Channel Myanmar

Drama

Game of Witches (2022)[Complete]
Game of Witches (2022)[Complete] Game of Witches (2022)အပိုင်း( ၁ မှ ၁၁၉) ထိ စ/ဆုံးသမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပေမဲ့ အလောင်းကို ကိုယ်တိုင်မမြင်ခဲ့တဲ့အတွက် လက်မခံနိုင်တဲ့ ယူဂျောင်း တစ်ယောက် တစ်နေ့မှာတော့ သူ့သမီးလေး အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရလို့ အပူတပြင်း လိုက်ရှာပါတော့တယ်။သားသမီးရှေ့ရေးအတွက် မတရားမှုတွေကို ဘယ်လိုနည်းနဲ့မဆို တွန်းလှန်ဖို့ အသင့်ဖြစ်နေတဲ့ မိခင်နှစ်ဦး သားသမီးတွေအတွက် လက်စားချေရဖို့ဖြစ်လာတဲ့အခါ ...ဆုံးရှုံးလိုက်ရတဲ့ သမီးလေးက တကယ်ပဲ အသက်ရှင်နေသေးတာလား? ဘာတွေဆက်ဖြစ်မလဲ? ဆိုတာကိုတော့ လှည့်ကွက် မြုပ်ကွက်တွေ တသီကြီး စိတ်ကြိုက် အဝ ကြည့်ရမဲ့ ဇာတ်လမ်းတွဲရှည်ကြီးမှာ ဆက်ပြီး စောင့်ကြည့်လိုက်ရအောင်နော်။အပတ်စဉ် တနင်္လာ မှ သောကြာ တစ်ပတ်ငါးပိုင်း ပြသမှာဖြစ်ပြီး CMမှလည်း အပတ်စဉ်တင်ဆက်ပေးသွားပါ့မယ်။(ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wut Yi က ရေးပေးထားပါတယ်။)Aired: Oct 11, 2022 -- Aired On: Monday ...

Game of Witches (2022)[Complete]

2022
Romance of a Twin Flower (2023)
Romance of a Twin Flower (2023) ဒီတစ်ခါCMကနေ တင်ဆက်ပေးမဲ့ကားလေးကတော့ရိုမန့်ချိုချိုလေးနဲ့ ပရိတ်သတ်တွေကိုအချိုကြွေးမဲ့ကားလေးပါရှောင်ဖုန်းကာရိုက်တာနဲ့ ပရိတ်သတ်တွေဆီကနေအချစ်တွေသိမ်းပိုက်ခဲ့တဲ့Peng Xiao Ran လေးကို ရှေးခေတ်ကာရိုက်တာနဲ့ ပြန်မြင်ရမှာပါဒီတစ်ခါမှာလည်း သူများနဲ့မတူတမူထူးခြားပြီးဉာဏ်ထက်မြက်တဲ့ကျိမန်ဆိုတဲ့ကောင်မလေးဟာမတော်တဆမှုတစ်ခုကြောင့် မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ရပါတယ်သူမှတ်ဉာဏ်တွေပျောက်ဆုံးချိန်မှာ ဘာမှတောင်ရှင်းပြခွင့်မရဘဲသူ့ရဲ့အမွှာညီမနေရာကိုအစားထိုးပြီး ဟုံအိမ်တော်ထဲခေါ်သွင်းခံလိုက်ရပါ တော့တယ်ရောက်တဲ့အရပ်မှာပဲ သူ့ရဲ့ဟာသဉာဏ် စီးပွားရေးအသိပညာကိုအသုံးပြုပြီးအခက်အခဲတွေအများကြီးကိုဖြေရှင်းပေးလိုက်ရာက ဟုံအိမ်တော်ကလူတွေသတိထားမိသွားပါလေရောအဲ့လိုနဲ့ ကျိမန်လေးကို ဟုံအိမ်တော်ထဲက အရမ်းအေးစက်ပြီးမာနကြီးတဲ့သခင်လေးနင်ယွိရွှမ်က သတိထားမိသွားပြီး ဘာတွေဆက်ဖြစ်မလဲ?တစ်အိမ်တော်ထဲနေပြီး ဘယ်လိုတွေကြုံတွေ့ရမလဲ?မာနကြီးတဲ့သခင်လေးကို ကြွေကျသွားလောက်အောင် ဘယ်လိုတွေတောင်ကျိမန်လေးက ဆွဲ ဆောင်မလဲ?တကယ့်အမွှာညီမပေါ်လာရင်ရောဘယ်လိုဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်လိုက်ရအောင်နော်[Reviewed By Kong Hou]Quality : WEB-DL 720p,1080pTotal Episodes : 38Format : mp4Genres : Drama, Romance, Bussiness, HistoricalDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by ...

Romance of a Twin Flower (2023)

2023
That ’90s Show (2023) 7
That ’90s Show (2023) That 90's Show (2023) ~ IMDb - 6.4/10, Rotten Tomatoes - 76% ~ ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ ထူးထူးဆန်းဆန်းလေးလို့ပဲပြောရမှာပါ။ ၂၀၂၃ မှာထွက်ပေမဲ့ နာမည်အတိုင်း ၁၉၉၀ ပြည့်နှစ်တွေက Sitcom ပုံစံမျိုး တင်ဆက်ပေးထားတာဖြစ်ပါတယ်။ Sitcom ရဲ့သဘောတရားကိုအကြမ်းဖျဥ်းပြောပြရရင် Scene တွေအားလုံးကို Studio ဆင်ပြီး ရိုက်ကူးတာဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် ပြဇာတ်ကို ရုပ်ရှင်လိုရိုက်ပြလိုက်တဲ့သဘောပါပဲ။ ပရိသတ် Reaction တွေပါမယ်။ သိပ်သဘာဝမကျတဲ့ ဟာကွက်တွေနဲ့ အစစ်မဟုတ်မှန်းသိသာတဲ့ Setting မျိုးတွေ၊ ပေါတောတောဟာသတွေအများစု၊ ဒါတွေပေါင်းစပ်ထားတာကိုအကြမ်းဖျဥ်းအားဖြင့် Sitcom လို့ခေါ်ပါတယ်။ ဘာလို့ဒါတွေရှင်းပြနေရသလဲဆိုရင် သာမန်စီးရီးတွေနဲ့ပဲကျင့်သားရနေတဲ့သူတွေ၊ Sitcom ရဲ့သဘောတရားကိုမသိတဲ့သူတွေက ရုပ်ရှင်စစ်စစ်တွေနဲ့နှိုင်းပြီး ဝေဖန်တာမျိုးတွေရှိနေလို့ပါပဲ။ အဲဒီလို မပြီးပြည့်စုံမှု၊ ရုပ်ရှင်မဆန်မှု၊ ပေါကားအထာဟာသလေးတွေ၊ ယုတ္တိမရှိတဲ့ Plot လေးတွေကပဲ Sitcom ရဲ့အနှစ်သာရစစ်စစ်ဖြစ်နေလို့ပါ။ ဇာတ်လမ်းအကြောင်းကိုသွားရရင် ဝင်စကွန်ဆန်မှာနေကြတဲ့ ရက်ဒ်နဲ့ကစ်တီတို့ ...
7
TMDb: 7/10 77 votes
tv

That ’90s Show (2023)

2023
The Sky Without the Sun (2023)
The Sky Without the Sun (2023) ပုတ်ချတ် အဖြစ် Chap Varakorn နမ့်ဖွန် အဖြစ် Mint Pondivaဇာတ်လမ်းအကျဉ်းပုတ်ချတ်ရဲ့ ဖခင်ဖြစ်သူ ဆနော်က ဆန်ပွဲရုံတစ်ခုရဲ့ အားထားရတဲ့ အလုပ်သမားတစ်ဦးဖြစ်ပြီး ချစ်ရတဲ့ဇနီး ၊သားသမီး ၄ ယောက်နဲ့ ပျော်ရွှင်စွာနေနေတဲ့သူ တစ်ယောက်ပေါ့တစ်ရက် မတော်တဆမှုတစ်ခုကို ဝင်ကူရင်း ဆနော် တစ်ယောက် ဒုက္ခိတဖြစ်ခဲ့ရတဲ့အပြင် မိန်းမဖြစ်သူကပါ လင်ငယ်ထားပြီး ကလေးတွေကို ခွဲခေါ် လိုက်ပြေးသွားခဲ့တယ်ပုတ်ချတ်ကတော့ မိဘကို သိတတ်တဲ့ သားလိမ္မာလေးဖြစ်ပြီး အိမ်အတွက် ဘာအလုပ်မဆိုလုပ်ပေးတဲ့သူတစ်ယောက်ပေါ့နမ့်ဖွန်ကတော့ ဆန်စက်သူဌေးရဲ့သမီးတစ်ယောက်ဖြစ်ပြီး အဆင့်အတန်းမခွဲခြားသူတစ်ယောက်ဖြစ်ပေမဲ့ ထူးဆန်းစွာ မိခင်ဖြစ်သူရဲ့ ဘာမဆို ချုပ်ချယ်တားမြစ်ခြင်းခံနေရတဲ့သူတစ်ယောက်ပါတစ်နေ့ ပုတ်ချတ်တိုမိသားစုက သားအငယ်ဆုံးလေးကို ဆေးကုဖို နမ့်ဖွန်ရဲ့အဖေ သူဌေးဆီက ငွေကြေးအကူအညီယူလိုက်ရတဲ့အခါ…ကျေးဇူးကြွေးဆပ်ဖို ဆနော်တစ်ယောက် သူဌေးရဲ့သားအစား ထောင်ကျခံလိုက်တဲ့အခါ…အဆင့်အတန်းမတူတဲ့ နမ့်ဖွန်နဲ့ ပုတ်ချတ်တို သံယောဇဉ်တွေရှိလာတဲ့အခါ…မိသားစုနှစ်ခုကြား ဘာတွေဆက်ဖြစ်လာမလဲ နမ့်ဖွန်ရဲ့အမေကရော နမ့်ဖွန့်ကို ဘာမဆို လိုက်ချုပ်ခြယ်တားမြစ်နေခဲ့တာ ဘာအတွက်ကြောင့်လဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်Native Title: ดั่งฟ้าสิ้นตะวัน Episodes: 21 Aired: ...

The Sky Without the Sun (2023)

The Demon (2023) 8.0
The Demon (2023) “နတ်ဆိုးရဲ့မှောင်ရိပ်" မြန်မာစာတန်းထိုးဆန် အဖြစ် Indy Intad Leowrakwong နမ့် အဖြစ် Gypsy Keerati Maharpreukpong ယန် အဖြစ် Pat Chatburirakဖိတ်မေခါအိမ်တော်က အစေခံမလေးစီဂျန်က အာတုန်နဲ့ ဆန်ကိုကိုယ်ဝန်ရခဲ့ပါတယ်သူမကို လက်ခံတာကြောင့် အိမ်တော်ကနှင်ချခဲ့ပါတယ်ဒါကြောင့် စီဂျန်က ဆန်ကိုအသုံးချပြီး ဖိတ်မေခါ ဉီးညွှတ်လာအောင် ကလဲ့စားချေလိုစိတ်ပြင်းထန်နေခဲ့တာပေါ့တရက် ဆန်ဟာ ဖအေတူမအေကွဲညီ ယန်ကို ကလဲ့စားချေဖို့သူ့ချစ်သူ ချတ်ဝရန်ကို လုယူပြီးညီဖြစ်သူ ဖူ့ကိုလည်း တဖက်တလှမ်းကနေ အောက်ဖဲလှန်ဖော်ထုတ်ဖို့ကြံနေခဲ့ပါတယ်ဆန်တစ်ယောက် သူ့နတ်ဆိုးကိုပဲ လက်စားချေဖို့ပြင်နေခဲ့ရာမှာသူဟာ လက်စားချေမှုအောင်မြင်သွားမလားသူ့အချစ်ဦးနမ့်ကို ဆုံးရှုံးရမလား ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို"နတ်ဆိုးရဲ့မှောင်ရိပ်"ဇာတ်ကားကို ရင်ခုန်စွာစောင့်ကြည့်လိုက်ရအောင်(အညွှန်းရေးသူကတော့ Lei Wutyi Tun ဖြစ်ပါတယ်)Native Title: หลงเงา Episodes: 10 Aired: Feb 15, 2023 - ? Aired On: Wednesday, Thursday Original Network: PPTVTranslated by Fake Love & ...
8.0
TMDb: 8.0/10 votes
tv

The Demon (2023)

Call It Love(2023) 5
Call It Love(2023) Call It Love (2023) (အညွှန်း) ====================နာမည်နဲ့တင်ကို romantic ဆန်နေပြီဖြစ်တဲ့ Disney+ ရဲ့ “Call It Love” လေး ရပါပြီ။ဖခင်ဖြစ်သူသေဆုံးသွားပြီးတဲ့နောက် ဖခင်ရဲ့နောက်မိန်းမဖြစ်သူ နှင်ထုတ်ခြင်းကို ခံခဲ့ရပြီး အရာအားလုံး အလုယူခံခဲ့ရတဲ့ Shim Woo Joo ရဲ့ဘဝဟာ လုံးဝအားကိုးရာမဲ့သွားခဲ့တယ်။ ဒီလိုနဲ့မိထွေးဖြစ်သူကို ကလဲ့စားချေလိုတဲ့စိတ်နဲ့ သားဖြစ်သူ Han Dong Jin ကို ချဉ်းကပ်ရာကနေ မထင်မှတ်ထားတဲ့ “အချစ်” ဆိုတဲ့အရာ ဖြစ်ပေါ်လာတဲ့အခါ .. အငြှိုးတွေ အမုန်းတရားတွေကို အချစ်ကပဲ အနိုင်ယူသွားနိုင်မလားဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ဆွေးဆွေးလေးကြည့်ရှုရမှာပဲဖြစ်ပါတယ်။အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်ရက် ၂ ပိုင်းနှုန်းတင်ဆက်သွားမှာဖြစ်သလို Cast တွေအနေနဲ့ကလည်း visual ရော chemistry ရောအပြစ်ပြောစရာမရှိတဲ့ Kim Young Kwang နဲ့ Lee Sun Kyung တို့ဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်သင့်တာတော့ အသေအချာပါပဲ။File Size – 420MBQuality – 1080p ...
5
TMDb: 5/10 1 votes
tv

Call It Love(2023)

2023
Liaison (2023) 6
Liaison (2023) Liaison (2023)နိုင်ငံရေးအရှုပ်အထွေး စပိုင် အက်ရှင် ဆိုက်ဘာတိုက်ခိုက်မှု..... ဒီလိုဇာတ်လမ်းသွားကိုစိတ်ဝင်စားသူတွေအတွက် အသစ်စက်စက်စီးရီး Liaison ပါ။ ဇာတ်လမ်းအစမှာ ဘရစ်တိန်မှာ ဆိုက်ဘာတိုက်ခိုက်ခံရမှုအရိပ်အယောင်တွေစတွေ့ရပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုဆိုတော့ ခြိမ်းခြောက်တာတွေအပေးအယူလုပ်တာတွေလုပ်မနေပဲ ခပ်မြန်မြန်ပဲဖြစ်လာပါတယ်။ ဟက်ခံရတာကတော့လန်ဒန်ကသိမ်းရေကာတာပါ။ မုန်တိုင်းကြီးချိန်မှာရေကာတာတွေ ဖွင့်မရအောင်ဟက်ခဲ့တာကြောင့် လန်ဒန်တစ်မြို့လုံးရေကြီးသွားခဲ့ပါတယ်။ ဒါက ဟက်တာလား ဆော့ဖ်ဝဲလ်အမှားအယွင်းလား သူတို့စစ်ဆေးစဥ်မှာပဲ ဘရစ်တိန်ကိုဆိုက်ဘာတိုက်ခိုက်မယ့်အချက်အလက်တွေကို သိထားတယ်လို့ပြောတဲ့ ဆီးရီးရားဟက်ကာနှစ်ယောက်က ပြင်သစ်မှာနိုင်ငံရေးခိုလှုံခွင့်တောင်းလာပါတယ်။ ဒီဟက်ကာနှစ်ယောက်ကို ရဖို့ ဆီးရီးရား၊ ဗြိတိန် နဲ့ ပြင်သစ် သုံးနိုင်ငံလုံးက အပြိုင်အဆိုင်ကြိုးပမ်းကြရင်းဆက်ဖြစ်လာမယ့်နိုင်ငံရေး အရှုပ်အထွေးတွေကိုဆက်ကြည့်ရမှာပါ။ အဲ့ဒါအပြင် ဒီပြဿနာထဲမှာ ပါဝင်နေတဲ့ အရာရှိတွေရဲ့ အတိတ်ကအရိပ်တွေ အဆက်ဟောင်းတွေလဲ ပြန်လည်အသက်ဝင်လာတာကြောင့် နိုင်ငံရေးနဲ့ကိုယ်ရေးကိုယ်တာကြားလွန်ဆွဲမှုတွေ သက်ရောက်မှုတွေကိုလဲကြည့်ကြရဦးမယ့် နိုင်ငံရေးဒရာမာစီးရီးကောင်းတစ်ခုပါပဲ။စုစုပေါင်း ၆ ပိုင်း ရှိမှာ ဖြစ်ပြီးတော့ အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် လည်ပင်းရှည်ရဦးမယ့် စီးရီးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Crime , Dramaa Quality…. 1080p | 720p File size… 1GB | 500MB Format… mp4 Duration…. ...
6
TMDb: 6/10 5 votes
tv

Liaison (2023)

2023
Our Blooming Youth(2023)
Our Blooming Youth(2023) Our Blooming Youth(2023)*************************အပိုင်း( ၁ မှ ၂၀) ထိ စ/ဆုံးအိမ်ရှေ့စံ အီဟွမ်က လူတွေအပေါ်မှာ ‌မောက်မောက်မာမာ ခက်ခက်ထန်ထန် ဆက်ဆံလေ့ရှိတဲ့ မင်းသားတစ်ပါးဖြစ်တယ်... ဒါပေ‌မဲ့ အဲဒီအိမ်ရှေ့စံမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျိန်စာတစ်ခုရှိနေတယ်... အဲဒီကျိန်စာရဲ့နောက်ဆက်တွဲ အကျိုးဆက်ကြောင့်ပေါင်းသင်းဆက်ဆံရေး အားနည်းပြီး အထီးကျန်ဆန်လွန်းတဲ့ပျင်းရိစရာဘဝကိုပိုင်ဆိုင်ထားရပါတယ်..တစ်ဖက်မှာတော့ မင်ဂျယ်ရီဆိုတဲ့မိန်းမပျိုလေးကလည်း ‌မြင့်မြတ်တဲ့ အထက်တန်းလွှာမိသားစုမှ မွေးဖွားလာတဲ့ထက်မြက်တဲ့ မိန်းမပျို တစ်ယောက်ဖြစ်တယ်... ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ တစ်မိသားစုလုံး ရုတ်တရက် အသတ်ခံလိုက်ရပြီး သူ့ကိုပါ လူသတ်သမားလို့ စွပ်စွဲခံလိုက်ရတယ် သူ့ကို ဖမ်းမယ့်သူတွေလက်က ရှောင်ပြေးနေတဲ့အချိန်မှာ ကျိန်စာသင့်နေတဲ့မင်းသားလေးနဲ့ တွေ့ဆုံခဲ့ကြရာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်Episodes: 20File Size:1.1GB, 500MBQuality :Web-DL AMZN 1080p,720PGenres: Historical, Mystery, Romance, DramaTranslated by  Hay Thar Oo, Miri, A Htet   & Ei Khing MonEncoded by  Phyo Pyae  >>>>TELE ...

Our Blooming Youth(2023)

2023
Queen: Love and War (2019) 7.1
Queen: Love and War (2019) Queen: Love and War (2019) နတ်သားလေးဘလူးဘယ်ရီ…အဲ ရမ်ဘရာရီပြီးသွားပြီဆိုတော့ နတ်သားပရိသတ်ကြီးအတွက် Kim Min-Kyu ရဲ့ နန်းတွင်းကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ “အစ်မဖြစ်သူကိုသတ်ခဲ့တဲ့ တရားခံကိုရှာဖွေဖို့အတွက် မိဖုရားဖြစ်ဖို့ကြိုးစားမယ့်အွန်းဘို နဲ့ ရုပ်ရည်ချောမောပြေပြစ်ပြီး ဉာဏ်ပညာထက်မြက်တဲ့ ရှင်ဘုရင်အီဂယောင်းတို့ရဲ့ နန်းတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်” ဖြစ်ပါတယ်။ အစ်မဖြစ်သူအတွက် လက်စားချေဖို့တစ်ခုတည်းနဲ့ မိဖုရားဖြစ်ဖို့ကြိုးစားနေတဲ့ အွန်းဘိုဟာ ငယ်စဉ်ကတည်းက မိန်းကလေးတစ်ယောက်တည်းကိုပဲချစ်မြတ်နိုးခဲ့တဲ့ မင်းကြီးအီဂယောင်းနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူ့ရဲ့လက်စားချေမှုခရီးလမ်းက ဘာတွေဆက်ဖြစ်သွားမလဲ။ သူလိုလားတဲ့လက်စားချေမှုကို တကယ်ပဲလုပ်ဆောင်နိုင်သွားပါ့မလား။မင်းကြီးနဲ့အွန်းဘိုတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုတွေဖြစ်တည်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် နန်းတွင်းအချစ်ဇာတ်ကားလေးဖြစ်လို့ ဘလူးဘယ်ရီပရိသတ်တွေလည်း အကြိုက်တွေ့ကြမှာပါ။အဓိကဇာတ်လိုက်တွေအဖြစ် Kim Min-Kyu နဲ့ Jin Se-Yeon တို့က ပါဝင်ထားကြတဲ့အတွက် ကြည့်လို့ကောင်းမှာအမှန်ပဲမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Laii, Joyz, Milkeux, Shin, Cali, MyoMyo တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Historical Quality…. 1080p | 720p File size… ...
7.1
TMDb: 7.1/10 5 votes
tv

Queen: Love and War (2019)

2019
The Devil (2007) 5.5
The Devil (2007) The Devil (2007)ကဲ CM နဲ့အတူတူ ၂၀၀၇ ခုနှစ်ကို အချိန်ခရီးသွားလိုက်ရအောင်"လောကကြီးမှာ လူနှစ်မျိုးပဲရှိတယ် လူဆိုးနဲ့ လူဆိုးဖမ်းတဲ့လူကောင်း" ဆိုတဲ့ စုံထောက်ဂန်ပြောနေကျ နာမည်ကြီးစာသားကို မှတ်မိကြဦးမလားမသိဘူးနော်.ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ ဟိုးအရင်တုန်းက ကြည့်ခဲ့ဖူးတဲ့ Mystery Thriller အမျိုးအစား The Devil ဇာတ်ကားလေးပဲဖြစ်ပါတယ်မကြည့်ခင် ဇာတ်လမ်းအကျဉ်းလေး ပြန်နွှေးလိုက်ရအောင်ပါ... ဟယ်အင်ဆိုတဲ့ ကောင်မလေးက ပစ္စည်းတွေကိုထိလိုက်တာနဲ့ အဲဒီပစ္စည်းနဲ့ပတ်သက်တဲ့ အတိတ်ကို ပြန်မြင်နိုင်တဲ့ အစွမ်းရှိသူပါ အဲဒီအစွမ်းကိုလည်း ဘယ်သူမှ မသိအောင်ဖုံးကွယ်ထားခဲ့ပါတယ်တစ်ရက်မှာ သူကိုယ်တိုင်ဆွဲထားတဲ့ တားရော့ကဒ်က လူသတ်မှုအခင်းဖြစ်တဲ့နေရာမှာ ရှိနေတဲ့ကိစ္စကစပြီးတော့ လူသတ်မှုကိုပါ ပါဝင်စုံစမ်းရတော့တာပါပဲစုံထောက်ဂန်၊ ရှေ့နေအိုနဲ့ သဘာဝလွန်စွမ်းအားပိုင်ရှင်ဆောဟယ်အင်တို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းမှာလည်း ဘယ်လိုအလှည့်အပြောင်းတွေရှိမလဲဆိုတာ ကြည့်ရမှာပါcast တွေအနေနဲ့ကတော့ Shin Min A, Uhm Tae Woong နဲ့ Ju Ji Hoon တို့ဖြစ်ပါတယ်အရင်တုန်းကစွဲစွဲလမ်းလမ်းကြည့်ခဲ့ရတဲ့ ဒရာမာလေးကို အခုတဖန်ပြန်ပြီး quality ကောင်းကောင်းနဲ့ ပြန်ကြည့်ရမှာဆိုတော့ လက်လွတ်မခံသင့်ဘူးနော်အညွှန်းကိုတော့ JoyZ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
5.5
TMDb: 5.5/10 4 votes
tv

The Devil (2007)

2007
BEEF (2023) 8.8
BEEF (2023)   ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ IMDB 8.2 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ပါတယ် လောကကြီးမှာ ထိန်းရအခက်ဆုံးက ကိုယ့်စိတ်ပါပဲ ကိုယ့်စိတ်ကိုယ်နိုင်ရင် လောကကြီးကို တဝက်နိုင်ပြီဆိုသလိုပဲ လူတိုင်းက ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အကြိုက်နဲ့ကိုယ် နေထိုင်နေကြတာပါ စိတ်ရဲ့စေစားရာကို တွန်းလှန်နိုင်ဖို့က တကယ့်ကိုမှခက်ခဲတဲ့အလုပ်တစ်ခုပါပဲ တော်ရုံလူမလုပ်နိုင်လို့ ဘဝပျက်သွားရတဲ့သူတွေမှအများကြီးပါ ဒီဇာတ်လမ်းလေးကတော့ အဲဒါကိုအခြေခံပြီး ကွင်းကွင်းကွက်ကွက် မြင်နိုင်အောင်ရိုက်ပြထားတဲ့ကားလေးပါပဲ တချို့တွေနဲ့ အရမ်းကိုတိုက်ဆိုင်နေရင်တော့ ပြင်ဆင်ဖို့အတွက် တကယ့်ကိုအထောက်အကူဖြစ်မဲ့ကားလေးပါဇာတ်လမ်းအကျဉ်းလေးကတော့ ဒန်နီရယ် နဲ့ အေမီတို့ဟာ စတိုးဆိုင်တစ်ခုမှာ ဘာမှာမဟုတ်တဲ့ ကားဟွန်းတီးတဲ့ ကိစ္စလေးနဲ့ ကားသမားချင်း ပြဿနာတက်ခဲ့ကြတာပေါ့ ဖြစ်ချင်တော့ အဲဒီအချိန်မှာ နှစ်ယောက်လုံးက စိတ်မကြည်တဲ့အချိန်ဖြစ်နေသလို ဘာပဲလုပ်လုပ် တစ်ခုခုအဆင်မပြေဖြစ်နေတဲ့အချိန်ဆိုတော့ ပိုဆိုးသွားတာပေါ့ အဲဒီလိုနဲ့ ဒန်နီရယ်က အေမီရဲ့ ကားနံပါတ်ကိုမှတ်ထားပြီးလိုက်ရှာပါလေရော တကယ်ဆို အေးဆေးပြီးသွားရမဲ့ကိစ္စကနေ အများအမြင်မှာ ဘာမဟုတ်တဲ့ကိစ္စလေးကို အကျယ်ချဲ့မိသလိုဖြစ်သွားတာပေါ့ ရှာရင်းတွေ့သွားတော့ အေမီ့ အိမ်မှာ သေးနဲ့ပန်းခဲ့ပါလေရော အဲဒီလိုနဲ့စတဲ့ဇာတ်လမ်းလေးရယ် နှစ်ယောက်လုံးက ...
8.8
TMDb: 8.8/10 22 votes
tv

BEEF (2023)

2023
Divorce Attorney Shin (2023)
Divorce Attorney Shin (2023) Divorce Attorney Shin (2023)လောင်လောင်လေးတွေပြီးသွားတော့ စနေ တင်္နဂနွေတိုင်း ဥပဒေရေးရာတွေနဲ့ ခေါင်းစားရဦးမယ့်ဇာတ်ကားလေးလာပါပြီ။ Legal Drama ဆိုပေမယ့် အိမ်ထောင်ရေးအမှုတွေချည်းပဲသီးသန့်ဆိုတော့ပေါ့ပေါ့ပါးပါးကြည့်ရဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ဂျာမနီနိုင်ငံက ဂီတတက္ကသိုလ်တစ်ခုမှာ ပီယာနိုအထူးပြု professor တစ်ယောက်အနေနဲ့ နေထိုင်နေတဲ့ ရှင်းဆောင်းဟိုဟာ တစ်နေ့မှာ ရုတ်တရက်ကြီး ဂီတပညာရှင်အလုပ်ကိုစွန့်လွှတ်ပြီး ကိုရီးယားကိုအပြီးပြန်လာခဲ့ပါတယ်။ အဲဒီနောက် သူဟာ ပီယာနိုပညာရှင်ကနေ တရားဥပဒေရှေ့နေတစ်ယောက်ဖြစ်လာအောင်ကြိုးစားခဲ့ပြီး အိမ်ထောင်ရေး၊ ကွာရှင်းမှုအမှုအခင်းတွေကိုသာ သီးသန့်ကိုင်တွယ်ဖြေရှင်းပြီး အမှုသည်တွေဘက်ကနေ ရပ်တည်ကူညီပေးခဲ့ပါတယ်။ တကယ်တော့ ကိုရီးယားကိုရုတ်တရက်ကြီးသူပြန်လာခဲ့တာဟာ အကြောင်းရင်းတစ်ခုကြောင့်ဖြစ်ပြီး သူ့ရဲ့ ကလေးဘဝစိတ်ဒဏ်ရာကြောင့် ကွာရှင်းမှုတွေကိုပဲ သီးသန့်အမှုလိုက်ခဲ့တဲ့ ရှင်းဆောင်းဟိုဟာ သူ သိချင်တဲ့အမှန်တရားအတွက် အဖြေရှာရင်း အမှုတွေကိုရော ဘယ်လိုကိုင်တွယ်သွားမလဲ…. သူရှာဖွေနေတဲ့အမှန်တရားကရော ဘာလဲဆိုတာ ….. ကတော့ အပတ်စဉ် စနေ၊ တနင်္ဂဗနွနေ့တိုင်း စောင့်မျှော်ကြည့်ရှုရင် အားပေးနိုင်ပါပြီ။အညွှန်းကိုတော့ Thant Sin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Hmwe, Joyz, ThantSin တို့ပဲ ဖြစ်ပါတယ်။Genre.....Drama Quality…. 1080p | 720p | 480p File size… ...

Divorce Attorney Shin (2023)

2023
Marie Antoinette (2023) 7.2
Marie Antoinette (2023) Marie Antoinette (2023) ================== IMDb Rating - 7.2/10ဒီတစ်ခါမှာတော့ BBC, Canal+ ကနေ အသစ်ထွက်ရှိလာပြီး IMDb 7.2 ထိ ရရှိထားတဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက် ပေးလိုက်ပါတယ်။ နောက်ဆုံးပြင်သစ်တော်လှန်ရေးမတိုင်မီ အုပ်ချုပ်ခဲ့တဲ့ ပြင်သစ်ဧကရီဘုရင်မ Marie Antoinette ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး၊ အဲဒီ ခေတ်အခါက အပြင်အဆင်တွေနဲ့ တော်တော်လေးကို ခမ်းနား ကြီးကျယ်စွာ ရိုက်ကူးထားတာဖြစ်လို့ အရင်ခေတ်ကပုံစံလေး တွေနဲ့ စီးရီးကောင်းတစ်ခုကို မျှော်လင့်နေတယ်ဆိုရင်တော့ ဒီစီးရီးကို အပြည့်အဝညွှန်းပေးချင်ပါတယ်။ နောက်တစ်ချက် ကတော့ မင်းသမီးလေး အရမ်းကို ချစ်စရာကောင်းပါတယ်။ မိန်းကလေးချင်းတောင် ဂေးသွားနိုင်တဲ့ အမူအရာလေးတွေနဲ့ ဖမ်းစားတတ်တာမို့ ဒါကလည်း ကြည့်ကိုကြည့်သင့်တဲ့ထဲက တစ်ချက်ပါလို့ ပြောပါရစေ။ဇာတ်လမ်းအညွှန်း _____________ အရင်ခေတ်အခါတွေတုန်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မဟာမိတ်ဖွဲ့ ကြပြီဆိုရင် အိမ်ရှေ့စံသားတော်ရှိထားတဲ့ နိုင်ငံဆီကို သမီးတော် ဖွားမြင်ထားတဲ့ နိုင်ငံက စေလွှတ်ပေးရတာ ဓမ္မတာတစ်ခုပါ။ အဲဒီ လိုတော်ဝင်ထိမ်းမြားမှုတွေကနေ ဆက်ခံသူမျိုးဆက်ကို ဖွားမြင် ပေးရတာကလည်း သမိုင်းပေးတာဝန်တစ်ခုလိုပါပဲ။ မျိုးဆက်ဖွား မြင်နိုင်ရင်တော့ မဟာမိတ်ချစ်ကြည်ရေး အောင်မြင်သွားပြီလို့ ဆို ကြပြီး မဖွားမြင်နိုင်ခဲ့ရင်တော့ ကြင်ယာတော်တွေရဲ့ ဘဝက ...
7.2
TMDb: 7.2/10 1500 votes
tv

Marie Antoinette (2023)

2022
The Lady of the Forest (2023) 8.1
The Lady of the Forest (2023) "တောမြိုင်လယ်က ကျားမိန်းမပျို"ဒေါဝ် အဖြစ် Prima Bhunjaroeun ရစ် အဖြစ် Ohm Kanin Stanley ချာတ် အဖြစ် Judo Tantachj Tharinpirom ကျတ်ကကျန် အဖြစ် Pop Thananyaဒေါဝ် / ကျန် / ဖိုင် တို့သုံးယောက်လုံးက တောကနေ ကြီးပြင်းလာတဲ့သူတွေပါတောနဲ့တိရိစ္ဆာန်ကိုလည်း ချစ်မြတ်နိုးကြပါတယ်ဒါကြောင့် သစ်တောကို မသမာသူတွေရဲ့ လက်ထဲကနေ ကာကွယ်ဖို့ ငယ်ငယ်လေးကတည်းကသူတို့ ကိုယ်ခံပညာတွေ သင်ကြားခဲ့ရပါတယ်သူတို့သုံးဦးထဲမှာ ဒေါဝ်ဖြစ်သူက ထူးကဲပြီး အစွမ်းတွေရှိနေပါတယ်ဒါပေမဲ့ ဒေါဝ်က သူ့မိဘတွေ ဘယ်သူလဲဆိုတာ မသိရပါဘူးဒေါဝ်ရဲ့ အဖေဖြစ်သူက မသမာသူတွေရဲ့လက်ထဲမှာ သေဆုံးခဲ့ရပါတယ်သူ့အဖေဆုံးသွားပြီးနောက် အမေဖြစ်သူနဲ့လည်း မတွေ့ခဲ့ရပါဘူးတစ်နေ့ သူ့တာဝန်ထမ်းဆောင်ဖို့ မြို့ပေါ်တက်သွားတော့ သူ့အဖေ ဘယ်လိုဆုံးခဲ့လဲဆိုတာ သိခဲ့ရပါတယ်အဖေကို သတ်တဲ့လူက သူချစ်မြတ်နိုးရတဲ့ တောကိုပါ တရားမဝင်ဖျက်စီးနေတဲ့ သူဖြစ်နေပါတယ်ဆိုတော့ ဒေါဝ်တစ်ယောက် ဘယ်လိုအငြိုးအတေးတွေနဲ့ လက်စားချေသွားမလဲသူ့ချစ်တဲ့တောကိုရော မသမာသူတွေရဲ့လက်ထဲက ဘယ်လိုကာကွယ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးတဲ့သူကတော့ Tawan ...
8.1
TMDb: 8.1/10 votes
tv

The Lady of the Forest (2023)

Happy Family, Conditions Apply (2023) 5
Happy Family, Conditions Apply (2023) Happy Family Conditions (2023)IMDb-6.7/10မိသားစု၀င်တွေအကုန်စုပေါင်းနေရတာ ပျော်ဖို့ကောင်းလား စရိုက်မတူတဲ့လူတွေစုနေတာရော သုတရသစုံမလား ပြဿနာတွေပဲစုံမလားမျိုးဆက်လေး‌ဆက်တောင်‌စုပေါင်းနေနေတဲ့ ဂူဂျာရာသီမျိုးရိုးမိသားစုတစ်စု ရှေးရိုးစွဲသူ ဂူဂျာရာသီလူမျိုးအချင်းချင်းကိုသာ‌သွေးသားတော်စပ်ချင်သူ အပြောင်းအလဲအကူးအပြောင်းကြိုက်သူ ပျော်ပျော်နေတတ်သူ စုပေါင်းနေကြတဲ့မိသားစုလေးတစ်နေ့မှာ မိသားစုရှိသမျှအကုန်စုပေါင်းနေတာပဲကြိုက်တဲ့ရာမေ့ရှ်ရဲ့သားဆန်ဂျူးက အိမ်ခွဲနေဖို့ပြင်ဆင်နေတာကို သိလိုက်ရလို့အံ့ဩ၀မ်းနည်းသွားတယ် တစ်ပြိုင်တည်းမှာပဲ သူ့ညီဖြစ်သူက ကင်ညာ-အမေရိကန်အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တာကိုသိလိုက်ရပါတော့တယ်ဒီအိမ်ဒီမိသားစုရဲ့ စံနှုန်းတွေအိမ်မက်တွေဟာ အမျိုးမျိုးကွဲပြားနေတော့ ဒီစံအိမ်မိသားစုရော ပြိုကွဲမလား မိသားစုစိတ်ဓာတ်တွေပိုခိုင်မြဲလာမလားဆိုတာ အရွှန်းဖောက်ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးမှာ ယခုခေတ်ရဲ့ပြသနာတွေ မျိုးဆက်တစ်ခုနဲ့တစ်ခုထိငြိတတ်တဲ့ ကတောက်တဆလေးတွေ gender equality တွေ အိမ်တွင်းရေးအခက်အခဲတွေ မိသားစုသိုက်သိုက်ဝန်းဝန်းဆိုရင် ပျော်စရာကြီးလို့ထင်ရပေမဲ့ ပျော်ရွှင်စရာသိုက်သိုက်ဝန်းဝန်း မိသားစုတစ်ခုရဖို့ မလွယ်ကြောင်း ဟာသလေးတွေနဲ့ လက်တွေ့ကြည့်ရှုရင်းနဲ့ပဲ ကိုယ့်မိသားစုကို တန်ဖိုးထားကြပါလို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်File Size – 800MB / 400MBQuality – 1080p AMZ WEB DL / 720pDuration – 28mTotal Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, DramaTranslator –HM ...
5
TMDb: 5/10 2 votes
tv

Happy Family, Conditions Apply (2023)

2023
Justice in the Wild (2023) 8.0
Justice in the Wild (2023) “တရားမျှတမှုမီးတောက်" မြန်မာစာတန်းထိုးဝင်း အဖြစ် Es kantapong ဖင်မ် အဖြစ် PupeKessarin Noiphuengအဖေဖြစ်သူရဲ့ တရားမဝင်စီးပွားရေးကို မုန်းလို့ထွက်ပြေးလာတဲ့ ဆရာမဖင်မ်ညီမဖြစ်သူနိချာကို ကုမ္ပဏီလက်လွှဲယူဖို့ လာခေါ်တဲ့ဝင်းဖူဆိုင်လရွာမှာ ရဲတွေတောင်လှုပ်မရဲအောင်ကြောက်ရတဲ့ အာဏာပိုင်တစ်ချို့ ကြီးစိုးနေစဥ်သူတို့နှစ်ဦးတွေ့ဆုံကြပြီးနောက်ပိုင်းမှာ ဖူဆိုင်လတောက လူသတ်မှုကို စုံစမ်းဖို့ ဖြစ်လာပါတော့တယ်ဒီလူသတ်မှုအတွက် ဘယ်နေရာကိုမှ တိုင်ကြားမရတဲ့အဆုံးသူတို့တွေတရားမျှတမှုကို ဘယ်လိုတောင်းဆိုကြမလဲဒီမီးတောက်က အာဏာရှင်တွေကို လောင်မြိုက်နိုင်ပါ့မလား"တရားမျှတမှုမီးတောက်" ဇာတ်ကားထဲကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်(အညွှန်းရေးသူကတော့ Lei Wutyi Tun ဖြစ်ပါတယ်)Episodes: 10 Aired: Feb 7, 2023 - ? Aired On: Monday, Tuesday Original Network: Channel 7 Content Rating: Not Yet RatedTranslated by  Nang Mwe Kham & Lei Wutyi TunEncoded by Naing Aung Latt Episode (1) ...
8.0
TMDb: 8.0/10 votes
tv

Justice in the Wild (2023)

Extrapolations (2023) 5.6
Extrapolations (2023) Extrapolations (2023) ================ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် အစရှိတဲ့ အရာတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ ပိုပြီးကျယ်လောင်လာ ခဲ့တဲ့အကြောင်းအရာတွေဖြစ်လာပါတယ်။ လူဦးရေတွေ၊ စက်ရုံ အလုပ်ရုံတွေ၊ စွန့်ပစ်ပစ္စည်းတွေ၊ များပြားလာတာနဲ့အမျှ ကမ္ဘာ ကြီးဟာ တစ်စထက်တစ်စ ယိုယွင်းပျက်စီးလာခဲ့ပြီး ရာသီဥတု ဖောက်ပြန်မှုတွေကို မြင်တွေ့ကြားသိလာခဲ့ရတာလည်း အခုဆိုရင် ပိုလို့တောင် အကြိမ်ရေစိပ်လာခဲ့ပါပြီ။အခုမိတ်ဆက်ပေးမယ့် ဇာတ်လမ်းတွဲကတော့ ရာသီဥတုဖောက် ပြန်မှုတွေကို အချိန်မီမတားနိုင်ခဲ့ရင် ကြုံတွေ့ရမယ့် ကျွန်တော်တို့ အနာဂတ်ကမ္ဘာကြီးရဲ့အကြောင်းကို ပုံဖော်ထားတာဖြစ်ပါတယ်။ ရောက်ရှိလာမယ့် အပြောင်းအလဲတွေဟာ ကမ္ဘာကြီးပေါ်က ချစ် ခြင်းတရား၊ ယုံကြည်ချက်၊ အလုပ်နဲ့ မိသားစု အစရှိတဲ့အရာတွေ အပေါ် ဘယ်လိုထိခိုက်သက်ရောက်မှုရှိလာမလဲ၊ဆက်လက်ရှင် သန်ဖို့၊ လိုက်လျောညီထွေဖြစ်ဖို့၊ အသားကျဖို့၊ ဘာတွေကိုစွန့်လွှတ် ဘာတွေကိုရွေးချယ်ရမလဲ အစရှိတာတွေကို မတူညီတဲ့ရှုထောင့် တွေကနေ အပြန်အလှန်ချိတ်ဆက်ထားတဲ့ ဇာတ်လမ်းငယ်တွေနဲ့ တင်ပြထားတဲ့anthology series ပါ။Meryl Streep, Diane Lane, Edward Norton, David Schwimmer, Tobey Maguire, Heather Graham, Sienna Miller, Kit Harington, Indira Varma အစရှိတဲ့ ဟောလိဝုဒ်ရဲ့ ထိပ်သီးသရုပ်ဆောင်တွေ ခေါင်း ဆောင်ပါဝင်ထားတဲ့ရှားရှားပါးပါး star ...
5.6
TMDb: 5.6/10 1700 votes
tv

Extrapolations (2023)

2023
Ratched (2020)
Ratched (2020)  2020 ခုနှစ်က ထွက်ရှိခဲ့တဲ့ Netflix ထုတ် thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာတော့ သူနာပြု မေးရက်ဒ် ရက်ချက်ဒ်ကသွေးအေးအေးနဲ့ ဉာဏ်သုံးပြီး အားလုံးကို ကြိုးကိုင်ချယ်လှယ်သွားပုံတွေကို မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ စိတ္တဇဖြစ်နေတယ်လို့ ယူဆရတဲ့ လူတစ်ယောက်က ဘုန်းတော်ကြီးတွေကို သတ်ခဲ့ပါတယ်။ သက်ဆိုင်ရာက သူ့ကိုဖမ်းပြီးတဲ့နောက်မှာ သူ့ရဲ့စိတ်ကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့ လူစီယာမြို့နယ်စိတ်ကျန်းမာရေးဆေးရုံကို ပို့ဖို့စီစဉ်ကြပါတယ်။ အဲဒီအချိန်မှာပဲ မျက်နှာခက်ထန်၊ အဝတ်အစား ကြော့မော့နေအောင်ဝတ်စားထားပြီး ကြက်သီးထစရာကောင်းလောက်အောင် စကားပြောလိမ္မာပါးနပ်တဲ့ သူနာပြုတစ်ယောက်က လူစီယာစိတ်ကျန်းမာရေးဆေးရုံမှာ အလုပ်ဝင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ဆေးရုံအုပ်ဆီက အထင်ကြီးလေးစားမှုရဖို့ စကားနဲ့ပါးနပ်စွာ ပြောနိုင်ခဲ့ပေမဲ့ ဆေးရုံဟာ အစိုးရဆီကနေ ဘက်ဂျက်မရနိုင်လို့ သူ့ကိုအလုပ်ခန့်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူနာပြုဆရာမကတော့ လက်မလျှော့ဘဲ အဲဒီဆေးရုံမှာ အလုပ်ဝင်နိုင်အောင်၊ ဝန်ထမ်းနေရာလွတ်မရှိရှိအောင်၊ သူ့ကို မဖြစ်မနေအလုပ်ခန့်ရမယ့် အခြေအနေရောက်အောင် ကြိုးစားခဲ့ပါတယ်။ အောင်လည်းအောင်မြင်ခဲ့ပါတယ်။ သူလည်းဆေးရုံမှာအလုပ်ရ၊ စိတ္တဇလူသတ်သမားလည်း ...

Ratched (2020)

The Night Agent (2023) 7.867
The Night Agent (2023) IMDb - 7.7 , RT - 67% တဖွဖွတောင်းဆိုနေကြတဲ့Netflixရဲ့Seriesအသစ်လေးလာပါပြီ။ ဒီSeriesက ထုတ်လွှင့်ပြီးချင်းမှာပဲ နံပါတ် 1နေရာကို အရယူနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ပြောရရင် ပီတာဆန်သာလန်ဆိုတဲ့ အေးဂျင့်တစ်ယောက်က အမေရိကန်နိုင်ငံရဲ့ အိမ်ဖြူတော်ထဲမှာ နိုက်အက်ရှင်လို့ခေါ်တဲ့ အရေးပေါ်ဖုန်းလိုင်းကိုင်ရတဲ့အလုပ်ကိုလုပ်မိရာကနေ ဇာတ်လမ်းတစ်ခုလုံးစတင်ပါတော့တယ်။ ပီတာတစ်ယောက် အလုပ်ကမ်းလှမ်းခံရတုန်းက အရေးပေါ်ဖုန်းကမြည်တာရှားတယ်ဆိုပြီးကမ်းလှမ်းခံရခဲ့ပင်မယ့် သူအလုပ်လုပ်နေတဲ့အချိန်အတွင်း ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ ..... ။ ဖုန်းကိုင်လိုက်ပြီးတဲ့အချိန်မှာတော့ ဘယ်လိုမျိုးအကြောင်းရာတွေကို ရင်ဆိုင်ကျော်ဖြတ်သွားရမလဲ။ အတားဆီးတွေကိုရော ကျော်ဖြတ်သွားနိုင်ပါ့မလား၊ နောက်ဖြစ်လာမယ့်အရာတွေကိုရော ပီတာဆန်သာလန်တစ်ယောက် တားဆီးနိုင်ပါ့မလား၊ သူယုံကြည်ရတဲ့လူတွေကရော တကယ်ပဲယုံကြည်လို့ရရဲ့လားဆိုတာကို အဖြူအမည်း သဲကွဲသွားအောင် ဇာတ်သိမ်းပိုင်းအထိ ဇာတ်ရှိန်ကျမသွားပဲ ကြည့်ရှူ့ရမှာဖြစ်ပါတယ်။File size…(677 MB)/(382 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….00:56:00 Genre...Drama, Mistery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min ...
7.867
TMDb: 7.867/10 90 votes
tv

The Night Agent (2023)

2023
Kung Fu – Season 02 (2022)
Kung Fu – Season 02 (2022) Kung Fu - Season 02 (2022)=====================အက်ရှင် ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် 2021 မှာ Season 01 ထွက်ရှိထားပြီး၊ အခု 2022 မှာ Season 02 ထွက်ရှိလာတဲ့ Kung Fu ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နောက်ပြီး ဒီစီးရီးဟာ CW ကနေထုတ်လွှင့်လာတဲ့ စီးရီးတစ်ခုဖြစ်ပြီး တရုတ်ကားဆန်ဆန်ရိုက်ပြထားတာမျိုးမဟုတ်ဘဲ Marvel ရဲ့ Shang-Chi လိုစီးရီးမျိုးပါ။Season 01 မကြည့်ရသေးသူများအတွက် ခုအညွှန်းက Spoiler ဖြစ်စေပါတယ်။ Season 01 >>> Click Here ==========================================Season 1မှာတော့ Nicky တစ်ယောက် သူ့ဆရာကိုသတ်သွားတဲ့ Zhilan နဲ့ သူ့ရဲ့လက်နက်ရှစ်မျိုးနဲ့ဘျန့်ကယ်စွမ်းအင်ထုတ်မယ့်အရေးကိုတားနိုင်ခဲ့​ပါတယ်။ ဒါပေမယ့် S2မှာတော့ Zhilan ထက်ပိုဆိုးတဲ့ Russel Tan ဆိုတဲ့ ဘိုးတော်က ပေါ်လာပြီး Nicky တစ်ယောက်ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေ ရှေ့ဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူများကတော့ CM Team  မှဖြစ်ပါတယ်။)File ...

Kung Fu – Season 02 (2022)

2022