Channel Myanmar

Drama

Kung Fu – Season 02 (2022)
Kung Fu – Season 02 (2022) Kung Fu - Season 02 (2022)=====================အက်ရှင် ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် 2021 မှာ Season 01 ထွက်ရှိထားပြီး၊ အခု 2022 မှာ Season 02 ထွက်ရှိလာတဲ့ Kung Fu ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နောက်ပြီး ဒီစီးရီးဟာ CW ကနေထုတ်လွှင့်လာတဲ့ စီးရီးတစ်ခုဖြစ်ပြီး တရုတ်ကားဆန်ဆန်ရိုက်ပြထားတာမျိုးမဟုတ်ဘဲ Marvel ရဲ့ Shang-Chi လိုစီးရီးမျိုးပါ။Season 01 မကြည့်ရသေးသူများအတွက် ခုအညွှန်းက Spoiler ဖြစ်စေပါတယ်။ Season 01 >>> Click Here ==========================================Season 1မှာတော့ Nicky တစ်ယောက် သူ့ဆရာကိုသတ်သွားတဲ့ Zhilan နဲ့ သူ့ရဲ့လက်နက်ရှစ်မျိုးနဲ့ဘျန့်ကယ်စွမ်းအင်ထုတ်မယ့်အရေးကိုတားနိုင်ခဲ့​ပါတယ်။ ဒါပေမယ့် S2မှာတော့ Zhilan ထက်ပိုဆိုးတဲ့ Russel Tan ဆိုတဲ့ ဘိုးတော်က ပေါ်လာပြီး Nicky တစ်ယောက်ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေ ရှေ့ဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူများကတော့ CM Team  မှဖြစ်ပါတယ်။)File ...

Kung Fu – Season 02 (2022)

2022
Kung Fu – Season 01 (2021) 5.3
Kung Fu – Season 01 (2021) Kung Fu - Season 01 (2021)===================အက်ရှင် ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် 2021 က ထွက်ရှိထားတဲ့ Kung Fu ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နောက်ပြီး ဒီစီးရီးဟာ CW ကနေထုတ်လွှင့်လာတဲ့ စီးရီးတစ်ခုဖြစ်ပြီး တရုတ်ကားဆန်ဆန်ရိုက်ပြထားတာမျိုးမဟုတ်ဘဲ Marvel ရဲ့ Shang-Chi လိုစီးရီးမျိုးပါ။နစ်ကီရှန်ဟာ တရုတ်မိသားစုက သမီးမိန်းကလေးတစ်ယောက်ပါ ။ တရုတ်မိသားစုတို့ရဲ့ ထုံးစံအတိုင်း ငယ်ငယ်လေးကတည်းက နစ်ကီဟာ စာ၊ အနုပညာ၊ အားကစား ဘက်စုံမှာ ထူးချွန်အောင် သွန်သင်ခြင်းခံရပြီး၊ မိဘတွေ ‌ချပေးတဲ့ ပုံစံခွက်ထဲမှာ နေရတဲ့ ကလေးမလေး တစ်ယောက် ဖြစ်ခဲ့တယ် ။ နစ်ကီဟာ သူ တွဲနေတဲ့ လူဖြူကောင်လေးနဲ့ပါ လမ်းခွဲခဲ့ရပြီး၊ မိဘစိတ်တိုင်းကျနေခဲ့ပေမယ့် မိဘတွေဟာ သူ့ကို ကြင်ဖက်တွေ့ပေးဖို့ပါ စီစဉ်လာတော့ နစ်ကီတစ်ယောက် ဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ထွက် ပြေးပြီး အမျိုးသမီးရှောင်လင်ကျောင်းတစ်ကျောင်းမှာ ရောက်ရှိ နေထိုင် ဖြစ်ကာ အဲဒီကျောင်းမှာပဲ သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပါတယ် ။တစ်ရက်မှာတော့ ...
5.3
TMDb: 5.3/10 3600 votes
tv

Kung Fu – Season 01 (2021)

2021
The Way Home (2022)[Complete]
The Way Home (2022)[Complete] The Way Home (2022)အပိုင်း( ၁ မှ ၁၀ ) ထိ စ/ဆုံးကျွန်တော်တို့တစ်ခါတလေ လောကဓံလှိုင်းတွေရဲ့ အထုအထောင်းအောက်မှာ ပြားပြားဝပ်နေတဲ့အခါ ခိုလှုံစရာနေရာတစ်ခု နွေးထွေးတဲ့နေရာတစ်ခုကို တောင့်တတတ်ကြပါတယ်။ ဒီနေရာကတော့ ချစ်သူခင်သူတွေရှိတဲ့နေရာ အမှတ်တရကောင်းတွေရှိတဲ့နေရာ နွေးထွေးမှုတွေပေးနိုင်တဲ့နေရာဖြစ်တဲ့ မိသားစုဝင်တွေရှိနေတဲ့အိမ်ပါပဲ။ခင်ပွန်းဖြစ်သူ Bradyနဲ့ ခွဲနေရာကနေ မကြာခင် ကွာရှင်းပြတ်ဆဲတော့မဲ့ Kat နဲ့ မိဘနှစ်ပါးရဲ့ အဆင်မပြေမှုတွေကြားက အရိုင်းစိတ်တွေဝင်ပြီး အမေကိုမုန်းနေတဲ့ rebellious teenageလေး Alice ... သမီးဖြစ်သူကကျောင်းထုတ်ခံရတဲ့အပြင် သူကိုယ်တိုင်ကပါအလုပ်ပြုတ်သွားတော့ အကြံကုန်နေတဲ့ Kat ဆီကို လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က သူအဆက်အသွယ်မလုပ်ခဲ့တဲ့ Kat ရဲ့ အမေ ဒယ်ဆီက စာတစ်စောင်ရောက်လာပါတယ်။ဒီလိုနဲ့ပဲ Katတစ်ယောက် သမီးဖြစ်သူ Alice ကို ခေါ်ရင်းနဲ့ သူတို့ရဲ့ မိသားစုအမွေဖြစ်တဲ့ Landry Farm ရှိရာလည်းဖြစ်တဲ့ သူ့ရဲ့ ဇာတိကိုပြန်ဖို့ ...

The Way Home (2022)[Complete]

2023
New Vainty Fair (2023)
New Vainty Fair (2023) နာမည်ကြီးလွယ် နာမည်ကျလွယ်တဲ့ အခုခေတ်အနုပညာလောကကြီးရဲ့တစ်စိတ်တစ်ဒေသကိုမီးမောင်းထိုးပြီးအိုင်ဒေါတွေရဲ့ဘဝအကြောင်းကိုချပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။တင်းခယ်မန်ဟာထက်မြက်ပြီး ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့ ပြဇာတ်သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်။သူ့ရဲ့တပည့်တစ်ယောက်ဖြစ်ခဲ့တဲ့စုန်းယန်( Z Tao)ကနာမည်ကြီးကြယ်ပွင့်တစ်ယောက်ဖြစ်ပါတယ်။ပြဇာတ်အနုပညာကိုလူကြိုက်နည်းလာတဲ့အလျောက်ပြဇာတ်အနုပညာကိုထိန်းသိမ်းနိုင်ဖို လက်မှတ်ရောင်းအားတက်စေဖိုအတွက် ပြဇာတ်အဖွဲက(အဖေနှင့်သား)ဆိုတဲ့ပြဇာတ်မှာ စုန်းယန်ကိုပါဝင်ဖိုကမ်းလှမ်းခဲ့ပါတယ်။တင်းခယ်မန်ရဲ့လမ်းပြမှုအောက်မှာ စုန်းယန်ကအောင်မြင်မှုရဲ့စွဲဆောင်မှုတွေကိုကျော်ဖြတ်နိုင်ပြီး ပိုပြီးရင့်ကျက်လာခဲ့ပါတယ်။ဒီလိုနဲ့ စုန်းယန်ဟာ တင်ဆက်အနုပညာကိုပိုပြီးနားလည်လာပြီး ပိုပြီးလေးစားလာခဲ့တယ်။စုန်းယန်ဟာသူ့ရဲကြိုးစားမှုကြောင့် လူကြိုက်များတဲ့အပြင် သရုပ်ဆောင်စွမ်းရည်ပြည့်ဝတဲ့ကြယ်တစ်ပွင့်တစ်ပွင့်ဖြစ်လာပုံကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။[Reviewed By Nu Mon]Quality : WEB-DL 720p,1080pTotal Episodes : 40Format : mp4Genres : Drama, LifeDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp / StreamVid / Usersdrive / Yoteshin / StreamSB Episode 1 (1080p) ...

New Vainty Fair (2023)

2023
Lilyhammer Season 1+2+3 (2012) 7.367
Lilyhammer Season 1+2+3 (2012)  Frank Tagliano ဟာနယူးယောက်မြို့တော်အခြေစိုက် အမေရိကန်မာဖီးယားဂိုဏ်းမိသားစုရဲ့ လက်ထောက်ဂိုဏ်းခေါင်းဆောင်အဆင့် ဖြစ်ခဲ့ပြီး သူ့ဘော့စ်သေဆုံးတဲ့အချိန်မှာ ဂိုဏ်းခေါင်းဆောင်နေရာကို ဘော့စ်ရဲ့ညီတက်လာတဲ့အချိန်မှာ မကျေနပ်ပဲ အဲ့ဒီငနဲကို အက်ဖ်ဘီအိုင်နဲ့လက်ဝါးချင်းရိုက်ပြီးလက်ထောက်ချခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အက်ဖ်ဘီအိုင်ကသူ့ကိုမျက်မြင်သက်သေကာကွယ်ရေး အစီအစဉ်အနေနဲ့ တစ်နေရာမှာ နာမည်သစ်လူသစ်နဲ့ဘဝသစ်စဖို့အခွင့်အလမ်းပေးလာခဲ့တဲ့နောက် သူက နော်ဝေးနိုင်ငံက လီလီဟမ်းမားဆိုတဲ့ နယ်မြို့လေးတစ်မြို့ကိုရွေးချယ်ခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ကလူတွေက သူ့အတွက်လိုအပ်တာတွေအားလုံးစီစဉ်ကူညီပေးခဲ့ပြီး မသွားခင် တစ်ခွန်းပဲမှာလိုက်ပါတယ်။ အဲ့ဒါကတော့ ''ရဲတွေနဲ့ပြဿနာမတက်ပါစေနဲ့ တက်ခဲ့ရင်ကိုယ့်ဟာကိုယ်ရှင်း'' ဆိုတာပါပဲ။ ဒါပေမယ့်လဲ ဂန်းစတားဗီဇမဖျောက်နိုင်တဲ့ ဖရန့်တစ်ယောက် အဲ့ဒီတောမြို့လေးမှာအခြေချဖို့ကြိုးစားရင်း ဂွတီးဂွကျ လက်ပေါက်ကပ်တဲ့ဒေသခံတွေနဲ့ ဘုဘောက်ကျ ဉာဏ်ချင်းယှဉ်ပြိုင်ကြမဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးတင်ဆက်ထားတာကို ရှုစားရမှာဖြစ်ပါတယ်။ ဖရန့်ဟာ တစ်ချိန်က နယူးယောက်လိုမြို့တော်မှာ မာဖီးယားဂိုဏ်းကြီးတစ်ခုကိုတာဝန်ယူခဲ့တဲ့သူဖြစ်တဲ့အတွက် သူလိုချင်တဲ့အရာကို အနုနည်းနဲ့တစ်မျိုး အကြမ်းနည်းနဲ့တစ်မျိုး လက်တစ်လုံးခြားလှည့်ပတ်ရယူပုံတွေကိုမြင်တေ့ွရမှာပါ။သူမတော်တဆရန်ငြိုးဖွဲ့မိခဲ့တဲ့သူတွေထဲမှာ မြို့ရဲ့ရဲချုပ်နဲ့သူ့လက်ထောက်တွေပါပါဝင်တဲ့အတွက် ဟိုဘက်ကမျက်စိဒေါက်ထောက်စောင့်ကြည့်ခံရသလို တွေ့ကြုံလာတဲ့အကျပ်အတည်းတွေ ပြဿနာတွေကြားက လှည့်ပတ်ရုန်းထွက်ပုံတွေကလဲ ခွီနေရတာပါ။ဂန်းစတားကားပရိသတ်တွေရော ဟာသပရိသတ်တွေရောအကြိုက်တွေ့မယ့်ကားဖြစ်ပါတယ်။ ဖရန့် တစ်ဖြစ်လဲ ဂျီယိုဗန်နီအဖြစ် ပရိသတ်နဲ့မစိမ်းတဲ့ Steven Van Zandt (The Sopranos,The Irishman) ကခေါင်းဆောင်ပါဝင်ထားပါတယ်။File size…(800MB)/(400MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama,Comdey,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
7.367
TMDb: 7.367/10 180 votes
tv

Lilyhammer Season 1+2+3 (2012)

2012
1923 (2022)
1923 (2022)    1923 (2022) အမေရိကန်နိုင်ငံအနောက်ပိုင်းဒေသတွေကို နောက်ခံဇာတ်အိမ်တည်ထားတဲ့ ကောင်းဘွိုင်းဇာတ်လမ်း 1883 ရဲ့အဆက်ဖြစ်တဲ့ 1923 ဇာတ်လမ်းတွဲဟာ နှစ်တွဲခွဲပြီးထုတ်လွှင့်သွားမှာဖြစ်ပြီး တစ်တွဲကို အပိုင်းရှစ်ပိုင်းထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးတွေရဲ့ ပင်မဇာတ်လမ်း Yellowstone ကိုလည်း ချန်နယ်မြန်မာမှ တင်ဆင်ထားပါပြီ။ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီးဟယ်ရီဆင်ဖို့ဒ်က မြို့ခံကော်မရှင်နာအရာရှိတစ်ဖြစ်လဲ၊ ကျွဲ၊နွားမွေးမြူရေးသမား ကောင်းဘွိုင်း အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ခေါင်းဆောင်ပါဝင်ထားပါတယ်။ သားသမီးမထွန်းကားလို့ တူရဲ့သားဖြစ်သူ ဂျက်ခ်၊ သစ္စာရှိအလုပ်သမားခေါင်း ဇိန်းတို့နဲ့ အတူနေထိုင်ပြီး ဘဝကိုဖြတ်သန်းနေပါတယ်။ ဂျက်ခ်ဟာ ဂျေကော့ဘ်ဒပ်တန်၊ ကာရာဒပ်တန်လင်မယားနဲ့အတူ မွေးမြူရေးခြံမှာနေပေမယ့် အခြားတူတစ်ဦးဖြစ်သူ စပန်ဆာဒပ်တန်ကတော့ ပထမကမ္ဘာစစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ပွဲမှာရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ စစ်အပြီးမှာ တောလိုက်မုဆိုးအဖြစ်အာဖရိကမှာ အသက်မွေးနေသူပါ။ပထမကမ္ဘာစစ်၊ ဥပဒေပိတ်ပင်မှုတွေနဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် ကျွဲ၊နွားခြံရှင်တွေ စားကျက်ရှားပါးလာပြီး အခက်အခဲတွေဖြစ်လာကြတဲ့အခါတောင်ထူထပ်တဲ့ အမြင့်ပိုင်းနေရာတွေကို တိရစ္ဆာန်အုပ်တွေမောင်းသွားပြီး စားကျက်ရှာဖို့ဖြစ်လာပါတော့တယ်။ ပထမကမ္ဘာစစ်အပြီး အမေရိကန်ပြည်သူတွေကြုံကြရတဲ့ စီးပွားပျက်ကပ်၊ အနောက်ဘက်ဒေသရွှေ့ပြောင်းမှု၊ အရက်သေစာရောင်းဝယ်‌ရေးတားမြစ်မှု စတဲ့အခက်အခဲတွေကြားမှာ ဒပ်တန်မိသားစုဖြတ်သန်းကြရပုံကို ဗဟိုပြုရိုက်ကူးထားပါတယ်။ အမေရိကန်နိုင်ငံ အနောက်ဘက်ဒေသ‌ ...

1923 (2022)

Royal Rumours (2023)
Royal Rumours (2023) ဟွာမျိုးနွယ်ရဲ့အရေးကြီးလူတစ်ယောက်တစ်ဖြစ်လဲ ရေခဲတုံးမင်းသား ကျိယွမ်ချောင် ၊မျိုးနွယ်တွင်းကိစ္စတွေကို စိတ်မဝင်စားဘဲ တာဝန်ကို ခံစားချက်မရှိလုပ်ဆောင်သူအကြောင်းဖန်လာပြီး စစ်သူကြီးချုပ်ရဲ့သမီး ဟွာလျိုလီနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။မိန်းကလေးဖြစ်ပေမယ့်လည်း မာနကြီးကာ အိမ်ရှေ့စံလို စိတ်မာတဲ့သူပေမယ့်လည်း တွေ့စကတည်းက အောက်ကျိုတတ်သူသူတိုနှစ်ယောက်ဆုံဆည်းပြီးနောက်မှာတော့ တိတ်တဆိတ် အပြန်အလှန်လှည့်စားဖို ကြိုးစားကြတယ်။ရဲရင့်ပြတ်သားသူနှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာ ဆွဲငင်မိပြီး အချစ်ပန်းတွေ ပွင့်လန်းလေမလားအင်အားကြီးမားတဲ့ပြည်ထောင်စုကြီးကို အတူလက်တွဲကာ ငြိမ်းချမ်းစေမလားကျိယွမ်ချောင်အဖြစ် မကြာခင်ကပြီးသွားတဲ့ The Jounery of Chongzi ဇာတ်လမ်းတွဲမှအရှင်ချုံဟွာတစ်ဖြစ်လဲ မင်းသား Jeremy Tsui ဟွာလျိုလီအဖြစ် The Untamed တွင် ဝိန့်ချင်၊Immortal Samsara တွင် ကျစ်ရှီအဖြစ် ပါဝင်ဖူးသူ မင်းသမီး Meng Zi Yi တိုက ပါဝင်ထားပါတယ်CM Chinese ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးမှာမို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်[Reviewed By Minnie Leon Silva]Quality : WEB-DL 720p,1080pTotal Episodes : ...

Royal Rumours (2023)

2023
The Mosquito Coast (2021)
The Mosquito Coast (2021)  အဲလီက ထက်မြက်တဲ့ တော်တဲ့ တီထွင်ဖန်တီးသူတစ်ယောက် ဖြစ်ပါတယ်။ သူ့မှာ ချစ်စရာကောင်းတဲ့ မိသားစုလေး တစ်စုကိုလည်း ပိုင်ဆိုင်ထားတယ်။ အပြင်ပန်းကြည့်ရင်တော့ သူတို့ မိသားစုလေးက သာမန် လူလတ်တန်းစား မိသားစုလေးပေါ့။ ကလေးတွေကိုလည်း လူ့အဖွဲ့အစည်းကို အယုံအကြည်မရှိလို့ ကျောင်းမထားဘဲ အိမ်မှာပဲ သင်ပေးကြတာပေါ့။ ဒါပေမဲ့ တစ်ရက်မှာ သူ့ကို လူတစ်စုကနေ သတိထားမိသွားပြီးနောက် သူတို့ မိသားစု နိုင်ငံရပ်ခြားကို ထွက်ပြေးဖို့ လုပ်ရပါတော့။ဇာတ်လမ်းက တဖြည်းဖြည်းနဲ့ ဘာကြောင့်ထွက်ပြေးရတယ်၊ နောက်က လိုက်နေသူတွေက ဘယ်သူတွေလဲ၊ အဲလီက အတိတ်မှာ ဘာတွေလုပ်ခဲ့မိလို့ ဒီလို နိုင်ငံခြားထိ ထွက်ပြေးဖို့ လုပ်ရသလဲ၊ ထွက်ပြေးတဲ့အချိန်မှာရော ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုလူတွေနဲ့ ကြုံရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းက အစပိုင်း အီသလိုလို လည်သလိုလိုကြီးနဲ့ နောက်ပိုင်း ရောက်လာလေ၊ စိတ်ဝင်စားဖို့ကောင်းလေ ဖြစ်လာတာမျိုးပါပဲ။ ဒရာမာစီးရီးဆိုပေမဲ့ ရိုးအီပြီး ...

The Mosquito Coast (2021)

Road Home (2023)
Road Home (2023) ယခုတစ်ခေါက် CMကတင်ဆက်ပေးသွားမယ့် ဇာတ်လမ်းလေးကတော့အလယ်တန်းကျောင်းသားဘဝ အစပြုရင်း ကျောင်းအားကစားကွင်းမှာမြင်မြင်ချင်း ချစ်မိသွားခဲ့ကြတဲ့ Gui Xiao နှင့် Lu Yan Chen တို၏အချစ် ဇာတ်လမ်း လေးဖြစ်ပါတယ်။ Gui Xiao နှင့် Lu Yan Chen တိုဟာအရွယ်ရောက်လာတာနဲ့အမျှ တစ်ယောက်ပေါ် တစ်ယောက်ထားတဲ့ချစ်ခြင်းမေတ္တာတွေဟာ ပိုမိုခိုင်မာလာပြီး ဘဝသက်ဆုံးတိုင်လက်တွဲဖိုအထိ မျှော်လင့်ထားခဲ့ကြတယ်။ဒါပေမဲ့ ထင်မှတ်မထားတဲ့ ဘဝကံကြမ္မာအလှည့်အပြောင်းတွေကြောင့်Gui Xiao ရဲ့မိသားစုအခြေအနေဟာ ပြောင်းလဲခဲ့ပြီး Lu Yan Chen ဟာရဲအရာရှိအဖြစ် နိုင်ငံရပ်ခြားကိုရောက်ရှိသွားခဲ့ပါတယ်။မိသားစုစားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် Gui Xiao ဟာလည်းငွေကြေးလောကရဲ့ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းပေါ် ကိုရောက်ရှိသွားခဲ့တယ်။ဒီလိုကံကြမ္မာအလှည့်အပြောင်းတွေကြား ဝေးကွာနေရတဲ့ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေဟာဆက်လက်ခိုင်မြဲနေမလား တစ်ဦးပေါ်တစ်ဦး အနေဝေးပြီး သွေးအေးသွားမလားဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ထားတဲ့ သူတွေကတော့Gui Xiao အဖြစ် မင်းသမီးချော Tan Song Yun နှင့်Lu Yan ...

Road Home (2023)

2023
From Me to You: Kimi ni Todoke(2023)[Complete]
From Me to You: Kimi ni Todoke(2023)[Complete] From Me to You: Kimi ni Todoke(2023)************************************အပိုင်းသစ် (၁ မှ ၁၂) အထိ စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Kimi ni Todoke Anime Live action လေးလာပါပြီ။ အရမ်းအရှက်အကြောက်ကြီးပြီး ဆံပင်အရှည်ကြီးကိုအမြဲချထားတဲ့ Sawako ဆိုတဲ့ကျောင်းသူလေးတစ်ယောက်။အမြဲကြောက်ဖို့ကောင်းအောင်နေသလိုဖြစ်နေလို့ ကျောင်းကတခြားလူတွေကသူ့နာမည်အရင်းတောင်မခေါ်ဘဲ သရဲကားထဲက သရဲမနာမည်ဖြစ်တဲ့ "Sadako" လို့ပြောင်းခေါ်ကြပါတယ်..တစ်နေ့မှာတော့ ကျောင်းကို Shota ဆိုတဲ့ လူချစ်လူခင်ပေါများတဲ့ ကောင်လေးတစ်ယောက်ရောက်လာတဲ့အခါ...Sawako တစ်ယောက် Shota နဲ့သူငယ်ချင်းဖြစ်သွားတဲ့အခါ..သူတို့နှစ်ယောက် ဘယ်လိုရင်ခုန်စရာလေးတွေဖြစ်လာမလဲ Sawako ဘဝကြီးလည်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကတော့..နင်းကန်ပျော်ရွှင်ကြည်နူးရတဲ့ လူငယ်အချစ်ဇာတ်လမ်းတွဲလေးမို့ရင်ခုန်ကြည်နူး စိတ်ကြည်မြူးချင်တဲ့သူတွေကြည့်သင့်ပါကြောင်း...........Episode: 12Aired: Mar 30, 2023File Size:800MB, 300MBQuality :Web-DL 1080p,720PGenres:Romance, Drama, ComedyTranslated by  Thynn,  Jane &  EricEncoded by  Phyo Pyae<<<<<<TELE LINK>>>>>  Episode 1 720P>>>  ...

From Me to You: Kimi ni Todoke(2023)[Complete]

2023
A Shoulder to Cry On (2023)
A Shoulder to Cry On (2023) A Shoulder to Cry On (2023)အီဒါယောလ်က လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ကျောင်းတွင်း မြှားပစ်ကလပ်မှာ စိတ်အပန်းဖြေဖို့ ရှာဖွေနေတဲ့ မြှားပစ်ကျွမ်းကျင်သူ ဖြစ်ပါတယ် နာမည်ကြီးပြီး ချောမောတဲ့ ကျောင်းသား ဂျိုထယ်ဟျွန်းနဲ့ နားလည်မှုလွဲမှားခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ ပညာသင်ဆုအတွက် အန္တရယ်ကျရောက်လာခဲ့ပါတယ် ဒါယောလ်ဟာ အခွင့်အရေးလိုချင်လို့ ချဉ်းကပ်လာတယ်ဆိုပြီး ထယ်ဟျွန်းကစွပ်စွဲခဲ့ပါတယ် ဒါကြောင့် ထယ်ဟျွန်းဟာ ဒါယောလ် နောက်လိုက်ပြီး နှောင့်ယှက်ခဲ့ပါတယ် ဒါပေမယ့် ထယ်ဟျွန်းအပေါ် ဒါယောလ်က သဘောကျလာနေကြောင်း သိလိုက်ရတဲ့နောက်မှာတော့ ... OMEGA X အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကင်ဂျယ်ဟန်နဲ့ ရှင်းယယ်ချန်းတို့လို မင်းသားချောချောလေးတွေ ပါဝင်ထားကြတဲ့ A Shoulder To Cry On စီးရီးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်အညွှန်းကိုတော့ Myo Myo က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ MyoMyo and Hmwe ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File ...

A Shoulder to Cry On (2023)

2023
Mayor of Kingstown (2021) + Season-2 (2023) 10
Mayor of Kingstown (2021) + Season-2 (2023) ဒီစီးရီးကတော့ အတော့်ကို ကောင်းပါတယ်လတ်တလော နှစ်ပိုင်းထွက်ထားတာကို tmdb rating 10/10 ရထားပြီး။ရိုက်ထားတာကလည်း ရုပ်ရှင်အဆင့်လောက်ရှိတယ်။မင်းသားတွေကလည်း ဆရာတွေချည်းပဲ။ကြည့်ကြည့်လိုက်ပါ။ တစ်ပတ်တစ်ပိုင်း ဆက်ထွက်မှာပါ။ကင်းစ်တောင်းမြို့ ( Kingstown )ဆိုတာ ၇ မိုင် ပတ်လည်တိုင်းမှာထောင် ၁ ခုရှိပြီး ထောင်သူ/သားတွေ နေထိုင်ရာ မြို့ဖြစ်ပါတယ်. ဒီမြို့မှာ မက်လက်စကီ မိသားစုက အာဏာကိုချုပ်ကိုင်ထားတဲ့ သူတွေဖြစ်ပြီးမြို့တော်ဝန် မိသားစုလို့ လူတွေက ခေါ်ကြတယ်မစ်ချ်၊ ဂျိမ်းစ်၊ ကိုင်းလ်တို့ ညီအစ်ကိုသုံးယောက်ဟာထောင်သားတွေကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုပ်ပေးတဲ့သူတွေဖြစ်ပြီးဒါနဲ့ပဲ မိသားစုတစ်သက် အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့သူတွေပါ။မြို့ရဲ့ ရဲတွေ တရားစီရင်ရေးတွေ ထောင်အစောင့်တွေအာဏာပိုင်တွေကို အိပ်ကပ်ထဲထည့်ထားပြီး ဉပဒေကိုလိုသလိုအသုံးချတဲ့ မြို့တော်ဝန်ညီအစ်ကိုဖြစ်ပါတယ်.တစ်နေ့ ထောင်ထဲက မစ်ချ်ရဲ့ မိတ်ဆွေဟောင်း မိုင်လိုအကူညီတောင်းတာကို လုပ်ပေးရင်းနဲ့မြို့တော်ဝန်မစ်ချ် အသတ်ခံလိုက်ရာကနေ ဇာတ်လမ်းစပါတော့တယ်ရဲ၊ထောင်၊ရာဇဝတ်သားတွေနဲ့ ဉပဒေကိုအသုံးချသူတွေကြားကဖြစ်တဲ့အရှုပ်အရှင်းတွေကို ကြည့်ရမဲ့ Crime ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပြီးMain lead အနေနဲ့ Hawkeye မင်းသား Jeremy ...
10
TMDb: 10/10 2 votes
tv

Mayor of Kingstown (2021) + Season-2 (2023)

2021
Falling for Innocence (2015) [Complete] 7.541
Falling for Innocence (2015) [Complete] Falling for Innocence (2015) (အစ-အဆုံး)အပိုင်းသစ် ( ၁၃ မှ ၁၆ (ဇာတ်သိမ်းပိုင်း) ထိ )ဂန်မင်ဟို(Jung Kyung Ho)ဟာ လူမှုရေးခေါင်းပါးပြီး သွေးအေးရက်စက်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်လိုချင်တာရဖို့ဆို သူများတွေဘဝကို ချနင်းဖို့ ဝန်မလေးတဲ့သူတစ်ယောက်ပါ။ငယ်ငယ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် ဦးလေးဖြစ်သူကို လက်စားချေဖို့ကြံစည်နေပြီး အတွင်းရေးမှူးဖြစ်သူ ဂင်ဆွန်းဂျောင်း(Kim So Yeon) ကိုလည်း အငြိုးတကြီး မုန်းတီးနေသူဖြစ်ပါတယ်။ဒါပေမယ့် အံ့ဩဖွယ်ကောင်းစွာနဲ့ မင်ဟိုဟာ နှလုံးအစားထိုးကုသပြီးနောက်မှာ အကျင့်စရိုက်က လုံးဝပြောင်းလဲသွားပါတော့တယ်။ အရင်ကမုန်းတီးခဲ့တဲ့ ဆွန်းဂျောင်းအပေါ် ခံစားချက်ရှိလာပြီး ကာကွယ်ပေးချင်ပေမယ့် အတိတ်ကလုပ်ရပ်တွေက အရိပ်လိုလိုက်လာတဲ့အခါမှာတော့....ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှုစားပေးကြပါဦးနော်~~(အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားပါတယ်။)Aired: Apr 3, 2015 - May 23, 2015 Aired On: Friday & Saturday Genres: Business, ...
7.541
TMDb: 7.541/10 133 votes
tv

Falling for Innocence (2015) [Complete]

2015
All the Liquors (2023) 2
All the Liquors (2023) All the Liquors (2023)ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ အသစ်ထွက်ရှိတဲ့ "All the Liquors" လို့ခေါ်တဲ့ Korea BL ကားလေးပဲဖြစ်ပါတယ်ဟန်ဂျီယူဆိုတဲ့ကောင်လေးကတော့ အရက်ကုမ္ပဏီတစ်ခုရဲ့ မားကတ်တင်းအဖွဲ့က ဝန်ထမ်းကောင်လေး တစ်ယောက်ပါ ဘတ်ဂီဟွန်းဆိုတဲ့ ဆွဲဆောင်မှုရှိပြီး လက်ရာကောင်းတဲ့စားဖိုမှူးချောလေးကတော့ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ထားတဲ့ဆိုင်ရှင်ပါ မှတ်ချက်အနေနဲ့ "ဆိုင်မှာ အရက်မသောက်ရ" ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားပြီး အရက်တောင်းတတ်တဲ့ ယူလာတတ်တဲ့ ဧည့်သည်တွေနဲ့ အမြဲစကားများနေတတ်သူပေါ့တစ်နေ့မှာတော့ မားကတ်တင်းအဖွဲ့က ဂျီယူတစ်ယောက် ကုမ္ပဏီက အသစ်ထုတ်လုပ်မယ့် အရက် Brand တစ်ခုအတွက် စားဖိုမှူးတစ်ယောက်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ တာဝန်ကျလာတဲ့အခါ .. အဲဒီလိုနဲ့ အရက်ဆို ခါးခါးသီးဖြစ်နေတဲ့ စားဖိုမှူး ဘတ်ဂီဟွန်းနဲ့ အလုပ်တွဲလုပ်ဖို့ဖြစ်လာတဲ့အခါ ခေါင်းမာတဲ့ အရက်ဂျိုးလေး ဂျီယူ နဲ့ အကဲဆတ်တဲ့စားဖိုမှူးလေးတို့ ကြားမှာ ဘယ်လိုဇာတ်လမ်းလေးဖြစ်လာမလဲဆိုတာ အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်ကြည့်လို့ရပါပြီ စုစုပေါင်း ၈ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin နဲ့ Cali ပဲ ...
2
TMDb: 2/10 1 votes
tv

All the Liquors (2023)

2023
Because of Love (2023) 8.0
Because of Love (2023) "အချစ်ကြောင့်ဆိုသည်မှာ" မြန်မာစာတန်းထိုး Because of Love 2023စင် အဖြစ် James ma ရင် အဖြစ် Pie Rinradaဇာတ်လမ်းအကျဉ်းရှေ့ရေးကြိုမြင်ရတဲ့ရင်ဆိုတဲ့ကောင်မလေးက သခင်လေးစင်ကို အန္တရာယ်ကြားက ကာကွယ်ဖို့မွေးစားခံထားရတာပါသူတို့နှစ်ဦးလက်ထပ်ပြီး နှစ်အတော်ကြာဝေးကွာခဲ့တဲ့ချိန်စင်ဟာ ရန်သူများစွာရှိလာခဲ့တာကြောင့်ရင်ပြန်လာပြီး သခင်လေးစင်ကို ကာကွယ်ပေးဖို့ဖြစ်လာပါတော့တယ်ဒီအန္တရာယ်တွေကြားထဲမှာ အချစ်ကြောင့်ပဲ သူတို့နှစ်ဦး ဘယ်အရာတွေရင်ဆိုင်လာရမလဲဘယ်အရာတွေက သူတို့နှစ်ဦးအတွက် သံဃောဇဥ်တွေဖြစ်တည်လာစေမလဲဘယ်လိုရန်တွေကို စင်နဲ့ရင်ကျော်လွှားရဖို့ရှိလဲဆိုတာဒီဇာတ်ကားထဲမှာ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတNative Title: เพราะรัก Episodes: 10 Aired: Jan 25, 2023 - ? Aired On: Wednesday, Thursday Original Network: Channel 3 Duration: 1 hr. 30 min. Translated by Kyi Nue Zin , Nang Mwe Kham , Lei Wutyi Tun Encoded by Naing Aung Latt Episode ...
8.0
TMDb: 8.0/10 votes
tv

Because of Love (2023)

Rocket Boys (2022) Season 2 7
Rocket Boys (2022) Season 2 1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့ သမိုင်း၀င် သိပ္ပံပညာရှင်ကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ နျူးကလီးယားနဲ့ အာကာသ သမိုင်းသစ်ရေးထိုးပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်ဒီ season 2 မှာကတော့ အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဗစ်ခရမ်နဲ့ ဟိုမီတို့ ဖော်ဆောင်ခဲ့ကြပြီးနောက် ကြုံတွေ့လာကြရမယ့်အခက်အခဲတွေ သမိုင်းမှတ်ကျောက်တွေကိုအသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။နျူလက်နက်စီမံကိန်းအတွက်လိုအပ်တာ ဘာမှထုတ်မနိုင်သေးတဲ့ အိန္ဒိယရဲ့ထုတ်ကုန်ပြသာနာတွေ စစ်အေး စစ်ပွဲကြီးဖြစ်နေချိန်မှာ အိန္ဒိယရဲ့ နျူ လက်နက်နဲ့အတူနိုင်ငံရေးနေရာတခုရလာမှာကို မလိုလားတဲ့ အမေရိကန်ရဲ့ကွယ်ရာက ဆေးပေးမီးယူ အဖျက်အနှောင့်တွေ ပါကစ္စတန်နဲ့ကက်ရှ်မီးယားဒေသ စစ်ပွဲတွေကြောင့် သံတမန်ရေးစစ်ရေး အရှုပ်တော်ပုံတွေ အိန္ဒိယရဲ့ ရှေးရိုးစွဲနဲ့ သိပ္ပံပညာတို့ရဲ့ အကြားလွန်ဆွဲမှုတွေ ဒီလိုအခြေအနေတွေကြားမှာမှ Homiနဲ့ Vikramတို့ သူတို့ရဲ့တဖြည်းဖြည်းမတူလာတော့တဲ့ပန်းတိုင်တွေကို ဘယ်လိုအကောင်အထည်ဖော်သွားပြီး သမိုင်းသစ်ရေးထိုးသွားကြမလဲဆိုတာကို အသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းရိုက်ကူးထားပြီး တစ်ပိုင်းပြီး တစ်ပိုင်း ဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင်အိန္ဒိယနိုင်ငံရေးတွေ ပညာရှင်တွေရဲ့ personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖွယ် ...
7
TMDb: 7/10 4 votes
tv

Rocket Boys (2022) Season 2

2022
Swarm (2023) 7.9
Swarm (2023) Swarm (2023)Swarm (ပျားအုံ) က fandom တစ်ခုရဲ့နာမည်လို့ပြောရင် ဘယ် fandom ဆိုတာရည်ညွှန်းတယ်ဆိုတာ ခန့်မှန်းမိကြလား??? Beyonce fandom Beyhive ပါပဲ။ဒီဇာတ်လမ်းရဲ့အစမှာ "ဤဇာတ်လမ်းသည် စိတ်ကူးယဥ်ဇာတ်လမ်းမဟုတ်ပါ။ ပြင်ပကလူ ပြင်ပကဖြစ်ရပ်များနှင့် တိုက်ဆိုင်မှုရှိရင် တမင်ရည်ရွယ်ခြင်းသာဖြစ်သည်" လို့ခပ်လှောင်လှောင်ပဲရေးထားပါတယ်။ အမှန်ပါပဲ။ ဒီဇာတ်လမ်းက Beyonce fandom နဲ့တခြား မှုခင်းဖြစ်ရပ်မှန်များပေါ်အခြေခံတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဘီယွန်ဆေးကတော့ နိုင်ဂျာပါ။ နိုင်ဂျာ့ fandomက Swarm ပါပဲ။ နိုင်ဂျာ့ဖန်ထဲကတစ်ယောက်ဖြစ်တဲ့ ဒရေးကတော့ ဆယ်ကျော်သက်အရွယ်ကနေ သတ်လတ်ပိုင်းထိ နိုင်ဂျာ့ကိုအရူးအမူးကိုးကွယ်ခဲ့သူပါ။ ဒရေးက ခပ်အေးအေးနေတတ်တယ် ရှက်တတ်တယ် အသောက်အစားကင်းတယ် ရည်းစားဆိုတာလဲထားဖို့လုံးဝစိတ်မဝင်စား။ အဲ့ဒါကကောင်းတာပေါ့ဆိုရင်လဲ မဟုတ်ပြန်ပါဘူး။ ဒရေးကအလုပ်လဲစိတ်မဝင်စားသလို ဘာကိုမှလဲသိပ်လေးနက်ပူပန်မှုမရှိပြန်ပါဘူး။ တစ်နေ့တစ်နေ့ အိုင်ဒေါအကြောင်းပဲတွေးရင်းငေးရင်း ပီတိတွေဖြစ်နေသူဆိုပါတော့။ ဒရေးရဲ့သူ့အိုင်ဒေါအပေါ်ချစ်ခင်မှုလွန်ကဲတာက သူ့ကိုတစ်လောကလုံးနဲ့အဆက်အသွယ်ပြတ်စေပါတယ်။ သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်က သူ့အစ်မပါ။ တစ်နေ့မှာသူ့အစ်မဆုံးသွားတော့ ဒရေးတစ်ယောက် အားကိုးရာမဲ့သွားတဲ့နောက်မှာ သူ့အိုင်ဒေါအပေါ်ပိုအရူးအမူးဖြစ်လာပြီး ဘယ်လိုအခြေအနေတွေဆက်ဖြစ်ကြမယ်ဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်လမ်းကိုကြည့်ရင် ဘီယွန်ဆေးဖန်တွေအတွက် ဘီယွန်ဆေးရဲ့ဘဝအကြောင်းအရာတွေ ပိုစတာတွေ အယ်လ်ဘမ်တွေနဲ့ပတ်သက်ပြီး Easter Eggs တွေများစွာပါဝင်တာမို့ စိတ်ဝင်စားစရာပါပဲ။ ဘီယွန်းဆေးဖန်မဟုတ်သူတွေအတွက်လဲ ဇာတ်လမ်းသွားကသီးသန့်ဖြစ်တာကြောင့်အားလုံးကိုနားလည်နိုင်မှာပါ။ ဒါတွေအပြင် ဘောနပ်စ်အနေနဲ့ အပိုင်းတစ်ပိုင်းမှာ Billie ...
7.9
TMDb: 7.9/10 14 votes
tv

Swarm (2023)

2023
Welcome to Chippendales (2022) Complete 8
Welcome to Chippendales (2022) Complete ဆိုမန်စတိဗ်ဘန်းနာဂျီ ဟာ အိန္ဒိယကနေ အမေရိကန်ကို ရွှေ့ပြောင်းလာရောက်နေထိုင်သူဖြစ်ပြီး ဇွဲနပဲရှိရှိ ခြစ်ကုတ်စုဆောင်းနိုင်မှုကြောင့် ခုနစ်နှစ်ကြာပြီးနောက်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်သွားတယ်။အစဦးမှာ ရေလိုက်ငါးလိုက်လွဲခဲ့ပေမဲ့ သူဟာ ၁၉၈၀ ခုနှစ်များမှာ အမျိုးသမီးတွေအတွက် အမျိုးသားအဖော်အချွတ်ကလပ် "ချစ်ပန်ဒေးလ်စ်" ကို အောင်မြင်တဲ့လုပ်ငန်းအဖြစ် ဦးဆောင်နိုင်ခဲ့တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူတည်ထောင်ခဲ့တဲ့ ချစ်ပန်ဒေးလ်စ်ဟာ အခုခေတ်ကာလအထိ နာမည်တစ်ခုရှိနေပေမဲ့ သူ့ရဲ့ဇာတ်ကြောင်းကတော့ သာမန် စီးပွားရေးစွမ်းဆောင်ရှင်တွေလောက် မရိုးရှင်းခဲ့။သူ့ရဲ့ကလပ် အောင်မြင်ရေး၊ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် လိုက်ခဲ့မိတဲ့ လမ်းမှားတွေနဲ့ နောက်ဆုံးမှာ ခေတ်တစ်ခေတ်ရဲ့ အဆန်းကြယ်ဆုံး မှုခင်းဖြစ်ရပ်မှန်တစ်ခုအဖြစ် ယနေ့ထိတိုင် ပြောမဆုံး ဖြစ်နေကြသေးတဲ့ အမေရိကန်အိပ်မက် လမ်းကြောင်းလွဲသွားခဲ့ပုံကို ကြည့်ရှုရမှာပါ။Quality :1080p DSNP WEB DL /720pTotal Episodes : 778MB / 362MBFormat : mp4Genres :Drama, Crime, ComedyDuration :45minsSubtitle : Myanmar Subtitle ( Hardsub )Translated by Nana Yuni & Min Khant Kyi WinEncoded ...
8
TMDb: 8/10 4 votes
tv

Welcome to Chippendales (2022) Complete

2022
The Love in Your Eyes (2022)[Complete]
The Love in Your Eyes (2022)[Complete] The Love in Your Eyes(2022)အပိုင်း(၁ မှ ၁၂၃ ) ထိ စ/ဆုံးYoung Ih ဆိုတဲ့ကောင်မလေးဟာ ငယ်ရွယ်စဉ်မှာ အိမ်ထောင်ကျခဲ့ပြီး ချစ်စရာသမီးလေးထွန်းကားခဲ့တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ခင်ပွန်းသည်ကတော့ ဆုံးပါးသွားခဲ့ရှာတယ်။အဲ့ဒီနောက် သမီးလေးအနာဂတ်လှပရေး အလုပ်မျိုးစုံလုပ်ပြီး ရုန်းကန်ရှာတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမရဲ့ခင်ပွန်းမျက်ကြည်လွှာကို ယူပြီး ကုသပေးခဲ့တဲ့ ယောက်ျားလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ ...ဘာတွေဆက်ဖြစ်မလဲ?Family , Drama လေးဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတွဲရှည်လေးဖြစ်ပါကြောင်း။ Episodes: 123Aired:  Sep 5, 2022 - Oct 25, 2022Aired On: Monday, Tuesday, Wednesday, Thursday, FridayFile Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Family ,Drama, RomanceTranslated by  Hay Thar Oo  ...

The Love in Your Eyes (2022)[Complete]

2022
Kokdu: Season of Deity (2023)
Kokdu: Season of Deity (2023) Kokdu : Season of Deity (2023)Fantasy Drama တွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက် “သေမင်းနဲ့ ဆရာဝန်မလေးတို့ရဲ့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်” ဖြစ်တဲ့ Kokdu: Season of Deity ကို တင်ဆက်ပေးလိုက်ပါပြီ။ဘုရားသခင်ရဲ့ အမျက်တော်ရှခြင်းကို ခံလိုက်ရတဲ့ Kok-Du (Kim Jung-Hyun) ဟာ သူ့လုပ်ရပ်အတွက် အပြစ်ဒဏ်အနေနဲ့ သေမင်းတစ်ပါးအဖြစ်ကို ပြောင်းလဲခံလိုက်ရပါတယ်။ဒီလိုနဲ့ ကမ္ဘာကြီးပေါ်က သေဆုံးပြီးသားသူတွေကို လမ်းပြပေးရင်း သွေးအေးရက်စက်တဲ့ သေမင်းအဖြစ် ၉၉ နှစ်ကြာပြီးတဲ့နောက်မှာတော့ Kok-Du ဟာ လူ့ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်လိုက်ရပြီး ကမ္ဘာမြေပေါ်ကို ရောက်ရှိလာရပါတော့တယ်။တစ်ဖက်မှာတော့ Han Gye-Jeol (Lim Soo-Hyang) ဟာ အဆင့်အနိမ့်ဆုံးဆေးတက္ကသိုလ်ကနေဘွဲ့ရထားတဲ့ ဆရာဝန်မလေးတစ်ဦးပါ။ ဘယ်သူမှဂရုစိုက်မယ့်သူမရှိတဲ့ အနှိမ်ခံမိဘမဲ့ဘဝနဲ့ နေထိုင်လာခဲ့ရင်း သေမင်း Kok-Du နဲ့‌ အမှတ်မထင်တွေ့ဆုံလိုက်ရတဲ့အခါမှာတော့…။ပြစ်ဒဏ်သင့်နေတဲ့ သေမင်းတစ်ပါးနဲ့ အထီးကျန်နေတဲ့ဆရာဝန်မလေးတို့ရဲ့ ဘဝဟာ ဘယ်လိုမျိုးတစ်မျိုးတစ်ဖုံပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။မင်းသား Kin Jung-Hyun ရဲ့ Comeback Drama ဖြစ်သလို Lim Soo-Hyang နဲ့ ...

Kokdu: Season of Deity (2023)

2023