Channel Myanmar

Mystery

Strangers From Hell (2019) 8
Strangers From Hell (2019) (Unicode) ဆိုးလ်မြို့ပေါ်မှာလို့တောင်မထင်ရလောက်အောင် စုတ်ပြတ်သတ်နေတဲ့အဆောင်တစ်ခုဘာမှန်းမသိရပဲ အရမ်းစပ်စုတဲ့ အဆောင်ပိုင်ရှင်အဒေါ်ကြီး တွေ့လိုက်တိုင်း porn တွေကြည့်နေတဲ့ နှာဘူးတစ်ယောက်ကြပ်မပြည့်မတ်မပြည့်ညီအစ်ကို၂ယောက် ရုပ်ကလေးချောချောလေးနဲ့ဘာလုပ်လို့ဘာကိုင်မှန်းမသိ အိတ်တစ်လုံးနဲ့လျှောက်သွားနေတဲ့လူတစ်ယောက်အဲ့လိုမျိုးအရှုတ်ထုတ်တွေကြားထဲကိုရောက်သွားတဲ့ မွဲတေနေတဲ့ အလုပ်သစ်ရကာစကောင်လေးတစ်ယောက် အဲ့ရပ်ကွက်ကကြောင်တွေ၁၃ကောင်ဆက်တိုက်သေတယ်ကြောင်သေမှုကိုစုံစမ်းချင်နေတဲ့ရဲမေလေးတစ်ယောက်ရှိတယ်ပရဟိတတွေလုပ်ပြီးချောမောတဲ့သွားဆရာဝန်တစ်ယောက်လဲပါတယ်အဲ့ရပ်ကွက်မှာ လူပျောက်မှုတွေလဲမကြာမကြာဖြစ်တတ်တယ် ဒီကားကဘယ်လိုကားမျိုးလဲparasite ကိုကြည့်ပြီးပြီလား အဲ့ကားကိုကြည့်တုန်းမှာ ခံစားရတဲ့ခံစားမှုကိုမှတ်မိသေးလားမွန်းကြပ်မှု အားမလိုအားမရဖြစ်မှု ကြောက်လန့်မှု စိတ်လှုပ်ရှားမှု အဲ့လိုတွေခံစားခဲ့ရတယ်မို့လားဒီကားက အဲ့လိုခံစားမှုမျိုးကို အပိုင်း ၁၀ပိုင်းနဲ့ခံစားရမှာပဲ မယုံမရှိနဲ့ တစ်ပိုင်းကြည့်ပြီးရင် နောက်အပိုင်းတွေကိုမကြည့်ပဲမနေနိုင်လောက်အောင်ဆွဲဆောင်မှုရှိတယ်ဆွဲဆောင်မှုအရှိဆုံးအပိုင်းကတော့ ကိုယ်တွေအရမ်းချစ်ရတဲ့ ဂေါ်ဘလင်ကားထဲက သေမင်းဦးဦးကို ဘယ်ကားထဲမှာမှမတွေ့ဖူးသေးတဲ့ဇာတ်ကောင်နဲ့တွေ့ရမှာပဲပြီးတော့ သူကဇာတ်ဆောင်အဖြစ်နဲ့ပါလာတာရောဟုတ်ရဲ့လားနံမည်ကြီးသရုပ်ဆောင်ကို ဇာတ်ပို့လုပ်ခိုင်းပြီးတော့ လူသိပ်မသိတဲ့ နာမည်သိပ်မရသေးတဲ့ သူကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ ဇာတ်လမ်းကြီးက ကြမ်းထော်နေတဲ့ကားမို့ပြီးတော့ OCN ကရိုက်တဲ့ကားမို့ ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်ဘာမှမရရင်တောင်မှ နောင်တတော့ရမှာပါ ကြည့်ပြီးရင် စိတ်ထဲကမထုတ်နိုင်တော့လို့ ငါလာလို့ကြည့်မိတာလဲဆိုပြီးတော့တစ်ပတ်၂ပိုင်းလာမယ် စနေတနင်္ဂနွေ ညတွေလာမှာပါဘာသာပြန်ပြီးတော့ တနင်္ဂနွေ တနင်္လာမနက်တွေမှာတင်ပေးမှာပါ(ဘာသာပြန်ပေးထားသူတွေကတော့ Felix ပါ) (Zawgyi) ဆိုးလ်မြို့ပေါ်မှာလို့တောင်မထင်ရလောက်အောင် စုတ်ပြတ်သတ်နေတဲ့အဆောင်တစ်ခုဘာမှန်းမသိရပဲ အရမ်းစပ်စုတဲ့ အဆောင်ပိုင်ရှင်အဒေါ်ကြီး တွေ့လိုက်တိုင်း porn ...
8
TMDb: 8/10 2 votes
tv


2019
13 Reasons Why Season 3 [COMPLETE] 7.1
13 Reasons Why Season 3 [COMPLETE] Unicode======13 Reasons Why ရဲ့ တတိယဇာတ်လမ်းတွဲ လာပါပြီခင်ဗျာ။ဒီဇာတ်လမ်းမှာတော့ ဟန်နာဘိတ်ကာ သေဆုံးပြီး ရှစ်လအကြာကို ဆက်ရိုက်ပြထားတဲ့ ဇာတ်လမ်းပါ။ဒီဇာတ်လမ်းမှာတော့ ဟန်နာ့ကို မတရားကျုးလွန်ခဲ့တဲ့ ဘရိုက်စ်ဝေါ့ကာရဲ့ သေဆုံးမှုနဲ့ စဖွင့်ထားပါတယ်။ဘရိုက်စ်ဝေါ့ကာ ဘာကြောင့် သေရတာလဲ?????ဘရိုက်စ်ဝေါ့ကာကို ဘယ်သူတွေက သတ်သွားရတာလဲ?????ဘာကြောင့် သတ်ချင်ရတာလဲ?????ဘရိုက်စ်က လစ်ဘာတီကျောင်းရဲ့နာမည်ကြီး ကျောင်းသားဆိုးဆိုးထဲမှာ ပါပါတယ်။ဒီဇာတ်လမ်းမှာ ဘရိုက်စ်ဟာ လစ်ဘာတီကျောင်းကထွက်ပြီး ဟေးလ်ခရက်စ်ကျောင်းမှာ ဆက်လက်တက်ရောက်နေပါပြီ။ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံကြတဲ့ ဟုမ်းကမ်းမင်း (Homecoming) ပွဲမှာ ဘရိုက်စ်တစ်ယောက် သေဆုံးခဲ့ရပါတယ်။ရဲတွေကတော့ လူသတ်မှုလို့ သတ်မှတ်ပြီးတော့ သံသယတရားခံတွေကို စစ်ဆေးမေးမြန်းပါတယ်။ဘယ်သူ တရားခံ ဖြစ်နိုင်ပါသလဲ?????လစ်ဘာတီ ကျောင်းက ကျောင်းသားတိုင်းနီးပါးကတော့ ဘရိုက်စ်အနိုင်ကျင့်မခံရဖူးတဲ့လူ မရှိပါဘူး။ဒီဇာတ်လမ်းမှာ ပါတဲ့ စကားတစ်လုံး ရှိပါတယ်။"No one is innocent" ဘယ်သူမှတော့ အပြစ်မကင်းပါဘူး။ကဲ.....ကျွန်တော်တို့လည်း ဘရိုက်စ်ဝေါ့ကာကို သတ်တဲ့တရားခံကို ရှာကြည့်ရအောင်ဗျာ။Season 3 ကတော့ လျှို့ဝှက်ချက်တော်တော်များများကို ဖြည်ထုပ်ပြသသွားပါတယ်။အရင် Season ...
7.1
TMDb: 7.1/10 855 votes
tv

13 Reasons Why Season 3 [COMPLETE]

2017
Dark Season 2 [COMPLETE] And Season 3 8
Dark Season 2 [COMPLETE] And Season 3 Dark စီးရီးဟာ ဂျာမန်စီးရီးပါ။အချိန်ခရီးသွား သိပ္ပံစိတ်ကူးယဉ်ဖြစ်ပြီး တကယ်ကို ကမ္ဘာကျော်ပါပဲ။နားလည်လွယ်မှာတော့ မဟုတ်ပါဘူး။အကျဉ်းပြောရရင် အချိန်ခရီးသွားနိုင်စေတဲ့ နေရာတစ်ခုရှိတယ်ပေါ့။ဒါပေမယ့် အချိန်တိုင်းကို မဟုတ်ပါဘူး။အတိတ်ကို ၃၃ နှစ် အနာဂတ်ကို ၃၃ နှစ် သွားနိုင်ပါတယ်။အဲဒီ ကာလတွေမှာ ရှိတဲ့ မိသားစုတွေ အဖေက သားဖြစ် မြေးက အဘိုးဖြစ် ဒီလိုတွေ ရှုပ်ကုန်တာပါ။အစအဆုံး အံ့သြစရာတွေချည်း ကြည့်ရမှာပါ။ဦးဏှောက်ကိုအလုပ်ပေးချင် လိုက်တွေးချင်တဲ့သူတွေ အကြိုက်ပါပဲ.... (ဘာသာျပန္ေပးထားသူကေတာ့ Nyan Lin Oo ပါ) Quality – 720p NF WEB-DLDuration – 1hr 00min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Crime, Drama, MysterySource : 720p.NF.WEBRip.DDP5.1.x264-NTGTranslator – Nyan Lin OoEncoder – THZ ============================================================================== Complete Zip ...
8
TMDb: 8/10 411 votes
tv

Dark Season 2 [COMPLETE] And Season 3

2017
Dark (2017) Season 1 [COMPLETE] 8
Dark (2017) Season 1 [COMPLETE] Deep ပြီး Dark တဲ့ စီးရီးလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။စီးရီးနာမည်ကတော့ Dark (2017)ပါ။ဒီကားလေးက လျှို ့ဝှက်ဆန်းကျယ် တွေးတောပြီး မျောပါသွားရတဲ့ feelingကိုကြိုက်တဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝအကြိုက်တွေ့သွားစေရမှာပါ။အပိုင်း၁ဝပိုင်းပါရှိပါတယ်။လူသားတွေ နားလည်လက်ခံထားတာက မနေ့ကပြီးရင် ဒီနေ့လာမယ်။ဒီနေ့ပြီးရင် မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ အစီအစဉ်အတိုင်းသွားနေကြတယ်လို့ပါပဲ။တကယ်လို့ အဲ့လိုအချိန်ကာလတွေဟာအစီအစဉ်အတိုင်းရှိနေတာမျိုးမဟုတ်ပဲ စက်ဝိုင်းကြီးတစ်ခုလိုမျိုး အဆုံးအစမရှိစွာ လည်ပတ်နေတာမျိုးဆိုရင်ရော?ဒီလိုအတွေးမျိုးတွေပေါ်မှာ အခြေခံကာဇာတ်အိမ်တည်ထားတဲ့ စီးရီးကောင်းလေးကတော့ Dark (2017)ပါ။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြချင်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...ဝစ်ဒန်ဆိုတဲ့ မြို့လေးမှာ အီရစ်ခ်ဆိုတဲ့ ကလေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာကနေ ဇာတ်လမ်းကစပါတယ်။ရာဇဝတ်မှုနည်းပါးပြီးအေးချမ်းလှတဲ့ ဒီမြို့လေးမှာ ကလေးတစ်ယောက်ပျောက်ချင်းမလှ ခြေရာလက်ရာ သဲလွန်စတစ်ခုမကျန်ပဲပျောက်ဆုံးသွားတာကတော့ ရဲမှုး အောလ်ရစ်ချ်အတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကလဲ မက်စ်ဆိုတဲ့ကလေးတစ်ဦးအခုလိုပဲပျောက်ဆုံးသွားခဲ့ဖူးပါတယ်။ကံကြမ္မာစက်ဝန်းတစ်ပါတ်ပြန်လည်တာများလားဆိုတဲ့ အတွေးနဲ့ အားလုံးထိတ်လန့်နေချိန်မှာ ရဲမှုးအောလ်ရစ်ချ်ရဲ ့သားငယ်လေး မစ်ကယ်လ်ပါ ပျောက်ဆုံးသွားပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကပျောက်ဆုံးသွားတဲ့ မက်စ်ကို ပျောက်သွားချိန်ကအသက်အရွယ်အတိုင်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်ရဲ ့အလောင်းအနေနဲ ့ ပြန်တွေ့ရတဲ့အချိန်မှာ သူတို့ဘာဆက်လုပ်ကြမလဲ?မက်စ်ရဲ ့အလောင်းကလဲလတ်လတ်ဆတ်ဆတ် တစ်နေ့ကမှသေထားတဲ့အလောင်းဖြစ်နေတဲ့အခါ...Imdb Rating 8.6/10 ရရှိထားတဲ့ စီးရီးလေးမို့ ...
8
TMDb: 8/10 228 votes
tv

Dark (2017) Season 1 [COMPLETE]

2017
Kill It(2019)Season 1 6.3
Kill It(2019)Season 1 Kill It(2019) ဇာတ်လမ်းတွဲစ/ဆုံးဂင်ဆူယွန်းဆိုတဲ့ လူငယ်လေးဟာ ငယ်ငယ်လေးကထဲက ကြေးစားလူသတ်သမားတစ်ဦးရဲ့ပြုစုပျိုးထောင်မှုကြောင့်တိုက်ရည်ခိုက်ရည်မျိုးစုံနဲ့ လူသတ်နည်းမျိုးစုံကို လက်ဆင်ကမ်းအမွေရထားသူဖြစ်တယ်...အဆင့်မြင့်ကြေးစားလူသတ်သမားဖြစ်သူရဲ့သင်ကြားမှုကြောင့် ပင်ကိုယ်ပါရမီပါတဲ့ ဒီလူငယ်လေးဟာ ဆရာတစ်ဆူလိုပါပဲ.....ပြောရရင်ကြေးစားလူသတ်အသိုင်းအဝန်းမှာ ကျင်လည်နေတဲ့သူတစ်ယောက်...ဒိုယောင်းဂျင် ဆိုတဲ့ကောင်မလေးကတော့ စုံထောက်တစ်ယောက်...သူက အမှုသွား အမှုလာတွေကို ချဉ်းကပ်ပုံ ၊စဉ်းစားပုံ၊ဆက်စပ်တွေးတောပုံတွေက အရွယ်နဲ့မလိုက်အောင်ထက်မြက်လွန်းတဲ့သူ....ထူးဆန်းတဲ့လူသေမှုတွေကြောင့်ဂင်ဆူယွန်းတို့ရှိတဲ့ဘက်ကို အမှုလိုက်ဖို့စေလွှတ်ခြင်းခံထားရတဲ့သူ....ဒီကားက 2019 ခုနှစ်ထွက် ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး စုံထောက်မှုခင်း အက်ရှင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်...ရုရှားမာဖီးယားဂိုဏ်းတွေလည်းပါသလို မူးယစ်ဂိုဏ်းတွေ မူးယစ်ဆေးတွေ၊အတွဲလိုက် လူသတ်မှုတွေပါဝင်တယ်..ဖိုက်တင်ခန်းတွေလည်းအတော်ကောင်းသလို လက်နက်မျိုးစုံကိုလည်းသုံးထားတာတွေ့ရတယ်..မှုခင်းလိုက်တဲ့အချိန်မှာ ဆက်စပ်တွေးခေါ်ပြီး အမှုလိုက်ပုံစံတွေကလည်း တော်တော်လေးကိုပညာသားသလိုအပိုင်း(၁)မှာတင် လျှိုှုဝှက်ချက်ပေါင်းများစွာနဲ့ ဇာတ်လမ်းကိုစထားတယ်...ကြေးစားလူသတ်သမားဖြစ်တဲ့ ဂင်ဆူယွန် ရဲ့ မိဘတွေက ဘယ်သူဘယ်ဝါလဲမဖော်ပြထားတဲ့အပြင်ရှေးယခင်ကထဲက မဖော်နိုင်သေးတဲ့ အကြီးပိုင်းလူသတ်မှုတွေကလည်း ရှိနေပြန်တယ်...ပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းသလို အတော်ကိုဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းတွဲလို့ဆိုရမှာဖြစ်တယ်...မှုခင်း အက်ရှင်ကားတွေကိုကြိုက်တဲ့သူတွေအဖို့ကြည့်သင့်ပါကြောင်းညွှန်းဆိုပါရစေ...(၁၂)ပိုင်းထွက်ရှိပြီး စ/ဆုံးတင်ဆက်ပေးထားပါသည်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN , Cynthia,May Phyu Zaw နဲ့ May Tharaphi Lwin ပဲဖြစ်ပါတယ်...Quality – 720p  WEB-DLDuration – ...
6.3
TMDb: 6.3/10 3 votes
tv

Kill It(2019)Season 1

2019
Priest (2018)[ဇတ်လမ်းတွဲ စ/ဆုံး]
Priest (2018)[ဇတ်လမ်းတွဲ စ/ဆုံး] Priest (2018)[ဇတ်လမ်းတွဲ စ/ဆုံး] အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံးရပါပြီ CM ကိုရီးယားဇာတ်လမ်းတွဲပရိသတ်တွေအတွက် ဒီတစ်ခါ အသစ်ထွက်တဲ့ Priest ဆိုတဲ့ Series သစ်လေးကိုမိတ်ဆက်ပေးချင်ပါတယ်။ ဒာရိုက်တာ Kim Jong Hyeon ရိုက်ကူးပြီး OCN ရုပ်သံမှတစ်ပတ်ကို ၂ပိုင်းထွက်ရှိမှာဖြစ်ပြီး စုစုပေါင်း ၁၆ပိုင်းထွက်ရှိမှာပါ။ ဒီဇာတ်ကားလေးကတော့ မကောင်းဆိုးရွှားနှိမ်နင်းတဲ့ဇာတ်လမ်းလေးဖြစ်ပြီး ဇာတ်ဆောင်မင်းသားဟာ ငယ်စဉ်ကမိခင်ဖြစ်သူမကောင်းဆိုးဝါးပူးတာကိုကြုံတွေ့ခဲ့ရတာပါ။ တစ်ဖက်မှာလည်း ဟန်အူနိုဆိုတဲ့ဆရာဝန်မလေးဟာ ငယ်စဉ်ကမိဘတွေမတော်တဆမှုကြောင့် လူတွေကိုကူညီကုသပေးချင်သူဖြစ်နေပာတ်။ ဘုရားသခင်ဆိုတာကိုမယုံကြည်ပဲနေသူဖြစ်ပေမယ့် ဆေးရုံမှာအလုပ်လုပ်ရင်း သဘာဝလွန်ဖြစ်ရပ်တွေကိုကြုံတွေ့လာရချိန်မှာ ငယ်စဉ်ကစိတ်ဒဏ်ရာနဲ့ကလေးငယ်ဆိုတာကို ၂ယောက်ဘယ်လိုတွေ အများကိအူအညီပေးမလဲဆိုတာ စောင့်ကြည့်အားပေးလိုက်ကြပါဦး။  (ဘာသာပြန်တင်ဆက်ထားသူများကတော့  ကိုသူရနဲ့မေသရဖီ ဖြစ်ပါတယ်။)  Quality – 720p HDTV NextDuration – 60min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Horror,Mystery,ThrillerSource : 720p HDTV AAC H.264-NEXTTranslator - Thura Zarni Aung & May Tharaphi ...

Priest (2018)[ဇတ်လမ်းတွဲ စ/ဆုံး]

2018
The Rain [season 1 (2018)] 6.3
The Rain [season 1 (2018)] https://megaup.net/38seu/The_Rain_-_S01_E08_[Final]_(Trust_Your_Instincts)_[2018]_(MM_Sub).mp4 The Rain(2018) ============ အိုဇုန်းလွှာမတည်ငြိမ်မှုကနေမိုးရေထဲမှာလူတွေကိုမိနစ်ပိုင်းအတွင်းသေစေနိုင်တဲ့အထိဆိုးရွားလှတဲ့ဗိုင်းရပ်စ်တွေပါလာပါတယ်ကြိုသိနေတဲ့အဖွဲ့အစည်းတစ်ခုကမြေအောက်တိုက်ခန်းတွေဆောက်ပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ထားခဲ့ပါတယ်အဓိကဇာတ်ကောင်မောင်နှမနှစ်ယောက်ရဲ့အဖေဖြစ်သူဟာထိုအဖွဲ့အစည်းထဲပါနေပြီးတော့သူ့သားနဲ့သမီးးအပါအဝင်သူ့မယားဖြစ်သူကိုပါမြေအောက်ခန်းဆီအန္တရာယ်ကင်းကင်းနဲ့ခေါ်လာနိုင်ခဲ့ပါတယ်အကြောင်းကိစ္စတစ်ခုကြောင့်သူတို့အဖေဟာမိုးရေထဲကိုကာကွယ်ရေးဝတ်စုံအပြည့်နဲ့ပြန်ထွက်သွားရပြီးသူတို့အမေဟာလည်း မမျှော်လင်ထားတဲ့ကိစ္စတစ်ခုကြောင့်မိုးရေနဲ့ထိသွားတဲ့ အခါမှာတော့....အပိုင်း၈ပိုင်းထိပါဝင်ပြီးတတ်နိုင်သမျှအမြန်ဆုံးတင်ပေးသွားပါမယ် Translated by : Shwe Yee Oo Encoded by : Sithu EPISODE 1 : Yoteshin / Userdrive / Megaup / Upstream EPISODE 2 : Yoteshin / Userdrive / Megaup / Upstream EPISODE 3 : Yoteshin / Userdrive / Megaup / Upstream EPISODE 4 : Yoteshin / Userdrive / Megaup / Upstream EPISODE 5 : Yoteshin / Userdrive / Megaup / Upstream EPISODE 6 : Yoteshin ...
6.3
TMDb: 6.3/10 54 votes
tv

The Rain [season 1 (2018)]

2018