Channel Myanmar

2019

Warrior Season 1+ 2 + 3 (2020) 8.3
Warrior Season 1+ 2 + 3 (2020) WarriorCM Fan တွေ အတွက် အကြမ်းစား Action Series တစ်ခုတင်ဆက်ပေးလိုက်ပါတယ်...ဇတ်လမ်းကတော့ အားစမ်း ဆိုတဲ့ ဖြူဖြူပျော့ပျော့ တရုတ်လေး တစ်ယောက်တရုတ်အလုပ်ကြမ်းသမားတွေ နဲ့ အတူ လှေကြီးတစ်စင်း နဲ့ ဆန်ဖရစ်စစ်စကို ကိုရောက်လာတဲ့ အချိန်က စတယ် ပြောရမှာပဲတစ်ခြား အလုပ်ကြမ်းသမားတွေ နဲ့ မတူတာက သူကအလုပ်ကြမ်း လုပ်ဖို့ လာတာမဟုတ်ပဲ လူတစ်ယောက်ကိုလာရှာတာပါ သူ့အနေနဲ့ ဒီမြို့ ရဲ့ တရုတ်တန်းကိုရောက်ဖို့ လိုနေပါတယ်...သိတဲ့ အတိုင်း အဖြူကောင်တွေက တရုတ်တွေကိုနှိမ်တဲ့ အတွက် သင်္ဘောဆိပ်မှာတင် အရာရှိ ၃ ယောက်ကိုဝင်းချွန်း သိုင်း နဲ့ အမှောက်ချလိုက်ပါတယ်...IP Man ကြည့်ဖူးတဲ့သူတွေဆို ဝင်းချွန်းသိုင်းကိုသိမှာပါဒီတရုတ်လေးက နယ်နယ်ရရ တော့ မဖြစ်နိုင်ဘူးအလုပ်သမားခေါင်း က အားစမ်း ရဲ့ လက်ရည်ကိုတွေ့သွားတော့ တရုတ်တန်း က တရုတ်လူမိုက်တွေဆီတဆင့် ထပ်ရောင်းလိုက်ပါတယ်...စလာကတည်းက ...
8.3
TMDb: 8.3/10 5,087 votes
tv

Warrior Season 1+ 2 + 3 (2020)

2019
Genndy Tartakovsky’s Primal (2009) 8.6
Genndy Tartakovsky’s Primal (2009) ဒီ Animated Series က R Rated လို့ ပြောလို့ရတယ် ဘာလို့ဆို အပိုင်းတိုင်း သွေးထွက်သံယို သတ်တာဖြတ်တာ တွေပဲ ပါလို့ပါ အချိန်ကာလ က ဒိုင်နိုဆော တွေ မျိုးမတုန်းမှီ ကျောက်ခေတ်ကို ဦးတည် ထားပါတယ် တစ်ရက်မှာ လူရိုင်းကြီး တစ်ယောက်က သူ့မိသားစု အတွက် အစာရှာရင်း အိမ်ပြန်လာခဲ့ပါတယ် ဒါပေမဲ့ မြင်ကွင်းက သူ့ရင်ကို ဆို့နင့်သွားစေတယ် အသားစား ဒိုင်နိုဆော တွေ ဟာ သူ့ မျက်စိရှေ့မှာပဲ သူ့ကလေးတွေ နဲ့ မိန်းကို အမဲဖြတ် တစစီ လုပ်ပြီး ဝါးမျိုလိုက်ကြပါတော့တယ် ဒီကနေ စပြီး သူ့ဘ၀ တလျှောက် ဘာတွေ ဆက်ဖြစ်မယ် ဆိုတာတော့ စိတ်ဝင်စားစရာပါပဲ ဒီဇတ်လမ်းတွဲ ဟာ ၁၀ ပိုင်းရှိပြီး IMDb Rating 8.7 ထိ ရရှိထားတာပါ ဆုတွေ ဆိုရင်လဲ Emmys ဆု ၃ ကြိမ်တိုင် ရရှိထားပြီး စကားလုံး၀ မပြော စာတမ်းမထိုးတဲ့ စီးရီးမို့ ဘာသာပြန်ခိုင်းခြင်း သည်းခံပါ :D   Season 1 Ep01 - Userdrive ...
8.6
TMDb: 8.6/10 1241 votes
tv

Genndy Tartakovsky’s Primal (2009)

2019
The Witcher (2019-2021) Season 1+ 2+3 9.3
The Witcher (2019-2021) Season 1+ 2+3 စူပါမန်းမင်းသား ဟင်နရီကဗေး ပါဝင်ထားတဲ့ နက်ဖလစ်ရဲ့ ဝစ်ချာ စီးရီးလာပါပြီနာမည်ကျော်စာအုပ်နဲ့ ဂိမ်းတွေကို အခြေခံထားတာမို့ အတော်ကောင်းမှာပါတိုက်ခိုက်ခန်းတွေက game of thrones ထက် ကြမ်းတမ်းတာကိုတော့ သတိပြုပါဝစ်ချာဆိုတာ မှော်ပညာနဲ့ ပြောင်းလဲခံထားရတဲ့လူသားတွေပါတိုက်ရည်ခိုက်ရည်ကောင်းပြီး အေးစက်စက် လူသားတွေပါပဲမှော်ပညာ အသေးစားနဲ့ဆေးရည်တွေကိုလည်း အသုံးချနိုင်ပါတယ်အောက်လမ်းနည်းနည်းဆန်လို့ လူတွေမုန်းတီးခံရပါတယ်သူတို့က သူရဲကောင်းမဟုတ် လူဆိုးမဟုတ်တွေပါပဲမိစ္ဆာကောင်တွေကို ကြေးစားလိုက်သတ်ပြိး အသက်မွေးပါတယ်ဒီစိးရီးမှာတော့ မိစ္ဆာတွေ စုန်းတွေ နတ်ဘုရားတွေ တိုင်းပြည်ကိစ္စတွေနဲ့ ဇာတ်လမ်းဖွဲ့ထားပဲ ဖြစ်ပါတယ်စုစုပေါင်း ၈ပိုင်းရှိပြီး ဆက်တိုက် တင်ပေးသွားပါ့မယ်(ဘာသာပြန်တင်ဆက်ထားသူတွေတော့ CM Team ပဲ ဖြစ်ပါတယ်)Quality – 720p / 1080 NF WEB-DLDuration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Action, Adventure, DramaTranslator – CM TeamEncoder ...
9.3
TMDb: 9.3/10 7 votes
tv

The Witcher (2019-2021) Season 1+ 2+3

2019
The Mandalorian (2019-2023) Season 1 + 2 + 3 9.1
The Mandalorian (2019-2023) Season 1 + 2 + 3 ဒစ်စနေးရဲ့ ပွဲဦးထွက် စတားဝါးစ် စီးရီးလာပါပြီ။ အတော်ကို လန်းပါတယ်။ စတားဝါးစ်ဖန်တွေ အကြိုက်တွေ့မှာပါ။ အထူးပြုလုပ်ချက်တွေနဲ့ အကောင်တွေ ယာဉ်တွေ လုပ်ထားတာ အတော်ကိုကောင်းပါတယ်။ စီးရီးဆိုပေမယ့် ရုပ်ရှင့်အဆင့်နီးပါး ဖန်တီးထားတာပါပဲ။ တိုက်ခိုက်ခန်းတွေကလည်း တကယ့် စတားဝါးအငွေ့အသက်ကို ရမှာပါ။ ကြည့်လေလေ သဘောကျလေလေပါပဲ။ ဇာတ်လမ်းကတော့ တစ်ပိုင်းထဲနဲ့ ကောင်းမကောင်း ပြောဖို့ခက်ပါသေးတယ်။ အပိုင်း ၁ ရဲ့ အခြေအနေအရတော့ မေးခွန်းတွေနဲ့ စိတ်ဝင်စားစရာ ကောင်းနေတုန်းပါပဲ။ ဒီစီးရီးရဲ့ အချိန်ကာလကတော့ စတားဝါးစ် ၆ - ရီထန်းအော့ဖ်သယ်ဂျဒိုင်း အပြီးကနေ စတင်ထားတာပါ။ ဆရာယိုးဒါး၊ အင်ပါယာ၊ ဒါ့သ်ဗိတ်ဒါတို့ သေဆုံးပြီးသွားခဲ့ပါပြီး။ ဆရာယိုးဒါးဟာ အသက် ၉၀၀ ဝန်းကျင်မှာ သေသွားခဲ့တာပါ။ ဒါကိုလည်း အကြောင်းရှိလို့ ပြောပြတာပါ။ စီးရီးရဲ့ နာမည် မန်ဒါလိုရီးယန်း ဆိုတာ စတားဝါးစ်ရဲ့ နာမည်ကျော် မျိုးနွယ်စု တစ်ခုနာမည်ပါပဲ။ သူတို့တွေဟာ နာမည်ကျော် ချပ်ဝတ်အင်္ကျီတွေနဲ့ တိုက်ခိုက်မှုကျွမ်းကျင်ကြလို့ ကျော်ကြားပါတယ်။ စတားဝါးစ် နံပါတ် ၅ အင်ပါယာ စထရိုက်ဘက်မှာ မိတ်ဆက်သွားတာကို တွေ့မှာပါ။ နောက်ပြီး စတားဝါး ၂ - ကလုန်းစစ်ပွဲမှာလည်း ပါပါတယ်။ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဘော့ဘာဖက်ထ်ရဲ့ ကာရိုက်တာကို လူကြိုက်များလာတဲ့အတွက် မန်ဒါလိုရီးယန်း ဇာတ်လမ်းတွေ ထပ်ပြီးပေါ်ပေါက်လာခဲ့တာပါပဲ။ ဒီအထဲမှာ ...
9.1
TMDb: 9.1/10 9,401 votes
tv

The Mandalorian (2019-2023) Season 1 + 2 + 3

2019
Queen: Love and War (2019) 7.1
Queen: Love and War (2019) Queen: Love and War (2019) နတ်သားလေးဘလူးဘယ်ရီ…အဲ ရမ်ဘရာရီပြီးသွားပြီဆိုတော့ နတ်သားပရိသတ်ကြီးအတွက် Kim Min-Kyu ရဲ့ နန်းတွင်းကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ “အစ်မဖြစ်သူကိုသတ်ခဲ့တဲ့ တရားခံကိုရှာဖွေဖို့အတွက် မိဖုရားဖြစ်ဖို့ကြိုးစားမယ့်အွန်းဘို နဲ့ ရုပ်ရည်ချောမောပြေပြစ်ပြီး ဉာဏ်ပညာထက်မြက်တဲ့ ရှင်ဘုရင်အီဂယောင်းတို့ရဲ့ နန်းတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်” ဖြစ်ပါတယ်။ အစ်မဖြစ်သူအတွက် လက်စားချေဖို့တစ်ခုတည်းနဲ့ မိဖုရားဖြစ်ဖို့ကြိုးစားနေတဲ့ အွန်းဘိုဟာ ငယ်စဉ်ကတည်းက မိန်းကလေးတစ်ယောက်တည်းကိုပဲချစ်မြတ်နိုးခဲ့တဲ့ မင်းကြီးအီဂယောင်းနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူ့ရဲ့လက်စားချေမှုခရီးလမ်းက ဘာတွေဆက်ဖြစ်သွားမလဲ။ သူလိုလားတဲ့လက်စားချေမှုကို တကယ်ပဲလုပ်ဆောင်နိုင်သွားပါ့မလား။မင်းကြီးနဲ့အွန်းဘိုတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုတွေဖြစ်တည်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် နန်းတွင်းအချစ်ဇာတ်ကားလေးဖြစ်လို့ ဘလူးဘယ်ရီပရိသတ်တွေလည်း အကြိုက်တွေ့ကြမှာပါ။အဓိကဇာတ်လိုက်တွေအဖြစ် Kim Min-Kyu နဲ့ Jin Se-Yeon တို့က ပါဝင်ထားကြတဲ့အတွက် ကြည့်လို့ကောင်းမှာအမှန်ပဲမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Laii, Joyz, Milkeux, Shin, Cali, MyoMyo တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Historical Quality…. 1080p | 720p File size… ...
7.1
TMDb: 7.1/10 5 votes
tv

Queen: Love and War (2019)

2019
Extraordinary You (2019) 8.496
Extraordinary You (2019) Extraordinary You (2019)KDrama လောကသားတွေထဲ 2019 တုန်းကထွက်ရှိခဲ့တဲ့ Extraordinary You ကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။"W:Two Words Apart"လိုမျိုး Webtoon နဲ့ လက်တွေ့ဘဝဆက်စပ်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့အတွက် Fantasy ကြိုက်သူတိုင်း ရင်းနှီးပြီးသားဇာတ်လမ်းလေးပါ။ချမ်းသာတဲ့မိသားစု‌နောက်ခံနဲ့ 17နှစ်အရွယ် အထက်တန်းကျောင်းသူလေး Eun Dan Oh ဟာ ကိုယ်တွေဘက်ကကြည့်ရင်‌တော့ Extraordinary You ရဲ့ အဓိကဇာတ်လိုက်ပါ။ဒါပေမယ့် Webtoon ဆရာ ရေးဆွဲထားတဲ့ကမ္ဘာမှာရှိတဲ့ Eun Dan Ohကတော့ နှလုံးရောဂါသည် ဇာတ်ပို့မလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။လက်တွေ့နဲ့ Webtoon ဆရာ ရေးဆွဲထားတဲ့ ဇာတ်ကွက်တွေကြား အချိန်အပိုင်းအခြားကို သတိပြုမိခဲ့တဲ့ Eun Dan Ohဟာ သူ့ရဲ့တကယ့်ဘဝက ဇာတ်ခုံပေါ်မှာရှိနေတာကိုသိရှိသွားပြီးတဲ့နောက် သူကိုယ်တိုင် ဇာတ်လိုက်ဖြစ်နေမယ့် လက်တွေ့ကမ္ဘာကြီးမှာလွတ်လွတ်လပ်လပ်ပဲ ရှင်သန်ဖို့ကြိုးစားပါတော့တယ်။ရှုပ်ထွေးတဲ့ Webtoonဇာတ်ကွက်တွေနဲ့ သူ့ရဲ့လက်တွေ့ဘဝကြားထဲ သေချာပေါက်‌ မင်းသားလေးနှစ်လက်ကပါ ရောယှက်ပါဝင်နေဦးမှာပါ။"July found by Chance"ဆိုတဲ့ Webtoonရဲ့ Live Action လည်းဖြစ်သလို တခြား school ...
8.496
TMDb: 8.496/10 119 votes
tv

Extraordinary You (2019)

2019
Unique Lady (2019) 7
Unique Lady (2019) အခုတစ်ခေါက် CMကတင်ဆက်ပေးသွားမယ့် ဇာတ်လမ်းလေးကတော့သမားရိုးကျဇာတ်အိမ်တွေနဲ့မတူပဲ တမူထူးခြားတဲ့ဇာတ်အိမ်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်ပါအဓိကဇာတ်ကောင်တွေအနေနဲ့ ပါဝင်ထားသူတွေကတော့Zhong Wu Mei အဖြစ်မင်းသားချောလေး Gong Junနဲ့Lin Luo Jingအဖြစ်မင်းသမီးချောလေး Jade Chengတိုကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကြောင်းလေးကတော့...Lin Luoဆိုတဲ့ ကောင်မလေးဟာ စာလေ့လာရင်လေ့လာ မဟုတ်ရင်လည်းဂိမ်းဆော့ပြီးအချိန်ကုန်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ dating lifeကြီးကြောင့်စိတ်ရှုပ်ထွေးနေ‌ချိန်မှာ သူငယ်ချင်းတစ်ယောက်ကdating ဂိမ်းအသစ်တစ်ခုကိုဆော့ကြည့်ဖို အကြံပေးလာခဲ့ပါတယ်။အဲဒီဂိမ်းအသစ်က တခြားဂိမ်းတွေနဲ့မတူပဲ ဂိမ်းစပြီဆိုတာနဲ့ ကစားသမားတွေကိုဂိမ်းထဲကိုပိုလိုက်ပြီး ကိုယ့်အတွက်အချစ်စစ်ကို မတွေ့ရမချင်း ဂိမ်းထဲနေထွက်လိုမရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ဂိမ်းရဲ့ခက်ခဲမှု အဆင့်ရွေးချယ်ချိန်မှာ Lin Luo တစ်ယောက် မတော်တဆအခက်ခဲဆုံးအဆင့်ကိုရွေးချယ်မိလိုက်ပါတယ် ဂိမ်းကိုနိုင်အောင်ဆော့ဖိုကတော့ငါးကြိမ်ကြိုးစားခွင့်ရှိပြီး သူ့ရဲ့ ဂိမ်းဇာတ်ကောင်ကတော့ အမတ်ချုပ်ကြီးရဲ့သမီးဖြစ်ပါတယ်။ဂိမ်းလေးထဲမှာဆိုရင် ဓားနတ်ဘုရား၊တော်ဝင်သက်တော်စောင့်၊ချမ်းသာသ‌လို ရည်းစားလည်းများတဲ့သူ ၊မာနကြီးတဲ့မင်းသားလေးတိုလို ဆွဲဆောင်မှုရှိတဲ့ ယောက်ျား‌ေတွနဲ့ တွေ့ဆုံရမှာပါLuo Jingကတော့ စစချင်းမှာ ဒီဂိမ်းကိုအရမ်းအံ့အားသင့်သ‌ဘောကျသွားကာသူ့နောက်ကွယ်မှာ ကြိုတင်စီစဉ်ထားတဲ့အစီအစဉ်တွေကို ဘာမှမသိ‌လေဘဲကောင်လေးတွေကို ဘယ်လိုဘယ်ပုံစွဲလမ်းသွားမလဲ ဘယ်လိုမျိုးအချစ်စစ်ကိုရှာဖွေမလဲဆိုတာကိုဒီဇာတ်လမ်းလေးမှာ ဟာသလေးနှောပြီးစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်[Reviewed by Cherry Aung]Quality : WEB-DL 720p,1080pTotal Episodes ...
7
TMDb: 7/10 2 votes
tv

Unique Lady (2019)

2019
Someday or One Day (2019) 8.8
Someday or One Day (2019) Someday or One Day (2019)“ရှင် ဘယ်ရောက်နေလဲ? ကျွန်မကိုမေ့သွားပြီလား ? ကျွန်မမွေးနေ့မှာ အမြဲတမ်းရှိနေမယ်ဆို.... ကျွန်မနဲ့ ဘယ်တော့မှမခွဲတော့ဘူးဆို... ပုံပြင်တွေပြောခဲ့တဲ့ ရှင်ရယ်... အခုတော့ ဘယ်ရောက်နေပြီလဲ? ကျွန်မလွမ်းတယ်.. ရှင့်ကို အရမ်းအရမ်းလွမ်းပါတယ်....”ဟွမ်ယွီရွှမ်းဟာ သူအရမ်းချစ်ရတဲ့ချစ်သူ ဝမ်ချွမ်ရှန့်ကို လွန်ခဲ့တဲ့နှစ်နှစ်က ဆုံးရှုံးခဲ့ပြီး စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ တစ်နှစ်ကျော်လောက်ကို ပြိုလဲခဲ့ရပါတယ်။ အခုမှစိတ်သစ်လူသစ်နဲ့ အလုပ်ပြန်လုပ်နိုင်တာပါ။ အများအမြင်မှာ အဆင်ပြေနေပေမယ့် ချစ်သူကိုသတိရစိတ်က အချိန်ပြည့်စိုးမိုးထားတဲ့ အချစ်ကြီးသူတစ်ယောက်ပေါ့။တစ်နေ့မှာ အကြားအမြင်ဆရာမနဲ့ စကားပြောဖြစ်တော့ ဟွမ်ယွီရွှမ်းကို နံပါတ် ၃၂ နဲ့ပတ်သက်ပြီး အာရုံရတယ်လို့ပြောခဲ့ပါတယ်။ သူရှာဖွေနေတဲ့ အရေးကြီးဆုံးအရာကို နံပါတ် ၃၂ နဲ့ဆက်စပ်ပြီး ရှာတွေ့နိုင်ပါတယ်တဲ့။ သိပ်အလေးမထားခဲ့ပေမယ့် သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက နံပါတ် ၃၂ နဲ့တိုက်ဆိုင်နေပါတယ်။အဲ့ဒါအပြင် သူနဲ့တစ်ပုံစံတည်းတူတဲ့ကောင်မလေးက ဝမ်ချွမ်ရှန့်နဲ့တစ်ပုံစံတည်းတူတဲ့ကောင်လေးနဲ့ ၃၂ အခွေဆိုင်ရှေ့မှာ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို အင်တာနက်ပေါ်ကနေ ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီဓါတ်ပုံကနေ စတင်လိုက်တဲ့ လျှို့ဝှက်ချက်တွေ၊ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့အတူ ဟွမ်ယွီရွှမ်းတစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့နော်...ဒီကားလေးက Parallel Universe နဲ့ Time ...
8.8
TMDb: 8.8/10 25 votes
tv

Someday or One Day (2019)

2019
Carnival Row (2019)+ Season-2 7.8
Carnival Row (2019)+ Season-2 Carnival Row (2019) Burgue မှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေ..... အသတ်ခံလိုက်ရတဲ့လူတိုင်းကလည်း Fae(ဖေး) လို့ ခေါ်တဲ့ မိန်းမပျိုလေးတွေချည်း ဖြစ်နေတဲ့အခါ..... ဒါကို စုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်ဖိုင်လို..... မိမိရဲ့နေရပ်ကို စွန့်ခွာလာတဲ့ "ဖေး" မလေး ဗင်ညက်.... သူတို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ..... သူတို့ကြားမှာ ရှိနေတဲ့ဇာတ်လမ်းက.....ဘာလဲ? လူသတ်မှုတွေကရော ပေါ်ပေါက်လာပါ့မလား? လူတန်းစား၊ မျိုးနွယ်စု ကွာခြားမှုတွေနဲ့အတူ ဇာတ်ရဲ့မြှုပ်ကွက်တွေက ဘာတွေဖြစ်မလဲ? တစ်ပိုင်းထက်တစ်ပိုင်း စိတ်ဝင်စားဖို့ကောင်းပါတယ် မင်းသားက Orlando Bloom မင်းသမီးက Cara Delevigne (Suicide Squad ထဲက Enchantress) တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီးတော့ IMDb - 8/10 ရထားတဲ့ ဇာတ်လမ်းတွဲ တစ်တွဲ ဖြစ်ပါတယ်။   File size…350-450mb Quality…720p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…56min Subtitle….Myanmar Subtitle (Hardsub) Encoder… Mr Anderson Translator…Act Molemy     SEASON-2 Episode 1 720p  -  Yoteshin / Megaup ...
7.8
TMDb: 7.8/10 80 votes
tv

Carnival Row (2019)+ Season-2

2019
Justice(2019) 7
Justice(2019) Justice(2019)************အပိုင်း (၁ မှ ၁၆) အထိ စ/ဆုံးဒီတစ်ခါတော့ ဥပဒေတွေ အမှုကိစ္စရေးရာတွေနဲ့ ပတ်သက်နေပေမဲ့ အဓိကဇာတ်ကောင်ကကောင်းတဲ့ဘက်ကရပ်တည်တာမျိုးမဟုတ်ဘဲ အကျင့်ပျက်ခြစားပြီး ကိုယ်ကျိုးပဲကြည့်တဲ့သူဖြစ်ပါတယ်..ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်လမ်းတွဲလေးတစ်ခုကို CM ကထပ်မံတင်ဆက်ပေးလိုက်ပါပြီလူငယ်ဘဝမှာ ညီဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ လက်စားပြန်ချေမယ်ဆိုတဲ့စိတ်နဲ့ရှေ့နေဖြစ်ဖို့ကြိုးစားလာခဲ့သူ အီထယ်ဂယောင်း (ချွဲဂျင်ဟျော့) ဒီနယ်ပယ်မှာကျင်လည်လာတာနဲ့အမျှ ငွေနောက်လိုက်ပြီး ထိပ်တန်းရှေ့နေတစ်ယောက်အဖြစ် လမ်းမှားကိုရောက်မှန်းမသိရောက်လာခဲ့တဲ့သူ သူ့ကို လူချမ်းသာဘော်ကြော့ ရာဇဝတ်ကောင်တွေနဲ့ ချိတ်ဆက်အမှုအပ်ပေးသူက ဘုမ်ဂျွန်ဆောက်လုပ်ရေးပိုင်ရှင် ဆုန်းဝူယွန်း(ဆွန်းဟျွန်းဂျူ)သူတို့နှစ်ယောက် Elite လူတန်းစားတွေနဲ့ လက်တွဲပြီး ကြီးပွားချမ်းသာလာရင်းနဲ့တစ်နေ့မှာတော့ ဖျော်ဖြေရေးအေဂျင်စီတစ်ခုက တက်သစ်စမင်းသမီးလေးတွေပျောက်ဆုံးသေဆုံးမှုနဲ့ဆက်စပ်နေတဲ့ အမှုတစ်ခုကို ကိုင်ဖို့ဖြစ်လာရာကသူတို့နှစ်ယောက်ကြား သဘောထားမတူမှုတွေ စပြီးဖြစ်ပေါ်လာပါတယ်အဲအမှုရဲ့ကြိုးစက ဘယ်အထိဆက်သွားမလဲ ဘယ်သူတွေနဲ့ပတ်သက်နေမလဲဆိုတာကိုတော့ဇာတ်လမ်းတွဲမှာပဲ စီးမြောကြည့်ရှုပြီးတော့ အဖြေရှာနိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျ Episodes: 16File Size:900MB, 350MBQuality :Web-DL  1080p,720PGenres:  Thriller, Mystery, Law, DramaTranslated by  Ei Phyu Khin, Khine Khine Wai, Phyu ...
7
TMDb: 7/10 1 votes
tv

Justice(2019)

2019
Modern Love (2019) 7.4
Modern Love (2019) Modern Love - Season 1 (2019)New York Times သတင်းစာမှာ Modern Love Column ဆိုတဲ့ ကဏ္ဍတစ်ခု ရှိပါတယ်။ အချစ်ဟောင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ ဖြတ်တောက်လို့ မရတဲ့ သံယောဇဉ်ကြိုးတွေ၊ အဆင်မပြေတော့တဲ့ ဆက်ဆံရေးတွေ၊ နူးညံ့သိမ်မွေ့သလောက် နက်နဲရှုပ်ထွေးတဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေ... စတာတွေကို အပတ်စဉ်တင်ဆက်ပေးတဲ့ အစီအစဉ်ပါ။အဲဲဒီ column က ဇာတ်လမ်းတွေကို Inspire ယူပြီး Amazon Studios က Modern Love ဆိုတဲ့ ဒီစီးရီးကို ဖန်တီးထားတာပါ။စီးရီးထဲမှာ တစ်ပိုင်းကို ဇာတ်လမ်းတစ်ပုဒ်စီနဲ့ အပိုင်း(၈)ပိုင်း ပါဝင်ပြီး ဝတ္တုတိုကောင်း (၈)ပုဒ်ကို ဇိမ်နဲ့ ထိုင်ဖတ်နေရသလိုမျိုး တစ်ပိုင်းကို ရသ တစ်မျိုးစီ ခံစားရမှာပါ။New York Times ရဲ့ column က ဇာတ်လမ်းတွေ ဖြစ်တာနဲ့အညီ ဇာတ်လမ်းဇာတ်ကွက်တွေက ပေါပေါပဲပဲ မဟုတ်သလို Cast တွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း မင်းသမီးကြီး Jane ...
7.4
TMDb: 7.4/10 242 votes
tv

Modern Love (2019)

2019
Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3 8.03
Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3 Pennyworth: The Origin of Batman's Butler=====================================Pennyworth လို့ဆိုလိုက်တာနဲ့ စူပါဟီးရိုးဖန်တိုင်း ပြေးသတိရသွားမယ့်လူတစ်ယောက်ရှိပါတယ်။ တခြားတော့မဟုတ်ပါဘူး၊ Wayne စံအိမ်‌တော်ရဲ့အိမ်တော်ထိန်းကြီး Alfred Pennyworth ပါပဲ။ DC ဟာ နှစ်အဆက်‌ဆက်Bruce Wayne နဲ့ Batman ကို လူအမျိုးမျိုး ပြောင်းရိုက်ခဲ့ပြီးပြီ။ဘတ်မန်းဇာတ်လမ်း‌မျိုးစုံကိုလည်း ကြုံခဲ့ရပြီးပြီ။ အသိသာကြီးလိုက်ဖက်လွန်းတဲ့ Bruce Wayne နဲ့ Batman တွေကို မြင်ခဲ့ရသလိုခွီစရာ လှောင်စရာဖြစ်သွားစေတဲ့ Batman တွေကိုလည်း ကြုံခဲ့ရပြီ။အဲဒီလို ရုပ်ရှင်သမိုင်းရဲ့ ဘရုစ်ဝိန်းအမျိုးမျိုး ဘတ်မန်းအမျိုးမျိုးတိုင်းမှာAlfred Pennyworth ဇာတ်ကောင်ဟာ ချွင်းချက်မရှိ လူကောင်းတွေချည်းဖြစ်ခဲ့သလို မေ့မရနိုင်စရာမင်းသားကြီး‌တွေချည်းပါပဲ။ Alfred ဟာဝိန်းစံအိမ်တော်ရဲ့ သစ္စာရှိ အိမ်တော်ထိန်းကြီးဆိုလည်း ဟုတ်တယ်။ဘရုစ်ဝိန်းရဲ့ ခေါင်းကိုင်အဖေဆိုလည်း ဟုတ်တယ်။ လင်းနို့လူသားရဲ့လူယုံတော်ဆိုလည်း ဟုတ်ပါတယ်။ ဘရုစ်ဝိန်းရယ်လို့ Gotham မြို့မှာ နာမည်တစ်လုံးနဲ့ဖြစ်လာအောင်၊ လင်းနို့လူသားဆိုပြီး လူဆိုးတိုင်းရဲ့အိပ်မက်ဆိုးတစ်ခု ဖြစ်‌လာအောင်က ...
8.03
TMDb: 8.03/10 264 votes
tv

Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3

2019
Creepshow – Season 01 7.6
Creepshow – Season 01 ကဲ ..... Horror ကား ကောင်းကောင်း ကြိုက်သူမျာအတွက် လာပါပြီဗျာ။ လာတာမှ တစ်ကားတည်း မဟုတ်ဘူး ခင်ဗျ။ တစ်ဒါဇင်တိတိပါ။ စုစုပေါင်း သည်းထိတ်ရင်ဖို ဇာတ်လမ်း ၁၂ ပုဒ် ပါပါမယ်။ တစ်ပိုင်း ကို ၂ ပုဒ် နှုန်းနဲ့ ၆-ပိုင်းတိတိ ပါတဲ့ ဇာတ်လမ်းတွဲပါ။ ကျွန်တော်တော့ ဘယ်လိုခံစားရလဲဆိုတော့ ငယ်ငယ်က ဒဂုန်ရွှေများ ဝတ္ထုတွေ ဖတ်ရသလိုပါပဲ။ တစ်ပိုင်းချင်းစီကို ရင်တထိတ်ထိတ် နဲ့ ကြည့်နေရတာပါ။ တစ်ပိုင်းချင်းစီရဲ့ ဇာတ်လမ်းတိုင်းကလည်း အချိန်သာတိုပေမယ့် ဇာတ်လမ်းဇာတ်အိမ်ကတော့ ခိုင်မာပါတယ်။ ဘာလို့ ခိုင်မာလဲဆိုတော့ အဓိက က Stephen King ရဲ့ ဝတ္ထုတချို့ကို အခြေခံပြီး အခြားသည်းထိတ်ရင်ဖို စာရေးဆရာတွေရဲ့ လက်ရာတွေနဲ့ ဝန်းရံထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်နေလို့ပါ။ တစ်ကားနဲ့တစ်ကားက အဆက်အစပ်မရှိတဲ့အတွက် တစ်ပုဒ်ချင်းစီ ခံစားလို့ ရပါတယ်။ Creepshow 1 နဲ့ 2 ကို ရုပ်ရှင်ထွက်ခဲ့ဖူးတဲ့အတွက် ဒါကို ကြည့်ဖူးတဲ့လူတွေကတော့ အကြောင်းသိပြီးသားဖြစ်မှာပါ။ မကြည့်ဖူးသေးတဲ့လူတွေအတွက်ကတော့ ........... Jumpscare တွေ ပါပါမယ်။ သွေးထွက်သံယိုတွေ ပါပါမယ်။ R-rated ပါ။ အသည်းငယ်သူများ ကလေးသူငယ်များ မကြည့်သင့်ပါ။ ၂၀၁၉ ခုနှစ်က ...
7.6
TMDb: 7.6/10 23 votes
tv

Creepshow – Season 01

2019
Real High School Romance Season 2 (2019) 7
Real High School Romance Season 2 (2019) Real High School Romance Season 2 (2019)“၂၀ ဝန်းကျင်အရွယ်လူငယ်လေးတွေရဲ့ ပထမဆုံး နွေရာသီ ရိုမန့်ခရီးစဉ်”Real High School Romance ဆိုတဲ့ Dating Show ချိုချိုလေး Season 2 လာပါပြီQueen's Umbrella ထဲက အိမ်ရှေ့စံမင်းသား စူစူလေး (Moon Sang Min) လည်းပါတာမို့ အပြေးကြည့်ဖို့ တန်းစီလို့ရပြီနော်အသက် ၂၀ ဝန်းကျင်လေးတွေအတူတူ နွေရာသီခရီးတိုလေး ထွက်ဖြစ်ကြတဲ့အခါ ဘယ်လိုရိုးသားပြီး ရိုမန့်တစ်ဆန်တဲ့ ခရီးစဉ်လေးဖြစ်လာမလဲ သူတို့ရဲ့နှလုံးသားမှာဘယ်သူကနေရာယူလာမှာလဲ ဆိုတာကို အတူရင်ခုန်စွာကြည့်ဖို့အတွက်CM ကတင်ဆက်ပေးလိုက်ပါတယ်နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p File size… 300MB Format… mp4 Duration….16 min Episodes.....20 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... CM ...
7
TMDb: 7/10 20 votes
tv

Real High School Romance Season 2 (2019)

2019
His Dark Materials (2022)( Season 1+2+3 ) 8
His Dark Materials (2022)( Season 1+2+3 )   His Dark Materials ဆိုတဲ့ series ကတော့ ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ၀က်ဝံနှစ်ကောင်ဖိုက်ကြတဲ့ the golden compass ဆိုတဲ့ကားရဲ့ extended series ပေါ့ ဒီဇာတ်လမ်းအခြေတည်ထားတဲ့ Universe ကိုကအဆန်း လူတွေက ရုပ်နဲ့ နာမ် ပေါင်းစည်းနေရမဲ့အစား သူတို့ နာမ် တနည်းအားဖြင့် soul က တိရစ္ဆာန်တွေအဖြစ်တည်ရှိနေတယ် လူတိုင်းမှာ soul creature တစ်​ကောင်စီရှိကြတယ် အဲ့ soul creature ကို daemon လို့ခေါ်တယ် daemon တွေဟာ သူ့ခန္တာပိုင်ရှင် စိတ်နေသဘောထားအတိုင်း form အမျိုးမျိုးလိုက်ပြောင်းကြတယ် ခန္တာပိုင်ရှင် အရွယ်ရောက်သွားမှ သူတို့နောက်ဆုံး form မှာပဲအနည်ထိုင်သွားကြတယ် ဇာတ်လမ်းအစမှာကတည်းက လိုင်ရာဆိုတဲ့ကောင်မလေးနဲ့ သူ့ daemon ကိုတွေ့ရမှာပါ series ဖြစ်တဲ့အတွက် plot ပိုင်းတော့သိပ်မပြောတော့ဘူး extraordinary ဖြစ်တဲ့ story ကိုမှကြည့်ချင်သူတွေအတွက်တော့ရှယ်ပဲ တစ်ကားလုံးအဆန်းတွေကြီး harry potter တို့လိုမဟုတ်ပဲ other universe တစ်ခုကိုရောက်သွားတဲ့ feel မျိုးရစေမှာပါ rating ကလဲ IMDb မှာ 8.7 rotten tomatoes မှာ 83% လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ ကြည့်သင့်တဲ့ series ...
8
TMDb: 8/10 1219 votes
tv

His Dark Materials (2022)( Season 1+2+3 )

2019
The Light in Your Eyes(2019) 8.1
The Light in Your Eyes(2019) The Light in Your Eyes(2019)========================Lee Joon Ha (Nam Joo Hyuk) က သတင်းထောက်တစ်ယောက်ဖြစ်ချင်ခဲ့ပြီး အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေသူတစ်ယောက်ပါKim Hye Ja (Han Ji Min)ကတော့ သတင်းကြေငြာသူဖြစ်ဖို့ ကြိုးစားနေသူပါHye Ja ဟာ ငယ်ငယ်က ..အချိန်တွေကို နောက်ပြန်ဆုတ်ပြီး ဖြစ်နေတဲ့အရာတွေကို ပြန်ပြင်နိုင်စွမ်းရှိတဲ့နာရီလေးတစ်လုံးကို အမှတ်မထင် ကောက်တွေ့ခဲ့ရဖူးတယ် ..အဲ့နာရီကို သုံးတဲ့ဆိုးကျိုးကတော့ တစ်ခါသုံးတိုင်း သူမဟာ အသက်တဖြည်းဖြည်းပိုကြီးလာတာပါပဲ အသက် 25 နှစ်အရွယ် သူမကတစ်နေ့မှာတော့ အဖေဖြစ်သူရဲ့ ကားမတော်တဆမှုကို ကယ်တင်နိုင်ဖို့နာရီကို အကြိမ်ပေါင်းများစွာလှည့်ခဲ့မိပြီး သူမကိုယ်တိုင်အသက် 70 အဘွားအရွယ်ကို ရောက်သွားတဲ့အခါ ......ဒီဇာတ်လမ်းလေးက အချိန်အားလုံးကို ဆုံးရှုံးခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးနဲ့တောက်ပတဲ့အချိန်တွေ စွန့်လွှတ်ခဲ့ပြီး မျှော်လင့်ချက်မဲ့စွာနေခဲ့ရတဲ့အမျိုးသားတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်ဘဝဇာတ်ကြောင်းကို ဆွေးဆွေးအေးအေးလေးနဲ့ ကြည့်ရတဲ့melodrama လေးဖြစ်သလို တစ်ခါတစ်လေ အလွဲအချော်လေးတွေနဲ့ရယ်နေရတဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

The Light in Your Eyes(2019)

2019
Wayne (2019) Complete 8.309
Wayne (2019) Complete Wayne 2019IMDb - 84 % , RT Rating 100%Now we're talking ရဲ့ Producer , Man Up ! ရဲ့ writer ဖြစ်တဲ့ Shawn Simons ရဲ့ ခပ်ကြမ်းကြမ်း Action Comedy series ကောင်းလေးလာပါပြီ။ One of Us is lying ထဲက မင်းသားချောလေး ( ရှယ်ချောပလန်နဲ့ကိုချောတဲ့ ) Mark McKenna နဲ့ Open season , Ice Age , Penguinsတွေထဲမှာ voice actorအဖြစ် သရုပ်ဆောင်ဖူးတဲ့ မင်းသမီးချောကလေး Ciara Bravoတို့အတူတူပါဝင်သရုပ်ဆောင်ထားပါတယ်။ဝိန်းဆိုတဲ့ကောင်လေးက ၅နှစ်သားအရွယ်ထဲက အမေဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး ကင်ဆာဖြစ်နေတဲ့အဖေဖြစ်သူနဲ့အတူ နေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ဘဝထဲကို ဒယ်လိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လို့လာပါတယ်။ ဝိန်းတစ်ယောက် သူ့အဖေဖြစ်သူကင်ဆာနဲ့ဆုံးပါးသွားပြီးနောက်မှာ သူ့အမေယူသွားတဲ့ ...
8.309
TMDb: 8.309/10 324 votes
tv

Wayne (2019) Complete

2019
Doom Patrol Season 1 (2019) 4
Doom Patrol Season 1 (2019) Doom Patrol Season 1 (2019) DCUရဲ့ Superheroes seriesပါ။Titans seriesတစ်ပိုင်းမှာပါဝင်ထားပြီးသားဖြစ်ပါတယ်။ဒီလူတွေကို Team တစ်ခုအနေနနဲ့ထွက်လာဖို့မျှော်လင့်ခဲ့တာအခုတော့ မျှော်လင့်ချက်ပြည့်ခဲ့ပါပြီ...ရူးသွပ်တဲ့သိပ္ပံပညာရှင်တစ်ယောက်ရဲ့ဖန်တီးမှုတွေကနေ ပေါ်ထွက်လာတဲ့စွမ်းအားရှင်လူသားအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။အဖွဲ့ဝင်တစ်ယောက်စီမှာ ချို့ယွင်းချင်ကိုယ်စီရှိကြသလို ဇာတ်လမ်းကိုယ်စီနဲ့ပါ။မတော်တဆမှုတစ်ခုကျောက် ပြစ်ချွဲချွဲမိစ္ဆာတစ်ကောင်အဖြစ်ပြောင်းသွားတဲ့1950ခုနှစ်ကမင်းသမီး Rita Farrကားမှောက်ရာကနေ ဦးနှောက်တစ်ခုပဲအကောင်းအတိုင်းရှင်ကျန်ရစ်ရာကနေChiefရဲ့ကူညီမှုကြောင့် Robotmanဖြစ်သွားတဲ့ Cliffအာကာသယာဉ်မတော်တဆမှုကြောင့် Negative Manဖြစ်သွားရတဲ့ Larryလူတစ်ကိုယ်တည်းနဲ့စိတ်အမျိုးမျိုးဖြစ်နေတဲ့ Crazy Jameနဲ့ Cyborgတိူ့ပါဝင်မှာဖြစ်ပါတယ်။ယခုတစ်ပတ်အပိုင်းမှာတော့ Cyborgမပါသေးပါဘူး။လူတွေနဲ့ဝေးရာအရပ်မှာနေထိုင်ရင်းနဲ့ တစ်နေ့မှာ သူတို့ရဲ့ခေါင်းဆောင်မရှိတုန်းအပြင်လောကကြီး ထွက်လည်လိုက်ရာကနေပြဿနာတွေကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားခဲ့ပါတော့တယ်။ Translator : Ye Man AungEncoder : May Pyae Sone Oo Season - 1 (Completed) Zip File - Yoteshin / Megaup / CM Links
4
TMDb: 4/10 2 votes
tv

Doom Patrol Season 1 (2019)

2019
Doom Patrol Season (2)+ Season(3)+Season(4) 7.2
Doom Patrol Season (2)+ Season(3)+Season(4) Season 1Doom Patrol Season 1 (2019) DCUရဲ့ Superheroes seriesပါ။Titans seriesတစ်ပိုင်းမှာပါဝင်ထားပြီးသားဖြစ်ပါတယ်။ဒီလူတွေကို Team တစ်ခုအနေနနဲ့ထွက်လာဖို့မျှော်လင့်ခဲ့တာအခုတော့ မျှော်လင့်ချက်ပြည့်ခဲ့ပါပြီ...ရူးသွပ်တဲ့သိပ္ပံပညာရှင်တစ်ယောက်ရဲ့ဖန်တီးမှုတွေကနေ ပေါ်ထွက်လာတဲ့စွမ်းအားရှင်လူသားအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။အဖွဲ့ဝင်တစ်ယောက်စီမှာ ချို့ယွင်းချင်ကိုယ်စီရှိကြသလို ဇာတ်လမ်းကိုယ်စီနဲ့ပါ။မတော်တဆမှုတစ်ခုကျောက် ပြစ်ချွဲချွဲမိစ္ဆာတစ်ကောင်အဖြစ်ပြောင်းသွားတဲ့1950ခုနှစ်ကမင်းသမီး Rita Farrကားမှောက်ရာကနေ ဦးနှောက်တစ်ခုပဲအကောင်းအတိုင်းရှင်ကျန်ရစ်ရာကနေChiefရဲ့ကူညီမှုကြောင့် Robotmanဖြစ်သွားတဲ့ Cliffအာကာသယာဉ်မတော်တဆမှုကြောင့် Negative Manဖြစ်သွားရတဲ့ Larryလူတစ်ကိုယ်တည်းနဲ့စိတ်အမျိုးမျိုးဖြစ်နေတဲ့ Crazy Jameနဲ့ Cyborgတိူ့ပါဝင်မှာဖြစ်ပါတယ်။ယခုတစ်ပတ်အပိုင်းမှာတော့ Cyborgမပါသေးပါဘူး။လူတွေနဲ့ဝေးရာအရပ်မှာနေထိုင်ရင်းနဲ့ တစ်နေ့မှာ သူတို့ရဲ့ခေါင်းဆောင်မရှိတုန်းအပြင်လောကကြီး ထွက်လည်လိုက်ရာကနေပြဿနာတွေကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားခဲ့ပါတော့တယ်။ Season 2DC Universe ရဲ့ ပေါက်ကရလူထူးဆန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ Doom Patrol တို့ အဖွဲ့ ပြန်လာပါပြီ။ Season 1 အဆုံးမှာ Mr.Nobody နဲ့ ရင်ဆိုင်ပြီးတဲ့နောက် ပန်းချီကားထဲကနေ ပြန်ထွက်လာကြတဲ့အခါ အားလုံးက Danny Street အပါအဝင် အားလုံးက ပိစိကွေးလေးတွေဖြစ်သွားကြပါတယ်။First Episode မှာတော့ အဲဒီပိစိကွေးလေးတွေဘဝနဲ့ သူတို့တွေ ...
7.2
TMDb: 7.2/10 441 votes
tv

Doom Patrol Season (2)+ Season(3)+Season(4)

2019