Channel Myanmar

Sci-Fi & Fantasy

Miraculous Brothers (2023)
Miraculous Brothers (2023) Miraculous Brothers (2023)ယွန်းဒုံဂျူ... နာမည်ကြီးကဗျာဆရာယွန်းဒုံဂျူကိုကြိုက်လို့ နာမည်ကိုပါတူတူပေးထားခံရတာဆိုပေမယ့် လက်တွေ့ဘဝက ယွန်းဒုံဂျူကတော့ စာရေးဆရာအမည်ခံပြီး ၇ နှစ်ကြာတာတောင် ဝတ္တုတစ်ပုဒ်ဖြစ်မြောက်အောင် မထုတ်နိုင်တဲ့လူတစ်ယောက်ပါပဲ။ အချိန်ပိုင်းလုပ်လိုက် စာလေးရေးလိုက်နဲ့ ပေါ့ပေါ့ပါးပါးသူ့ဘဝဟာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားပါတော့တယ်...။ဂန်ဆန်း....ယာဉ်တိုက်မှုဖြစ်ပြီး နှစ်လကြာပိုင်ရှင်မဲ့လူနာအဖြစ် သတိမေ့နေခဲ့အပြီးမှာတော့ ထူးဆန်းတဲ့အသံတွေ၊ မြင်ကွင်းတွေမြင်လာရတဲ့ဂန်ဆန်းတစ်ယောက် လူတွေကိုထိလိုက်တာနဲ့ သူတို့ရင်ထဲကနာကျင်မှု‌တွေကိုပါ မြင်နိုင်ကြားနိုင်သွားခဲ့ပါတယ်။ တရားခံက နစ်နာသူကိုစောင့်ရှောက်ရင်း ယာဉ်တိုက်မှုဖြစ်တဲ့ကာလကအမှုကွင်းဆက်တွေနဲ့ အခြားသော မတရားမှုတွေထဲ ဂန်ဆန်းတစ်ယောက် ဝင်ပါမိလိုက်တဲ့အခါ .. ။ထူးခြားတဲ့စွမ်းရည်နဲ့ညီလေးနဲ့ ယာယီအုပ်ထိန်းသူအစ်ကိုကြီးတို့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမယ့် Bromance ကားသစ်လေးပဲဖြစ်ပါတယ်။ Mental Coach ကားထဲက နည်းပြကြီးနဲ့ Gaus Electronic ထဲက အသန့်ကြိုက်သူဌေးသားလေး Bae HyunSung တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်း CM မှ ဘာသာပြန်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။Quality : 108op / 720pTotal Episodes : 16EpsFormat : mp4 Genres :Mystery, Drama, Sci-Fi & Fantasy, ComedyDuration :Subtitle : ...

Miraculous Brothers (2023)

2023
Star Trek: Strange New Worlds (2022)
Star Trek: Strange New Worlds (2022) "အာကာသ... နောက်ဆုံးမှ စူးစမ်းလေ့လာနိုင်ခဲ့တဲ့ နယ်ပယ်ဒေသသစ်... ဒီနေရာတွေဟာ အင်တာပရိုက်စ် အာကာသယာဉ်ကြီးရဲ့ ခရီးစဉ်တွေပါပဲ။ သူ့ရဲ့ ငါးနှစ်တာ အထူးတာဝန်က ထူးခြားဆန်းကျယ်တဲ့ ကမ္ဘာသစ်တွေကို စူးစမ်းလေ့လာဖို့၊ သက်ရှိအသစ်တွေကို ရှာဖွေဖို့၊ ယဉ်ကျေးမှုအသစ်တွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။ ဘယ်သူမှ မသွားဖူးသေးတဲ့ နေရာတွေဆီ ရဲရင့်စွာ ရှေ့ဆက်ကြပါစို့..." လက်ရှိ Star Trek franchise မှာ Timeline နှစ်ခု ကွဲထွက်နေပါတယ်။ တစ်ခုက ယခင့်ယခင် ထွက်ရှိခဲ့ပြီးသား Original series နဲ့ Next generation တို့ တည်ရှိရာ Prime Timeline ဖြစ်ပြီးတော့ နောက်တစ်ခုက Romulan တွေ အချိန်ခရီးသွားပြီး USS Kelvin ယာဉ်ကို ဖျက်ဆီးလိုက်တာကနေ ကွဲထွက်လာတဲ့ Kelvin Timeline ဖြစ်ပါတယ်။ ယခု Strange New ...

Star Trek: Strange New Worlds (2022)

Black Mirror (2011) 8.313
Black Mirror (2011)  "နည်းပညာ" ဆိုတာ အသွားနှစ်ဖက် ပါတဲ့ ဓားလိုပါပဲ။ ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲ ပါနေတဲ့ အရာတစ်ခုပါ။ Netflix က ထွက်တဲ့ လူကြိုက်အများဆုံး စီးရီးထဲက တစ်ခုဖြစ်ပြီး rating လဲ မခေလှတဲ့ ဒီ Black Mirror စီးရီးမှာဆိုရင် နည်းပညာရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြသွားပါတယ်။ စီစန်တစ်ခုကို ၃ ပိုင်းနဲ့ ၆ ပိုင်းကြားပဲပါပြီး တစ်ပိုင်းချင်းကို စပယ်ရှယ်ပြင်ဆင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အခန်းတွေ ပါတာတော့ သတိပြုပေးပါ။ တစ်ပိုင်းချင်းစီက ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး တစ်ပိုင်းကြည့်ပြီးတိုင်း မတူညီတဲ့ ရသနဲ့ message တွေကို ပေးနေမှာပါ။ ကြည့်ပြီးရင်လည်း လခွမ်းတို့ ဘာလဲဟတို့ဆိုပြီး တသသ ဖြစ်နေမဲ့ ဇာတ်လမ်းမျိုးတွေချည်းပဲမို့ အချိန်မဆွဲဘဲ အခုပဲ ကြည့်လိုက်ကြရအောင်။File size…(950 MB)/(400 ...
8.313
TMDb: 8.313/10 4117 votes
tv

Black Mirror (2011)

2011
Mobile Suit Gundam: The Witch from Mercury 7.603
Mobile Suit Gundam: The Witch from Mercury   MyAnimeList 8.1/10 IMDb 8.3/10 ဒီanimeဟာ လက်ရှိထွက်​နေဆဲ animeဖြစ်ပြီးမထွက်ခင် prologueပြကတည်းက Gundamဖန်​တွေရဲ့စိတ်ဝင်စားမှုကိုရခဲ့တာပါ။ အခုထွက်လာချိန်မှာလည်းဇာတ်လမ်းပိုင်းစိတ်ဝင်စားဖို့​ကောင်းမှု၊ ရုပ်ထွက်လှပမှု​တွေ​ကြောင့်rating​တွေလည်း ​တော်​တော်ကို​ကောင်း​နေပါတယ်။ ဒီanimeကိုကြည့်မယ်ဆိုရင် အရင်ကထွက်ခဲ့တဲ့ Gundamစီးရီး​တွေကိုကြည့်ထားဖိူ့လိုကိုလိုလားဆိုရင် မလိုဘူးလို့ပဲ​ပြောပါရ​စေ။တခု​တော့ရှိတယ်။ Gundamနည်းပညာဆိုင်ရာအသုံးအနှုန်း​တွေကို​တော့သိထားဖို့လို​ပေမဲ့ ဘာသာပြန်​ပေးဖို့မှာတခါထဲထည့်ဖို့မလွယ်လို့ဒီအညွှန်းအဆုံးမှာ အနီးစပ်ဆုံးရှင်းပြချက်​လေး​တွေ​ရေး​ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့မာကျူရီဂြိုဟ်သူ(ဗုဒ္ဓဟူးဂြိုဟ်သူ)​လေးဖြစ်တဲ့ ဆုလာဘ်တာဟာAsticassiaနည်းပညာ​ကျောင်းကိုလာတက်ရင်း မီအိုလွင်ရဲ့သတို့သား​လောင်းဖြစ်သူ ဂူအဲလ်ကို ရန်စမိသလိုဖြစ်သွားပါတယ်။ဂူအဲလ်ဟာ​ကျောင်းတွင်း စက်ရုပ်တိုက်ပွဲ​တွေမှာ အမြဲနိုင်​​လေ့ရှိပြီးHolderတံဆိပ်ပါရထားသူပါ။ အဲ့လိုနဲ့ ဂူအဲလ်နဲ့ ဆုလာဘ်တာတို့စက်ရုပ်ချင်း စီးချင်းထိုးဖို့ဖြစ်လာတဲ့အခါမှာ​တော့ မထင်မှတ်ထားတာ​တွေဖြစ်လာခဲ့ပါတယ်။ဒီanimeကိုအပတ်စဥ်တနင်္ဂ​နွေညတိုင်း အပိုင်းသစ်ထွက်တာနဲ့တင်ဆက်သွားမှာဖြစ်​ပါတယ်။ ​အောက်မှာ​ဆက်​ရေးမှာက​တော့နည်းပညာပိုင်းဆိုင်ရာအသုံးအနှုန်း​တွေနဲ့Gundam animeထဲကအသုံးအနှုန်း​တွေကိုရှင်းပြ​ပေးမှာပါ။ နည်းပညာသမားမဟုတ်​ပဲကွကိုရှာဖတ်ထားတာ ဖြစ်တော့ အမှားပါရင်သည်းခံ​ပေးကြပါ။Earthianဆိုတာက ကမ္ဘာသူကမ္ဘာသား​တွေကို​ပြောတာပါ။Spacianဆိုတာက အာကာသထဲမှာ​မွေးဖွား​နေထိုင်ခဲ့သူ​တွေကို​ပြောတာပါ။Coriolis forceဆိုတာဟာ ကမ္ဘာလည်တဲ့အရှိန်​ကြောင့် ​ရွေ့လျား​နေတဲ့​လေလမ်း​ကြောင်း​ကွေးညွတ်သွား​စေတဲ့အားကို​ပြောတာပါBlade antennaဆိုတာက​တော့ mobile suitကိုယ်​ပေါ်က အင်တာနာတိုင်လိုအချွန်အ​ချောင်းကို​ပြောတာပါ။ Eliteဆိုတာက အရင်Gundamစီးရီး​တွေမှာပါခဲ့တဲ့Arianတိုင်းပြည်က လှုတ်ရှားမှုကြီးအပြီးမှာ ​ပေါ်​ပေါက်လာခဲ့တဲ့ Eliteတပ်ဖွဲ့ပါ။Frontဆိုတာက​တော့ လူလုပ်နယ်​မြေကြီးတခုရဲ့နာမည်ပါ။Thrallက​တော့ အကြမ်းဖြင်း​ပြောရရင် mobile suit​တွေကိုစမ်းသပ်တဲ့​နေရာမှာ စစ်​ဆေး​ပေးရတဲ့သူပါ။Permet linkကိုစွမ်းအင်ချိတ်ဆက်ခြင်းလို့ပဲ အကြမ်းဖြင်းဘာသာပြန်ရမည်ထင်ပါတယ်။ permetက​တော့ သိသ​လောက် Gundamစီးရီးမှာ အာကာသထဲက သတ္တုတစ်မျိုးကို​ခေါ်တာပါ။Permet ...
7.603
TMDb: 7.603/10 29 votes
tv

Mobile Suit Gundam: The Witch from Mercury

2022
Silo (2023) 8.9
Silo (2023) Silo (2023)Sci-fi seriesတွေထဲမှာ ပရိသတ်အားပေးမှုတော်တော်လေးရရှိထားတဲ့ The last of us , The Walking dead နဲ့ The sweet toothတို့လို Post apocalyptic seriesတစ်ခုဖြစ်တဲ့ Siloကို တင်ဆက်ပေးလိုက်ပါပြီ။ဒီကားလေးကရော ရှေ့ကနာမည်ကြီးစီးရီးတွေလိုပဲ ပရိသတ်ရဲ့နှလုံးသားကိုဖမ်းစားနိုင်မလားဆိုတာကတော့ ရဗျူးကောင်းတွေလည်းရရှိထားတာဆိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရင်း အကဲဖြတ်လိုက်ကြပါဦး။Siloဆိုတာကတော့ ၁၄၄ ထပ်ရှိတဲ့ မြေအောက်မျှော်စင်မြို့တော်ကြီးတစ်ခု၊ အထဲမှာ မြို့တစ်မြို့နဲ့ညီမျှတဲ့အင်္ဂါရပ်တွေ အကုန်အစုံရှိပြီးတော့ ပဋိညာဉ်တစ်ခုကို နေထိုင်သူအားလုံး လိုက်နာရတဲ့နေရာတစ်ခုပေါ့။ ပြင်ပကမ္ဘာကြီးကတော့ ကပ်ဆိုက်ပျက်စီးပြီးတော့ အဆိပ်သင့်နယ်မြေလို့ ယူဆကြပြီးတော့ ဒီSiloထဲက လူတစ်စုကတော့ Siloရဲ့ပြင်ပကိုထွက်ချင်ပါတယ်လို့ လုံးဝမပြောပါဘူးဆိုတဲ့ အဓိကဥပ‌ဒေတစ်ခုအပါအဝင် တခြားမြောက်များစွာသောစည်းကမ်းတွေကို မဖြစ်မနေလိုက်နာရပါတယ်။ဒီမှာမေးစရာရှိလာတာက စည်းကမ်းမလိုက်နာရင် Siloရင်ပြင်ပကိုထွက်ချင်ပါတယ်လို့ ပြောလာတဲ့လူအတွက် ဘာပြစ်ဒဏ်ရှိလဲ။ ဒီလို အပြင်ထွက်ချင်တယ်လို့ ပြောလာသူတိုင်းကို အပြင်ထွက်ခွင့်ပေးပါတယ်။ အလဲအလှယ်အနေနဲ့ Siloရဲ့အပြင်ဘက်မှာတပ်ဆင်ထားတဲ့ ပြင်ပအာရုံခံစက်တွေကို သန့်ရှင်းရေးလုပ်ရပါတယ်။ ဒါပေမဲ့ထူးခြားတာကတော့ အပြင်ကိုထွက်ချင်တယ်ပြောမိသူတိုင်း မဖြစ်မနေ သန့်ရှင်းရေးလုပ်စရာမလိုပေမဲ့ သန့်ရှင်းရေးလုပ်ပြီးသူတိုင်းတော့ မိနစ်ပိုင်းအတွင်း သေဆုံးကုန်ကြပါတယ်။ရှေ့ကလူတွေရဲ့ သေဆုံးခြင်းကိုပဲ မျက်ဝါးထင်ထင်မြင်နေရချိန်မှာတော့ Siloမြို့ကပြည်သူတွေအနေနဲ့ ...
8.9
TMDb: 8.9/10 35 votes
tv

Silo (2023)

2023
The Flash ( Season 8+9 ) 7.8
The Flash ( Season 8+9 ) Season 7 ပီးဆုံးတဲ့အနောက် အဆက်ဖြစ်တဲ့ Flash Season 8 လာပါပြီSeason 7 နောက်ဆုံးမှ Flash ဟာ God Speed ကို Reverse-Flash နဲ့အတူပူးပေါင်းပြီးအနိုင်ယူခဲ့ပါတယ် ပြီးတော့ Reverse-Flash ထက်လည်းပိုပြီး OverPower ဖြစ်သွားတဲ့Flash ကို မြင်ရမှာပါ ...ဒီ Season ၈ အစပိုင်းမှာလည်း Flash ရဲ့ အမြန်နှုန်းဟာအတော်ကြီးကိုတိုးတက်လာပြီး ဗီလိန်တွေကို အလွယ်တကူ နဲ့ OverPower လုပ်နိုင်တာကိုတွေ့ရပါလိမ့်မယ် ဒါဟာ ကျွန်တော်တို့ အမြဲ မြင်ချင်နေတဲ့ Flash ပါပဲဒါပေမယ့် Flash တစ်ယောက် Level Up သွားတဲ့နောက်ပိုင်း ဘာတွေကြုံရမလဲဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Season 8 မှာ ဆက်လက်စောင့်ကြည့်ခံစားရမှာပဲဖြစ်ပါတယ် File size…472MB / 673MB Quality….Webrip 720 Format…mp4 Duration….50 Min Genre...Action / Adventure / ...
7.8
TMDb: 7.8/10 8742 votes
tv

The Flash ( Season 8+9 )

2014
My Perfect Stranger (2023)
My Perfect Stranger (2023) ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော စောင့်ပြီးရင်းစောင့်ခဲ့ရတဲ့ Time Travel ဇာတ်လမ်းလေးဖြစ်ပါတယ်သတင်းထောက်ဖြစ်တဲ့ ယွန်းဟယ်ဂျွန်းနဲ့ စာရေးဆရာမဖြစ်ချင်တဲ့ ဘဲ့ယွန်းယောင်းတို့ဟာ နှစ်ယောက်သား တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂၀၂၁ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်ကို အချိန်ခရီးသွားအနေနဲ့ ရောက်သွားပါတော့တယ်လက်ရှိဘဝမှာ အမေ့ကိုဆုံးရှုံးလိုက်ရပေမဲ့ ၁၉၈၇ ခုနှစ်ပြန်ရောက်တဲ့အခါမှာ အမေဖြစ်သူကို နောက်တစ်ဖန်ပြန်တွေ့လိုက်ရတဲ့ ဘဲ့ယွန်းယောင်းနဲ့ကွင်းဆက်လူသတ်မှုရဲ့ နောက်ကွယ်ကအမှန်တရားကို ဖော်ထုတ်သွားမယ့် ယွန်းဟယ်ဂျွန်းတို့ကြားမှာ ဘယ်လိုဆက်စပ်မှုရှိမလဲအတိတ်ကို ပြန်ပြောင်းချင်တဲ့ ဘဲ့ယွန်းယောင်းကရော အရှုပ်အထွေးတွေကြားကနေ ပြန်ပြင်လို့ရမလားဆိုတာ ကြည့်လိုက်ကြပါဦးနော်အပိုင်း ၁၆ ပိုင်းပါဝင်သွားမှာဖြစ်ပြီး Find me in your memory က Kim Dong Wook နဲ့ The Secret life of my Secretary ထဲက မင်းသမီး Jin Ki Joo တို့ပါဝင်ထားပါတယ်Quality : 1080p WEB DL / 720pTotal Episodes : 16EpsFormat : mp4Genres : ...

My Perfect Stranger (2023)

2023
Manifest Season 1 + 2 + 3 +4  (2018-2022) 7.7
Manifest Season 1 + 2 + 3 +4 (2018-2022) CM ပရိသတ်တွေ တောင်းတဲ့စီးရီးကောင်းတွေကို တစ်ခုပြီးတစ်ခုတော့ ကြိုးစားပြီး တင်ဆက်ပေးနေဆဲပါပဲ။အခုလည်း Manifest ကို တင်ဆက်ပေးလိုက်ပါပြီ။လေယာဉ်ကြီး တစ်စီးဟာ ခရီးသည် ၁၉၁ ယောက်ကို တင်ဆောင်ပြီး လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တယ်။လေယာဉ်ပေါ်မှာ လူမျိုးစုံ ဘဝမျိုးစုံ ပါတာပေါ့။ ဒါပေမဲ့ သူတို့ လေယာဉ်ဆိုက်တဲ့အချိန်မှာပုံမှန်လေယာဉ်ကွင်းကို မဆင်းခိုင်းဘဲ လူမရှိတဲ့လေယာဉ်ကွင်းတစ်ခုမှာ ဆင်းဖို့ ညွှန်ကြားလာတယ်။လေယာဉ်ကွင်းထဲမှာ စောင့်ကြိုနေတာက အမျိုးတွေ မိတ်ဆွေတွေ မဟုတ်ဘဲကားတွေအများကြီးနဲ့ ရဲတွေ အာဏာပိုင်တွေဖြစ်နေပါလေရော။အဲဒီမှာ သူတို့ သိလိုက်ရတာက သူတို့လေယာဉ်တစ်စီးလုံး ပျောက်ဆုံးသွားခဲ့တာ ၅ နှစ်တောင် ရှိပြီမို့သူတို့အားလုံးကို သေစာရင်း သွင်းထားလိုက်ပါပြီတဲ့။ ဒီသတင်းက ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားပြီးအာဏာပိုင်တွေက သူတို့ကို အထူးစောင့်ကြည့်ကြတယ်၊ ဘယ်သတင်းဌာနတွေနဲ့မှ မတွေ့ဖို့ သတိပေးကြတယ်။ဂြိုလ်သားတွေလား၊ အချိန်အာကာသ ဖောက်ပြန်တာလား၊ ဘုရားသခင်ရဲ့ အလိုတော်လား စသည်ဖြင့်သီဝရီမျိုးစုံထုတ်ကြတယ် အဖြေရှာကြတယ်ပေါ့။ လေယာဉ်ပေါ်က ဆင်းလာတဲ့လူတွေအတွက်တော့ခဏလေးလိုပေမဲ့ သူတို့တွေ အိမ်ပြန်လာတဲ့အချိန်မှာ လူတိုင်းရဲ့ ...
7.7
TMDb: 7.7/10 524 votes
tv

Manifest Season 1 + 2 + 3 +4 (2018-2022)

2018
Marvel’s Jessica Jones Season [1+2 +3] (2015)
Marvel’s Jessica Jones Season [1+2 +3] (2015) MCU ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Defenders အဖွဲ့ထဲမှာ Daredevil, Luke Cage, Jessica Jones နဲ့ Iron Fist တို့ ပါဝင်ကြပါတယ်။ အဆိုပါ ၄ ဦးထဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jessica Jones ရဲ့ နောက်ခံဇာတ်လမ်းကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ ဂျက်ဆီကာ ဂျုံးစ်ဟာ မိသားစုလိုက် ကားမတော်တဆဖြစ်မှုကနေ နောက်ဆုံးရှင်ကျန်ခဲ့သူတစ်ဦးဖြစ်ပြီး ထိုမတော်တဆမှုကနေပဲ သဘာဝလွန် ခွန်အားတိုးလာခြင်းနဲ့ ခုန်ပျံနိုင်တဲ့စွမ်းအားတချို့ ရရှိလာခဲ့ပါတယ်။ သူမဟာ ထိုစွမ်းအားတွေကို အသုံးပြုလို့ လူတွေကို ကူညီရတာ သဘောကျခဲ့ပေမဲ့လည်း...တစ်ရက်မှာ ကေးလ်ဂရေ့ဗ်ဆိုတဲ့ စိတ်ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိသူတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိပြီး စိတ်ညှို့ခံခဲ့ရပါတယ်။ ကေးလ်ဂရေ့ဗ်ဟာ ဂျက်ဆီကာရဲ့စွမ်းအားတွေကို အသုံးချလို့ မကောင်းတဲ့လုပ်ရပ်တွေ၊ လူတွေကို ထိခိုက်အောင် လုပ်ခဲ့တဲ့အတွက် ဂျက်ဆီကာဟာ အသိစိတ်ဝင်လာချိန်မှာ ကေးလ်ဂရေ့ဗ်ဆီကနေ ထွက်ပြေးလာခဲ့တာ တစ်နှစ်ကြာသွားပြီဖြစ်တဲ့ အချိန်ကာလကနေ ဒီစီးရီးကို ...

Marvel’s Jessica Jones Season [1+2 +3] (2015)

The Rising (2023) 6.9
The Rising (2023) The Rising (2023)ဒီဇာတ်လမ်းမှာ မင်းသမီးသေသွားပါတယ်လို့ပြောရင် အညွှန်းရေးသူကအကျင့်ယုတ်ပြီး စပွိုင်လာပေးတယ်မထင်လိုက်ပါနဲ့။ မင်းသမီးသေတဲ့နေရာကပဲစရတဲ့ သဘာဝလွန်လူသတ်မှုဇာတ်လမ်းဖြစ်နေလို့ပါ။ သေသွားတဲ့ကောင်မလေးက နိဗ်။ သူ့အထင်အရတော့ တစ်မနက်မှာ သူကရေကန်ကြီးထဲမှာ အိပ်ရာကနိုးလာတယ်ပေါ့။ တကယ်တမ်းတော့အဲ့ဒါက သူ့ဝိဥာဥ်ပါ။ သူ့ကိုယ်သူသေပြီမှန်းတောင်မသိတဲ့ နိဗ်က အိမ်တွေဘာတွေပြန်ပြီး သူ့အမေရယ်ညီကိုမောင်နှမတွေရယ်နဲ့ စကားပြောဖို့ပါကြိုးစားလိုက်ပါသေးတယ်။ သူတို့ကသူ့ကိုမမြင်နိုင်မှန်းသိပြီး သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကိုတွေ့မှပဲ သူသေပြီဆိုတာသဘောပေါက်လိုက်ပါတယ်။ ဒါပေမဲ့နိဗ်က သူဘာကြောင့်သေသွားလဲ။ သူ့ကိုဘယ်သူကသတ်တာလဲဆိုတာ မမှတ်မိပါဘူး။ သူမသေခင်တစ်ညကလဲ သူကကွင်းပြင်တစ်ခုမှာလုပ်တဲ့ပါတီမှာရှိနေပြီး အဲ့မှာ သူ့အဖေ သူ့ချစ်သူ သူ့ဘော်ဒါတွေအပြင် သူတို့မြို့လေးကတခြားသူတွေလဲရှိနေခဲ့တယ်။ သူတို့ထဲကဘယ်သူဖြစ်နိုင်မလဲဆိုတာနိဗ်ရှာရမှာပါ။ တစ်ခုထပ်ထူးတာက နိဗ်ရဲ့ဝိဥာဥ်ကို မြင်နိုင်တဲ့လူတစ်ချို့ရှိပါသေးတယ်။ သူတို့ကဘာလို့နိဗ်ကိုမြင်နိုင်ရတာလဲ? ဘယ်လိုဖြစ်ဖြစ် နိဗ်ကသူတို့အကူအညီကိုယူပြီး သူ့ကိုသတ်တဲ့လူသတ်မှုကို ကိုယ်တိုင်ပြန်စုံစမ်းတာကိုကြည့်ရမယ့် ထူးခြားတဲ့စီးရီးကောင်းတစ်ခုပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Crime, Sci-fi & Fantasy Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron720pEpisode 01 - Userdrive ...
6.9
TMDb: 6.9/10 25 votes
tv

The Rising (2023)

2022
Mrs. Davis (2023) 7.333
Mrs. Davis (2023) ဒီဇာတ်ကားကတော့ မရိုးနိုင်တဲ့ quest တစ်ခုဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့ သောက်တော်ရေခွက် ဟိုလီဂရေးကို လိုက်ရှာရတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက သူက Sci-fi ဆိုလည်း ဟုတ်နေပြန်တယ်။ အနာဂတ်မှာ လူတွေက ဖေ့စ်ဘုတ်တွေ၊ အင်စတာဂရမ်တွေ မသုံးတော့ဘဲ မစ္စစ်ဒေးဗစ်လို့ခေါ်တဲ့ အဲလ်ဂိုရစ်သမ်ကြီးတစ်ခုကို တစ်ကမ္ဘာလုံးက အသုံးပြုကြတယ်။ဒီအဲလ်ဂိုရစ်သမ်ကြီးက ပြောရရင် ဘုရားလိုပဲ ဘာမှ မသိတာမရှိဘူး၊ လူတွေကို ပျော်အောင်ထားသလိုလိုနဲ့ ထိန်းချုပ်ထားတယ်ပေါ့။ သူ့မှာ တခြားဆိုရှယ်မီဒီယာတွေမှာ Blue mark ရသလိုမျိုး Wings ဆိုတာကို ရအောင်လုပ်ကြတဲ့ လူတွေ ရှိတယ်။ သူကလည်း သူခိုင်းချင်တယ်ဆိုရင် Wings နဲ့ ဆွဲဆောင်တာပေါ့။ လစ်ဇီက ဒီအဲလ်ဂိုရစ်သမ်ကြောင့် သူ့အဖေသေခဲ့ရတာဖြစ်တဲ့အတွက် ဒီဟာကြီး မကောင်းကြောင်းကို သိထားတဲ့သူ။အဲဒါကြောင့် အဲလ်ဂိုရစ်သမ်ကို မသုံးဘဲ နေနေတဲ့ လူနည်းစုထဲမှာ ပါပြီး ဒီဟာကြီးကို ...
7.333
TMDb: 7.333/10 18 votes
tv

Mrs. Davis (2023)

2023
American Born Chinese (2023) 8.5
American Born Chinese (2023)  ဒီစီးရီးကိုတော့ အတော်များများ မျှော်နေကြတာပါ။ ဒစ္စနေးကနေ မင်းသမီးကြီး မီရှဲယိုနဲ့ ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်မှော်စီးရီးပါပဲ။အမေရိကန်နိုင်ငံနဲ့ တရုတ်ကောင်းကင်ဘုံကို အခြေခံထားပါတယ်။ ကောင်းကင်ဘုံမှာ မိုးနတ်မင်းဟာ အေးချမ်းစွာ အုပ်စိုးနေပေမဲ့ နွားမိစ္ဆာဟာ ပုန်ကန်ဖို့ အင်အားစုနေပါပြီ။ နွားမိစ္ဆာကိုတားနိုင်ဖို့ကလည်း မျောက်မင်းစွန်းဝူခုန်းရဲ့ သံတောင်ဝှေးရှိမှဖြစ်မှာဆိုပေမဲ့ သံတောင်ဝှေးကို စွန်းဝူခုန်းရဲ့ သား စွန်းဝေ့ချန်က ခိုးပြီးထွက်ပြေးသွားပါတယ်။ ခိုးပြီးတော့ အမေရိကန်က ကျောင်းတစ်ကျောင်းမှာ ကျောင်းသားအဖြစ်ဟန်ဆောင်ပြီးပုန်းနေခဲ့တာပါ။ အဲဒီမှာပဲ စွန်းဝေ့ချန်နဲ့ တရုတ်လေး ကျင်းဝမ်တို့ သူငယ်ချင်းဖြစ်လာပါတယ်။ အဲဒီတောင်ဝှေးကို ပြန်ရဖို့ လိုက်ယူတဲ့ ဝူခုန်း၊ နွားမိစ္ဆာတို့အဖွဲ့နဲ့ စွန်းဝေ့ချန်ကိုကူညီမယ့် ကွမ်ယင်မယ်တော်တို့ ဘာဆက်ဖြစ်ကြမလဲဆိုတာ....File size…(1.1 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….35:00 Genre...Drama Horror Thriller Episode... 8 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Aderson Translated by CM Team  Episode 1 720p  ...
8.5
TMDb: 8.5/10 2 votes
tv

American Born Chinese (2023)

2023
The OA Season 1+2 (2016)
The OA Season 1+2 (2016) ဒီတစ်ခါတော့ ပရိသတ်ကြီးကို IMDB 7.8 ရှိပြီးတော့ ဆန်ခါတင် ၉ဆုနဲ့ ဆုကြီး ၃ဆုရထားတဲ့ Drama Fantasy Mystry ဇာတ်လမ်းတွဲလေးတစ်ကားကို တင်ဆက်ပြသပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ ၇နှစ်အကြာက ပျောက်သွားခဲ့တဲ့ မျက်မမြင်လေး ပရီရာဟာ ပြန်တွေ့တဲ့အချိန်မှာတော့ တံတားပေါ်က ခုန်ချထားပြီး ဆေးရုံရောက်နေခဲ့တာပါ ထူးဆန်းတာက သူဟာ မျက်လုံးလည်းပြန်မြင်နေရပြီး နာမည်ကလည်း ပရီရာ အစား အိုအေ ဖြစ်နေခဲ့တာပါပဲ အဲဒီလိုနဲ့ သူပြန်လာရောက်လာတာကို တချို့ကလည်း ဘုရားမတာလို့ ထင်ကြပြီး တချို့ကလည်း အန္တရာယ်ပေးနိုင်တယ်လို့ ထင်နေကြတာပါ အဲဒီလိုနဲ့ တနေ့မှာတော့ သူ့အိမ်က အင်တာနက်ပေးမသုံးလို့ ရပ်ကွက်ထဲပတ်ရှာရာကနေ အမှတ်မထင်ဘဲ ကောင်လေးတစ်ယောက်နဲ့တွေ့ပါတော့တယ် အဲဒီကောင်လေးနဲ့ သူတို့ အပြန်အလှန်သဘောတူပြီးတော့ သူလည်းအင်တာနက်ရ ကောင်လေးကိုလည်း ကောင်လေးမိထွေးအဖြစ် ကျောင်းက ဆရာမနဲ့ သွားတွေ့ပြီးတော့ပြဿနာဖြေရှင်းပေးခဲ့တာပါ ကံဆိုးချင်တော့ ဆရာမနဲ့ ကောင်လေးအဖေတို့ ဈေးဝယ်ရင်းတွေ့ရာကနေ ...

The OA Season 1+2 (2016)

Titans Season4 8.1
Titans Season4 Titans season 4 ထွက်ရှိလာပါပြီ။ Season 3မှာ Jasonနဲ့ Scarecrowရဲ့ပြဿနာ​တွေကို ​ဖြေရှင်းပြီးတဲ့​နောက် Ravenပါ အဖွဲ့ထဲ ပြန်​​​ရောက်လာပြီး ​ဂေါ့သမ်မြို့ကို ကယ်တင်နိုင်ခဲ့တာနဲ့ အဆုံးသတ်ထားတာပါ။ဒီseasonမှာ​တော့ ​ဂေါ့သမ်မြို့ကိုကယ်ပြီးသွားတဲ့ Titansတွေ Scarecrowရဲ့ရန်က​ အေးသွား​ပေမယ့် သူ့ထက်ပိုဆိုးတဲ့ Lex Luthorနဲ့ သူ့ရဲ့အရှုပ်ထုပ် တွေကို ရင်ဆိုင်​ဖြေရှင်းရ​တော့မှာပါ။ Castအသစ်​တွေအ​နေနဲ့ Vampire Diariesနဲ့ The Originals ထဲက Klausဖြစ်တဲ့Joseph Morganတို့လို cast​တွေပါ ပါဝင် အားဖြည့်ထားပါတယ်။အ​ရင်Season​တွေထက် ပိုdarkဖို့ရှိသလို Ravenနဲ့Superboyရဲ့ အခန်းကဏ္ဍ​ ပိုများမှာဖြစ်ပြီး Titans​တွေနဲ့ မကြာခဏငြိ​နေကျ Church of Blood ဆိုတဲ့ cult ဂိုဏ်းနဲ့ အဓိကရင်ဆိုင်ရမှာပါ။ ​အောက်လမ်း​မှော်နဲ့ horrorပိုင်း​တွေ ပိုများလာပြီး အ​တော်​လေး ကြည့်​ကောင်းဦးမယ့် seasonပါပဲ။Quality : 1080p HBO WEB DL / 720pTotal Episodes : 12EpsFormat : mp4Genres :Action & Adventure, Sci-Fi & Fantasy, DramaDuration ...
8.1
TMDb: 8.1/10 2160 votes
tv

Titans Season4

2018
Marvel’s Agent Carter (2015)
Marvel’s Agent Carter (2015) မာဗယ်ရဲ့ တခြားစကြဝဠာတစ်ခုမှာ ပထမဆုံးစူပါဟီးရိုး ကပ္ပတိန်ကာတာဖြစ်ခဲ့တဲ့ အေးဂျင့်ပက်ဂီကာတာရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်ဗျ။ ကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန်မှာ ပက်ဂီကာတာဟာ အက်စ်အက်စ်အာရ်ဆိုတဲ့ လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီတစ်ခုမှာ အေးဂျင့်တစ်ယောက်အဖြစ်နဲ့ တာဝန်ဆက်ထမ်းဆောင်ခဲ့ပါတယ်။ စစ်ကြီးထဲမှာတုန်းက ကပ္ပတိန်အမေရိကနဲ့ ဘေးချင်းယှဉ်ပြီးတိုက်ခိုက်ခဲ့တဲ့အထိ အရည်အချင်းရှိခဲ့ပေမဲ့ ဖိုဝါဒီတွေ လွှမ်းမိုးနေတဲ့ စစ်ပြီးခေတ်မှာတော့ အေးဂျင့်ကာတာဟာ အရည်အချင်းတွေ ထုတ်ပြခွင့်မရဘဲ ရုံးအတွက် ဖုန်းလက်ခံပေးတာ၊ နေ့လယ်စာမှာပေးတာ စတဲ့အလုပ်တွေသာ လုပ်နေရပြီး အေးဂျင့်တစ်ယောက်ဖြစ်ပေမဲ့ အတွင်းရေးမှူးသာသာ သဘောထား၊ ဆက်ဆံခံနေခဲ့ရပါတယ်။ တစ်နေ့မှာတော့ လက်နက်တွေကို တရားမဝင်ရောင်းချမိတာကြောင့် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အစွပ်စွဲခံထားရတဲ့ မိတ်ဆွေဟောင်းဖြစ်သူ ဟောင်းဝဒ်စတာ့ခ်တစ်ယောက် သူ့ရဲ့နာမည်ကို ပြန်ဆယ်ပေးဖို့အတွက် အေးဂျင့်ကာတာကို အကူအညီတောင်းလာတဲ့အခါမှာတော့ အရည်အချင်းပြခွင့်မရသေးတဲ့ အေးဂျင့်ကာတာအတွက် အခြေအနေတွေဟာ အပြောင်းအလဲကြီး ပြောင်းလဲခဲ့ရပါတော့တယ်။ ဒီ Agent Carter ဆိုတဲ့ ဇာတ်လမ်းတွဲဟာ MCU ထဲမှာ အပါအဝင်ဖြစ်ပြီး Captain America: The First Avenger ရဲ့ တိုက်ရိုက် နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ ဒီ Series ဟာ ဇာတ်လမ်းသွား ခပ်သွက်သွက်နဲ့သွားထားပြီး ပက်ဂီကာတာနဲ့ ဟောင်းဝဒ်စတာ့ခ်ရဲ့အိမ်တော်ထိန်း ဂျားဗစ်တို့ရဲ့ စွန့်စားခန်းတွေနဲ့အတူ ဇာတ်လိုက်မမ ဟေးလေးအတ်ထ်ဝဲရဲ့ အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ မာဗယ်ပရိသတ်တွေအနေနဲ့ အနည်းဆုံး တစ်ခေါက်လောက်တော့ကြည့်ဖူးသင့်တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်ဗျ...။File size…686Mb / ...

Marvel’s Agent Carter (2015)

Wolf Pack (2023)
Wolf Pack (2023) ဒီတခါတော့ ပရိသတ်ကြီးကို IMDB 5.8 ရှိတဲ့ သမန်းဝံပုလွေအလန်းစားဇာတ်လမ်းတွဲလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် သွေးစုပ်ဖုတ်ကောင်တွေချည်းကြည့်နေရလို့ ငြီးငွေ့နေသူတွေအတွက် အသစ်အဆန်းလေးအနေနဲ့ ကြည့်လို့ကောင်းမဲ့ ကားကောင်းလေးပါပဲ ဇာတ်လမ်းကတော့ စစချင်းမှာပဲ လော့အိန်ဂျလိစ်မှာ ၁၈နှစ်အတွင်း ပထမဆုံးလောင်တဲ့ တောင်မီးကြီးလောင်တာကနေစတာပါ အမြန်လမ်းတွေပေါ်မှာ ကားတွေပိတ်နေတုန်း တောထဲက တောကောင်တွေ ထွက်ပြေးရင်း လူတွေသေကြေ ကြ ကားတွေပျက်စီးကြ နဲ့ပေါ့ အဲဒီထဲမှာမှ အဲဗားရတ်ဆိုတဲ့ ကောင်လေးနဲ့ ဘလိတ်ခ်ဆိုတဲ့ ကောင်မလေးကို ဝံပုလွေတစ်ကောင်က ကိုက်သွားပါလေရော အဲဒါနဲ့ ဘလိတ်ခ်က အိမ်ပြန်ပြေး အဲဗားရတ် ကတော့ ဆေးရုံသွားပြခဲ့တာပါ ဆေးရုံရောက်ပြီးမကြာခင်မှာပဲ အဲဗားရတ်ဆီဖုန်းလာပြီး အကောင်တစ်ကောင်ကောင်က သူ့ကိုလိုက်သတ်နေတဲ့အကြောင်း သတိပေးလိုက်တဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ အကိုက်ခံလိုက်ရတဲ့သူတို့နှစ်ယောက်နောက်ကရော ဘာဖြစ်သွားမလဲ သူတို့နောက်ကို လိုက်နေတာကရော ဘာကြီးလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး........File size…472MB / 673MB Quality….Webrip 720 Format…mp4 Duration….50 Min Genre...Sci-fi& Fatasy / ...

Wolf Pack (2023)

The Swarm (2023) 6.736
The Swarm (2023) The Swarm (2023)Ecological sci-fi thriller seriesတွေကို နှစ်သက်သူတွေအကြိုက်ဖြစ်မဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Swarmဆိုတဲ့စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ German နာမည်ကျော် စာရေးဆရာကြီး Frank Schätzingရဲ့ Best sellerစာအုပ်The swarmကို အခြေတည်ရိုက်ကူးထားတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းမဲ့စီးရီးတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်။မိုးပြာရောင်ကောင်းကင်ကြီးအောက်မှာရှိတဲ့ ပြာလဲ့လဲ့ပင်လယ်ပြင်ကြီးကို မလှဘူးလို့ပြောနိုင်တဲ့လူရယ်လို့ ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ မာယာများလွန်းတဲ့ဒီပင်လယ်ကြီးဟာ အလှတရားတွေနဲ့အတူ အန္တရာယ်‌တွေ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာကိုတော့ အားလုံးလက်ခံရမှာပါ။ဒီဇာတ်ကားလေးထဲမှာ‌တော့ အဏ္ဏဝါဗေဒ PhD ကျောင်းသူလေးဖြစ်တဲ့ ကိုယ်ထင်ရာလုပ်တတ်ပြီး စည်းမျဉ်းတွေကို သိပ်ဂရုမစိုက်တတ်တဲ့ ချာလီဝက်ဂ်နာတစ်ယောက် ဌာနချုပ်မှာ ပြဿနာဖြစ်ခဲ့တာကြောင့် ဝေးလံခေါင်ဖျားတဲ့ကျွန်းတစ်ကျွန်းကိုပို့ခံလိုက်ပါတယ်။ လူသူသိပ်မရှိတဲ့ကျွန်းဆိုတော့ ချာလီတစ်ယောက် ပျင်းခြောက်ခြောက် ကုန်ဆုံးရမဲ့ နွေရာသီကာလကိုကြိုတွေးရင် စိတ်ပျက်နေတာပေါ့။ ဒါပေမဲ့ မာယာတွေပြည့်နှက်နေတဲ့ ပင်လယ်ကြီးက ချာလီကို စိန်ခေါ်မှုတွေနဲ့ စောင့်ကြိုနေတာကိုတော့ သူမသိခဲ့ပါဘူး။ချာလီတစ်‌ယောက် ပင်လယ်အခြေအနေကို စူးစမ်းဖို့သွားရင်းနဲ့ သာမန်ထက်များပြားနေတဲ့ မီးတောက်ရေခဲလို့တင်စားကြတဲ့ မီသိန်းခဲတွေ အများအပြားတွေ့ရတာကတစ်ကြောင်း၊ လူတွေကိုအန္တရာယ်မပြုတတ်တဲ့ ဝေလငါးတွေ ပင်လယ်ကဏန်း‌တွေလိုပင်လယ်သတ္တဝါကြီးတွေက လူတွေကိုရန်ပြုနေတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ...
6.736
TMDb: 6.736/10 36 votes
tv

The Swarm (2023)

2023
Slip (2023) 6.7
Slip (2023) Slip (2023)နေ့စဉ် ပြောင်းလဲမှုမရှိ၊ စိတ်လှုပ်ရှားစရာမရှိဘဲ ဖြတ်သန်းနေရတဲ့ဘဝကြီးကို လူတော်တော်များများ ငြီးငွေ့ကြမှာပါ။ ဒီဇာတ်ကားထဲက Mae ကလည်း အဲဒီလိုပါပဲ။ အတူနေရည်းစားဖြစ်သူ Elijah နဲ့ ၁၃ နှစ်ကြာ နွေးထွေးမှုတွေ ပျောက်ကွယ်နေတဲ့ Relationship ထဲမှာ ပိတ်မိနေရင်း ဘဝကို စိတ်ကုန်နေပါတယ်။ အချင်းချင်း အချိန်သိပ်မပေးဖြစ်ကြတော့ဘဲ အဆင်ပြေသလိုနေလာကြပြီးတော့ Elija က ကလေးလိုချင်ပေမယ့် Mae ကတော့ အတိတ်ကစိတ်ဒဏ်ရာတွေကြောင့် မလိုချင်သေးပါဘူး။ တစ်နေ့ Mae အလုပ်လုပ်တဲ့ ပန်းချီပြခန်းက ပန်းချီပြပွဲအပြီး ပါတီမှာ Elijah က Mae ကိုမစောင့်ဘဲ ပြန်သွားတော့ ဘားမှာ Eric နဲ့ဆုံပါတယ်။ရည်းစားကို စိတ်ကုန်နေတဲ့ Mae လည်း Eric နဲ့ တစ်ညတာကုန်ဆုံးရင်း မနက်ခင်း သူနိုးလာတဲ့အချိန်မှာ Eric နဲ့သူက လက်ထပ်ထားပြီးသားဖြစ်နေတာကို တွေ့လိုက်ရပြီး သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။Rating ကလည်း IMDb 6.1 ရထားတာမို့ Parallel Universe ထဲမှာ ...
6.7
TMDb: 6.7/10 3 votes
tv

Slip (2023)

2023
Star Trek: Discovery (2017) 7.15
Star Trek: Discovery (2017)  ကျွန်တော်တို့တွေ Strange New World ဇာတ်လမ်းတွဲထဲမှာ ကလင်းဂွန်နဲ့ ဖယ်ဒရေးရှင်းတို့ ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းကို ခဏခဏ ကြားခဲ့ရပါတယ်။ ဒီ Discovery ထဲမှာတော့ အဆိုပါစစ်ပွဲကြီး ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတာကို ရှုစားရမှာပါ။ အမှန်တော့ SNW ဆိုတာက Discovery ရဲ့ Spinoff ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ အများသိတဲ့ မင်းသမီးကြီး Michelle Yeoh နဲ့ ဟယ်ရီပေါ်တာကားထဲက လူးရှပ်မာဖွိုင်သရုပ်ဆောင် Jason Isaacs တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး SNW cast တွေကိုလည်း ရံဖန်ရံခါ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Star Trek The Original Series မစခင်က အချိန်နဲ့ Prime Timeline ကိုပဲ အခြေခံထားပါတယ်။ ဒါ့အပြင် Star Trek ရဲ့ ဇာတ်လိုက်ကျော်ကြီး ...
7.15
TMDb: 7.15/10 1539 votes
tv

Star Trek: Discovery (2017)

2017
Duty After School (2023)
Duty After School (2023) Duty after school (2023)All of us are dead, the school nurse flies တိုလို student actionကားကြိုက်သူများအတွက် All of us are dead S2 မလာခင်မှာ Tving ကနေအသစ်ထွက်လာရှိလာတဲ့ ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် အထက်တန်းကျောင်းတစ်ခုမှ ဝင်ခွင့်အတွက်စာကြိုးစားနေကြတဲ့ကျောင်းသားတွေက ဝင်ခွင့်အတွက်စာကြိုးစားရမယ့်အစား သူတိုအသက်ရှင်ဖိုအတွက် ဂြိုဟ်သားတွေနဲ့တိုက်ခိုက်ဖို ဖြစ်လာတဲ့အခါမှာ....ကောင်းကင်ပေါ်ကနေ ကမ္ဘာမြေပေါ်ကို ဂြိုဟ်သားတွေကျရောက်လာပြီးတော့ ကြီးမားတဲ့ပျက်စီးမှုတွေဖြစ်လာပါတော့တယ် ကိုရီးယားအစိုးရဟာ ဒီဂြိုဟ်သားတွေကို နှိမ်နင်းဖိုအတွက် စစ်တပ်အင်အားဖြည့်တင်းဖိုအတွက် တက္ကသိုလ်တိုင်းအထက်တန်းကျောင်းတိုင်းက ကျောင်းသား/သူ တိုင်းကို စစ်လေ့ကျင့်ရေးတွေလုပ်ဖို အမိန့်ထုတ်ပြန်လိုက်ပါတယ် ဒါပေမဲ့ အထက်တန်းကျောင်း တတိယနှစ်အခန်း ၂ က ကျောင်းသားတွေကတော့ ဂရုမစိုက်ဘဲ တက္ကသိုလ်ဝင်ခွင့်အတွက်ပဲစာကြိုးနေတုန်းပါပဲ ဖြစ်ချင်တော့ ဒီနှစ်မှာ အဲဒီစာမေးပွဲတွေမကျင်းပဖြစ်တဲ့အခါ ကျောင်းသာတွေက စာလုပ်ရမယ့်အစား စစ်လေ့ကျင့်ရေးတွေကိုလေ့ကျင့်ရပါတော့တယ်ကျောင်းသားတွေအပေါ်စည်းကမ်းတင်းကြပ်ပေမယ့်ဂရုစိုက်တဲ့ တပ်ကြပ်ကြီး ကျောင်းသားတွေရဲ့ဘေးကင်းမှုကိုဦးစားပေးတဲ့ အတန်းပိုင်ဆရာမနဲ့အတူ ကျောင်းသားတွေက ...

Duty After School (2023)

2023