေရစ်ခဲ့မလားဆိုတာကတချိန်လုံး မတည့်အတူနေဖြစ်နေတဲ့သူတို့နှစ်ဦးရဲ့ဇာတ်ကို " တော်ဝင်သမားတော်လေးရဲ့ချစ်ရေးချစ်ရာ"ဆိုတဲ့ဇာတ်ကားထဲမှာ အချစ်ဟာသရောယှက်ပြီး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်( အညွှန်းရေးသားသူကတော့ Lei Wutyi Tun ဖြစ်ပါတယ် )Native Title: หมอหลวง Episodes: 16 Aired: Mar 21, 2023 - ? Aired On: Monday, Tuesday Original Network: Channel 3 Duration: 1 hr. 7 min.Translated by  Kyi Nue Zin ,Nang Mwe Kham & Lei Wutyi TunEncoded by Naing Aung Latt Episode (1) [600MB] Yoteshin ...
8.8
TMDb: 8.8/10 votes
tv

Royal Doctor (2023)

2023
Drops of God (2023) 7.8
Drops of God (2023) Drops of God (2023)Drops of God ကတော့ နာမည်ကြီးဂျပန်မန်ဂါတစ်ခုပေါ် အခြေခံထားတဲ့ ဝိုင်အကြောင်းစီးရီးပါ။ ပြင်သစ်ကရိုက်တဲ့စီးရီးဆိုတော့ မန်ဂါကိုအပြောင်းအလဲတွေလုပ်ထားတယ်။ အဓိကဇာတ်ကောင်ကိုလဲ ဂျပန်အမျိုးသားနေရာမှာ ပြင်သစ်အမျိုးသမီးအနေနဲ့ပြောင်းလဲထားတယ်။ အလက်ဇန်းဒါးဆိုသူက ဝိုင်နဲ့ပတ်သက်ရင်အထူးကျွမ်းကျင်သူလေ့လာသူ ပြင်သစ်လူမျိုးပရော်ဖက်ဆာတစ်ယောက်ပါ။ သူက ဆုံးပါးခါနီးမှာ သေတမ်းစာထားခဲ့ပါတယ်။ သူရဲ့သန်းပေါင်းများစွာတန်တဲ့အိမ်နဲ့အတူ ကမ္ဘာပေါ်ကအကြီးမားဆုံးတန်ဖိုးအရှိဆုံးဝိုင်တွေကို ထိုက်တန်သူကဆက်ခံခွင့်ရမှာပါ။ အမွေဆက်ခံသူကတော့နှစ်ယောက်ပဲရှိပါတယ်။ တစ်ယောက်က အလက်ဇန်းဒါးရဲ့သမီးကမီးလ် နောက်တစ်ယောက်ကအလက်ဇန်းဒါးရဲ့တပည့်ဖြစ်သူ တိုမီနီပါ။ သူတို့နှစ်ယောက်က ဝိုင်ကိုမြည်းစမ်းပြီး အဲ့ဒီဝိုင်နဲ့ပတ်သက်ပြီးစပျစ်အမျိုးအစား ပေါက်ရောက်ရာမြေ သက်တမ်းစသဖြင့်အားလုံးကိုပြောနိုင်ရမှာဖြစ်ပါတယ်။ အဲ့လိုသုံးကြိမ်ယှဥ်ပြိုင်ပြီး အနိုင်ရသူကအမွေတွေကို ဆက်ခံရရှိမှာပါ။ ပြသနာကတော့ ကမီးလ်ကအရသာအာရုံသိပ်ပြင်းပြလွန်းသူဖြစ်ပါတယ်။ သူက အရက်ကိုလဲ လုံးဝမသောက်ပါဘူး။ ဝိုင်လဲမသောက်ပါဘူး။ အနံ့ပြင်းတာ၊ အရသာပြင်းတာ တစ်ခုခုလေး သောက်မိတာနဲ့ နှာခေါင်းထဲကချက်ချင်းသွေးတွေယိုစီးကျလာအောင်ထိခိုက်သူဖြစ်ပါတယ်။ ဖခင်နဲ့ကလဲ နှစ်ပေါင်းများစွာအဆက်အသွယ်ပြတ်နေပြီး ဖခင်ရဲ့နောက်ဆုံးအချိန်ကိုတောင်မမှီခဲ့ပါဘူး။ ဒါပေမဲ့ကမီးလ်အဖေက ကမီးလ်ကိုဝိုင်တွေနဲ့အကျွမ်းဝင်စေဖို့ သူ့သူငယ်ချင်းစပျစ်ခြံမှာနေထိုင်ဖို့ကြိုတင်စီစဥ်ပေးခဲ့တယ်။ ပြီးတော့ကမီးလ်ကလဲ ဒီယှဥ်ပြိုင်မှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်ချိန်မှာ ဘာတွေဆက်ဖြစ်မလဲစိတ်ဝင်စားစရာပါပဲ။ ဝိုင်အကြောင်း ဘာမှမသိတဲ့ ကမီးလ်နဲ့အတူ ဝိုင်အကြောင်း ဘာမှမသိတဲ့ ကြည့်ရှုသူပရိသတ်တွေလဲ လိုက်လံလေ့လာခွင့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. ...
7.8
TMDb: 7.8/10 5 votes
tv

Drops of God (2023)

2023
Ride (2023) 9.333
Ride (2023) Ride (2023) ========= ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ နွားရိုင်းစီးနင်းတဲ့ အားကစားကို အခြေခံထားတဲ့ Sports, Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် မက်မယ်ရီမိသားစုဟာ ကန်ညွန်တောင်တန်းတွေမှာ နေထိုင်ရင်း မွေးမြူရေးခြံနဲ့ နွားရိုင်းစီးနင်းမှုကိုလုပ်ကိုင်တဲ့ မိသားစုပါ သူတို့နယ်မြေမှာတော့ အကောင်းဆုံး နွားရိုင်းစီးနင်းသူ ချန်ပီယံတွေကိုမွေးထုတ်ပေးတဲ့ မိသားစုအဖြစ် ကျော်ကြားပါတယ် ဖခင်ဖြစ်သူ ဒက်စတီခေတ်က စလို့ သားဖြစ်သူ အော်စတက် မက်မယ်ရီအထိ နွားရိုင်းစီးနင်းပြိုင်ပွဲတွေမှာဗိုလ်စွဲခဲ့တာကြောင့် မြို့ဂုဏ်ဆောင်နေတဲံ့ မိသားစုလည်းဖြစ်ပါတယ် အောစတင်..ကတ်ရှ်...တက်ဖ် ဆိုတဲ့ ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲ အော်စတင်ကတော့ မိသားစုဂုဏ်ဆောင်သားကြီးဖြစ်ပြီး အလေးပေးအခံရဆုံးပါ တစ်နေ့မှာ အော်စတင်အတွက် သမိုင်းဝင်စေမယ့် ဟာရီကိန်းနွားရိုင်းကြီးကို တစ်မြို့လုံးရှေ့မှာ ၈ စက္က့န်အကြာထိ တောင့်ခံစီးပြရင်းနဲ့ မတော်တဆဖြစ်ကာ နွားတက်နင်းပြီး သေဆုံးသွားပါတယ်... သူတို့မိသားစု ဂုဏ်သိက္ခာလည်း တဖြည်းဖြည်း ကျဆင်းလာပြီး ခြံကိုပါ ဆုံးရှုံးရမလိုဖြစ်နေပါပြီမရိန်းတပ်မှာတာဝန်ထမ်းဆောင်ပြီး အိမ်ပြန်လာတဲ့ သားအလတ် ကတ်ရှ်က သူ့အစ်ကိုကြီး အော်စတင်ရဲ့ တာဝန်ကိုယူပြီး ကျန်ခဲ့တဲ့မိသားစုဝင်ကို စောင့်ရှောက်ဖို့တာဝန်ကျလာပါတယ် သူ့အစ်ကိုနဲ့ အဖေ့ခြေရာနင်းဖို့ နွားရိုင်းစီးနင်းသူအဖြစ် လေ့ကျင့်ရင်း ကန်ညွန်ချန်ပီယံဖြစ်အောင် ပြန်ကြိုးစားပါတော့တယ်... အပိုင်း ၁၀ ပိုင်းပါဝင်ပြီး စောင့်ကြည့်သင့်တဲ့ ...
9.333
TMDb: 9.333/10 3 votes
tv

Ride (2023)

2023
Sanctuary (2023) 8.0
Sanctuary (2023) Sanctuary ( 2023 ) ============== IMDb Rating - 8.0/10ဒီဇာတ်လမ်းတွဲက ရှားရှားပါးပါးမြင်ရတယ်‌ပြောရမလား နက်ဖလစ်မှာ ကျွန်တော်တို့ ပုံမှန်အနေနဲ့ ဒီလိုဂျပန်ဇာတ်လမ်းတွဲမျိုး မြင်ရခဲတယ်။ သူက တခြားမဟုတ်ဘဲ ဆူမိုနပန်းပွဲတွေအကြောင်း ရိုက်ထားတဲ့ ဇာတ် လမ်းကိုး။ ထူးတာက ဒီလို ရိုက်ထားတဲ့နေရာမှာ ဇာတ်လမ်းက ဇာတ် လမ်းလည်းဆန်သလို တစ်ဖက်မှာလည်း ဇာတ်လမ်းမဆန်ဘူး။ ပြော ချင်တာက ဇာတ်လမ်းပေမဲ့ ဒိုကူမန်ထရီရိုက်ထားသလို အငွေ့အသက် ပါရတယ်။ ဒီလိုရိုက်ထားလို့ ပျင်းစရာတော့ လုံးဝမကောင်းဘဲ ပိုစိတ် ဝင်စားစရာကောင်းသွားတယ်။ဆူမိုက ဂျပန်မှာပဲ တွေ့ရနိုင်တဲ့ ဂျပန်ရိုးရာအားကစားစစ်စစ်ပါပဲ။ ဆူမိုကို ဂျပန်မှာ ပထမဆုံး စကစားတာက ၁၆ရာစုအလယ်ပိုင်း တိုခုဂါဝခေတ် ကတည်းကဆိုတော့ အခုထိဆို ၅ရာစုလောက်ရှိပြီပြောရမယ်။ ဆူမိုဆိုတဲ့ စကားလုံးကို စတွေ့တာက ၇၁၂ခုနှစ်ကတည်းကဆိုတော့ နှစ်ထောင်ချီ ပြီလည်း ‌ပြောကြတယ်။ ဆူမိုအားကစားဟာ ကြမ်းတမ်းခက်ခဲတဲ့ အား ကစားတစ်ခုပီသစွာပဲ ဆူမိုသမိုင်းတစ်လျှောက်မှာ ယိုခိုဇုနလို့ခေါ်တဲ့ grand championတွေ သိပ်မရှိခဲ့ဘူး။ ဒီလိုချန်ပီယံဖြစ်လာဖို့ကလည်း မလွယ်ခဲ့ ဘူး။ ဒါပေမဲ့လည်း ဆူမိုနပန်းသမားတိုင်းနီးပါး ဆူမိုစဆော့ပြီဆိုတာနဲ့ သူတို့ရဲ့ပန်းတိုင်က ယိုခိုဇုနဖြစ်လာဖို့ကို ဦးတည်နေတယ်။ ...
8.0
TMDb: 8.0/10 2500 votes
tv

Sanctuary (2023)

2023