Channel Myanmar

2003

Stairway to Heaven 8.075
Stairway to Heaven Stairway to Heaven (2003)(အညွှန်း) ==========================လွန်ခဲ့တဲ့ 2000 ခုနှစ်အကျော်ပိုင်းအချိန်တွေတုန်းက ..... အခုလိုမျိုး ည ၈ နာရီသတင်းအပြီးလာမယ့် ကိုရီးယားဇာတ်လမ်းတွဲကို စောင့်ကြည့်ခဲ့ရတဲ့အချိန်တွေကလည်း ဘာပဲဖြစ်ဖြစ်လွမ်းမောစရာပါပဲ။အဲဒီထဲကမှ “အချစ်လှေကားထစ်လေးများ” ရဲ့ “ဆုန်ဂျူး အိုပါး” ကိုငမ်းခဲ့ရတဲ့အချိန်တွေကတော့ အကောင်းတကာ့အကောင်းဆုံးပေါ့ 🤭 ဝါရင့်ကေဒွမ်မာဖန်တော်တော်များများ အလွတ်ရမတတ်ကြည့်ထားကြလောက်မယ့်ကားလေးဖြစ်တာမို့ ဇာတ်လမ်းကတော့ အထွေအထူးပြောဖို့မလိုတော့ပါဘူး။ အိုင်ကတော့ ဒီကားကို စင်ဒရဲလား ကိုရီးယားဗားရှင်းလို့ပဲညွှန်းချင်ပါတယ် 🫠 အမိမဲ့ဖြစ်နေရရှာတာလေးကလွဲလို့ ရုပ်ရည်၊ စည်းစိမ်ဥစ္စာ၊ ပညာအရည်အချင်း အားလုံးပြီးပြည့်စုံနေတဲ့အပြင် အစစအရာအရာပြီးပြည့်စုံပြီး သူ့ကိုလည်းအရမ်းကိုဂရုစိုက်ပေးတဲ့ “ဆုန်ဂျူး အိုပါး” ပါရှိနေသေးပြန်တဲ့ “ဂျောင်ဆော” ရဲ့ဘဝကြီးက မိထွေးတော်နဲ့သူ့သမီးရောက်လာကာမှ အကုန်ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ရတာမို့ပါ။ ငယ်စဉ်တည်းကချစ်ခဲ့ရတဲ့ ငယ်ချစ်ဦးနဲ့ပေါင်းဖက်ဖို့အရေးအခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရပြီး တကယ်တမ်းပေါင်းဖက်ခဲ့ရပြီးကာမှ ဘယ်တော့မှပြန်မဆုံစည်းနိုင်တော့တဲ့ ခွဲခွါခြင်းနဲ့ခွဲခွါခဲ့ရရှာတဲ့ “ဆုန်ဂျူး နဲ့ ဂျောင်ဆော” ရဲ့ love story ကိုကြည့်တိုင်း အိုင်ကတော့ ခုထိကို မျက်ရည်နဲ့မျက်ခွက်ပါပဲ:’)အဆုံးသတ်ကိုကြိုသိထားပေမယ့်လည်း ကမ္ဘာကျော် Titanic ဇာတ်ကားကြီးလို ပြန်ကြည့်တိုင်းဘယ်တော့မရိုးနိုင်တဲ့အပြင် Kwong Sang Woo, Choi Ji Woo, Lee Wan, Shin Hyun ...
8.075
TMDb: 8.075/10 948 votes
tv

Stairway to Heaven

2003
All In(2003) 8.2
All In(2003) All In(2003) ဇာတ်လမ်းတွဲအညွှန်း******************************အပိုင်း(၁ မှ ၂၄ ) ထိ စ/ဆုံးလီဗြောင်ဟွန်းကို ကျွန်တော်တို့ မြန်မာလူငယ်တွေအထူးသတိထားမိတဲ့ စီးရီးဆိုလည်းမမှားပါဘူး..All In ဆိုတာကျွန်တော်တို့ ငယ်ဘဝကို အတော်လွှမ်းမိုးမှုရှိခဲ့တဲ့စီးရီးတစ်ခုပါ..အခွေခေတ်က ဝိုးတဝါးနဲ့တောင် မက်မက်မောမော ကြည့်ခဲ့ရသလိုဖဲဝိုင်းတွေမှာ ဂင်အင်ဟာကွဆိုပြီး ကိုယ့်ကိုကိုယ် နာမည်ပေးတဲ့အထိဖြစ်ခဲ့သလိုဆိုးတူ ကောင်းဘက် သူတို့သူငယ်ချင်း Squad ကြီးကိုလည်း အားကျခဲ့ရပါတယ်..ဒီစီးရီးက ၂၄ ပိုင်းရှိပြီး ဇာတ်လမ်း ဇာတ်အိမ် အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်..အင်ဟာတို့ ကာစီနိုကြီးကိုရောက်တဲ့အချိန်ကစလို့ပေါ့..လောင်းကစားတွေနဲ့ပတ်သက်တာတွေအသေးစိတ်ပါသလိုကလေးဘဝကတည်းက ဒီလောင်းကစားတွေနဲ့ရင်းနှီးကြိုးစားပြီးပါရမီပါတဲ့ ဂင်အင်ဟာရဲ့  စွန့်စားခန်းတွေကလည်း ဒီဘက်ခေတ်ဇာတ်လမ်းတွဲတွေကို အေးဆေးယှဉ်လို့ရပါတယ်..၂၀၀၃ ခုနှစ်ကဖြစ်လို့ အခုချိန်ပြန်ကြည့်အဆင်ပြေမလားဆိုပြီးစိုးရိမ်မနေပါနဲ့..တကယ်ကြည့်ရတာတန်ပါတယ်..အကြည်ဆုံးလေးဖြစ်အောင်လည်း တင်ဆက်ထားပါတယ်...Episodes: 24File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Action ,Drama, AdventureTranslated by  Yumeko, A Htet, Estel, Kit, Mayphoo Pone  &  Thynn Nu SweEncoded by  ...
8.2
TMDb: 8.2/10 5 votes
tv

All In(2003)

2003
Damo ( 2003 ) 8
Damo ( 2003 ) ချယ်အို့ ဆိုတဲ့အမျိုးသမီးလေးဟာ ဂျိုဆွန်းခေတ် စစ်ဆေးရေးဌာနရဲ့ထက်မြတ်တဲ့ ဒါမိုတစ်ယောက်ပါ။ ဒါမိုတွေဟာ စစ်ဆေးရေးဌာနမှာလုပ်ကိုင်ရတဲ့အမျိုးသမီးစစ်ဆေးရေးမှူးတွေဖြစ်ပေမယ့် အဆင့်အတန်းကတော့လက်ဖက်ရည်ဆက်သရတဲ့အစေခံတွေနဲ့မခြားမနားပါပဲ။ချယ်အို့ရဲ့အထက်အရာရှိဖြစ်သူ ဟွမ်ဘိုယွန်းကတော့ ချယ်အို့ကိုငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့သူဖြစ်ပြီး မေတ္တာသက်ဝင်နေသူပါ။တိုင်းပြည်ကိုကမောက်ကမဖြစ်စေတဲ့ ဒုစရိုက်မှုတွေနဲ့ အထက်တန်းလွှာတွေရဲ့အုပ်စိုးမှုကို တော်လှန်ဖို့ကြိုးစားနေသူကတော့ ဂျောင်ဆောင်းဘဲ့ဆိုတဲ့သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ ဟွမ်ဘိုယွန်းရဲ့လက်အောက်ကနေ ဒုစရိုက်မှုတွေကို အမြစ်ပြတ်တွန်းလှန်ဖို့ကြိုးစားနေတဲ့ချယ်အို့တစ်ယောက် အမှုတွေကိုစုံစမ်းရင်းနဲ့ သူနဲ့ သူပုန်ခေါင်းဆောင်ဂျောင်ဆောင်းဘဲ့တို့အကြားဆက်နွယ်မှုတစ်ခုရှိနေတာသိလိုက်ရပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ Chae ok အဖြစ်သရုပ်ဆောင်ထားတဲ့Ha Ji Won တစ်ယောက် အနှိမ်ခံလူတန်းစားအနေနဲ့ဘယ်လိုရပ်တည်ချက်တွေနဲ့ အထက်တန်းလွှာတွေကို ဆန့်ကျင်မလဲ ?အထက်အရာရှိကိုမှ မြတ်နိုးမိနေတဲ့ သူ့အချစ်ရေးကရောကြည်နူးစရာဖြစ်လာမှာလား ကြေကွဲစရာဖြစ်လာမှာလား ?သူပုန်ခေါင်းဆောင်ဖြစ်နေတဲ့ အစ်ကိုဂျောင်ဆောင်းဘဲ့နဲ့ရောဘယ်လိုတွေ ရင်ဆိုင်သွားမလဲ ? ဆိုတာတွေကို Ha Ji wonရဲ့အမိုက်စားဓါးသိုင်းတွေနဲ့အတူ ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။တွဲဖက်သရုပ်ဆောင်တွေအနေနဲ့လည်း Yi San အဖြစ် ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ တစ်ခေတ်တစ်ခါက ပါးချိုင့်မင်းသားကြီးLee Seo Jinနဲ့ ဗီလိန်အနေနဲ့ ပရိသတ်တွေလူသိများကြတဲ့၏Jang Sung Baek တို့က ပါဝင်ထားတာမို့ ...
8
TMDb: 8/10 5 votes
tv

Damo ( 2003 )

2003
The Legend of Nezha (2003)
The Legend of Nezha (2003) The Legend of Nezha (2003) နီကျား လို့ကြားလိုက်တာနဲ့ ..... ကွင်းလေးကိုင် မီးဖိနပ်စီးထားတဲ့ ကောင်လေးကိုပြေးမြင်မိကြမှာပါ။ ဒဏ္ဍာရီမှာတော့ ဆိုးလွန်းလို့ .... အဖေနဲ့တောင်ပြန်စစ်ခင်းရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီ Animation Series မှာတော့ ..... နီကျားလေး မွေးဖွားချိန်ကစပြီး ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့သူတွေကို အချိတ်ဆက်မိမိနဲ့ ဇာတ်လမ်းတစ်ခုချင်းစီ ချိတ်ဆက်ထားတာမို့ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။ 90'Born တွေ အတွက် ငယ်ဘဝ အလွမ်းပြေဖြစ်သလို .... အခုခေတ် ကလေးတွေလည်း ကြည့်လို့ မရိုးသေးမယ့် ကာတွန်းဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ ဘာသာပြန် နဲ့ Review ကတော့ Lwin Htoo Aung ပဲ ဖြစ်ပါတယ်။ 480 p ဆိုပေမယ့် အတော်ကို ကြည်တဲ့ ဗားရှင်းမို့ စိတ်မပျက်စေရပါဘူး။ File size… 230 MB Quality…. 480p Format…mp4 Duration…. 22 min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Htoo Aung Encoder ..... August Episode 01 ...

The Legend of Nezha (2003)

2003
Heavenly Sword and Dragon Sabre ( 2003 ) ( Completed ) 9
Heavenly Sword and Dragon Sabre ( 2003 ) ( Completed ) Heavenly Sword And Dragon Sabre ( 2003 )သိုင်းစီးရီးတွေအတွဲလိုက်တင်ပြီးပေမယ့် နဂါးနိုင်ဓါး တတွဲကျန်နေသေးလို့ ဘယ် version လုပ်ရင် ကောင်းမလဲစဉ်းစားမိပါတယ် 2003 Version ထဲက ကျောက်မိန်သာ ပုံအလာဆုံးမို့ ဒီဗားရှင်းလေးပဲတင်ဆက်လိုက်ပါတယ် နောက်တာပါ ဒီဗားရှင်းကို သဘောအကျဆုံးမို့ ပြန်တင်ဆက်လိုက်ပါတယ် ပထမဆုံးတင်တဲ့ရက်မို့ Bonus အနေနဲ့ 10 ပိုင်းတင်ဆက်လိုက်ပါတယ် နောက်ရက်တွေကတော့ထုံးစံအတိုင်းတရက် ငါးပိုင်းပေါ့ အပိုင်း 40 ပါဝင်ပါတယ် ( စကားချပ် )ဒီဇာတ်လမ်းကိုတော့ ၁၄ ရာစုမှာ တည်ဆောက်ထားပါတယ်။ အဓိက ဇာတ်ကောင်ကတော့ ဝူတန် ဂိုဏ်းကို တည်ထောင်ခဲ့သူ ကျန်းစန်းဖုန်းရဲ့ တပည့် ကျန်းချွေးဆန်းရဲ့ သား ကျန်းဝူကျိပဲဖြစ်ပါတယ်။အဲဒီခေတ်မှာ နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားကို ပိုင်ရင် သိုင်းလောကမှာ ပြိုင်ဘက်ကင်းပြီဆိုတဲ့ အဆိုကြောင့် ဒီဓား၂လက်ကို လုကြရင်းတိုက်ပွဲတွေ ဖြစ်လာခဲ့တာပါ။နဂါးနိုင်ဓားနဲ့တိမ်လွှာဓားဟာ ဒီအတိုင်းအသုံးပြုရင်တောင် သတ္တုအားလုံးကို ဖြတ်တောက်ပစ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါပေမယ့် တကယ်ပိုအရေးကြီးတဲ့အချက်က ကောကျင့်တို့ခေတ်မှာ ထိပ်သီးတွေ လုခဲ့ကြတဲ့ ဝူမု စစ်ဗြူဟာကျမ်းကို နဂါးနိုင်ဓားထဲမှာ ထည့်ထားပြီး၊ ကျိုရင်းသိုင်းကျမ်းထဲက ...
9
TMDb: 9/10 4 votes
tv

Heavenly Sword and Dragon Sabre ( 2003 ) ( Completed )

2003
Demi-Gods and Semi-Devils (completed)
Demi-Gods and Semi-Devils (completed)  " တိမ်လွှာနဂါးသူရဲကောင်းများ " ဟိုး...လွန်​​လေပြီးခဲ့​သော ၁၉၅၀-၁၉၆၀ ခုနှစ်​ဝန်းကျင်​​တွေမှာ သိုင်း​လောကသား​တွေရဲ့နှလုံးသားကို ဖမ်းစားလှုပ်​ကိုင်​နိုင်​ခဲ့တဲ့ :: သိုင်းဇာတ်​လမ်း​ပေါင်းများစွာ ​အပြိုင်းအရိုင်း​ပေါ်ထွက်​လာခဲ့ပါတယ်​ ရိုးရိုးဝတ္ထုတစ်​အုပ်​စာ ရုပ်​ရှင်​အ​နေနဲ့ တစ်​နာရီခွဲဝန်းကျင်​စာ သိုင်း ဇာတ်​လမ်း​တွေမှ ဝတ္ထုစာအုပ်​ ​၅ အုပ်​တွဲ ၁၀ အုပ်​တွဲမှ ၁၆-၁၇ အုပ်​တွဲ ​လောက်​အထိ အခန်းဆက်​​​ပေါင်းများစွာ ဇာတ်​​ဆောင်​​ပေါင်းများစွာ ပါဝင်​သရုပ်​​ဖော်​ထားကြတဲ့ သိုင်းဇာတ်​လမ်းများလည်း အပြိုင်​​ပေါ်ထွက်​လာခဲ့ပါတယ်​ ၄င်းသိုင်းဇာတ်​လမ်း များထဲမှ ကျ​နော်​တို့သတိပြုမိ နှစ်​သက်​မိခဲ့တဲ့ သိုင်းဝတ္ထုဇာတ်​လမ်းများကို လက်​ရာ​ကောင်းမွန်​​သေသပ်​စွာသီကုန်းနိုင်​ခဲ့တဲ့ စာ​ရေးဆရာကြီးကျင်းယုံရဲ့ လက်​ရာမွန်​များဖြစ်​​သော သိန်းငှက်​သူရဲ​ကောင်း အတွဲ(၂) နဲ့ သိုင်း​လောကရဲ့စိန်​​ခေါ်သံ တို့ကို channelmyanmar မှ သိုင်းချစ်​သူများအတွက်​ တင်​ဆက်​ပေးခဲ့ပြီးပါပြီ ယခုတစ်​ဖန်​ ပြန်​လည်​တင်​ဆက်​​ပေးချင်​တဲ့ သိုင်းဇာတ်​လမ်းတွဲတစ်​ခုက​တော့ ဆရာကြီးကျင်းယုံရဲ့လက်​ရာမွန်​တစ်​ခုဖြစ်​တဲ့ Dami-gods and semi-devils ပဲဖြစ်​ပါတယ်​ ကျ​​နော်​တို့ မြန်​မာပြည်​က သိုင်း​လောကသား​တွေက​တော့ စာအုပ်​အဖြစ်​ `လွမ်း​ငွေ့​ဝေဖြာ သိုင်းကမ္ဘာ´ လို့သိထားခဲ့ပြီး ဇာတ်​လမ်းအ​နေနဲ့လည်း `တိမ်​လွှာနဂါး သူရဲ​ကောင်းများ´အဖြစ်​သိရှိထားခဲ့ပြီးသားပါ သို့​ပေမယ့်​ ​ခေတ်​​ဟောင်းက သိုင်းဇာတ်​လမ်း​တွေကိုမှ ရင်​ခုန်​စိတ်​ ဝင်​စားတတ်​ကြတဲ့ သူ​တွေအတွက်​​ရော ခု​ခေတ်​ညီ/ညီမငယ်​တို့အတွက်​ပါ အပြင်​မှာ လုံးဝမရှိ​သလာက်​ရှားသွားပြီဖြစ်​တဲ့ ကြည်​​တောက်​ရှင်း ဗားရှင်းနဲ့တင်​ဆက်​​ပေးလိုက်​ပါတယ်​ခင်​ဗျာ:::::::: ဇာတ်​လမ်းကိုနည်းနည်း​လောက်​ညွှန်းစာပြရရင်​​တော့ တရုပ်​ပြည်​မကြီးထဲကို သီချင်း​လေးတစ်​​အေး​အေးနဲ့ အလည်​လာခဲ့တဲ့ ​ခေတန်​လူမျိုးမိသားစု​လေးတစ်​စုဟာ လမ်းခရီးမှာ ကြမ္မာငင်​စွာပဲ လူတစ်​စုရဲ့ရက်​စက်​စွာလုပ်​ကြံသတ်​ဖြတ်​ခြင်းခံခဲ့ရပါတယ်​ ::: ​နောက်​ သိုင်းပညာမသင်​ချင်​တဲ့အတွက်​ တလိပြည်​ကထွက်​​ပြေးလာခဲ့တဲ့ မင်းသား​လေးသွမ့်​လန်​::: ...


2003