Channel Myanmar

2022

Be Mbitious (2022)
Be Mbitious (2022) Be MbitiousMNet ရဲ့နာမည်ကြီး Street Woman Fighter အစီအစဉ်ကို မှတ်မိကြတယ်မလား?မမတွေရဲ့အပြိုင်ကြဲခဲ့ကြတဲ့ Dance တွေကို အဟောင်းသားကြည့်ခဲ့ကြရတယ်လေအခု ဒီ Be Mbitious show ကတော့ Street Man Fighter ကို မဝင်ခင်လုပ်တဲ့အယောက်၄၀ Pre audition show မျိုးပဲဖြစ်ပြီး ဒီမှာsurviveဖြစ်တဲ့သူတွေက SMF အနေနဲ့ ပါဝင်ရမှာပဲဖြစ်ပါတယ်Applicant အယောက်၄၀ ပါဝင်မှာဖြစ်ပြီးဒီshowမှာထူးခြားတာကတော့ dancer နယ်ပယ်တွေတင်မကဘဲတစ်ချိန်က idolဖြစ်ခဲ့တဲ့သူတွေရော လက်ရှိidolလုပ်နေတဲ့သူတွေထဲကအကကိုတကယ်နှစ်သက်တဲ့သူတွေ ပါဝင်လာကြတာပဲဖြစ်ပါတယ်ဒီshowက အယောက်လေးဆယ်ထဲက idol applicant တွေကတော့ PENTAGON - Kino KARD - BM HOTSHOT - Roh Tae Hyun ONF - U INFINITE - Hoya တို့ပဲဖြစ်ပါတယ် ဒါ့အပြင် SM ရဲ့ choreographer - Kasper နဲ့Single inferno ...

Be Mbitious (2022)

2022
Juvenile Delinquency S01 (2022) [Complete]
Juvenile Delinquency S01 (2022) [Complete] Juvenile Delinquency S01 (2022) ဇာတ်လမ်းတွဲအညွှန်း အပိုင်း - ၁၀ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) ကဲ ဒီတစ်ခါမှာတော့ All of Us are Dead ဇွန်ဘီကားနဲ့ အားလုံးရဲ့အသည်းကို ခြွေချသွားတဲ့ တက်သစ်စ မင်းသားလေး ယွန်းချန်းယောင်းရဲ့ လူငယ်ကားသစ်လေးတစ်ကားကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကလည်း လူငယ်ကားလေးဖြစ်ပေမဲ့ AOUAD နဲ့မတူညီတဲ့ Vibe မျိုးရမဲ့ ကားလေးဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲ ဆေးခြောက်/မူးယစ်ဆေးကို သေချာကွက်ကွက်ကွင်းကွင်းရိုက်ပြထားမဲ့ ဇာတ်အိမ်မျိုးဖြစ်တာကြောင့် ဆန်းသစ်ပြီး ကြည့်ရတာတမျိုးထူးနေမှာပါ။မင်းသမီးလေးကလည်း မျက်နှာသစ်ဖြစ်တဲ့အပြင် လူအများမှတ်မိမဲ့ ဇာတ်ကောင်ကတော့ A Year-End Medley ဇာတ်လမ်းထဲက ကောင်လေးတွေကြိတ် Crush ခြင်းခံရတဲ့ "အင်မ်အာယောင်း" ဆိုတဲ့ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီမင်းသမီးလေးနဲ့ အသည်းကျော်ချန်းယောင်းတို့ ဘယ်လိုအတွဲညီညီနဲ့ ပိုင်နိုင်တဲ့ သရုပ်ဆောင်ပညာတွေကို ချပြမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးဗျ။ ဇာတ်လမ်းအကျဉ်းကတော့...လူငယ်သဘာဝ ကျောင်းတက်ပြီးပျော်ရွှင်နေရမဲ့ ဆယ်ကျော်သက်အရွယ်ဖြစ်သူ "ဂယောင်ဒါဂျောင်း" ဆိုတဲ့ကောင်မလေးက ကိုယ့်မိဘအရင်းခေါက်ခေါက်ဆီကနေ ...

Juvenile Delinquency S01 (2022) [Complete]

2022
Meow Ears Up (2022)
Meow Ears Up (2022) Meow Ears Up (2022) စ / ဆုံး......................................................ဇာတ်လမ်းအကျဉ်းအခန်းကျဉ်းကျဉ်းလေးထဲမှာ ပျင်းစရာကောင်းလှတဲ့ အထီးကျန်ဆန်ဘဝနဲ့တစ်ယောက်တည်း ကျင်လည်ရှင်နေတဲ့ ကာတွန်းဆရာလေး ဒန်တန်ဟာ....ငယ်ငယ်ကတည်းက ကိုယ့်ဒူးကိုယ်ချွန် ရပ်တည်လာခဲ့ပြီး မိဘမဲ့တစ်ယောက် ဖြစ်တာကြောင့်"နွေးထွေးတဲ့ အချစ်မေတ္တာ" ကို ငတ်မွတ်နေသူ တစ်ဦးပါ.....ရိုလာကိုစတာ မဆန်ပဲ ရေငြိမ်လို ရပ်တန့်နေတဲ့ သူ့ဘဝက မရိုးမဖန် လောကဓံကြားမှာ အပြောင်းအလဲမရှိ လည်ပတ်နေချိန်မှာ....ရုတ်တရက် ပုံသေ သတ်မှတ်ထားလို့ မရတဲ့ ကံကြမ္မာက ဖန်လာပြီး"နွေးထွေးတဲ့အချစ်မေတ္တာ"နဲ့ တူသော "ထူးဆန်းပြီး လမ်းပျောက်နေတဲ့ ကြောင်ကလေးတစ်ကောင်" နဲ့ တွေ့ဆုံစေခဲ့ပါတော့တယ်....ထူးခြားတာက အဲ့ဒီကြောင်ကလေးက လူအဖြစ် ပြောင်းလဲလာတဲ့ ကြောင်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်...ငြိမ်သက်နေတဲ့ ရေပြင်ကျယ်ပေါ်ကို ခဲတစ်လုံး ပစ်ချလိုက်သလို....အဲ့ဒီကြောင်ကလေးက ဒန်တန့်ဘဝထဲ ဝင်ရောက်လာပြီး သူ့ဘဝကို လှုပ်လှုပ်ရွရွနဲ့ အရောင်စုံလာအောင် ဖန်တီးပေးလိုက်တဲ့အခါ....ဘာတွေ ဆက်ဖြစ်လာမလဲ?အသွင်မတူတဲ့ ကိုယ်ခန္ဓာနှစ်ခုကြားက တရိပ်ရိပ် ကြီးထွားလာတဲ့ အချစ်စစ် မေတ္တာစစ်ကို အတူပျိုးထောင်နိုင်ပါ့မလား?  Episodes: ...

Meow Ears Up (2022)

2022
As We See It (2022) 8
As We See It (2022) As We See It (2022) =================== IMDb Rating - 8.1/10ဒီတစ်ခေါက် Series ကတော့ သက်လတ်ပိုင်း Autism သမားများရဲ့ ဘဝနေထိုင်မှုနဲ့ ပတ်သက်ပြီး ရိုက်ကူး တင်ဆက်ထားတဲ့ series တစ်ခုပါ။ ဇာတ်လမ်းအစ လူ့ပတ်ဝန်းကျင်နဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် ကော်ဖီဆိုင်ကို လမ်းလျှောက်သွားနိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ကို မြင်တွေ့ရမှာပါ။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို ကြိုးစားဖြေဆိုနေတဲ့ မန်ဒီ ဆိုတဲ့ ကောင်မလေးဟာ သက်လတ်ပိုင်း Autism သုံးယောက်နဲ့ အတူ နေထိုင်ရင်း သူတို့ရဲ့ နေ့စဥ် ကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အဖြေရှာပေးနေတဲ့ လက်ထောက် တစ်ယောက်ပါ။မန်ဒီနဲ့အတူ နေထိုင်နေတဲ့ Autism ဖြစ်နေတဲ့ ဂျက်၊ ဗိုင်အိုလက်နဲ့ ဟယ်ရီဆန် တို့က ဘယ်လိုပုံစံရှိမလဲ။ သူတို့တစ်နေ့တာ နေထိုင်မှုဘဝမှာ သူတို့ရဲ့ အခက် အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ။ဒီ Series ရဲ့ season 1 မှာ အပိုင်း (၈) ပိုင်း ပါဝင်ပြီး Austismတွေရဲ့ ...
8
TMDb: 8/10 11 votes
tv

As We See It (2022)

2022
Rose Mansion (2022) 5
Rose Mansion (2022) "장미맨션" - Rose Mansion (2022)=========================အပတ်စဥ◌်သောကြာနေ့တိုင်း (၁)ပတ်ကို (၄)ပိုင်းနှုန်းဖြင့် . (၃)ပတ် တိတိထွက်ရှိလာမယ့် သည်းထိပ်ရင်ဖိုဒရာမာအသစ်လေး ထွက်လာ ပြန်ပါပြီ။ဒီတစ်ခါတော့ ရိုးရိုးပြန်ပေးဆွဲမှု၊ကွင်းဆက်လူသတ်မှုမဟုတ်ဘဲ ထူးထူး ဆန်းဆန်း  "နှင်းဆီစံအိမ်" ဆိုသလို Crime, Thriller ကားကိုမှ မတူတဲ့ Vibes တွေနဲ့ ကြည့်ရမှာပါ။ Paranormal တွေလည်း ပါလာမလား မသိဘူးနော် 😁 . . .Jina (Lim Ji Yeon) က ဟိုတယ်တစ်ခုမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်တဲ့ ပုံမှန်မိန်းကလေးတစ်‌ယောက်ဖြစ်ပါတယ်။ သူများအမြင်မှာတော့ အကုန် ကောင်းတယ်လိုထင်ရပေမဲ့ သူ့ရဲ့ အတွင်းစိတ်မှာ သိမ်ငယ်စိုးရိမ်စိတ်တွေ ပြည့်နေတယ်။ အဲလိုနေလာရင်း သူမရဲ့ အစ်မဖြစ်သူ Ji-Hyun ပျောက်ဆုံး နေကြောင်းသိလိုက်ရတယ်။ သူ့အစ်မကို ရှာဖွေဖို့ မိဘတွေနေတဲ့ နှင်းဆီ စံအိမ်တိုက်ခန်းကိုသွားခဲ့တယ်။အဲ့နေရာမှာ မမျှော်လင့်ထားတဲ့အရာတွေ ကြုံလာရတယ်။ အဲ့နေရာမှာ ပေါ်ပေါက်လာတဲ့ ကြောက်စရာအမှန်တရားတွေကို ဘယ်သူမှ မယုံကြပေမဲ့ စုံထောက် Min-Soo (Yoon Gyun-Sang) တစ်ယောက်ကသာ ယုံကြည်ပြီး သူ့ကိုကူညီ‌စုံစမ်းပေးတာပေါ့။ ...
5
TMDb: 5/10 2200 votes
tv

Rose Mansion (2022)

2022
42 Days of Darkness (2022) 5.9
42 Days of Darkness (2022)  ဖြစ်ရပ်မှန်ချီလီစီးရီးကောင်းတစ်ခုတော့လာပါပြီ သာယာပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးတစ်ခုကနေ ရုတ်တရက်ဆိုသလို ကြမ္မာဆိုးဝင်ပြီးတော့ မုန်တိုင်းထန်တဲ့မိသားစုတစ်ခုလေးဖြစ်သွားခဲ့တာပါ တကယ်တော့ ဇီဇာကြောင်တဲ့ သူတွေကိုအိမ်ထောင်ဘက်တော်ရတာဟာ အသက်ကိုဖက်နဲ့ထုပ်ထားသလိုဖြစ်နေနိုင်တယ်လိုရိုက်ပြထားသလိုရိုက်နှက်ပြီးဆူဆဲနေမှအိမ်တွင်းအကြမ်းဖက်တာမဟုတ်တဲ့အကြောင်းအမျိုးသမီးတွေရဲ့ ဘဝဟာ တခါတလေတော့လည်း ဘာမှပြန်ပြောပိုင်ခွင့်မရှိတဲ့အကြောင်း ကို သေချာလေးရိုက်ပြထားတာပါဗေရိုနီကာဆိုတာကတော ပျော်ရွှင်စရာကောင်းတဲ့မိသားစုက အိမ်ရှင်မကောင်းတစ်ယောက်ပေါ့သူတို့အိမ်ထောင်ရေးက ပတ်ဝန်းကျင်အမြင်မှာတော့ ပုံမှန်အိမ်ထောင်ရေးလိုပဲသာသာယာယာ ကလေးနှစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ လူကုံထဲမိသားစုလေးတစ်စုပါပဲ တစ်နေ့တော့ သူဟာပျောက်ချင်းမလှပျောက်သွားပြီးဘာသတင်းအစအနမှမရတော့ပါဘူးသူ့အမျိုးသားကတော့ရဲတွေဆီမှာပြန်ပေးဆွဲခံရတယ်လို့ တိုင်ချက်ဖွင့်ပြီး ရဲတွေကလည်း ပြန်ပေးဆွဲတဲ့အမှုဖြစ်နေကျမဟုတ်တော့ ယောင်ဝါးဝါးလိုက်နေတာကနေ ၄၂ရက်မြောက်နေ့မှာပဲဗေရိုနီကာရဲ့အလောင်းကို ရဲတွေဆက်တိုက်ရှာခဲ့တဲ့ အိမ်ထပ်ခိုးကနေတွေ့လိုက်တဲ့အချိန်မှာတော့ နောက်ဆက်တွဲရှုပ်ထွေးမှုကို တဝကြီးကြည့်ရှုခံစားရမှာပါလောကရဲ့ သဘာဝ ငွေများတရားနိုင်ဆိုတာရယ် တချို့လူတွေက သူတို့အမှားကိုဖုံးကွယ်ဖို့ သူများကိုအပြစ်ထိုးချတတ်တာရယ်ရှိနေတဲ့အချိန်မှာပဲ တရားမျှတမှုကိုမှမြတ်နိုးလွန်းလို့ သားကိုတောင်ပစ်ထားနိုင်တဲ့ ရှေ့နေတို့ကြားထဲက အားပြိုင်မှုလေးကိုရသမြောက်မြောက်နဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ File size…434 Mb Quality….Webrip 720p Format…mp4 Duration….40 Min Genre... Drama/Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldEpi7sode 1720p - VIP / Yoteshin / Meaup ...
5.9
TMDb: 5.9/10 8 votes
tv

42 Days of Darkness (2022)

2022
My Liberation Notes (2022) [Complete]
My Liberation Notes (2022) [Complete] My Liberation Notes (2022) (အစ-အဆုံး) အပိုင်းသစ် (၁၆)(1080p ရပါပြီ) ဒီကားလေးကတော့ ရာသီဥတုကားနေရာမှာ အစားလာတဲ့ကားလေးဖြစ်ပြီး main cast တွေအနေနဲ့ Lee EI, Lee Min ki, Kim Ji Won, နဲ့ Son Suk Ku တို့ပါဝင်ထားပါတယ်။ မောင်နှမသုံးယောက်နဲ့ သူစိမ်းတစ်ယောက်တို့ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ~ လာရောက်နေထိုင်သူထက် ပြောင်းရွှေ့ထွက်ခွာသူက ပိုများနေတဲ့ Sanpo ဆိုတဲ့ရွာလေးမှာ Yeom မောင်နှမသုံးယောက် နေထိုင်ပါတယ်။Yeom Ki Jung - မောင်နှမသုံးယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး သွေးဆူလွယ်တဲ့ စရိုက်ရှိသူပါ။ Sanpo ရွာကနေ ဆိုးလ်ကအလုပ်ဆီ နေ့တိုင်းကူးသန်းသွားလာနေရလို့ အချိန်အမြောက်အမြား ကုန်ဆုံးနေသူဖြစ်ပါတယ်။ ဘဝကြီးက စိတ်မကျေနပ်မှုတွေနဲ့ပြည့်နေပြီး အချစ်ကို ရှာဖွေချင်နေတဲ့သူတစ်ယောက်ပါ။Yeom Change Hee - အလတ်ကောင်လေးဖြစ်တဲ့သူကတော့ အိမ်ကနေ ထွက်ပြေးချင်နေပါတယ်။ ...

My Liberation Notes (2022) [Complete]

2022
What Zabb Man! (2022)
What Zabb Man! (2022) What Zabb Man (2022)    (စ/ဆုံး)......................................................ဇာတ်လမ်းအကျဉ်းသင်္ဘောသီးထောင်းဟာ စပ်နေမှစားကောင်းသလို သင်္ဘောသီးထောင်းသည်လည်း အရမ်းဟော့နေမှာ ရောင်းကောင်းမှာပါဘွန်ဆိုတဲ့ ကောင်လေးဟာ သင်္ဘောသီးထောင်းရောင်းပြီး အသက်မွေးဝမ်းကြောင်းနေရသူပါမောင်လေးကလည်း တက္ကသိုလ်ပိုထားရလို့ ဘွန်ဟာ ပိုပြီး အလုပ်ကြိုးစားလုပ်နေရသူပါလောကသဘာဝအရ ပြိုင်ဆိုင်သူဆိုတာ ပေါ်လာစမြဲပါပဲတနေ့ကျတော့ ဘွန်တို ဆိုင်ထက် ပိုကောင်းတဲ့ စားသောက်ဆိုင်ပေါ်လာတဲ့အခါ ဘွန်တို့ဟာလည်းစားသုံးသူတွေ တဖြည်းဖြည်းလျော့ကျလာရင်း စီးပွားရေးကျပ်တည်းနေခဲ့ပါတယ်ဟိုတယ်ပိုင်ရှင်ဖြစ်တဲ့ ခွန်အာထစ်ဟာ ဟိုတယ်ရဲ့အစားအသောက်တွေ အရသာပျက်လာတော့စုံစမ်းစစ်ဆေးတဲ့အခါ ဟိုတယ်စားဖိုမှူးကြီးက ချစားနေတာသိခဲ့လို အလုပ်ထုတ်ပစ်ခဲ့ရပါတယ်တနေ့ကျတော့ ဟိုတယ်ပိုင်ရှင်ခွန်အာထစ်ဟာ ဘွန်ရဲ့ သင်္ဘောသီးထောင်းကို မြည်းစမ်းကြည့်ရင်းသဘောကျသွားတဲ့အခါ သိုပေမဲ့လည်း သူတို၂ဦးသည်လည်း အကြောင်းတစုံတခုကြောင့် မတောက်တဆဖြစ်နေခဲ့ကြပါတယ်ဒါပေမဲ့လည်း ဘွန်ဟာ ညီလေးကို ထောက်ပံ့နိုင်ဖို ပိုက်ဆံလိုအပ်နေသလိုဟိုတယ်ပိုင်ရှင် ခွန်အာထစ်ဟာလည်း အရေးတကြီး စားဖိုမှူးလိုအပ်နေတဲ့အချိန်မှာရွေးချယ်စရာမရှိတော့ပဲ ဘွန်ကို စာဖိုးမှူးအဖြစ်ခန့်လိုက်တဲ့အခါဟိုတယ်ပိုင်ရှင်နဲ့ သင်္ဘောသီးထောင်းသည်တို ၂ဦး ဆက်ဆံရေး ဘယ်လိုဖြစ်လာမလဲသူတို ၂ယောက် နောက်ဆုံးမှာ သူငယ်ချင်းဖြစ်လာနိုင်မလား ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပါEpisodes: 8Aired: April ...

What Zabb Man! (2022)

2022
Night Sky (2022) 7.6
Night Sky (2022) Night Sky (2022)Sci-fic series​တွေ ရိုက်ကူးရာမှာ ပိုင်နိုင်တဲ့ Amazon Primeက ထုတ်လွှင့်ထားတဲ့ Sci-fic thriller seriesသစ်တစ်ခုကို တင်ဆက် ​ပေးလိုက်ပါတယ်။ IMDb မှာ 7.5နဲ့ Rotten Tomatoes မှာ 77% ရထားပြီး အဓိကဇာတ်​ဆောင်​တွေက အားလုံးသိတဲ့ မင်းသားကြီး J.K.Simmonsနဲ့ ဝါရင့်မင်းသမီးကြီး Sissy Spacekတို့ပါ။ဇာတ်လမ်းအညွှန်းက​တော့ ဖရန်ကလင်နဲ့အိုင်ရင်းတို့ ဇနီး​မောင်နှံ ၂​ယောက် နေထိုင်ရာအိမ်ရဲ့ ခြံ​နောက်တဲအိမ် မြေ​အောက်ခန်းဟာ ဒီကမ္ဘာနဲ့ အလင်းနှစ်များစွာ​ကွာဝေးပြီး လူသူကင်းမဲ့တဲ့ cosmic ဆန်တဲ့ ရှုခင်း​တွေနဲ့ ဂြိုလ်တစ်ခုကိုသွားတဲ့ ဝင်​ပေါက်ဖြစ်​နေ​တာကို သိသွားပြီး အဲဒီဝင်​ပေါက်အ​ကြောင်း အပြင်လူ​​တွေ မသိ​ရအောင် ဖုံးကွယ်ထားချိန်မှာ ပ​ဟေဠိဆန်တဲ့ လူငယ်တစ်ယောက်က အဲဒီဝင်ပေါက်ကို ဖြတ်လာပြီး လက်ရှိကမ္ဘာ​ပေါ် ရုတ်တရက်ရောက်လာချိန်ကစလို့ သူတို့ရဲ့ ဖြစ်တည်မှုဆိုင်ရာ ပြဿနာ​တွေ၊ ကမ္ဘာနဲ့ ထိုဂြိုလ်၂ခုရဲ့ ဆက်နွယ်မှု​တွေ၊ လူငယ်​လေး​နောက်ကို လိုက်လာမယ့် လူ​တွေရဲ့ရန်ကို လင်မယား၂​ယောက် ရင်ဆိုင်​ဖြေရှင်းရပုံကို ရိုက်ကူးထားတဲ့ Seriesပဲ ဖြစ်ပါတယ်၊ ဝါရင့်သရုပ်​ဆောင်ကြီး ၂​ဦးရဲ့ ပိုင်နိုင်တဲ့ သရုပ်​ဆောင်စွမ်းရည်နဲ့ သမ္ဘာ​​တွေကြောင့် ဇာတ်ရှိန် ...
7.6
TMDb: 7.6/10 16 votes
tv

Night Sky (2022)

2022
Star In My Mind (2022)
Star In My Mind (2022) Star In My Mind : แล้วแต่ดาว  စ/ဆုံး------------------------------------------- လူတိုင်းရဲ့ဘဝမှာ အချစ်ဦးဟာ ဘယ်တော့မှ မမေ့နိုင်တဲ့ တစ်ဦးတည်းသော လူတစ်ယောက်ပါတဲ့...ငယ်ရွယ်နုပျိုစဉ်က ပေါက်ဖွားခဲ့တဲ့ အချစ်နုနုဖူးဖူးလေးဟာ တစ်သက်စာ အမှတ်ရနိုင်လောက်တဲ့ထိ ချိုမြိန်တယ်ဆိုတာ လက်ခံလား?လူတိုင်းအတွက် " အချစ်ဦး " နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့ဖူးတဲ့ အခြေအနေချင်း ကွဲပြားနိုင်ပေမယ့် အမြဲ တူညီနေတာ တစ်ခုက ဘယ်တော့မှ မမေ့နိုင်ဘူးဆိုတာပဲ....တစ်ချို့တွေကျတော့ " အချစ်ဦး " ကို ချစ်ကြောင်း ဖွင့်ပြောခဲ့တာလည်း ရှိသလို အခြေအနေ အကြောင်းကြောင်းကြောင့် နောက်ဆုတ်ခဲ့ဖူးတဲ့ တစ်ချို့ တစ်ချို့လည်း ရှိကြပါတယ်....ဒီဇာတ်လမ်းမှာလည်း ကျောင်းတက်စဉ်ကာလကတည်းက ကြိတ်ကြွေခဲ့ရတဲ့ "အချစ်ဦး" ကို ဖွင့်ပြောခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်ကြောင်းပါပဲ...ငယ်ရွယ်စဉ်က အချစ်ဦးအပေါ် ဖြစ်ပေါ်ခဲ့တဲ့ နူးနူးညံ့ညံ့ ခံစားချက်တို့နဲ့ ချိုမြိန်တဲ့အချစ်ကို မခံစားလိုက်ရတဲ့ ကောင်လေးတစ်ယောက်.....လူတစ်ချို့အတွက် "အချိန်က ကုစားသွားပါလိမ့်မယ် အချိန်က ကုစားနိုင်ပါတယ်" ဆိုပေမယ့်လည်း အကြောင်းကြောင်းကြောင့် ဝေးကွာခဲ့ရတဲ့ အချစ်ဦးပေါ်က ခံစားချက်နုနုလေးတွေကို တစ်ခါမှ မရပ်တန့်နိုင်ခဲ့တဲ့ ကောင်လေးတစ်ယောက်....ကြယ်ကြွေတိုင်း မော့ကြည့်ရသလိုပဲ ...

Star In My Mind (2022)

2022
iKON on air (2022) 8
iKON on air (2022) iKON on air (2022)iKONICs တွေ အချိန်အကြာကြီး စောင့်စားခဲ့ရတဲ့ “iKON On Air” Show လေးကတော့ ထွက်ရှိလာခဲ့ပါပြီ။ အဖွဲ့ဝင် ၆ ယောက်ပါဝင်တဲ့ iKON ကတော့ ဒီပရိုဂရမ်လေးမှာ သည်းထိတ်ရင်ဖိုဖြစ်အောင်တစ်မျိုး ချစ်စရာကောင်းအောင်တစ်ဖုံနဲ့ ပျော်ပျော်ရွှင်ရွှင် တင်ဆက်ရင်း သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုစွမ်းရည်တွေကို ပြသသွားမှာပါ။အစပိုင်းမှာလည်း Red Carpet လျှောက်ဦးမှာဆိုတော့ ကလေးတွေရဲ့ မောရှီဆောနေမှုကို တွေ့ရမှာပါနော်။ဒီအပိုင်းလေးမှာတော့ iKON တွေက ကိုယ့်ကိုယ် ရသစုံရှိုးတွေမှာ တင်ဆက်မှုစွမ်းရည် အားနည်းတယ်လို့ တွေးတာကြောင့် စွမ်းရည်မြင့်တက်ဖို့အတွက် ကြိုးစားသွားကြမှာပါ။ရသစုံရှိုးတွေမှာ အဓိကလိုအပ်တဲ့ စွမ်းရည်တွေဖြစ်တဲ့ တည်ငြိမ်မှု၊ စွမ်းအင်၊ လျင်မြန်ဖျက်လတ်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု စွမ်းရည်တွေကို စစ်ဆေးသွားမှာဖြစ်ပြီးတော့ တစ်ယောက်ချင်းစီရဲ့ အားသာချက်တွေကို ဖော်ထုတ်ပြသွားမှာပါနော်။အဲဒါအပြင် ပရိသတ်တွေ တစ်ခါမှမမြင်ဖူးသေးတဲ့ သူတို့ရဲ့ ပုံစံအသစ်အဆန်းတွေကိုလည်း ပြသသွားဦးမှာဖြစ်ပါတယ်။ဒီတော့ ပရိုဂရမ်လေးမှာ ဘယ်လိုပျော်ပျော်ရွှင်ရွှင် ဆော့ကစားသွားမလဲဆိုတာကိုကြည့်ရင်း iKONICs လေးတို့ ပြုံးပျော်လိုက်ကြရအောင်နော်။အညွှန်းကိုတော့ Myo Myo က ရေးသားပေးပြီးဘာသာပြန်ထားတာကတော့ CM Variety Pro ...
8
TMDb: 8/10 173 votes
tv

iKON on air (2022)

2022
Unmarried Hot Mom (2022)
Unmarried Hot Mom (2022) Unmarried Hot Moonဒီတစ်ခါမှာတော့ CM ကနေ Unmarried Hot Moonဆိုတဲ့ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကတော့Who Rules the World ဇာတ်ကားထဲက Bai Li Jing အဖြစ်သရုပ်ဆောင်ထားတဲ့ Wang Xiu Ze ,Walk into Your Memory ထဲက Liu Rui Qiao တိုကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့စူးရှပြီးလှပလွန်းနေတဲ့ Man Ni ကချစ်သူကောင်လေးနဲ့သဟဇာတမဖြစ်တဲ့အတွက်ကြောင့် လမ်းခွဲလိုက်တာပေါ့။လမ်းခွဲပြီးသုံးလအကြာမှာ Man Ni ကကိုယ့်ကိုယ် ကိုယ်ဝန်ရှိနေတယ်ဆိုတာတွေ့လိုက်ရတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့အရင်ရည်စားဟောင်းကချစ်သူကောင်မလေးအသစ်နဲ့ မကြာခင်လက်ထပ်ယူတော့မှာဖြစ်တယ်။ဒီလူ့ဘဝထဲကိုမရောက်လာသေးတဲ့အသက်တစ်ချောင်းကိုမဆုံးရူံးချင်တဲ့အတွက်, Man Ni ကဒီကလေးကိုမွေးဖိုဆုံးဖြတ်လိုက်တော့လက်မထပ်ရသေးတဲ့ single mother တစ်ယောက်ဖြစ်လာခဲ့တယ်။ဒီတော့ လက်မထပ်ရသေးတဲ့ single mother အနေနဲ့ဂုဏ်သိက္ခာနဲ့ကလေးအတွက် ကုမ္ပဏီတစ်ခုမှာရင်းနှီးမြှုပ်နှံမှုရှာဖွေရေးအလုပ်နဲ့ဝင်လုပ်တာပေါ့။ကဲဒီတော့ CM ချစ်ပရိသတ်ကြီးရေအလုပ်ရဲ့ဖိအား,ကလေးရဲ့ကိစ္စအရပ်ရပ်တွေကိုတစ်ယောက်တည်းရင်ဆိုင်နေရတဲ့ Man Ni အဖိုဒီအရာတွေကိုကျော်လွှာနိုင်မလား။လက်မထပ်ရသေးတဲ့ single motherအနေနဲ့ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာUnmarried Hot Moon ဆိုတဲ့ ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင် Quality : ...

Unmarried Hot Mom (2022)

2022
Green Mothers’ Club (2022) [Complete] 5
Green Mothers’ Club (2022) [Complete] Green Mothers' Club (2022) ဇာတ်လမ်းတွဲ [အစ-အဆုံး] အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) "Thirty-Nine" နေရာမှာ အစားဝင်တဲ့ကားလေးဖြစ်ပါတယ်။ ဒီတစ်ခါလည်း လက်တွေ့ဘဝကို ရိုက်ကူးပုံဖော်ထားတဲ့ နောက်ထပ် ဒရမ်မာ အသစ်လေးပါ။ မတူတာကတော့ သူငယ်ချင်းသံယောဇဥ်အစား မိခင်တွေကြားက ခင်မင်မှုနဲ့ ကလေးတွေအပေါ်ထားရှိတဲ့ မိခင်မေတ္တာကို တွေ့ရှိရမှာပါ။မူလတန်းအရွယ်ကလေးတွေအတွက် တွေ့ဆုံစုစည်းမိခဲ့ကြတဲ့ မတူညီတဲ့ မိခင် ၅ ယောက်...ဒီငါးယောက်လုံးမှာ သူတို့မကျော်လွှားနိုင်တဲ့ အခက်အခဲတွေကိုယ်စီ ရှိကြပါတယ်ကလေးတွေအကြောင်းပြုပြီး ဆက်ဆံရေးစတင်ခဲ့ကြတဲ့သူတို့တတွေ ရှေ့လျှောက်ဘယ်လိုပတ်သက်သွားကြမလဲ?အချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်သွားကြမလား?ခင်မင်မှုသံယောဇဥ်တွေပဲ တိုးလာမလား? ဆိုတာကတော့ ဒီကားလေးထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားတာပါ) Aired: April 6, 2022 --  Aired On: Wednesday - Thursday Genres: Drama, Mystery Duration: 1hr Episodes: 16 File Size: 1080p(~1GB) ...
5
TMDb: 5/10 1 votes
tv

Green Mothers’ Club (2022) [Complete]

2022
Hello My Girl (2022) 6
Hello My Girl (2022) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့Cpop Boy band TFfamily အဖွဲဝင် Ao Ziyi နဲ့မင်းသမီးသစ်လေး Huang Cancan တိုပါဝင်သရုပ်ဆောင်ထားတဲ့ လူငယ်ကျောင်းသားကားလေးHello My Girl ပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ရှန့်ဟိုင်မှာ ကြီးပြင်းလာတဲ့ဆယ်ကျော်သက်ကောင်လေးYang Yishan ဟာ အ‌‌ဒေါ်ရဲ့ထိန်းချုပ်မှုအောက်မှာနေနေရသူဖြစ်ပြီး တက္ကသိုလ်တက်မယ့်အချိန်မှာတော့လွတ်လပ်တဲ့လူငယ်ဘဝကို ပိုင်ဆိုင်ချင်တာကြောင့်အရှေ့မြောက်ပိုင်းမှာ ကျောင်းဆက်တက်ဖိုဆုံးဖြတ်ပြီးထွက်လာခဲ့ပါတော့တယ်အဒေါ်ဖြစ်သူက စိတ်မချတာကြောင့်သူ့တူလေးနောက်ကိုလိုက်ခဲ့ပြီးZhao Duoduo အဖေရဲ့အိမ်ခန်းမှာငှားနေခဲ့ပါတယ်Zhao Duoduo နဲ့ Yang Yishan တိုကတစ်ကျောင်းထဲအတူတက်နေကြ‌ပေမယ့်မတည့်ကြပါဘူး Zhao Duoduo ကတော့သူ့အဖေကိုYang Yishan အ‌ဒေါ်နဲ့သဘောတူနေခဲ့တာပါအကုန်လုံးက ဝိုင်းမြှောက်ပေးတဲ့အဆုံးမှာတော့တစ်ကိုယ်ထဲနေလာတဲ့ Yang Yishan အဒေါ်တစ်ယောက်Zhao Duoduo အဖေရဲ့ နွေးထွေးကြင်နာမှုမှာအရည်ပျော်သွားခဲ့ပါတော့တယ်လူကြီးနှစ်ယောက်အဆင်ပြေသွားတော့ကလေးတွေအချင်းချင်းအမြင်တွေကြည်လာပြီးရင်ခုန်သံတွေပေါက်ဖွားလာခဲ့ပါတယ်ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးကျောင်းသားကားလေးဖြစ်တာမိုအပျင်းပြေကြည့်ချင်သူတွေအနေနဲ့ CM ကနေမကြာခင်မှာ တင်ဆက်ပေးသွားမှာ ဖြစ်လိုကြည့်ရှုအားပေးလိုရပါတယ်နော် Quality : WEB-DL 720pTotal Episodes : 24Format : mp4Genres : Romance,Comedy,YouthDuration : 30 min ...
6
TMDb: 6/10 1 votes
tv

Hello My Girl (2022)

2022
Master of My Own (2022)
Master of My Own (2022) ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့C drama ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေပါဝင်ထားတဲ့Master Of My Own ဆိုတဲ့ကားလေးပဲ ဖြစ်ပါတယ်Casts တွေကို ပြောပြရမယ်ဆိုရင်ရင်းနှီးမြှုပ်နှံရေးဒါရိုက်တာ Lu Jiming အဖြစ်Princess Agent ထဲက မင်းသား Lin Gengxin ရင်းနှီးမြှုပ်နှံရေးဒါရိုက်တာ တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့ကောင်မလေး Ning Meng အဖြစ်Go Ahead, Mayang Street အစရှိတဲ့ ဇာတ်ကားကောင်းများစွာကိုရိုက်ကူးထားတဲ့ မင်းသမီး Tang Songyun တိုကပါဝင်ထားကြတာပဲဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံရေးဒါရိုက်တာတစ်ယောက်ဖြစ်ဖိုအိမ်မက်မက်ခဲ့ရတဲ့ ကောင်မလေး Ning Mengဟာဘွဲရပြီးနောက်မှာတော့ Lu Jiming ရဲ့ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီမှာ ‌အတွင်းရေးမှူးအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးအိမ်မက်နဲ့ တစ်စတစ်စ ပိုလိုဝေးလာခဲ့ပါတော့တယ်Lu Jiming ကလည်း Ning Meng ဟာရင်းနှီးမြှုပ်နှံရေးဒါရိုက်တာတစ်ယောက် မဖြစ်နိုင်ဘူးလိုသတ်မှတ်ထားတာကြောင့် Ning Meng တစ်ယောက်အိမ်မက်နဲ့ အလှမ်းဝေးလာခဲ့တဲ့အချိန်မှာ စိတ်ညစ်ခဲ့ရပေမယ့်လက်မလျှော့ဘဲ နောက်ထပ်အလုပ်တစ်ခုမှာအရင်က ရရှိခဲ့တဲ့ သင်ခန်းစာတွေကိုနမူနာယူရင်းကြိုးစားခဲ့ပါတော့တယ် တကယ်တမ်းနောက်ကွယ်မှာLu Jiming က ...

Master of My Own (2022)

2022
The Pentaverate (2022) 6.2
The Pentaverate (2022) The Pentaverate (2022) ================== IMDb Rating - 6.1/10၁၃၄၇ခုနှစ်မှာ ပညာတတ်လူပုဂ္ဂိုလ်ငါးယောက်ဟာ အနက်ရောင်ပလိပ်ရောဂါ ဖြစ်ပွားတာဟာ ကြွက်သန်းကြောင့်ဖြစ်တယ်လို့ယူဆခဲ့ကြတယ်။ ဒါပေမယ့် ဘုရားကျောင်းကတော့ ဒါဟာ ဘုရားသခင် အပြစ်ပေးတာဆိုပြီး ထိုလူငါးယောက် ကိုလည်း တတ္ထိတွေလို့ ကြေညာခဲ့တယ်။ ဒီလိုနဲ့ပဲ ထိုလူတွေဟာ လူထုကိုအကျိုး ပြုမယ့် လျှို့ဝှက်အဖွဲအစည်းကို ကမ္ဘာ့ရေးရာတွေမှာ ဆောင်ရွက်ဖို့ ပန်တာ ဗရိတ်ထ်ဆိုပြီး ဖွဲစည်းခဲ့တယ်။ ဒါကတော့ ဇာတ်လမ်းရဲ့  အဓိကအရာဖြစ်တဲ့ ပန်တာဗရိတ်ထ်ဖြစ်ပေါ်လာပုံပေါ့။ဒီဇာတ်လမ်းတွဲမှာတော့ ပန်တာဗရိတ်ထ်က ကောင်စီဝင်ငါးဦးထဲက တစ်ဦးသေဆုံး သွားလို့ ကမ္ဘာမြေက ရူပဗေဒပညာရှင် ပရော်ဖက်ဆာကလက်ခ်ကို အစားထိုးဖို့ ခေါ်ဆောင်လာခဲ့ပါတော့တယ်။ ရုတ်တရက်ခေါ်ဆောင်ခံလိုက်ရတဲ့ ပရော်ဖက်ဆာ ကလက်ခ်အနေနဲ့ ပန်တာဗရတ်နဲ့ပူးပေါင်းပြီး ဘာတွေများဆောင်ရွက်ကြမလဲဆိုတာ ဟာသနှောပြီးတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ အငြိမ်းစားယူလိုက်ရတဲ့ သတင်း ထောက်ကန်တစ်ယောက် သူ့ရဲ့မူလအလုပ်ကို ပြန်ရဖို့ ပန်တာဗရိတ်ထ်ဆိုတဲ့ လျှို့ဝှက် အဖွဲအစည်းကြောင်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ သူ့ရဲ့ရည်မှန်းချက်ကတော့ သူ့ဘော့စ်အတွက် သတင်းထူးယူပေးဖို့ဖြစ်ပါတယ်။ ဒီလိုနဲ့ ကန်တစ်ယောက်ကော ပန်တာဗရိတ်ထ်ဆိုတဲ့ လျှို့ဝှက်အဖွဲအစည်းကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှု ရမှာပါ။comedy အမျိုးအစားဇာတ်လမ်းလေးဖြစ်ပြီး တစ်မူထူးခြားတဲ့ဇာတ်လမ်းဇာတ်အိမ်နဲ့ ဟာသလေးတွေနှောထားတာမို့ ကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Zaw Myo ...
6.2
TMDb: 6.2/10 11 votes
tv

The Pentaverate (2022)

2022
Savage Beauty (2022) 7
Savage Beauty (2022) Savage Beauty (2022)ဘန်ဂူ ဗျူးတီး... ကမ္ဘာ​​မှာ အကြီးဆုံး အလှအပ​ကုမ္ပဏီ​တွေမှာ တစ်ခုအပါအဝင် ဖြစ်ပြီး ဘန်ဂူမိသားစုပိုင် လုပ်ငန်းစုတစ်ခုပဲဖြစ်ပါတယ်၊ ကျိကျိတက်သူ​ဌေး​တွေ ဖြစ်လို့ မိသားစု​ရေးရာကိစ္စ​​တွေနဲ့ ပွေလီရှုပ်​ထွေးလှတဲ့ အထက်တန်းလွှာ​တွေ​ပေါ့၊ လူမှု​ရေးပြဿနာ​တွေ ရှုပ်သလို ဘန်ဂူဗျူးတီးကုမ္ပဏီကလည်း တန်းမြင့်ကုမ္ပဏီ ဖြစ်​သ​လောက် Marketing strategyအလွဲ​​​တွေ၊ Advertisement​​မှာ မှန်ကန်မှု မရှိိတာ​ကြောင့် ​ဝေဖန်မှု​​ပေါင်းစုံ ကြုံ​တွေ့​နေရချိန်ပါ။ကုမ္ပဏီရဲ့နာမည်ပျက်ကိုဖြေရှင်းဖို့ ဘန်ဂူမိသားစုက​ ပင်တိုင်​မော်ဒယ်အသစ်ကို ပရိတ်သတ်မဲဆန္ဒနဲ့ တင်​မြှောက်မယ်ဆိုပြီး စီစဉ်လာပါတယ်၊ ​​မော်ဒယ်အသစ်ရဲ့ နာမည်က​​​တော့ ဇင်ဟဲမန်ဇီနီပါတဲ့၊ PR​ကောင်း​​ကောင်းလို​နေတဲ့ ဘန်ဂူဗျူးတီးက ဇင်ဟဲကို အင်မတန် အပစား​ပေးပြီး ဖူးဖူးမှုတ်ထားရတာ​ပေါ့။ဒါ​ပေမဲ့ ဇင်ဟဲက တခြားသူမဟုတ်ဘဲ အတိတ်က ဘန်ဂူမိသားစုဝင်​တွေနဲ့ အငြိုး ရှိဖူးသူဖြစ်​နေပါတယ်၊ လက်စား​ချေဖို့အကြံနဲ့ ဘန်ဂူမိသားစုကို ချဉ်းကပ်လာသူ ဖြစ်​နေတာပါ၊ သူ့ရဲ့ရန်​ကြွေးကဘာများဖြစ်မလဲ၊ ဘန်ဂူ​တွေက​ရော သမာအာဇီဝ လုပ်ငန်းနဲ့ အသက်​မွေး​​နေတာ ဟုတ်ရဲ့လား၊ ဇင်ဟဲတစ်​ယောက် ​မော်ဒယ်ဘဝနဲ့ ဘယ်လိုမျိုး ခပ်​ချေ​ချေslayပြီး လက်စား​ချေသွားမလဲဆိုတာကို အပိုင်း၆ပိုင်းပါ အာဖရိကန်-အင်္ဂလိပ်စကား​ပြော Miniseriesထဲမှာ စီး​မြောခံစားလိုက်ပါဦး။စုစုပေါင်း ၆ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ JimX က ...
7
TMDb: 7/10 4 votes
tv

Savage Beauty (2022)

2022
Ranjish Hi Sahi (2022) Complete 8
Ranjish Hi Sahi (2022) Complete ဘောလိ၀ုဒ် စီးရီးပရိသတ်များအတွက် အခုတစ်ခါမှာဆိုရင် ၂၀၂၂ ဇန်နဝါရီလမှာ ထွက်ရှိထားပြီး ဒါရိုက်တာ Mahesh Bhatt နဲ့ မင်းသမီး Parveen Babi ကြားက ပတ်သက်မှုကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းအဖြစ် လူပြောများခဲ့ကြတဲ့ စီးရီးလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဒီစီးရီးလေးကို ဒါရိုက်တာ Pushpdeep ကရိုက်ကူးပုံဖော်ခဲ့ပြီး မင်းသား Tahir Raj နဲ့ မင်းသမီး Amrita တို့ ပါဝင်သရုပ်ဆောင်ထားပြီး အပိုင်း ရှစ်ပိုင်း ပါဝင်ပါတယ်ဇာတ်လမ်းလေးမှာ လွတ်လပ်စွာ ရုပ်ရှင်ရိုက်ကူးတတ်ပြီး အများနဲ့မတူ တမူထူးခြားနေတဲ့ ဒါရိုက်တာလေး ရှန်ခါ ..... လူတွေရဲ့ ရင်ထဲကို စွဲကျန်ရစ်နေမယ့် ဇာတ်ညွှန်းနဲ့ နာမည်ကြီး မင်းသမီး အမ်နာ ပါဝစ်ရှ်ကို ဇာတ်ဆောင်အဖြစ် ထားကာ ရုပ်ရှင်ရိုက်ကူးချင်နေတဲ့ သမီးလေးတစ်ယောက် ဖေဖေ ရှန်ခါတစ်ယောက် ....မမျှော်လင့်ဘဲနဲ့ သူ့စိတ်ကူးထဲက မင်းသမီး အမ်နာ ပါဝစ်ရှ်နဲ့ ကံကြမ္မာအကြောင်းဖန်လာပြီး တွေ့ဆုံရာကနေ သာမန်ထက်ပိုတဲ့ ဆက်ဆံရေးတွေ ဖြစ်လာတဲ့အချိန် အဲဒီ နှောင်ကြိုးတွေထဲကနေ ...
8
TMDb: 8/10 1 votes
tv

Ranjish Hi Sahi (2022) Complete

2022
Destined to Meet You (2022)
Destined to Meet You (2022) Destined to Meet Youဒီတစ်ခါမှာတော့ CM ကနေ Destined to Meet You ဆိုတဲ့ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကတော့Emperor or Boss ထဲကမင်းသား Yang Zeနဲ့CM ကနေ တင်ဆက်ပေးထားတဲ့ Under the Skin ဇာတ်လမ်းထဲကလီဟန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Lu Yan Qi တိုကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ Jin Chao ဂရုရဲ့အထွေထွေမန်နေဂျာ နှစ်တစ်သောင်း FA Jin Rong Rong ကတနေ့မှာ ငယ်ရွယ်ပြီးထက်မြတ်တဲ့Gu Cong Bei ကောင်လေးနဲ့ မတော်တဆတွေ့ဆုံခဲ့တယ်။တနေ့မှာတော့ blind date အတွက် Jin Rong Rong တစ်ယောက်သွားခဲ့ရာမှာမမျှော်လင့်ဘဲ Gu Cong Bei က Gu မျိုးနွယ်အုပ်စုရဲ့မနှစ်မြိုတဲ့ တတိယသားဆိုတာ သိလိုက်ရတဲ့အချိန်မှာGu Cong Bei ကိုယူဖိုဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ Jin Rong ...

Destined to Meet You (2022)

2022