Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
CBC
9.2
Wind Breaker (2024)
Wind Breaker (2024) Genre – Anime, Action, Adventure IMDB – 7.5/10 MyAnimeList – 7.9/10လတ်တလောကမှ ထွက်ရှိထားပြီး Tokyo Revengers ထက်ကောင်းတယ်ဆိုပြီး သတင်းထွက်နေတဲ့ နောက်ထပ်ကျောင်းသားငဖိုက် Anime အသစ်လေးကို တင်ဆက်ပေးပါ့မယ်ဗျ။ အစပဲရှိသေးတာရော ဇာတ်လမ်းတည်ဆောက်ပုံ မတူတဲ့အတွက်TR ကောင်းမကောင်းဆိုတာတော့ ဖန်တွေကြားအငြင်းပွားစရာ ဖြစ်နေကြမှာပါ။ သိချင်ရင်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့လေ။ကျွန်တော့်အတွက်တော့ ဒီထဲက MC ဖြစ်တဲ့ Sakura ကအစပိုင်းကတည်းက ကြမ်းနေပြီး TR က MC ဖြစ်တဲ့Takemichi ထက်တော့ သာတယ်လို့ မြင်မိတယ်ဒါကလည်း TR မှာက Side character တွေက အဓိကကြမ်းတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီ ...
9.2
TMDb:
9.2/10
4 votes
tv
Wind Breaker (2024)
2024
8.548
Jujutsu Kaisen (2020)
(function(f,b,n,j,x,e){})();IMDb 8.5/10 MyAnimeList 8.6/10 ဒီဂျပန်ကာတွန်းကိုစကြည့်တော့ ပေါက္ကံပြည်ကိုအိန္ဒိယကနေ(မလေးနိုင်ငံ ပီနန်ကျွန်းလို့လည်းတချို့ကပြောကြတယ်) သင်္ဘောပျက်လို့ ပျဥ်ပြားဖက်ပြီးရောက်လာတဲ့ ဗျတ်ဝိ၊ ဗျတ္ထပဲပြေးမြင််တယ်ဗျ။နိုင်ငံခြားသားဆိုပေမဲ့ ဘုန်းကြီးကျောင်းက ဇော်ဂျီဖိုဝင်သားခိုးစားရာကနေ အစွမ်းရသွားလိုက်တာ အငယ်ကောင်ဖြစ်တဲ့ဗျတ္ထရဲ့သားတွေအထိ အစွမ်းတွေရခဲ့တယ်လို့ဆိုကြတယ်။ ဗျတ္ထသားတွေဖြစ်တဲ့ ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးတို့နှစ်ကောင် ဘယ်လောက်ကြမ်းလဲဆိုရင်တရုတ်ပြည်က ဗိုက်ပူမြို့စားရဲ့ဗိုက်ကို ရန်သူပေါင်းသောင်းခြောက်ထောင်မကရှိနေတဲ့ကြားက ထုံးသွားကွင်းပြီး "ဖတ်၊ ဖတ်၊ ဖတ်"ရိုက်ကာခြိမ်းခြောက်ခဲ့တဲ့အထိပါပဲ။ စွမ်းလွန်းလို့ သေသွားတာတောင် မင်းကြီး၊မင်းလေးဆိုပြီး မြန်မာတနိုင်ငံလုံးက နတ်ကိုးကွယ်တဲ့သူတွေဖင်ဘူးထောင်းထောင်ပြီး ထိုင်ကန်တော့ခဲ့ကြတာ အခုအချိန်အထိပဲဗျ။ ဒီစီးရီးရဲ့ဇာတ်လမ်းမှာလည်း ဇာတ်လိုက်မင်းသားဟာ ဆုခုနဆိုတဲ့ကျိန်စာကောင်ရဲ့လက်ချောင်းကိုစားမိလိုက်တာကနေ သောက်ကြမ်းကြီးဖြစ်သွားပါတယ်။ (မြန်မာမှာဆိုရင် နတ်ကွန်းပဲတင်ပြီး ဂျပန်ဆာကေးအရက်တိုက် ထိုင်ကန်တော့နေကြလောက်ပြီ)။ ဒါပေမဲ့လည်းသူ့ထက်သူသောက်ကြမ်းတွေရှိနေတော့ ပိုပြီးသောင်းကြမ်းဖြစ်အောင်ကြိုးစားတယ်ပေါ့ဗျ။ ဒါက ဇာတ်လမ်းအကျဥ်း။နည်းနည်းဖြည့်ပြောချင်တာလေးတွေဆက်ပြောပါမယ်။Jujutsu Kaisenကိုဖန်တီးသူ ဆရာ ဂဲဂဲ အခုတမိဟာ Bleachရဲ့ပရိသတ်အကြီးစားပါ။ ဒါကြောင့် ဒီစီးရီးကိုကြည့်နေရင်းနဲ့bleachအငွေ့အသက်မျိုးရပါလိမ့်မယ်။ (ကော်ပီကူးတာမဟုတ်ဘူးနော်။ ဇာတ်လမ်းက ဘာမှမဆိုင်တာ။ fighting styleတွေလည်းမတူဘူး)။ ပြီးတော့ ဒီဂျပန်ကာတွန်းရဲ့ထူးခြားချက်ကဘတ်ဂျက်ဗျ။ တပိုင်းကို အမေရိကန်ဒေါ်လာတသိန်းခွဲသုံးခဲ့တာဆိုတော့ သူ့ထက်ပိုများတာ dragon ball ...
8.548
TMDb:
8.548/10
2565 votes
tv
Jujutsu Kaisen (2020)
2020
7.603
Mobile Suit Gundam: The Witch from Mercury
MyAnimeList 8.1/10 IMDb 8.3/10 ဒီanimeဟာ လက်ရှိထွက်နေဆဲ animeဖြစ်ပြီးမထွက်ခင် prologueပြကတည်းက Gundamဖန်တွေရဲ့စိတ်ဝင်စားမှုကိုရခဲ့တာပါ။ အခုထွက်လာချိန်မှာလည်းဇာတ်လမ်းပိုင်းစိတ်ဝင်စားဖို့ကောင်းမှု၊ ရုပ်ထွက်လှပမှုတွေကြောင့်ratingတွေလည်း တော်တော်ကိုကောင်းနေပါတယ်။ ဒီanimeကိုကြည့်မယ်ဆိုရင် အရင်ကထွက်ခဲ့တဲ့ Gundamစီးရီးတွေကိုကြည့်ထားဖိူ့လိုကိုလိုလားဆိုရင် မလိုဘူးလို့ပဲပြောပါရစေ။တခုတော့ရှိတယ်။ Gundamနည်းပညာဆိုင်ရာအသုံးအနှုန်းတွေကိုတော့သိထားဖို့လိုပေမဲ့ ဘာသာပြန်ပေးဖို့မှာတခါထဲထည့်ဖို့မလွယ်လို့ဒီအညွှန်းအဆုံးမှာ အနီးစပ်ဆုံးရှင်းပြချက်လေးတွေရေးပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မာကျူရီဂြိုဟ်သူ(ဗုဒ္ဓဟူးဂြိုဟ်သူ)လေးဖြစ်တဲ့ ဆုလာဘ်တာဟာAsticassiaနည်းပညာကျောင်းကိုလာတက်ရင်း မီအိုလွင်ရဲ့သတို့သားလောင်းဖြစ်သူ ဂူအဲလ်ကို ရန်စမိသလိုဖြစ်သွားပါတယ်။ဂူအဲလ်ဟာကျောင်းတွင်း စက်ရုပ်တိုက်ပွဲတွေမှာ အမြဲနိုင်လေ့ရှိပြီးHolderတံဆိပ်ပါရထားသူပါ။ အဲ့လိုနဲ့ ဂူအဲလ်နဲ့ ဆုလာဘ်တာတို့စက်ရုပ်ချင်း စီးချင်းထိုးဖို့ဖြစ်လာတဲ့အခါမှာတော့ မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတယ်။ဒီanimeကိုအပတ်စဥ်တနင်္ဂနွေညတိုင်း အပိုင်းသစ်ထွက်တာနဲ့တင်ဆက်သွားမှာဖြစ်ပါတယ်။ အောက်မှာဆက်ရေးမှာကတော့နည်းပညာပိုင်းဆိုင်ရာအသုံးအနှုန်းတွေနဲ့Gundam animeထဲကအသုံးအနှုန်းတွေကိုရှင်းပြပေးမှာပါ။ နည်းပညာသမားမဟုတ်ပဲကွကိုရှာဖတ်ထားတာ ဖြစ်တော့ အမှားပါရင်သည်းခံပေးကြပါ။Earthianဆိုတာက ကမ္ဘာသူကမ္ဘာသားတွေကိုပြောတာပါ။Spacianဆိုတာက အာကာသထဲမှာမွေးဖွားနေထိုင်ခဲ့သူတွေကိုပြောတာပါ။Coriolis forceဆိုတာဟာ ကမ္ဘာလည်တဲ့အရှိန်ကြောင့် ရွေ့လျားနေတဲ့လေလမ်းကြောင်းကွေးညွတ်သွားစေတဲ့အားကိုပြောတာပါBlade antennaဆိုတာကတော့ mobile suitကိုယ်ပေါ်က အင်တာနာတိုင်လိုအချွန်အချောင်းကိုပြောတာပါ။ Eliteဆိုတာက အရင်Gundamစီးရီးတွေမှာပါခဲ့တဲ့Arianတိုင်းပြည်က လှုတ်ရှားမှုကြီးအပြီးမှာ ပေါ်ပေါက်လာခဲ့တဲ့ Eliteတပ်ဖွဲ့ပါ။Frontဆိုတာကတော့ လူလုပ်နယ်မြေကြီးတခုရဲ့နာမည်ပါ။Thrallကတော့ အကြမ်းဖြင်းပြောရရင် mobile suitတွေကိုစမ်းသပ်တဲ့နေရာမှာ စစ်ဆေးပေးရတဲ့သူပါ။Permet linkကိုစွမ်းအင်ချိတ်ဆက်ခြင်းလို့ပဲ အကြမ်းဖြင်းဘာသာပြန်ရမည်ထင်ပါတယ်။ permetကတော့ သိသလောက် Gundamစီးရီးမှာ အာကာသထဲက သတ္တုတစ်မျိုးကိုခေါ်တာပါ။Permet ...
7.603
TMDb:
7.603/10
29 votes
tv
Mobile Suit Gundam: The Witch from Mercury
2022