Channel Myanmar

Sci-Fi & Fantasy

Constellation (2024) 8.757
Constellation (2024)  ရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာကို ခန့်မှန်းရခက်ခက်နဲ့စီးမျှောကြည့်ရှုလို့ရမယ့် စီးရီးတစ်ခုကို Apple tvကတင်ဆက်လိုက်ပြန်ပါပြီ။Si-fi၊ Psychological Thriller အမျိုးအစားဖြစ်နေပြန်တော့ကြည့်ရှုလို့လည်းကောင်း လိုက်တွေးလို့လည်းကောင်းဦးမယ့်စီးရီးလေးပါပဲ။ဇာတ်လမ်းအကြောင်းကိုပြောပြရရင်ဥရောပအာကာသအေဂျင်စီရဲ့ အာကာသယာဥ်မှူးတစ်ယောက်ဖြစ်တဲ့ဂျိုဟန်နာအီရစ်ဆွန်ဟာ နိုင်ငံတကာအာကာသစခန်းမှာသုတေသနပြုလုပ်နေရင်းနဲ့ မတော်တဆမှုနဲ့ကြုံရပါလေရော...။ဖြစ်စဥ်ကတော့ အာကာသစခန်းကို ပြင်ပကအရာဝတ္ထုတစ်ခုကဝင်တိုက်တာပါ။ ဒီမတော်တဆမှုကြောင့်ပဲ အာကာသစခန်းကလူတိုင်းဟာ မြေပြင်သို့အရေးပေါ်ပြန်ဆင်းလာခဲ့ရပါတယ်...။ဒီလောက်နဲ့တင်မပြီးသွားသေးဘဲ ဂျိုဟန်နာနောက်ကို စိုးထိတ်မှုတွေ၊သံသယတွေ၊ ကြောက်ရွံ့မှုတွေကိုက တောက်လျှောက်လိုက်နေခဲ့ပါတယ်...။ဘာလို့လဲဆိုတော့ အာကာသစခန်းကို ဝင်တိုက်တဲ့ပြင်ပအရာဝတ္ထုဆိုတာ လူတိုင်းမထင်မှတ်ထားတဲ့အရာဖြစ်နေတာရယ်...ဒီအရာဝတ္ထုက အာကာသစခန်း တကယ်ပဲ ဝင်တိုက်မိတာလားဆိုတာဂျိုဟန်နာကိုယ်တိုင်တောင် ထင်ယောင်မြင်ယောင်ဖြစ်နေတာရယ်...ဒီလိုမတော်တဆဖြစ်ရတယ်ဆိုတာက အာကာသစခန်းထဲမှာထူးဆန်းတဲ့သုတေသနစမ်းသပ်ချက်ကြောင့်ဖြစ်နေမလားဆိုတာတွေကြောင့်ပါ...။မည်သို့ပင်ဆိုစေကာမူ ရင်တထိတ်ထိတ်နဲ့ လိုက်ပါစီးမျှောတွေးတောလို့ကောင်းမယ့် စီးရီးလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်...။  File Size –  858 MB / 391 MBQuality –WEB-DL 1080p , 720pDuration – 58 Min  (@Episode)Total Episodes: 8 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi & Fantasy ...
8.757
TMDb: 8.757/10 35 votes
tv

Constellation (2024)

2024
The Walking Dead: The Ones Who Live (2024) 8.8
The Walking Dead: The Ones Who Live (2024) AMC Walking dead universe ရဲ့ အဓိကဇာတ်ကောင် ၂ ယောက်ဖြစ်တဲ့ Rick Grime နဲ့ Michoone ရဲ့ ဇာတ်လမ်းတွဲထွက်ရှိလာပါပြီသာမန် WD sequel ဇာတ်လမ်းတွဲတွေနဲ့ယှဉ်ရင် ဒီဇာတ်လမ်းတွဲက ဘက်ဂျက်လည်း ပိုသုံးထားပြီး ကြည့်ရတာအတော်လေးခမ်းခမ်းနားနားရှိပါတယ်.... စီစင် ၁၁ ထဲက လွမ်းနေရတဲ့ ရစ်ခ်ဂရိုင်းကြီး ပြန်ပါလာပြီဆိုတော့ ဇာတ်လမ်းဇာတ်ကွက်က ပြောစရာမလိုပါဘူးဇာတ်တည်ထားတဲ့ပုံစံက တံတားပေါ်မှာ အားလုံးက သေပြီလို့ထင်ထားတဲ့ ရစ်ခ်ဂရိုင်းဟာ လူ ၂ သိန်းကျော်နေတဲ့ လျှို့ဝှက်မြို့ကြီးကိုရောက်သွားပါတယ် အဲ့ဒီမှာသူနိုးထလာတော့ တစ်မြို့လုံးကို စစ်တပ်က အုပ်ချုပ်တာဖြစ်ပြီး ... လူတွေကို အဆင့် အေ နဲ့ ဘီဆိုပြီးခွဲထားပါတယ်... အေက မြို့ကြီးတွေမှာနေခွင့်ရဲ့တဲ့ နိုင်ငံသားတွေ ဘီက ရစ်ခ်လိုပြင်ပကရောက်လာသူ အောက်ခြေတွေ... ဘီလူတန်းစားတွေ အေအဆင့်ရောက်ဖို့ဆိုရင် မြို့စွန်ဖျားတွေမှာ အောက်ခြေသိမ်း ၆ နှစ်လုပ်ရပါတယ်...ဒါပေမယ့် အဲ့ဒီမြို့ဟာ အဝင်ပဲရှိပြီး ဘယ်သူမှထွက်ခွင့်မပေးပါဘူး..ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ...
8.8
TMDb: 8.8/10 13 votes
tv

The Walking Dead: The Ones Who Live (2024)

2024
Quantum Leap Season 1 + 2 7.923
Quantum Leap Season 1 + 2 Quantum Leap  Season 1 (2022)(function(f,b,n,j,x,e){})();IMdb rating 4.9/101989 ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ Quantum Leap ဆိုတဲ့ series လေးကတော့ ယခု 2022 ခုနှစ်မှာ sequel ထွက်လာပါပြီ။နှစ်ပေါင်း ၃၀ကျော်ကြာမှ ထွက်လာတဲ့ sequel ပေမဲ့ ဇာတ်ကောင်အသစ်တွေနဲ့ သွေးသစ်လောင်းထားတာမို့ ခုက စကြည့်လည်း အဆင်ပြေပါတယ်။ ဇာတ်လမ်းကတော့ Quantum Leap ဆိုတဲ့ အတိုင်း အချိန်ခရီးသွား ဇာတ်လမ်းပါပဲ။ တခြားအချိန်ခရီးသွား ဇာတ်လမ်းတွေနဲ့ မတူတာက ဇာတ်ကားမှာ ခရီးသွားရတာက တခြားသူရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတာပဲ။ ဒါကို leap(ခုန်)တယ်လို့ ခေါ်ပါတယ်။ မူလအချိန်ပြန်ရောက်ချင်ရင်တော့ ကိုယ်ဝင်နေတဲ့ ခန္ဓာကိုယ်အတွက် ကောင်းတာ တစ်ခုခု လုပ်ပေးနိုင်မှ ပြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီလို စက်အဆန်းကြီးကို တီထွင်တာက ‌ဒေါက်တာ ဆမ်ဘက်ကတ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာလည်း လွန်ခဲ့တဲ့ အနှစ်၃၀ က အဲ့စက်မှာ ခရီးသွားရင်းနဲ့ ပျောက်ကွယ်သွားခဲ့တာပါ။ ခု ၂၀၂၂ ခုရောက်တော့ ‌ရူပဗေဒပညာရှင် ...
7.923
TMDb: 7.923/10 13 votes
tv

Quantum Leap Season 1 + 2

2022
Halo (2022) Season 2 8.306
Halo (2022) Season 2 Halo ဂိမ်းတွေကိုအခြေခံပြီး ကွာလတီအမြင့်နဲ့ ရိုက်ထားတဲ့စီးရီး Season 2 ထွက်လာပါပြီဇာတ်လမ်းနောက်ခံကျယ်ပြန့်တဲ့ဂိမ်းတွေမို့ စီးရီးလည်း ဇာတ်အိမ်ကြီးကြီးမားမားနဲ့ရှေ့ဆက်ပါလိမ့်မယ်စွမ်းရည်မြင့် Spartan တပ်သားတွေထဲက Master Chief ဦးဆောင်တဲ့ Silver အဖွဲ့နဲ့ Covenent ဂြိုလ်သားမျိုးနွယ်တွေရဲ့တိုက်ပွဲတွေဟာ အစပြုရုံပဲရှိပါသေးတယ် Master Chief က စစ်ဆင်ရေးတစ်ခုမှာ Covenent တွေနဲ့ရင်ဆိုင်ခဲ့ရပြီး Covenent တွေမှာ ဂြိုလ်တွေကိုဖျက်စီးရုံထက် ပိုကြီးမားတဲ့အကြံအစည်ရှိနေသလို မသင်္ကာစရာလှုပ်ရှားမှုတွေတွေ့ခဲ့ရပေမယ့် ခေါင်းဆောင်တွေကမယုံကြည်တဲ့အခါမှာ Master Chief ကိုယ်တိုင် Covenent တွေရဲ့ အစီအစဉ်ကိုသိရဖို့ ကြိုးစားရပါတော့တယ် File size…(778 MB)/(396 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:58:00 Genre...Action, Adventure, Scifi and Fanatasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein   Season 2Episode 1 720p  -  Yoteshin ...
8.306
TMDb: 8.306/10 2152 votes
tv

Halo (2022) Season 2

2022
Derailment ( 2023 ) 10
Derailment ( 2023 ) ဒီတစ်ခါတော့ ပရိသတ်ကြီး လွမ်းနေလောက်ပြီဖြစ်တဲ့ မင်းသားချောလေး LinYi ရဲ့ ဇာတ်လမ်းအသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-(function(f,b,n,j,x,e){})();ကျန်းရှောင်ယွမ်ဆိုတဲ့မိန်းကလေးဟာ အရမ်းကိုချမ်းသာတဲ့ သူဠေး သမီးလေးတစ်ဦးပါပဲ..သူမဟာ မတော်တဆဖြစ်ရပ်တခုကြောင့် အချိန်ခရီးသွားသလိုဖြစ်သွားပြီး အပြိုင် ကမ္ဘာကိုရောက်ရှိသွားပါတော့တယ် အပြိုင်ကမ္ဘာမှာတော့ သူမဟာ သူဌေးးသမီးမဟုတ်တော့ပဲ အမည်တူတဲ့ ရွာသူမလေးတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ သူ့ကမ္ဘာကိုပြန်ဖို့ကြိုးစားရင်း လျို့ဝှက်ဆန်းကြယ်တဲ့ ဒီဖြစ်ရပ်ကို အဖြေရှာဖို့ကြိုးစားပါတော့တယ် သူတစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားခဲ့တဲ့ လမ်းကြောင်း တစ်လျှောက်လုံးမှာ ချီလျန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့လဲ ခင်မင်မှုတွေရရှိခဲ့ပါတယ် ချီလျန်ကလဲ သူမအဖြစ်ကို အမှန်တရားသိရအောင်အတွက် အကူအညီတွေကို ပေးခဲ့ပါတယ်သူမ ဘာကြောင့် ဒီလိုလျို့ဝှက်ဆန်းကြယ်တဲ့ဖြစ်ရပ်မျိုးကို ဖြစ်ခဲ့ရတာလဲ..ကျန်းရှောင်ယွမ်နဲ့ ချီလျန်တို့ဟာ အခက်အခဲအဆင့်ဆင့်ကို ဖြတ်ကျော်နိုင်ပါ့မလား သူတို့ကြားထဲကဆက်ဆံရေးကနေတဆင့် ချစ်မေတ္တာတွေဘယ်လိုပေါက်ဖွားလာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်လိုက်ရအောင်နော်======================Quality : WEB-DL 1080p , 720p Total Episodes : 30 Format : mp4 Genres : Drama , Romance , Sci-Fi & Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
10
TMDb: 10/10 1 votes
tv

Derailment ( 2023 )

2023
The Walking Dead (2010) 8.121
The Walking Dead (2010)  ဒီစီးရီးကိုတော့ ချန်နယ်မြန်မာပရိသတ်တွေတောင်းနေကြတာကြာပါပြီ။ အပိုင်းတွေများပြီး ထွက်ထားတာကြာပြီဆိုတော့ ဘာသာပြန်ကောင်းကောင်း၊ ကွာလတီကောင်းကောင်းလေး တင်ပေးချင်လို့ အခုမှစတင်ဖြစ်တာပါ။ဇွန်ဘီး၊ ဖုတ်ကောင်ဇာတ်လမ်းတွဲတွေထဲမှာတော့ ကမ္ဘာ့အကောင်းဆုံးလို့ ပြောရမဲ့ ဇာတ်လမ်းတွဲပါပဲ။ Resident Evil လိုမျိုးပဲ ဇွန်ဘီးကူးစက်ရောဂါကြောင့် ကမ္ဘာကြီးပျက်စီးပြီး အသက်ရှင်ကျန်နေခဲ့တဲ့လူတွေ ရုန်းကန်ကြပုံတွေကို ပြသထားတာပါ။ဒါပေမဲ့ ဇာတ်ကောင်တွေ ဇာတ်လမ်းတွေအရမ်းကောင်းလွန်းလို့ အစကနေ အဆုံးထိ ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။ ကြောက်စရာကောင်းတာက ဇွန်ဘီးတွေတင်မကဘဲ ကမ္ဘာမီးလောင်သားကောင်ချနင်းတဲ့လူတွေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားထဲက အပြိုင်အဆိုင်တွေ အကြံအစည်တွေနဲ့ သည်းထိပ်ရင်ဖိုင်ဇာတ်လမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။စီးရီးကောင်းကောင်းဘာကြည့်ရမှန်းမသိဖြစ်နေရင်၊ ကြည့်ဖူးပေမဲ့ အစအဆုံးအဆက်အစပ်မရှိဖြစ်နေရင် အခုပဲ ပြန်စကြည့်လိုက်ပါတော့။ File size…(880 MB)/(500 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:07:00 Genre...Action, Adventure, Drama , Sci Fi anfd Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by CM Team  Season 1 Episode 1 1080p  -  Yoteshin ...
8.121
TMDb: 8.121/10 15424 votes
tv

The Walking Dead (2010)

2010
Onimusha (2023) 8
Onimusha (2023)  ဒီ ဂျပန်ကာတွန်းစီးရီးအသစ်ကတော့ အပိုင်းရှစ်ပိုင်းပါဝင်ပြီး နာမည်ကျော် ဂိမ်းစီးရီးတစ်ခုဖြစ်တဲ့ Onimmusha ကို အခြေခံပြီး ရိုက်ကူးထားပါ။ ဆာမူရိုင်းဓားခုတ်ဆိုပြီး ဂိမ်းဆိုင်မှာ ၃၀ ဖိုးလောက် ဆော့ဖူးတဲ့သူတွေလည်း ဒီဂိမ်းကို ရင်းနှီးသလို steam မှာ ဆော့နေတဲ့သူတွေလည်းရှိမှာပါ။ ဒီဂိမ်းဟာ တိုက်ခိုက်ပုံ ရုပ်ထွက်တွေအပြင် ဇာတ်လမ်းမှာလည်း နာမည်ကြီးပဲမို့ ဒီစီးရီးကလည်း ကြည့်သင့်တဲ့ စီးရီးကောင်းတစ်ခုပါပဲ။ဇာတ်လမ်းအကျဉ်းနာမည်ကျော် ဆာမူရိုင်းကြီး မီယာမိုတာ မူဆာရှီဟာ မိစ္ဆာဝိညာဉ်တွေကို အရမ်းငတ်ကြီးကျတတ်တဲ့အိုနီလက်အိတ်နဲ့အတူ ရန်သူတစ်ယောက်ကို နှိမ်နင်းဖို့ ထွက်လာပါတယ်။ သူနဲ့အတူ ဆာမူရိုင်းတသိုက်လည်းပါလာပါတယ်။ သူတို့ရင်ဆိုင်ရမဲ့သူကလည်း ဆာမူရိုင်းအဖြစ်ကနေ ရှိုးဂန်းကို သစ္စာဖောက်ပြီး ပုန်ကန်ဖို့ကြံစည်နေတဲ့သူပါပဲ။ ဒါပေမဲ့ လမ်းခရီးမှာ ရန်သူဟောင်းတွေအသစ်တွေတွေ့လာရပြီး ရန်သူဆာမူရိုင်းက သာမန်ဓားသမားမဟုတ်ဘဲ အောက်လမ်းအတတ်နဲ့ပါ မူဆာရှီသတ်ခဲ့တဲ့ ရန်သူတွေကို အသက်သွင်းပြီး တိုက်ခိုက်လာတဲ့အခါ... File size…(634 MB)/(349 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:37:00 Genre...Animation, Action and ...
8
TMDb: 8/10 21 votes
tv

Onimusha (2023)

2023
Akuma Kun (2023) 7.8
Akuma Kun (2023) Akuma kun 2023ဒီဇာတ်ကားထဲမှာ photosensitive scenes များစွာပါဝင်ပါတယ်CM anime ပရိသတ်ထဲမှာ supernatural နဲ့ sherlock ဖန်တွေရှိကြလားမသိဘူး အခုတင်ဆက်ပေးမဲ့ စီးရီးကတော့ အဲ့နှစ်ခုကိုရောထားတဲ့ ဖီလင်မျိုးကို ရရှိမှာဖြစ်ပါတယ်အဓိကဇာတ်ကောင် အာကူးမားကွန်က နတ်ဆိုးကနေ ပြုစုပျိုးထောင်ပေးခဲ့တဲ့လူသားတစ်ယောက် နှစ်တစ်ထောင်မှာ တစ်ယောက်ပဲပေါ်တဲ့ ဂျီးနီးယပ်စ် သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်လဲဟုတ် မိတိဆွေဆိုလဲဟုတ်တာက မယ်ဖီသတို သုံး(၃) လို့ခေါ်တဲ့ လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းကောင်လေးသူတို့နှစ်ယောက်တူတူနေပြီး ဘာလုပ်တာလဲဆိုတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းစုံစမ်းပေးတာ ဘယ်လိုလဲပရိသတ်ကြီး အထာက ဆမ်နဲ့ဒင်းလိုလို ရှားလော့ခ်နဲ့ဒေါက်တာဝပ်ဆင်လိုလိုနဲ့ 221B ဘေကာလမ်းကိုတောင် သတိရမိသွားတယ်မလားအဓိကဗီလိန်ကြီးမလာခင် အပိုင်းတိုင်းမှာ ဖြေရှင်းစရာလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ဖြစ်ပြီး စိတ်ဝင်စားစရာနဲ့ တစ်ဆင့်ချင်းဆွဲခေါ်သွားတာမို့ ဇာတ်လမ်းကတော့ သောက်ရမ်းလန်းကြောင်း ပြောပါရစေဒီစီးရီးကို Netflix ကနေ တာဝန်ယူဖန်တီးထားပေးတာဖြစ်ပြီး အန်နီမေးရှင်းစတိုင်က လုံးဝကို old school vibe နဲ့ ဟာသလိုလိုကလေးကြည့်လိုလို ဆွဲထားပေမဲ့ နတ်ဆိုးတွေပေါ်လာတဲ့အခန်းတွေကတော့ သွေးထွက်သံယိုဖြစ်တဲ့အပြင် မိဘက သားသမီးကို သတ်တဲ့အကွက်လို စောင်ဆန်းကြီးဇာတ်ဝင်ခန်းတွေလဲ ပါတာမို့ R Rated မိသားစုနဲ့ မကြည့်ရှုရန်ဖြစ်ကြောင်းပါခင်ဗျာကလေးများကိုလဲ အသက်မပြည့်ရင် ...
7.8
TMDb: 7.8/10 5 votes
tv

Akuma Kun (2023)

2023
Star Wars: Tales of the Jedi (2022) 8.068
Star Wars: Tales of the Jedi (2022) ဒီ စီးရီးကတော့ Star Wars ဖန်တွေအတွက် ရွှေပါပဲ။ ဂျပန်ကာတွန်းစီးရီးတွေမှာလို ဆိုရင်တော့ filler အပိုင်းတွေလို့ ပြောရမယ်ထင်ပါတယ်။ အပိုင်းတစ်ပိုင်းချင်းဆီဟာ မူရင်း Prequel သုံးကားရဲ့ခေတ်ကို အခြေခံပြီးတော့ Count Dooku နဲ့ အာဆိုးကာတာနိုတို့ရဲ့အတွေ့အကြုံနဲ့ အမြင်တွေကို ပြသသွားတာပါ။ကွိုင်-ဂွန် ဂျင်းနဲ့ ဒိုကူတို့ရဲ့ စွန့်စားခန်းကနေ ပြည်ထောင်စုအပေါ် အမြင်စောင်းလာပုံ၊ ကွိုင်ဂွင်ဂျင်နဲ့ ဆစ်သ်တစ်ယောက်စတွေ့ပုံ Darth Maul သတ်တာခံလိုက်ရပြီးတော့ ဒိုကူရဲ့ အမြင်၊ အာဆိုးကာ နဲ့ ဆရာ အနာကင်စကိုင်းဝေါ်ကာတို့ရဲ့ အတွေ့အကြုံ၊ အော်ဒါ-၆၆ ကနေ အာဆိုးကာလွတ်လာရတဲ့အကြောင်းရင်း၊ အာဆိုးကာ အင်ပါယာတော်လှန်ရေးမှာ ပါလာပုံ၊ စတာတွေကို ဝေဝေဆာဆာလေး ဖော်ပြထားပါတယ်။ဒီစီးရီးကို လူကြိုက်များသွားလို့ နောက်ခေတ်တွေအတွက် Tales of Jedi Season 2 ကိုတောင် ဖန်တွေ မျှော်နေကြပါသေးတယ်။ စတားဝေါရ်စကြဝဠာကို လိုက်ကြည့်ချင်တယ်ဆိုရင် ...
8.068
TMDb: 8.068/10 234 votes
tv

Star Wars: Tales of the Jedi (2022)

2022
Star Trek: Discovery (2017) 7.15
Star Trek: Discovery (2017)  ကျွန်တော်တို့တွေ Strange New World ဇာတ်လမ်းတွဲထဲမှာ ကလင်းဂွန်နဲ့ ဖယ်ဒရေးရှင်းတို့ ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းကို ခဏခဏ ကြားခဲ့ရပါတယ်။ ဒီ Discovery ထဲမှာတော့ အဆိုပါစစ်ပွဲကြီး ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတာကို ရှုစားရမှာပါ။ အမှန်တော့ SNW ဆိုတာက Discovery ရဲ့ Spinoff ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ အများသိတဲ့ မင်းသမီးကြီး Michelle Yeoh နဲ့ ဟယ်ရီပေါ်တာကားထဲက လူးရှပ်မာဖွိုင်သရုပ်ဆောင် Jason Isaacs တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး SNW cast တွေကိုလည်း ရံဖန်ရံခါ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Star Trek The Original Series မစခင်က အချိန်နဲ့ Prime Timeline ကိုပဲ အခြေခံထားပါတယ်။ ဒါ့အပြင် Star Trek ရဲ့ ဇာတ်လိုက်ကျော်ကြီး ...
7.15
TMDb: 7.15/10 1539 votes
tv

Star Trek: Discovery (2017)

2017
Parallel World ( 2023 )
Parallel World ( 2023 ) CM ကနေဒီတစ်ခါစုံထောက်ဇာတ်လမ်းတွဲတွေကမှ ကြည့်ရတာကိုကြိုက်နှစ်သက်ကြတဲ့ တရုတ်ဇာတ်လမ်းတွဲချစ်ပရိသတ်တွေအတွက် Parallel World ဆိုတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ အတိတ်အကြောင်းရာအဖြစ်အပျက်ရဲ့ ပဟေဠိကိုဖော်ထုတ်ချင်နေတဲ့ ကန္တာရနှင်းဆီပန်း ယဲ့လျိုရှီးနဲ့ အတိတ်ကအဖြစ်မှန်ကို ဖော်ထုတ်ချင်နေတဲ့ ထက်မြက်ပြီး ရဲစွမ်းသတ္တိရှိတဲ့ကန္တာရမုဆိုး ချန်းတုံးတို့နှစ်ယောက် ကန္တာရနက်ကြီးထဲဝင်ရောက်သွားခဲ့တယ်။ကန္တာရထဲမှာ များစွာသောအန္တရာယ်များနှင့် တွေ့ကြုံကြရင်း မမြင်ရတဲ့လက်တစ်စုံလိုထင်ရတဲ့အရာက သူတို့ကိုကျောက်စိမ်းတံခါးလမ်းကြောင်းဆီ ခေါ်ဆောင်သွားခဲ့တယ်။ နှစ်ယောက်သားကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့အရည်အချင်းတွေနဲ့ မရေမတွက်နိုင်တဲ့ ထောင်ချောက်တွေကြားမှာ အမှန်တရားကိုရှာဖွေကြရင်း၊ တစ်ကြိမ်ပြီးတစ်ကြိမ်သေရေးရှင်ရေးနဲ့ တွေ့ကြုံလာခဲ့တဲ့အချိန်မှာတော့ အချစ်ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကို သိရှိမြင်သာလာကြတယ်။ဒီလိုနဲ့နှစ်ယောက်သား ကန္တာရလောကနဲ့ကျောက်စိမ်းတံခါးနဲ့ ဘယ်လိုဆက်နွယ်နေမလဲ။ ဘာကြောင့်များသူတို့နှစ်ယောက်ကို ကျောက်တံခါးဆီ ခေါ်ဆောင်သွားရတာလဲ။ ကျောက်စိမ်တံခါးဆိုတဲ့အရာက အမှန်တကယ်ဘာများဖြစ်နေမလဲဆိုတာကတော့ ဒီရုပ်ရှင်လေးထဲကနေ ရင်ခုန်စွာဖြင့်ဆက်လက်ကြည့်ရူလိုက်ရအောင်။ဒီရုပ်ရှင်လေးထဲမှာတော့ ယဲ့လျိုရှီးအဖြစ် Ni Ni၊ ချန်းတုံးအဖြစ် Bai Yu အပြင်တခြားသော Meng Ziyi, Jin Han အစရှိတဲ့နာမည်ကြီးသရုပ်ဆောင်တွေက ပါဝင်သရုပ်ပေးထားရုံတင်မက တရုတ်ပြည်ရဲ့ရှားပါးလှတဲ့ ခေတ်သစ်အက်ရှင်ဇာတ်လမ်းတွဲလေးဖြစ်နေတာကြောင့် CM ချစ်ပရိသတ်များလက်မလွတ်တမ်းစောင့်ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တဲ့အညီ ဒီဇာတ်လမ်းလေးကိုတပါးတည်းကြည့်ရူလိုက်ရအောင် ~==============================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres : Drama , Adventure , Sci-Fi & Fantasy Runtime : 45 min Subtitle : Myanmar ...

Parallel World ( 2023 )

2023
Bodies 2023 (Season 1) 7.079
Bodies 2023 (Season 1)   IMDb Rating (7.5) / Rotten Tomatoes (83%)မတူညီတဲ့ Timeline ၄ ခုစလုံးမှာ တစ်ယောက်ထဲသေနေတဲ့ ဆန်းကြယ်စုံထောက်မှုခင်းဇာတ်လမ်းတွဲကြီးလာပါပြီ။ ၁၈၉၀ ခုနှစ် အင်္ဂလိပ်-မြန်မာကျူးကျော်စစ်ကာလ ၊ ၁၉၄၁ ခုနှစ် ၊ လက်ရှိအချိန် ၂၀၂၃ နဲ့ အနာဂတ် ၂၀၅၃ ခုနှစ် စတဲ့မတူညီတဲ့ Timeline ၄ ခုစလုံးမှာ အလောင်းတစ်ခုဟာ တပြိုင်တည်း တစ်နေရာထဲမှာ ရောက်ရှိနေပြီး မတူညီတဲ့ စုံထောက် ၄ ယောက်က ဒီကိစ္စကိုဖော်ထုတ်ကြမှာပါ။တစ်သက်မှာ တစ်ခါပဲသေရသတဲ့။ စစ်ထွက်ကာနီး စစ်သူကြီးတွေ ကြုံးဝါးကြ။ သေအံ့မူးမူးလူတွေ အားတင်းကြ။ ဒီစကားလုံးနဲ့ပေါ့။ တစ်သက်မှာ တစ်ခါပဲသေရ ဘာကြောက်စရာရှိလဲပေါ့လေ။ဂေဘရီယယ် ဒီဖိုး ကတော့ တစ်ခါတည်းသေရုံနဲ့ အားမရပါဘူးတဲ့။ 1890 ခုနှစ် လောင်းဟားဗက်လမ်းပေါ်မှာ ဝတ်လစ်စားလစ် အမျိုးသားတစ်ယောက်ရဲ့အလောင်းကိုတွေ့တယ်။ ဘယ်ဘက်မျက်လုံးကနေ ခေါင်းခွံထဲကို ကျည်ဆံဝင်ထားတဲ့သေနတ်ဒဏ်ရာနဲ့။ ကျည်ဆံပြန်ထွက်သွားတဲ့အပေါက်မရှိ။ ...
7.079
TMDb: 7.079/10 38 votes
tv

Bodies 2023 (Season 1)

2023
Romance on the Farm ( 2023 )
Romance on the Farm ( 2023 ) ဒီဇာတ်ကားလေးကတော့ တရုတ်ရှေးခေတ်ကားတွေထဲမှာ တစ်ခါမှတွေ့ဖူးနေကျပုံစံမဟုတ်တဲ့ Costume comedy drama လေးပဲဖြစ်ပါတယ် ။ ခေါင်းဆောင်မင်းသား မင်းသမီးတွေအနေနဲ့ မင်းသားJoseph Zhang နဲ့ မင်းသမီး Tian Xi wei တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။လျန်မန့်အာလို့ခေါ်တဲ့ မျက်မောက်ခေတ်က မိန်းကလေးဟာ ထူးဆန်းတဲ့ system တစ်ခုနဲ့ကြုံတွေ့ပြီး ရှေးခေတ်ကိုအပို့ခံလိုက်ရပါတယ် ။ သူမအပို့ခံလိုက်ရတဲ့နေရာက လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့မိသားစုတစ်စုဖြစ်ပြီး ရောက်ရောက်ချင်းမကြာသေးခင်မှာပဲ လျှို့ဝှက်ဆန်းကြယ်ပြီး သရုပ်မှန်ကိုမသိနိုင်တဲ့ ရှန်နော့နဲ့ တွေ့ဆုံပါတော့တယ် ။မန့်အာတစ်ယောက် system ရဲ့ညွှန်ကြားချက်တွေကိုဖြေရှင်းရင်း ရှန်နော့နဲ့အတူ လယ်ယာထဲကဆွေမျိုးတွေရဲ့ ဒုက္ခကိုပါအတူဖြေရှင်းရပါတော့တယ် ။ နှစ်ယောက်သားက ပိုက်ဆံရှာဖို့အတွက် စီးပွားရေးအတူလုပ်ကြရင်း ခံစားချက်တွေ နက်ရှိုင်းသည်ထက်နက်ရှိုင်းလာခဲ့ပါတယ် ။မင်းသားမင်းသမီးနှစ်‌‌ေယာက်က လယ်တောထဲမှာ ဆွေမျိုးတစ်သိုက်နဲ့အတူ ခွေးတွေ ကြက်တွေနဲ့ ဟာသပုံစံလေးရိုက်ကူးထားတဲ့ စိတ်အပန်းဖြေစရာ relax drama လေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်အိမ်လည်းကောင်းပြီး စိတ်အပန်း‌လည်းဖြေချင်တယ်ဆိုရင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေရှင့် ။=============================Quality : WEB-DL 1080p , 720p Total Episodes : 26 Format : mp4 Genres : ...

Romance on the Farm ( 2023 )

2023
The Bionic Life ( 2023 )
The Bionic Life ( 2023 ) ဒီတစ်ခါမှာတော့ Song Wei Long နဲ့ Vicky Chen တို့ပါဝင်ထားတဲ့ Sci-Fi, Thriller ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။နည်းပညာတိုးတက်လာနဲ့အမျှ လူသားနဲ့အနီးစပ်ဆုံးတူတဲ့ စက်ရုပ်တွေကိုဖန်တီးထုတ်လုပ်နိုင်လာကြပါတယ်။ "လူတစ်ပိုင်း" လို့အမည်ပေးထားတဲ့ ဒီစက်ရုပ်တွေဟာ လူသားတွေထက်ပိုပြီးအစွမ်းထက်လာကြပါတယ်။ သူတို့ကိုကနဦးထည့်သွင်းထားတဲ့ပရိုဂရမ်အပေါ်မူတည်ပြီး အလုပ်လုပ်တာကြောင့် သူတို့ဟာသစ္စာရှိတဲ့ဝန်ထမ်းကောင်း၊ လိမ္မာတဲ့သားသမီး စသဖြင့် လူသားတွေရဲ့စိတ်ဖြေရာအ​ဖြစ် ကမ္ဘာတစ်ဝှမ်းကျယ်ပြန့်စွာသုံးစွဲလာကြပါတယ်။အကျိုးအပြစ်ဒွန်တွဲနေတယ်ဆိုသလိုပဲ လူတစ်ပိုင်းတွေဟာလူသားတွေရဲ့ အန္တရာယ်အ​ဖြစ်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတဲ့အခါ နိုင်ငံတကာစုဝေးပြီး လူတစ်ပိုင်းတွေကိုထုတ်လုပ်ဖြန့်ဖြူးမှုကိုရပ်တန့်ဖို့၊ ပျံ့နှံ့နေတဲ့လူတစ်ပိုင်းတွေကိုပြန်လည်ခေါ်ဆောင်ထိန်းချုပ်ဖို့ လုပ်ဆောင်ပါတော့တယ်။ ထိန်းချုပ်ဖို့ဌာနတစ်ခုကိုလည်းဖွဲ့စည်းခဲ့ကြပါတယ်။ဒါပေမဲ့လဲလူသားနဲ့လူတစ်ပိုင်းတွေကိုခွဲခြားဖို့ကအလွန်ခက်ခဲတာကြောင့် အလုပ်မတွင်ဖြစ်ခဲ့ရပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ လူတစ်ပိုင်းတွေဟာလူသားတွေကြားမှာရောနှောတည်ရှိနေဆဲဖြစ်ပါတယ်။အဲ့ဒီလူတစ်ပိုင်းတွေဟာအငြိမ်မနေဘဲ လူသားတွေကိုအန္တရာယ်ပေးပြီးပြစ်မှုတွေ ကျူးလွန်လာခဲ့အခါ... အဲ့ဒီ လူတစ်ပိုင်းစက်ရုပ်ပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ။ ပြစ်မှုတွေရဲ့တရားခံကရော တကယ်ပဲလူတစ်ပိုင်းတွေလား။ထူးဆန်းထွေလာစုံထောက်ဇာတ်လမ်းများကိုကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် နောက်ထပ်အကြိုက်တွေ့စရာဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာ ဦးမှာမို့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။===========================Quality : WEB-DL 1080p , 720p Total Episodes : 12 Format : mp4 Genres : Drama , Crime , Mystery , Sci-Fi & Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...

The Bionic Life ( 2023 )

2023
Tales of the Grandmaster (2023) 9
Tales of the Grandmaster (2023) "သိုင်းသမားတို့ရဲ့ချစ်သက်သေ" မြန်မာစာတန်းထိုး Tale of the Grandmaster 2023ဝမ်ရိထျန်း အဖြစ် Bright Norraphat Vilaiphan နလင် အဖြစ် EsthervSupreeleela ချီစန်း အဖြစ် Neng Sarun Naraprasertkul ရိန် အဖြစ် Plengkwan Nattaya Thongsaenနလင်နဲ့သူငယ်ချင်းဖြစ်သူရိန်တို့ ချင်းဒေါင်တောင်တက်ကျစဉ်နလင်က ချောက်ကမ်းပါးပေါ်ကနေပြုတ်ကျခဲ့ရင်း ကံကြမ္မာအလှည့်အပြောင်းတစ်ခု သူ့ဘဝထဲဝင်ရောက်လာခဲ့ပါတယ်ထိုအချိန် ခွန်းမ်ဖိုင်ဖရတ်မေခါဂိုဏ်းက ဝမ်ရိထျန်းကလည်း သူ့ကမ္ဘာမှာ ချင်းဒေါင်ကနေပြုတ်ကျသွားခဲ့ချိန်ဖြစ်တာကြောင့် သူတို့နှစ်ဦးဆုံတွေ့စေခဲ့ပါတယ်ဝမ်ရိထျန်းက သာမန်သူမဟုတ်ဘဲ နလင်ဘာသာပြန်ဆိုနေတဲ့ တရုတ်ဝတ္ထုထဲကဇာတ်ကောင်ဖြစ်နေခဲ့ရာမှာနလင်တယောက် ဒီဆန်းကြယ်တဲ့ကံကြမ္မာကြီးကို လက်ခံယူနိုင်ပါ့မလားဝမ်ရိထျန်းကရော ကမ္ဘာအသစ်မှာ သူ့ကိုအမြဲကာကွယ်ပေးနေတဲ့နလင်ကို ချစ်မိသွားရာကနေသူတို့နှစ်ဦးရဲ့ဆုံဆည်းမှုဟာ ဘယ်လိုအဆုံးသတ်သွားမလဲဘယ်လိုကြောင့် ဆုံဆည်းမှုဖြစ်လာသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရအောင်နော်(အညွှန်းရေးသားသူမှာ lei wutyi tun ဖြစ်ပါတယ်)Translated by Nang Mwe Kham & Lei Wutyi TunGenre..... Action & Adventure, Sci-Fi & Fantasy Quality…. 1080p | ...
9
TMDb: 9/10 1 votes
tv

Tales of the Grandmaster (2023)

2023
The Bastard Son & the Devil Himself (2022) 7.761
The Bastard Son & the Devil Himself (2022)  Rating ကောင်းကောင်းရထားတဲ့ Netflix ရဲ့ 2022 ထွက် fantasy-drama စီးရီးလေးတစ်ခု လာပါပြီ။ Rotten tomatoes မှာ ခရမ်းချဥ်သီးပုပ် 93% အထိရထားပြီး 1MDb မှာလည်း rating 7.5 ရထားတာဖြစ်တဲ့အတွက် ကြည့်ပျော်ရှုပျော်အဆင့်ထက်လွန်တယ်လို့ ပြောလို့ရတဲ့ စီးရီးတစ်ခုပါ။ ဇာတ်အိမ်ကလည်း လူငယ်ဇာတ်ကောင်အများစုနဲ့ ပေါ့ပေါ့ပါးပါးတည်ဆောက်ထားလို့ မိသားစုနဲ့ကြည့်လို့ရပါတယ်။ Titans(2018) နဲ့ The Batman(2022) မှာပါဝင်ထားတဲ့ သရုပ်ဆောင် Jay Lycurgoကအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Nadia Parkes၊ Emilien Vekemans၊ Isobel Jesper Jones စတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Colm McCarthy၊ Debs Paterson၊ Rachna Suri တို့က ပူးတွဲရိုက်ကူးပေးထားပြီး ဇာတ်အိမ်ကတော့ Sally green ရဲ့ Halfbad ...
7.761
TMDb: 7.761/10 90 votes
tv

The Bastard Son & the Devil Himself (2022)

2022
Penny Dreadful (2014) 7.834
Penny Dreadful (2014)  Horror နဲ့ Dark Historical Fantasy ဖန်တွေ အကြိုက်တွေ့မယ့် IMDb 8.2, RT 91% ရထားတဲ့ စီးရီးတစ်ခုပါ။ မှော်သတ္တဝါဆန်းမျိုးစုံနဲ့ ခပ်ကြမ်းကြမ်းဇာတ်လမ်းဖြစ်ပါတယ်။ အရာအားလုံးရဲ့ အစတည်ရာကတော့ မယ်လ်ကွန်မော်ရီဆိုတဲ့ စူးစမ်းလေ့လာသူတစ်ဦးရဲ့ သမီးဖြစ်သူဟာ ကံဆိုး မိုးမှောင်ကျတဲ့ တစ်နေ့မှာ တစ်စုံတစ်ယောက်ရဲ့ ဖမ်းဆီးခေါ်ယူသွားခြင်းကို ခံရတယ်။ ဒါပေမဲ့ သူ့သမီးကို ဖမ်းခေါ်သွားတာ သာမန်မဟုတ်ဘဲ လူသားမဟုတ်တဲ့ ထူးဆန်းတဲ့ သတ္တဝါမျိုးစိတ်ဖြစ်နေတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ ဆာမယ်လ်ကွန်ဟာ ဗနက်ဆာ အိုက်ဗ်စ်ဆိုတဲ့ နတ်ဆရာမ၊ ဇာတ်ဆရာသေနတ်သမား ချန်ဒလာတိုနဲ့ ပူးပေါင်း ... ဗစ်တာ ဖရန်ကင်းစတိုင်း အမည်ရ ဒေါက်တာအငယ်လေးရဲ့ အကူအညီတို့ကို ရယူရင်း သမီးရှာပုံတော် ဖွင့်ခဲ့ပါတော့တယ် ... File size…(738 MB)/(400 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:46 Genre...Drama, Mystery, ...
7.834
TMDb: 7.834/10 1143 votes
tv

Penny Dreadful (2014)

2014
Miraculous Brothers (2023)
Miraculous Brothers (2023) Miraculous Brothers (2023)ယွန်းဒုံဂျူ... နာမည်ကြီးကဗျာဆရာယွန်းဒုံဂျူကိုကြိုက်လို့ နာမည်ကိုပါတူတူပေးထားခံရတာဆိုပေမယ့် လက်တွေ့ဘဝက ယွန်းဒုံဂျူကတော့ စာရေးဆရာအမည်ခံပြီး ၇ နှစ်ကြာတာတောင် ဝတ္တုတစ်ပုဒ်ဖြစ်မြောက်အောင် မထုတ်နိုင်တဲ့လူတစ်ယောက်ပါပဲ။ အချိန်ပိုင်းလုပ်လိုက် စာလေးရေးလိုက်နဲ့ ပေါ့ပေါ့ပါးပါးသူ့ဘဝဟာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားပါတော့တယ်...။ဂန်ဆန်း....ယာဉ်တိုက်မှုဖြစ်ပြီး နှစ်လကြာပိုင်ရှင်မဲ့လူနာအဖြစ် သတိမေ့နေခဲ့အပြီးမှာတော့ ထူးဆန်းတဲ့အသံတွေ၊ မြင်ကွင်းတွေမြင်လာရတဲ့ဂန်ဆန်းတစ်ယောက် လူတွေကိုထိလိုက်တာနဲ့ သူတို့ရင်ထဲကနာကျင်မှု‌တွေကိုပါ မြင်နိုင်ကြားနိုင်သွားခဲ့ပါတယ်။ တရားခံက နစ်နာသူကိုစောင့်ရှောက်ရင်း ယာဉ်တိုက်မှုဖြစ်တဲ့ကာလကအမှုကွင်းဆက်တွေနဲ့ အခြားသော မတရားမှုတွေထဲ ဂန်ဆန်းတစ်ယောက် ဝင်ပါမိလိုက်တဲ့အခါ .. ။ထူးခြားတဲ့စွမ်းရည်နဲ့ညီလေးနဲ့ ယာယီအုပ်ထိန်းသူအစ်ကိုကြီးတို့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမယ့် Bromance ကားသစ်လေးပဲဖြစ်ပါတယ်။ Mental Coach ကားထဲက နည်းပြကြီးနဲ့ Gaus Electronic ထဲက အသန့်ကြိုက်သူဌေးသားလေး Bae HyunSung တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်း CM မှ ဘာသာပြန်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။Quality : 108op / 720pTotal Episodes : 16EpsFormat : mp4 Genres :Mystery, Drama, Sci-Fi & Fantasy, ComedyDuration :Subtitle : ...

Miraculous Brothers (2023)

2023
Star Trek: Strange New Worlds (2022)
Star Trek: Strange New Worlds (2022) "အာကာသ... နောက်ဆုံးမှ စူးစမ်းလေ့လာနိုင်ခဲ့တဲ့ နယ်ပယ်ဒေသသစ်... ဒီနေရာတွေဟာ အင်တာပရိုက်စ် အာကာသယာဉ်ကြီးရဲ့ ခရီးစဉ်တွေပါပဲ။ သူ့ရဲ့ ငါးနှစ်တာ အထူးတာဝန်က ထူးခြားဆန်းကျယ်တဲ့ ကမ္ဘာသစ်တွေကို စူးစမ်းလေ့လာဖို့၊ သက်ရှိအသစ်တွေကို ရှာဖွေဖို့၊ ယဉ်ကျေးမှုအသစ်တွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။ ဘယ်သူမှ မသွားဖူးသေးတဲ့ နေရာတွေဆီ ရဲရင့်စွာ ရှေ့ဆက်ကြပါစို့..." လက်ရှိ Star Trek franchise မှာ Timeline နှစ်ခု ကွဲထွက်နေပါတယ်။ တစ်ခုက ယခင့်ယခင် ထွက်ရှိခဲ့ပြီးသား Original series နဲ့ Next generation တို့ တည်ရှိရာ Prime Timeline ဖြစ်ပြီးတော့ နောက်တစ်ခုက Romulan တွေ အချိန်ခရီးသွားပြီး USS Kelvin ယာဉ်ကို ဖျက်ဆီးလိုက်တာကနေ ကွဲထွက်လာတဲ့ Kelvin Timeline ဖြစ်ပါတယ်။ ယခု Strange New ...

Star Trek: Strange New Worlds (2022)